7092 Views
ရန်​ကုန်​မှာ ​မြေက ​ပေ ၂၀ ​ပေ ၆၀ ​ဒေါင့်​ကွက်​​မြေဖြစ်​ပြီး ​မြေပို က ၁၀​ပေ ရှိပါတယ်​ အိမ်​​ဆောက်​ရင်​ အကျယ်​ ၂၄​ပေ နဲ့ ၄၅​ပေ အရှည်​ နှစ်​ထပ်​ ​ဆောက်​ချင်​ပါတယ်​။ ​မြေပိုထည့်​​ဆောက်​မှ လိုချင်​တဲ့ အကျယ်​ရမှာ ဖြစ်​လို့ ဘယ်​လို ​ဆောင်​ရွက်​ရမလဲ သိချင်​ပါတယ်​ရှင့်​။
မေးသူ - ​ဒေါ်​အေး​အေးညိမ်း
[Unicode]
ရန်​ကုန်​​မြေ လည်းဖြစ်​တယ်​။ (20'×60') ​ဒေါင့်ကွက်​လည်း ဖြစ်​တယ်​။ ​မြေပို (10'×60') လည်းရှိ​နေလို့ (24'×45') နှစ်​ထပ်​တိုက်​ အိမ်​​ဆောက်​ချင်​တယ်​ဆိုရင်​​တော့ "​ဒေါ်​အေး​အေးညိမ်း" ရဲ့ ​မြေက မိမိအမည်​​ပေါက်​ အနှစ်​ (၆၀)ဂရန်​ ​မြေဖြစ်​ဖို့ လိုပါတယ်​။ ဒါမှသာ ပို​နေတဲ့ (၁၀)​ပေ အတွက်​ ​မြေပို ​လျှောက်​လို့ရပါမယ်​။
မြေပို ​လျှောက်​ရင်​ ရန်​ကုန်​မြို့​တော်​စည်​ပင်​သာယာ​ရေး​ကော်​မတီ၊ မြို့ပြစီမံကိန်းနှင့် ​မြေစီမံခန့်ခွဲမှု ဋ္ဌာန မြို့​တော်​ဝန်​ နှင့် ဌာနမှူး ထံမှာ ​လျှောက်​လွှာတင်​ရပါမယ်​။
မိမိ၏အမည်​​ပေါက်​ အနှစ်​ (၆၀)ဂရန်​နဲ့ နိုင်​ငံသား/မှတ်​ပုံတင်​ ကတ်​ပြား တို့ ပူးတွဲ ​လျှောက်​ရပါတယ်​။ ခွင့်ပြုတယ်​ဆိုရင်​ ကွင်းဆင်း စစ်​​ဆေးပြီး ​မြေပို​လျှောက်​ခွင့် ပြုပါလိမ့်မယ်​။ ခွင့်ပြုချက်​ရရင်​​တော့ (10'×60')​မြေပိုတန်​ဖိုးကို ​ပေးသွင်းရပါတယ်​။ ပြီး​တော့ ​ဒေါ်​အေး​အေးညိမ်း ရဲ့ အနှစ်​(၆၀)ဂရန်​မှာ ​မြေအတိုင်းအတာ (20'×60')ကို ပယ်​ဖျက်​ပြီး (30'×60')ဆိုပြီး ​မြေအကျယ်​အဝန်း ကိုတိုး ​ပေးပါတယ်​။
အဲဒီလို (30'×60')​မြေအကျယ်​အဝန်း တရားဝင်​ ရပြီဆိုရင်​​တော့ "​ဒေါ်​အေး​အေးညိမ်း "​ဆောက်​ချင်​တဲ့ တိုက်​အိမ်​ကို (24'×45')အကျယ်​အဝန်း နဲ့ ​ဆောက်​လုပ်​ခွင့် ရပါပြီ။ ခင်​ဗျာ။ ဒါဆိုရင်​​တော့ ​ဆောက်​လုပ်​ခွင့် တင်​ပြီး စိတ်​တိုင်းကျ ​ဆောက်​လုပ်​လို့ ရပါပြီဆိုတာ ​ဖြေကြား​ပေးလိုက်​ပါတယ်​။ အကယ်​၍ "​ဒေါ်​အေး​အေးညိမ်း" ရဲ့ ​မြေကွက်​က ပါမစ်​​မြေ ဖြစ်​ရင်​​တော့ ဂရန်​​မြေ ဖြစ်​​အောင်​ လုပ်​ရပါဦးမယ်​။ ဂရန်​ရပြီးမှ အထက်​မှာ ​ဖော်​ပြတဲ့အတိုင်း ​မြေပို ​လျှောက်​ယူပါ။
ဒါမှမဟုတ်​ သူများ အမည်​​ပေါက်​ အနှစ်​(၆၀)ဂရန်​ ဖြစ်​ရင်​​တော့ မှတ်​ပုံတင်​ ​အ​ရောင်းအဝယ်​စာချုပ်​ပြီး အမည်​​ပြောင်းရပါဦးမယ်​။ "​ဒေါ်​အေး​အေးညိမ်း"အမည်​​ပေါက်​ ဖြစ်​မှသာလျှင်​ အခု​ပြောခဲ့သလို ​မြေပို​လျှောက်​ပြီး အိမ်​​ဆောက်​လို့ ရနိုင်​ပါတယ်​ဆိုတဲ့ အ​ကြောင်း ထပ်​မံရှင်းလင်း ​ပြောပြ​ပေးလိုက်​ရပါတယ်​။ "အဆင်​​ပြေပါ​စေ"....
[Zawgyi]
ရန်​ကုန်​မှာ ​မြေက ​ပေ ၂၀ ​ပေ ၆၀ ​ဒေါင့်​ကွက်​​မြေဖြစ်​ပြီး ​မြေပို က ၁၀​ပေ ရှိပါတယ်​ အိမ်​​ဆောက်​ရင်​ အကျယ်​ ၂၄​ပေ နဲ့ ၄၅​ပေ အရှည်​ နှစ်​ထပ်​ ​ဆောက်​ချင်​ပါတယ်​။ ​မြေပိုထည့်​​ဆောက်​မှ လိုချင်​တဲ့ အကျယ်​ရမှာ ဖြစ်​လို့ ဘယ်​လို ​ဆောင်​ရွက်​ရမလဲ သိချင်​ပါတယ်​ရှင့်​။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
This is the exclusive property of the questions and answers are iMyanmarHouse.com. iMyanmarHouse.com anywhere without permission to be allowed to describe.
To Make Property Questions
Other Property Questions And Answers
Subscribe For Property News
အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)