3474 Views

" မင်္ဂလာပါခင်ဗျား" သိမ်းဆည်းခံထားရတဲ့မြေနဲ့ပတ်သက်ပီးပြန်လည်ရယူရန်အတွက်မည်ကဲ့သို့ဆောင်ရွက်အသနားခံစာတင်ရမည်ကိုသိစေချင်ပါတယ်ခင်ဗျား မွန်ပြည်နယ်မော်လမြိုင်မြို့ခြောက်မိုင်ကျွဲခြံကုန်း ၁၉၉၄ခုနှစ်မှာအတ္ထရံတံတားလမ်းနဲ့အဝိုင်းဆောက်လုပ်ရာတွင်သိမ်းခံထိထားသောမြေ ကွင်းအမှတ်(၆၀၀)ဦးပိုင်အမှတ်(၈၂)ဧရိယာ.၇၁နှင့်အမှတ်(၈၃)ဧရိယာ.၆၁မှာဒီနေ့ဒီချိန်ထိမရရှိသေးသဖြင့် ပြန်လည်ရရှိအောင်မည်ကဲ့သို့ဆောင်ရွက်ရမည်ကို ကျေးဇူးပြုပီးအကြံညဏ်လေးပေးပါခင်ဗျား အသနားခံစာတင်ရာတွင်လိုအပ်တဲ့အချက်လက်လေးတွေကိုလည်း သိစေချင်ပါတယ်ခင်ဗျား ကျေးဇူးပြုပီးဖြေကြားပေးပါလို့ မေတ္တာရပ်ခံအပ်ပါသည် ။

