3274 Views

လူနေထိုင်နေသော ရွာဂရံမရှိရွာမြေစစ်စစ်ကိုဝယ်လိုလျှင် မည်သည့်စာရွက်အထောက်အထားများ ရရှိပါသလဲခင်ဗျာ။ ရွာမြေကို ဘိုးဘွားပိုင်အမည်ပေါက်ဆိုတာ ရှိပါသလားခင်ဗျာ ။ အဲ့ဒါက စာရွက်လားခင်ဗျာ (သို့)မြို့မြေစာရင်းရုံးမှာပဲ ရေးထားတာလားခင်ဗျာ။ ဒါမှမဟုတ် ဘိုးဘွားပိုင်အမည်ပေါက်မဟုတ်သော ရွာတွင်းရှိရွာမြေစစ်စစ်ဆိုတာရော ရှိပါသလားခင်ဗျာ။ရှိလျှင် ထိုကဲ့သို့ ရွာမြေကိုဝယ်လျှင် ဘယ်လိုစာရွက်အထောက်အထားများ ရရှိရန်လိုအပ်ပါသလဲခင်ဗျာ။ ရှုပ်သွားရင်တောင်ပန်ပါတယ်ခင်ဗျာ။ အတိုချုပ်ကတော့ ရွာမြေစစ်စစ်ကိုဝယ်ယူလျှင် ရယူထားရမည့်စာရွက်အထောက်အထား ဘယ်နှစ်မျိုးရှိပါသလဲခင်ဗျာ။

