2243 Views

2017-2018 Financial Year အတွက် အိမ်ခြံမြေအခွန်ကို ဘယ်နှုန်းထားတွေသတ်မှတ်ထားပါသလဲရှင့် ပြည်ပနေနိုင်ငံသားရဲ့လစာဝင်ငွေသည်ဝင်ငွေခွန်မကျသင့်ဘူးလို့သိရပါတယ်ရှင့် ပြည်ပနေနိုင်ငံသားတစ်ဦးကရရှိတဲ့လစာဝင်ငွေနဲ့အိမ်ခြံမြေဝယ်မယ်ဆိုလျှင်ဝင်ငွေရလမ်းဖော်ပြသောလစာရရှိမှုအထောက်အထားတွေရှိမယ်ဆို အိမ်ခြံမြေအခွန်မကျသင့်ဘူးလားရှင့် ဘာအခွန်တွေထမ်းဆောင်ဖို့လိုမလဲရှင့် ဖြေကြားပေးပါရှင့်။

မေးသူ - မ​စန်းသီတာ
၂၀၁၇-၂၀၁၈ ခုနှစ် စည်ကြပ်နှစ်အတွက် ။ရန်ကုန်တိုင်းဒေသကြီးကာလတန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ့က အိမ်ခြံမြေ ကွန်ဒိုတိုက်ခန်းတွေအပေါ်မှာ စည်းကြပ်နှုန်းထားတွေကတော့ ၂၀၁၆-၂၀၁၇ ခုနှစ်ထက်စာရင်နှုန်းထားတွေ အပြောင်းအလဲအနည်းငယ်ရှိပါတယ်။
အရမ်းကြီးနှုန်းထားတွေလျှော့ချပေးတာတော့မရှိပါဘူး ။အသေးစိတ်ဖော်ပြဖို့တော့ စာပေဗိမာန်စာအုပ်ဆိုင်မှာ တင်ရောင်းတာတွေ့ရပါတယ် ။ ၃၇လမ်းနဲ့ ဆိပ်ကမ်းသာလမ်းမှာ ဆိုင်ဖွင့်ထားတဲ့ “ ခရေဖူးစာပေ “ စာအုပ်ဆိုင်မှာလည်း ဝယ်ဖတ်လို့ရပါတယ်။ ‘ မစန်းသီတာ ‘ မေးသလို ပြည်ပနေ နိုင်ငံသား လစာဝင်ငွေဟာ ဝင်ငွေခွန်မကျသင့်ဘူးဆိုတာ မှန်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဝင်ငွေရလမ်းဖော်ပြနိုင်လိုပါဘဲ ဝင်ငွေရလမ်းဖော်ပြနိုင်သော လစာမှရရှိတဲ့ အထောက်အထား စာရွတ်စာတမ်းတွေတင်ပြနိုင်မယ်ဆိုရင် ။အိမ်ခြံမြေဝယ်တဲ့အခါမှာ ဝင်ငွေခွန်ကင်းလွတ်ခွင့်ရပါတယ်။ အဲ.. တစ်ခုတော့ရှိတယ် မိမိဝယ်ယူမယ့်မြေနဲ့အိမ်တန်ဖိုးနဲ့ညီမျှတဲ့ ဝင်ငွေခွန်တော့တင်ပြရပါတယ်။ အကျယ်တဝင့် သိလိုရင်တော့ ရန်ကုန်တိုင်းဒေသကြီးကာလတန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ့ ပန်းဆိုတန်းလမ်း (အလယ်) (ယခင်ပုံစံ-၁၉ရုံး)မှာ သွားရောက်စုံစမ်းလို့ရပါတယ်။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
This is the exclusive property of the questions and answers are iMyanmarHouse.com. iMyanmarHouse.com anywhere without permission to be allowed to describe.

To Make Property Questions

Other Property Questions And Answers

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)