3012 Views

မြို့အတွင်း​ ရပ်​ကွပ်​တစ်​ခုမှာ ယခင်​က တစ်​လုံးသစ်​သားဖြင့်​ပြုလုပ်​ထား​သော အိမ်​​လေး တည်​ရှိပါသည်​။ထိုအိမ်​​လေး​ရှေ့တွင်​ယခုအခါ သစ်​သား နှစ်​ထပ်​အိမ်​​ဆောက်​လုပ်ပါသည်​။ ထိုအခါ စည်​ပင်​ရုံးမှ ​ခေါ်​ဆောင်​ပြီး ငွေ ၉သောင်း ​ကောက်​ခံပါတယ် ကျွန်​​တော်​ နားမလည် ​သည်​မှာ မည်​သည်​​ကြောင့်​ပေး​ဆောင်​ရသည်​ကို မသိပါသဖြင့်​ ပြန်​လည်​​ဖြေကြားပေး​စေချင်​ပါတယ်​ ။

မေးသူ - ကို​ကျော်​မြတ်​ဦး
" ကို​ကျော်​မြတ်​ဦး " ပိုင်​တဲ့ယခင်​သစ်​သားအိမ်​​ရှေ့မှာ ယခု(၂)ထပ်​ပျဉ်​​ထောင်​ အိမ်​​ဆောက်​ပြီဆိုကတည်းက ရန်​ကုန်​မြို့ ​တော်​စီပင်​သာယာ​ရေး​ကော်​မတီ ဥပ​ဒေအရ အိမ်​​ဆောက်​လုပ်​ခွင့်​ တင်​ပြရပါတယ်​။ ခွင့်​ပြုချက်​မရှိဘဲ ​ဆောက်​လုပ်​မယ်​ဆိုရင်​ အ​ရေးယူခံရပါတယ်​။ တရားစွဲဆိုခံရပြီး အ​ဆောက်​အဦးကို ပြန်​လည်​ဖျက်​သိမ်း​ပေးရတဲ့ အထိ ပြစ်​ဒဏ်​​ပေးနိုင်​ပါတယ်​။ မလိုက်​နာဘူးဆိုရင်​ ​ထောင်​ဒဏ်​၊ ​ငွေဒဏ်​​တွေ ချမှတ်​ခံရပါတယ်​။
အခု ညီ​လေး ​ငွေကျပ်​(၉)​သောင်း ​ပေးလိုက်​ရတယ်​ဆိုတာက​တော့ အိမ်​​ဆောက်​ခွင့်​ စည်​ပင်​မှာလာမတင်​လို့ ဒါဏ်​​ငွေရိုက်​တယ်​လို့ ထင်​ပါတယ်​။ ​နောက်​ဆိုရင်​ အိမ်​​ဆောက်​ချင်​လို့ဘဲဖြစ်​ဖြစ်​၊ အကြီးစားအိမ်​ပြင်​ဆင်​ချင်​လို့ဘဲဖြစ်​ဖြစ်​၊ ရန်​ကုန်​မြို့​တော်​စည်​ပင်​သာယာ​ရေး​ကော်​မတီ အင်​ဂျင်​နီယာ(အ​ဆောက်​အအုံ)ဌာနမှာ အိမ်​​ဆောက်​ခွင့်​ တင်​ပြ​လျှောက်​ထားဖို့ မ​မေ့ပါနဲ့။ ​ဆောင်​ရွက်​ပုံအဆင့်​ဆင့်​မသိဘူးဆိုရင်​ "ကို​ကျော်​မြတ်​ဦး " အိမ်​​ဆောက်​ထားတဲ့ မြို့နယ်​စည်​ပင်​သာယာ​ရေး​ကော်​မတီ၊ မြို့နယ်​စည်​ပင်​အုပ်​ချုပ်​​ရေးမှူးရုံးမှာ သွား​ရောက်​​မေးမြန်း စုံစမ်းပြီးမှ ​ဆောင်​ရွက်​ပါလို့ အကြံ​ပေးလိုက်​ရပါတယ်​။ အခု​ငွေ​ပေးလိုက်​ရတာက​တော့ သင်​ခန်းစာ တစ်​ခုရလိုက်တယ်​လို့သာ မှတ်​သားထား​စေချင်​ပါတယ်​။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
This is the exclusive property of the questions and answers are iMyanmarHouse.com. iMyanmarHouse.com anywhere without permission to be allowed to describe.

To Make Property Questions

Other Property Questions And Answers

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)