3898 Views

ပြီးခဲ့ တဲ့ တစ်ပတ် အတွင်း မှာ ပဲ မ/ဒဂုံ မှာ လမ်းသွယ် အတွင်းက မြေတစ်ကွက် အိမ်ခြံမြေ အကျိုးဆောင် ထံ မှ တဆင့် ဝယ်ခဲ့ပါတယ်။ ဒုတိယ Owner ထံ မှ လက်လွှဲ ဝယ်ယူ တာပါ ။ သို့ ပေမယ့် ရက်က သိပ်ကပ် လို့ မူရင်း ဂရံ ပိုင်ရှင် မှ ကျမ အမည် နဲ့ SP ကို တိုက်ရိုက် လွှဲပေးခဲ့ ပါတယ်။ ဂရံမူရင်း လဲရပါတယ်။ အရပ်စာချုပ် ကို သာမာန် ရှေ့နေအကူညီ နဲ့ ဒုတိယ Ownner နဲ့ စာချုပ် ချုပ် ဆို ထား ပါတယ်။ကျမ သိ လိုတာက -(၁) စာချုပ် မှတ်ပုံတင် ပြုလုပ်ဖို့ အတွက် ဘာတွေ လိုအပ်မလဲ ?? (၂) အမျိုးသား အမည် နဲ့ အမည်ပြောင်း ချင် ပါတယ်..ဘယ်လို အဆင့်ဆင့် လုပ်ဖို့ လိုမယ် ကုန်ကျ စားရိတ် ခန့်မှန်း လေးသိလိုပါတယ် ။ (၃) မူရင်း ပိုင်ရှင် ရဲ့ လိပ်စာ / ဖုန်းနံပတ် ကို အကျိုးဆောင် က မပေးပါ ဘူး .. သူတို့ ကို သာ အလုပ်အပ်ပါ လို့ ပြော ပါတယ် ... ကျမ က နယ်မှာတာဝန် ထမ်းဆောင်နေသူ မို့ .. ရန်ကုန် ကို ခဏ ခဏ မလာနိုင်သူ မို့ ပါ ရှင် ။ ကျမ မမေးတတ် လို့ မမေးထား ပေမယ့် သိသင့်တာ လေးများ လမ်းညွှန် ပေးစေလိုပါတယ်ရှင် လေးစားစွာဖြင့် ။