မေးသူ - ကိုအေးမင်း
လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရနေရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီဖွဲ့စည်ထားပါတယ် ။ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူက ဥက္ကဌ ၊ ပြည်ထဲရေး ဝန်ကြီး ဌါန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနဲ့ ၊ စိုက်ပျိုးမွေးမြူရေး နဲ့ ဆည်မြောင်းဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ တို့က ဒုတိယဥက္ကဌ တွေဖြစ်ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက အတွင်းရေးမှူးဖြစ်ပြီး ကာကွယ်ရေး ၊ သယံဇာတနဲ့ဆောက်လုပ်ရေး စတဲ့ ဝန်ကြီးဌါနတွေက ပြည်ထောင်စု ဝန်ကြီးတွေနဲ့ နေပြည်တော်ကောင်စီဥက္ကဌ အပါအဝင် တိုင်းဒေသကြီးနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေက အဖွဲ့ဝင်တွေအဖြစ် တာဝန်ထမ်းဆောင်နေရင် ညီလေးအနေနဲ့ သိမ်းဆည်းခံထားရတဲ့ မြေနဲ့ပတ်သက်ပြီး ပြန်လည်ရရှိရန် အခုဖော်ပြခဲ့တဲ့ ဗဟိုကော်မတီထံ မှာ အသနားစာတင်သင့်ပါတယ်။
အဲဒီ ဗဟိုကော်မတီအနေနဲ့ လယ်ယာမြေနဲ့ အခြားမြေတွေ သိမ်းဆည်းခံထားရပါတယ် တိုင်းကြားသင့်ပါတယ် ။ တိုင်ကြားခဲ့ရင် ဗဟိုကော်မတီ အဆင့်ဆင့်ဖွဲ့စည်းပြီးစိစစ်ဆောင်ရွက်ပေးလျက်ရှိတယ်လို့ သိရပါတယ်။ ဗဟိုကော်မတီအပြင် တိုင်းဒေသကြီး ပြည်နယ်ခရိုင် /မြို့နယ် / ရပ်ကွက် နဲ့ ကျေးရွာတွေ အထိ ကော်မတီ ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။ တိုင်ကြားချက်တွေ ကို စိစစ်ပြီး သိမ်းဆည်းခံလယ်ယာမြေတွေကို ပြည်လည်ပေးအပ်နိုင်ဖို့ ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ တိုင်ကြားတဲ့ နေရာမှာ ဘယ်အဖွဲ့အစည်း က သိမ်းဆည်တယ် ။ ဘယ်ကော်မတီက သိမ်းဆည်းတယ် ။စသည်ဖြင့် တိတိကျကျ ဖော်ပြပြီး နစ်နာသူကာယကံရှင်ရဲ့ ‘အမည် ’ မှတ်ပုံတင်နံပါတ် နဲ့ နေရပ်လိပ်စာ တွေကို ပြည့်ပြည့်စုံစုံ တိတိကျကျ ဖော်ပြတိုင်ကြားဖို့ လိုပါတယ်။ သတ်မှတ်ထားတဲ့ မူဝါဒတွေ လုပ်ငန်းစဉ်တွေနဲ့ အညီ ဆောင်ရွက်ပေးလျက်ရှိတယ်လို့ သိရပါတယ်။ နိုင်ငံတော် အစိုးရရဲ့ မူဝါဒအရ သိမ်းဆည်းခံထားရတဲ့ သူတွေအနေနဲ့ သိမ်းဆည်းမြေတွေကို အမှန်တကယ်အသုံးပြုခြင်း အများသူငါ အကျိုးငှါ အသုံးမပြုဘူးဆိုရင် ပိုလျှံတဲ့ မြေတွေ ပြန်လည်အပ်နှံဖို့စီစဉ် ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် ညီလေးတို့ရဲ့ မော်လမြိုင်မြို့နယ် မှာ ၁၉၉၄ ခုနှစ်က အတ္တရံတံတား ဆောက်လုပ်ရာမှာ သိမ်းဆည်းခံထားရတဲ့ မြေတွေအနက် က ပိုလျှံမြေတွေကို ပြည်လည်လျှောက်ယူသင့်ပါတယ်။ သိမ်းဆည်းခံမြေတွေပြည်လည်ပေးအပ်တဲ့အခါ မရရှိသေးတဲ့ တောင်သူလယ်သမားတွေအတွက် ဘယ်လို ဆောင်ရွက်နေသလဲ ဆိုရင် တပ်မတော်အပါအဝင် ဝန်ကြီးဌါန အသီးသီး အနေနဲ့ နိုင်ငံတော်လုံခြုံရေး နိုင်ငံတော်ရဲ့ အကျိုး ၊ အများပြည်သူရဲ့ အကျိုးအတွက်ဆောင်ရွက်နေတယ် ဆိုရင်တော့ ပြန်လည်စွန့်လွတ်နိုင်ခြင်း မရှိဘူးလို့သိရပါတယ်။ အများပြည်သူအကျိုးအတွက် အသုံးမပြုတဲ့ ပိုလျှံတဲ့ မြေတွေကိုတော့ ပြန်လည်စွန့်လွှတ်ဖို့ ညွှန်ကြားထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ ပြန်လည်စွန့်လွှတ်တဲ့အခါ ရရှိသင့်ရရှိထိုက်တဲ့ မူလ တောင်သူလယ်သမားတွေကို စိစစ်ဆောင်ရွက်ပေးလျက်ရှိတယ်လို့လဲ ထပ်မံသိရှိရပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်စွန့်လွတ် နိုင်ခြင်းမရှိတဲ့ မြေတွေ အတွက် မြေယာလျှော်ကြေးနစ်နာကြေး တွေပေးလျက်ရှိပါတယ်လို့ သိရပါတယ် ။ဒီတော့ ကိုအေးမင်းအနေနဲ့ ဒီစာကို ဖတ်ပြီးတာနဲ့ ဗဟိုကော်မတီကို အမြန်ဆုံးတိုင်ကြားပါတော့လို့သာ တိုက်တွန်းလိုက်ရပါတယ်။ ( အကြောင်းအရာ အပြည့်အစုံ သိချင်ရင်တော့ (၂၄.၈.၂၀၁၇ )နေ့မှာ ထုတ်ဝေတဲ့ မြန်မာ့အလင်းသတင်းစာ စာမျက်နှာ ၆ မှာ ပြည်ထဲရေး ဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် ဦးတင်မြင့်နဲ့ တွေဆုံမေးမြန်ခန်းကို ရှာဖွေဖတ်ကြည့်နိုင်ပါတယ် ) “ အတ္တာဟိအတ္တနော နဂထော ”
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
This is the exclusive property of the questions and answers are iMyanmarHouse.com. iMyanmarHouse.com anywhere without permission to be allowed to describe.

To Make Property Questions

Other Property Questions And Answers

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)