ဘဏ်ချေးငွေကို ဂရန်နှင့်ချေးရာ ရာဖြတ်တွင် ကြိုးပေးရာတွင် ခိုင်မာစေရန်နှင့် အပ်သူကော ရင်းနှီးမြုပ်နှံသူပါ စိတ်ချကျေနပ်မှုရှိစေရန် မည်သို့ လုပ်ဆောင်ရမည်ကို ဖြေကြားစေလိုပါသည် ခင်ဗျာ ။
မေးသူ - မျိုးသန့်ဇင် ဘဏ်ငွေချေးသူဘက်ကတော့ မြေပိုင်ဆိုင်မှု ဂရန်ပေးရတယ်။ ဘဏ်ကသတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာပါမယ်ဆိုပြီး အာမခံလက်မှတ် ရေးထိုးပေးရတယ်။ တကယ်လို့ ပေါင်ထားတဲ့ဂရန်ကို ပြန်မရွေးနိုင်ရင် ဂရန်ပိုင်ရှင်ကိုယ်စား ဘဏ်ကဆောင်ရွက်နိုင်အောင် ဂရန်ပိုင်ရှင်က မှတ်ပုံတင်ပြီး အထူးကိုယ်စားလှယ်လွှဲစာ လွှဲပေးရပါတယ်။
ဘဏ်ငွေချေးတဲ့အခါ သတ်မှတ်တဲ့ အတိုးအရင်း ပေါင်းပြန်ဆပ်နိုင်ရင် အချိန်တန် ကိုယ့်မြေကိုယ်ပြန်ရတာပါဘဲ။ အဲဒီလိုမဆပ်နိုင်ရင်သာ တရားစွဲပြီး မိမိပိုင်မြေနှင့်အိမ်ကို လေလံတင်ရောင်းချခံရပါတယ်။ ဘဏ်ကရသင့်ရထိုက်တာတွေ အားလုံးပြန်ရပြီး ပိုလျှံတာရှိရင်တော့ ဘဏ်ချေးသူကို ပြန်ပေးပါတယ်။ ဒါက ဘဏ်အနေနဲ့ သူ့ဘက်က ခိုင်မာအောင် လုပ်ထားတာ ပြောပြတာပါ။ ဒီတော့ အပ်နှံသူရော ရင်းနှီးမြုပ်နှံသူ(ဘဏ်)ရော စိတ်ကျေနပ်မှု ရှိအောင်ကတော့ သူနဲ့ကိုယ်နဲ့ ခံဝန်ချုပ်ကတိပြုချက်တွေအတိုင်း နှစ်ဘက်လုပ်ကြရင် အဆင်ပြေသွားတာပါဘဲ။ အခုဖော်ပြခဲ့တဲ့ အချက်တွေအတိုင်း ကိုယ့်ဘက်က အတိုးပေးနိုင်ဖို့နဲ့ အရင်းပြန်ဆပ်နိုင်ဖို့ အရေးအကြီးဆုံး ပါဘဲခင်ဗျာ။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ This is the exclusive property of the questions and answers are iMyanmarHouse.com. iMyanmarHouse.com anywhere without permission to be allowed to describe.