မေးသူ - ဒေါ်ကေသွယ်ဦး
စာချုပ်မှတ်ပုံတင်ဖို့အတွက် ပထမဦးစွာ ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်နှင့် မြေစီမံခန့်ခွဲမှုဌါနမှာ အရောင်းအဝယ် စာချုပ်ရန်အတွက် အရောင်းမြေပုံ ၊ မြေရာဇဝင်ကူးရပါတယ် ။ အရောင်းမြေပုံ ရပြီဆိုရင် ကာလတန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ့ ရန်ကုန်တိုင်းဒေသကြီး အခွန်ရုံးကို ဆက်လက်တင်ပြရပါတယ်။
တိုင်း အခွန်ရုံးက သတ်မှတ်တဲ့ နှုန်းအတိုင်း တံဆိပ်ခေါင်း ဖိုးနဲ့ သတ်မှတ်နှုန်းထားငွေများကို မြေကွက်တည်ရှိရာ မြောက်ဒဂုံအခွန်ဦးစီးဌါန မှာ တင်ပြရမယ် ။ငွေကိုတော့ မြောက်ဒဂုံအစိုးရဘဏ်မှာ ပေးသွင်းရပါတယ်။ ဘဏ်က ငွေသွင်းပြေစာထုတ်ပေးပါတယ် ။အဲဒီဘဏ်ငွေပြေစာနဲ့ အခွန်ရုံးက တံဆိပ်ခေါင်းရပြီဆိုရင် ရန်ကုန်မြို့ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင် အရောင်းအဝယ် စာချုပ်ချုပ်လို့ ရပါပြီ ။ မှတ်ပုံတင် အရောင်းအဝယ် စာချုပ်ချုပ်တဲ့အခါ မှတ်ပုံတင်ကြေး ပေးဆောင်ရပါသေးတယ် ။အဲဒီလို မှတ်ပုံတင်ကြေးပေးဆောင်ပြီးလို့ (၃)ပါတ်ကြာရင် မှတ်ပုံတင်ပြီးတဲ့ မြေနှင့်အိမ် အရောင်းအ၀ယ် စာချုပ်ကို ထုတ်ယူလို့ ရပါပြီ အဲဒီမှတ်ပုံတင်အရောင်းအဝယ် စာချုပ်ရရင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌါန (မြို့တော်ခန်းမ ) မှာ မူလဂရန် အမည်ပေါက်ကို ပယ်ဖျုက်ပြီး မိမိအမည်ပေါက်ရအောင် လျှောက်ထားရပါတယ်။ ဌါနက သတ်မှတ်ချက်နဲ့ ကိုက်ညီမယ် ကန့်ကွက်ချက်ရှိမရှိ သိဖို့အတွက် သတင်းစာကြော်ငြာခိုင်းတယ်။ ကန့်ကွက်ချက်မရှိဘူးဆိုရင် အမည်ပြောင်းခ ငွေသွင်းပြီးတာနဲ့ မူလအမည်ပေါက်ကနေ မိမိအမည်ပေါက် ဂရန်မှာ နာမည်ပြောင်းပေးပါတယ် ။ ( ဒါဟာ “ ဂရန် ” ကို ဝယ်ယူသူတိုင်းအမည်ပြောင်းနည်း အနှစ်ချုပ် ပြောပြလိုက်တာပါ ။) မကေသွယ်ဦးရဲ့ အမျိုးသားအမည်နဲ့ ပြောင်းချင်းလည်း ရပါတယ် ပြောင်းပုံပြောင်နည်းကတော့ အခုပြောပြခဲ့တဲ့အတိုင်းပါဘဲ ။ညီမအနေနဲ့ပဲ မြို့တော်ခန်းမမှာ “ အရောင်းမြေပုံ ” ကူးလျှောက်ရမယ် ။မြေပုံရရင် တန်ဖိုလျော့ထားတဲ့ ယာယီအရောင်းအဝယ်စာချုပ်ချုပ်ပြီး အခွန်ရုံးမှာ တင်ပြရတယ် ။အခွန်ရုံးက ငွေသွင်းပြေစာနဲ့ အခွန်တံဆိပ်ခေါင်းရရင် မှတ်ပုံတင်အရောင်းအဝယ် စာချုပ်ချုပ်ဆိုရပါပြီ ။ မှတ်ပုံတင်အရောင်းအဝယ် စာချုပ်ချုပ်တဲ့အခါ ရောင်းသူအဖြစ် Special Power ရသူ “ မကေသီ ” က ရောင်းသူအဖြစ် လက်မှတ်ထိုးရပါတယ် ။ဝယ်သူကတော့ မကေသီအမျိုးသာ ဖြစ်သွားတာပေါ့ ။မှတ်ပုံတင် အရောင်းအဝယ် စာချုပ်ရရင် စည်ပင်မှာ သွားပြီး အမည်ပြောင်းလိုက်တဲ့အခါ မကေသီရဲ့ အမျိုးသား နာမည်နဲ့ ထွက်လာပါမယ် ။ အခုပြောပြတာရှင်းတယ်မဟုတ်လား ။ အသေးစိတ်သိချင်ရင်တော့ ဖုန်း ၀၉-၂၅၁၀၁၅၀၈၉ ကို ဆက်သွယ်နိုင်ပါတယ်။ တရားဝင် ကုန်ကျစရိတ်ပြောရမယ်ဆိုရင် အတွင်းလမ်းသွယ်ကို ကာလတန်ဖိုးအနည်းဆုံး (40’x60’) တစ်ကွက်ကို သိန်း (၃၀၀ ) ကနေ သိန်း (၅၀၀ ) ထိရှိပါတယ်။ လမ်းမကြီးဖြစ်တဲ့ ပင်လုံလမ်းနဲ့ ဗိုလ်မှူဗထူးလမ်းတွေက တော့ တစ်ကွက်သိန်း (၁၂၀၀ ) သက်မှတ်ထားပါတယ် ။ အခွန်ပြတ်နှုန်းကတော့ အနည်းဆုံးသိန်း ၁၀၀ မှာ ၁၅% ရာခိုင်နှုန်း ဖြစ်ပါတယ်။ ဒါက တန်ဖိုး သိန်း ၃၀၀ မကျော်ရဘူး သိန်း ၃၀၀ အထက်ဆိုရင် ၂၀% ဖြစ်သွားပါတယ် ။ ပြီးတော့ အိမ်တန်ဖိုးကိုလည်း ဈေးဖြတ်ပါတယ် ။အိမ် အသင့်အတင့် ကောင်းရင် (၁) ပေပတ်လည် ကို ကြမ်းခင်းဈေး ၉၀၀ ကျပ် / ၁၂၀၀ ကျပ် သတ်မှတ်တတ်ပါတယ်။ စာချုပ်မှတ်ပုံတင်ရင်လည်း စာချုပ်မှတ်ပုံတင် ကြေး တရားဝင်ဆောင်ရပါတယ် ။ သိန်း ၁၀၀ မှာ ၂၀၀၀၀ိ/(ကျပ်နှစ်သောင်း ) စတင်ရတယ်လို့ အကြမ်းဖျင်းမှတ်ထားပါ ။ နံပါတ် (၃) မေးခွန်းအရ ပိုင်ရှင် နဲ့ လိပ်စာ/ဖုန်းနံပါတ် မပေးလည်း ဘာမှပူစရာမရှိပါဘူး ။အိမ်ခြံမြေအကျိုးဆောင်ကို ပြန်ပြီး ဆက်သွယ်စရာမလိုတော့ပါဘူး ၊ ဘာကြောင့်လည်းဆိုရင် ဝယ်တဲ့အခါတုန်းက ဂရန်မူရင်လည်းရတယ် ၊ ဂရန်မူရင်ပိုင်ရှင်ထံက၊ အထူးကိုယ်စာလှယ်လွှဲစာရထားတယ်ဆိုရင် လုံလောက်ပါပြီ ။ခင်ပွန်းအမည်နဲ့ အမည်ပြောင်းမယ်ဆိုရင် ပထမဆုံး Special Power နဲ့ ဂရန်မူရင်ပြပြီး ရန်ကုန်မြို့တော်ခန်းမ မြေစီမံဌါနမှာ အရောင်းမြေပုံကူးလို့ရပါတယ် ။ အရောင်းမြေပုံရရင် ရန်ကုန်တိုင်းဒေသကြီး ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး အဖွဲ့ရုံးမှာ ကာလတန်ဖိုး သတ်မှတ်ပေးဖို့ တင်ပြပါ ။ ကာလတန်ဖိုးသတ်မှတ်ပြီးတာနဲ့ သတ်မှတ်တဲ့ အခွန်ဆောင်းပါတံဆိပ်ခေါင်း ဝယ်ပြီး ၊ ရန်ကုန်မြို့ စာချုပ်ရုံးမှာ မြေနဲ့အိမ် အရောင်းအဝယ်စာချုပ်ကို မှတ်ပုံတင်စာချုပ်လိုက်ပါ ။ အဲဒီလိုမှတ်ပုံတင်တဲ့အခါ “ Sp ” ပါဝါရသူက ရောင်းသူနေရာမှာ လက်မှတ်ထိုးပေါ့ ။ဝယ်သူနေရာမှာ ခင်ပွန်းကလက်မှတ်ထိုးလိုက်ရင် ပြီးတာပဲ ။ဝယ်သူအမည်နဲ့ မှတ်ပုံတင်စာချုပ်ရရင် မြို့တော်ခန်းမ မြေစီမံဌါနမှာ ဂရန် မှတ်ပုံတင်အရောင်းအဝယ် စာချုပ်နဲ့အခွန်ဆောင်တဲ့ ပြေစာတွေရလိုက်ရင် ခင်ပွန်းအမည်ပေါက် ဂရန်ထွက်လာပြီးလို့သာမှတ်လိုက်တော့ ။အဲဒါဆို မိမိအမည်ပေါက် ဂရန် ဖြစ်သွားပါပြီ ။ (၃) ဒါထိရှင်းပြတာဆိုတော့ အလွတ်တောင်ရလောက်ပြီနော် ။ တစ်ခုတော့ ပြောဖို့ကျန်ခဲ့တယ် ။ ‘ မကေသွယ်ဦး ’ ဝယ်စဉ်က ရောင်းသူကို “ အရောင်းမြေပုံကူး ” ထုတ်ပေးပါလို့ တောင်ဆိုခဲ့ပုံမရဘူး ၊ အရောင်းမြေပုံဆိုတာ အရှုပ်အရှင်း ကင်း ၊ ကန့်ကွက်ချက်ကင်းမှ အလွယ်တကူ ရတာ ၊ တကယ်လို့ ကန့်ကွက်ချက်ရှိနေခဲ့ရင်တော့ ပထမရောင်းသူကို လိုက်ရှင်းပေးပါလို့ ပြန်လည်ဆက်သွယ်ပြီး တာဝန်ယူခိုင်းရမယ် ၊ အရောင်းမြေပုံမရရင် မှတ်ပုံတင်စာချုပ်ချုပ်လို့ မရပါဘူး၊ ဒီတော့ အရောင်းမြေပုံလည်း အထူးအရေးပါတယ်လို့ မှာကြာလိုက်ပါတယ်။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
This is the exclusive property of the questions and answers are iMyanmarHouse.com. iMyanmarHouse.com anywhere without permission to be allowed to describe.

To Make Property Questions

Other Property Questions And Answers

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)