မေးသူ - ဦးစိန်
ဂရန်​မရှိတဲ့ ရွာ​မြေစစ်​စစ်​ကိုဝယ်​ရင်​ ရွာ​မြေ​ပြေစာရှိတတ်​ပါတယ်​။ ​ပြေစာမှာ​တော့ ရွာ​မြေလို့​ရေးမထားပါဘူး။ ဥယျာဉ်​ခြံ​မြေ "G"​မြေလို့ အင်္ဂလိပ်​လို​ရေးထားတာ ​တွေ့ဘူးပါတယ်​။ များ​သောအားဖြင့်​​တော့ ရွာ​မြေ​တွေမှာ ဘိုး​ဘေးဘီဘင်​ ​နေလာတာ​တောင်​ ရွာ​မြေ​ပြေစာထုတ်​​ပေးတာ ​တော်​​တော်​ရှားပါတယ်​။ ​မြေစာရင်းရုံး၊ မြို့​မြေစာရင်းမှာ​တော့ ရွာ​မြေအဖြစ်​​မြေပုံဆွဲထားတာ မျိုး​တွေ များပါတယ်​။ အခု​ပြောတဲ့ ဥယျာဉ်​ခြံ​မြေ ​ပြေစာထုတ်​​ပေးတဲ့​နေရာ​တွေကလည်း မြို့ကြီး​တွေနဲ့ဆက်​စပ်​​နေတဲ့ ရွာ​တွေမှာသာလျှင်​​တွေ့ရပါတယ်​။
ဥယျာဉ်​ခြံ​မြေ အ​နေနဲ့ ဘိုးဘွား​တွေလက်​ထက်​က လုပ်​ကိုင်​စား​သောက်​​နေထိုင်​လာခဲ့ရင်​ အဲ့ဒီ​မြေကို အ​မွေဆက်​ခံသူများက ဘိုးဘွားပိုင်​​မြေလို့ သတ်​မှတ်​ခဲ့ကြတာဘဲရှိပါတယ်​။ ဥပမာ။ ။ ရွာ​မြေအမည်​​ပေါက်​သူက " ဦးလှ " လို့သတ်​မှတ်​​ပေးခဲ့ရင်​ ဦးလှရဲ့အ​မွေကို ဆက်​ခံသူ သားသမီး​တွေက အဲဒီရွာ​မြေကို ဘိုးဘွားပိုင်​​မြေလို့ ​ခေါ်​ဝေါ်သမုတ်​ကြတာပါ။ ​ပြေစာထွက်​ခဲ့ရင်​​တော့ အဲ့ဒီ ​ပြေစာဟာ အ​ထောက်​အထားစာရွက်​ တစ်​ခုဖြစ်​ပါတယ်​။ ဘိုးဘွားပိုင်​မဟုတ်​တဲ့ ရွာတွင်းရွာ​မြေ​တွေလည်း ရှိနိုင်​တာဘဲ။ ရွာ​မြေ​တွေဟာ ဘိုးဘွားအစဉ်​အဆက်​​ ​နေထိုင်​လာခဲ့​ပေမဲ့ အဲဒီဘိုးဘွား​တွေ ကိုယ်​တိုင်​က မိမိအိမ်​​ဆောက်​ပြီး ​နေထိုင်​တဲ့​မြေကို ရွာ​မြေအဖြစ်​သတ်​မှတ်​​ပေးဖို့ ​လျှောက်​ထားဖို့လိုမယ်​ မထင်​လို့ ဒီအတိုင်းအစဉ်​အဆက်​ ​နေထိုင်​လာခဲ့ကြတာများပါတယ်​။ ဒါ​ကြောင့်​ " ဦးစိန် ​"​မေးသလို ဘိုးဘွားပိုင်​မဟုတ်​​သော ရွာတွင်းရှိရွာ​မြေစစ်​စစ်​​တွေလည်း ရှိနိုင်​တာ​ပေါ့။ ရွာ​တွင်းမှာရှိတဲ့ ရွာ​မြေစစ်​စစ်​ကိုဝယ်​မယ်​ဆိုရင်​ ​မြေခွန်​​ပြေစာရှိသည်​ဖြစ်​​စေ၊ မရှိသည်​ဖြစ်​​စေ ၀ယ်​လို့ရပါတယ်​။ ရွာ​မြေဂရန်​လုပ်​​ပေးတယ်​ဆိုတာ သမ္မတကြီး ဦးသိန်းစိန်​ လက်​ထက်​​ရောက်​မှ ပြန်​လည်​​ဆောက်​ရွက်​​ပေးတာကို ထင်​ထင်​ရှားရှား သိလာရတယ်​​လေ။ အရင်​​ခေတ်​အဆက်​ဆက်​က ရွာ​မြေ​တွေမှာ ဘာစာရွက်​အ​ထောက်​အထားမှ မရှိကြဘဲ ​နေထိုင်​လာကြတာကို ​တွေ့ခဲ့ရတယ်​​လေ။ ဒါ​ကြောင့်​ ရွာတွင်းရှိ ရွာ​မြေစစ်​စစ်​ကိုဝယ်​မယ်​ဆိုရင်​ အနည်းဆုံး​မြေအကျယ်​ (၂၀​ပေ×၆၀​ပေ)ဖြစ်​ဖို့လိုအပ်​ပါတယ်​။ ဒါမှသာ ရွာ​မြေ​တွေကို နိုင်​ငံ​တော်​က အနှစ်​(၃၀)ဂရန်​ထုတ်​​ပေးခဲ့ရင်​ (၂၀​ပေ×၆၀​ပေ)၁၂၀၀စတုရန်း​ပေ ပြည့်​မှ သာ ဂရန်​ထုတ်​​ပေးပါတယ်​။ ​ ပြေစာမရှိခဲ့ရင်​ စာရွက်​စာတမ်း အ​ထောက်​အထားအဖြစ်​ ​မြေကွက်​အ​ရောင်းအ၀ယ်​စာချုပ်​တိုင်းမှာ ​ကျေးရွာအုပ်​ချုပ်​​ရေးမှူးက အသိသက်​​သေအဖြစ်​ လက်​မှတ်​ထိုး​ပေးဖို့ လိုအပ်​ပါတယ်​။ ဒါမှ ရွာ​မြေဂရန်​​တွေကို ခရိုင်​​ထွေ/အုပ်​ရုံးက စိစစ်​ပြီးမှ ဂရန်​ထုတ်​​ပေးတဲ့အခါ ၊ ​ကျေးရွာအုပ်​ချုပ်​​ရေးမှူးက မှန်​ကန်​​ကြောင်း အရှုပ်​အရှင်းကင်း​ကြောင်း ​ထောက်​ခံချက်​​တွေကိုကြည့်​တယ်​။ အဖက်​ဖက်​ကရှင်း လင်းမှ ​ကျေးရွာ ဂရန်​ရနိုင်​ပါတယ်​လို့ ​​ဖြေကြား​ပေးလိုက်​ပါတယ်​။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
This is the exclusive property of the questions and answers are iMyanmarHouse.com. iMyanmarHouse.com anywhere without permission to be allowed to describe.

To Make Property Questions

Other Property Questions And Answers

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)