" မြန်မာ့ စီးပွားရေး ... ဘာလဲ? ဘယ်လဲ? " ဟောပြောဆွေးနွေးပွဲ

" မြန်မာ့ စီးပွားရေး ... ဘာလဲ? ဘယ်လဲ? " ဟောပြောဆွေးနွေးပွဲ

(iMyanmarHouse.com မှ ကြီးမှူး ကျင်းပသည်။)

မြန်မာနိုင်ငံ ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း (UMFCCI) မှ ပြုလုပ်ပြီး ၂၀၁၈ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ စီးပွားရေး စစ်တမ်း အရ ၂၀၁၈ ခုနှစ်မှာ မြန်မာ့စီးပွားရေး ကျဆင်းနေတာကို တွေ့ရပါသည်။ ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ သွင်းကုန်၊ ပို့ကုန်အစရှိသော ကဏ္ဍများအားလုံး ကျဆင်းနေတယ်လို့ စစ်တမ်းကောက်ယူထားပါသည်။ ဤစစ်တမ်းကို စီးပွားရေးလုပ်ငန်းပေါင်း (၂၅၀၀) ကျော်ထံမှ ကောက်ယူထားခြင်း ဖြစ်သည်။


လက်ရှိ စီးပွားရေးလောက၏ အခြေအနေအရပ်ရပ်များ

- Air Bagan ၊ FMI Air ၊ Apex Airline ၊ Air Mandalay အစရှိသော ပြည်တွင်း လေကြောင်းလိုင်း (၄) လိုင်း ရပ်နားခဲ့ခြင်း
- ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ရငွေကျပ်ဘီလျံ ၂၀၀၀၀ ကျော်ရှိပြီး သုံးငွေသည် ကျပ်ဘီလျံ ၂၄၀၀၀ ကျော် ရှိနေသဖြင့် ဘတ်ဂျက်လိုငွေကျပ်ဘီလျံ ၅၀၀၀ နီးပါး ရှိနေပြီး မြန်မာ့စီးပွားရေးအပေါ် အကျိုးသက်ရောက်မှု ရှိနေခြင်း
- နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ မျှော်မှန်းသလောက် ၀င်ရောက်လာခြင်းမရှိခြင်း
- ဝင်ရောက်ပြီးသား ပြည်ပရင်းနှီးမြှုပ်နှံမှုအချို့ ပြန်ထွက်သွားခြင်း
- ပြည်ပပို့ကုန် လျော့ကျခြင်း
- စက်ရုံအချို့ ရပ်နားသွားပြီး ကုမ္ပဏီအကြီးများပင် ရပ်တည်ရန် ခက်ခဲနေခြင်း
- ဒေါ်လာဈေးနှင့် ရွှေဈေး စံချိန်တင် မြင့်တက်ခြင်း
- စက်သုံးဆီ၊ စားသုံးဆီ၊ သောက်ရေသန့်၊ ဆေးဝါးပစ္စည်း၊ အဝေးပြေးလိုင်းကားခများအပါအဝင် အခြေခံစားသောက်ကုန်ပစ္စည်းများ ဈေးတက်ခြင်း

စီးပွားရေးလောက၌ အမှန်တကယ် ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများကို အရှိကို အရှိအတိုင်း ဖော်ထုတ်ဆွေးနွေးကာ ကုစားနိုင်မည့် နည်းလမ်းများကို ညှိုနှိုင်းအဖြေရှာမည့် ဟောပြောဆွေးနွေးပွဲ ဖြစ်ပါသည်။

ဆက်သွယ်ရန် ဖုန်းနံပါတ်များ

09455...

Conference Detail

Register For Free Now!

15371705075b9f5c4b30c61.jpg

ဦးကိုကိုထွေး

(ဥက္ကဌ - တော်ဝင်မိသားစုကုမ္ပဏီ)

 

ဦးကျော်ကျော်လှိုင်

(Chairman, SMART Group)

ဒေါက်တာစိုးထွန်း

(MD - Farmer Auto)

 

ဦးနေမင်းသူ

(MD - iMyanmarHouse.com )

ဦးစိုင်းခွန်နောင်

(ဒုတိယ ဥက္ကဌ (၁) - မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖံွံ့ဖြိုးတိုးတက်ရေးအသင်း)

ဦးမျိုးမြင့်

(ဥက္ကဌ - MKT Construction)

 

ဦးသာဓု (ခ) ဦးမြင့်ထွေး

( ဥက္ကဌ - မြန်မာနိုင်ငံ လက်မှုအနုပညာအသင်း)

 

ဦးကိုကိုထွေး

ဦးကိုကိုထွေးသည် ၁၉၆၈ ခုနှစ်မှစ၍ ကူးသန်းရောင်းဝယ်ခြင်း၊ စက်မှုလုပ်ငန်း ၊ ပို့ဆောင်ရေးလုပ်ငန်း၊ ပလပ်စတစ်လုပ်ငန်း စသည့်လုပ်ငန်းတို့ဖြင့် စီးပွားရှာဖွေခဲ့သည်။ ဆောက်လုပ်ရေးလုပ်ငန်းကို ၁၉၈၆ ခုနှစ်တွင် အခြေချလုပ်ကိုင်ခဲ့ပီး တော်ဝင်မိသားစုကုမ္ပဏီကို ၁၉၉၃ ခုနှစ်တွင် ထူထောင်ခဲ့သည်။ ဆောက်လုပ်ရေးလုပ်ငန်းနှင့်ဆက်နွယ်၍ သစ်အချောထည်လုပ်ငန်း၊ စက်နှင့် စက်ပစ္စည်းလုပ်ငန်း၊ ကုန်တိုက်လုပ်ငန်းနှင့်ဟိုတယ်လုပ်ငန်းတို့ကို ပူးတွဲလုပ်ကိုင်ခဲ့ပါသည်။

မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း (MCEA) ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ( UMFCCI) ၊ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ (NDCG) ၊ မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်း (MTA) ၊ Human Resource Development Indicators ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း (MES ) ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာ - ဂျပန် ချစ်ကြည်ရေးအသင်း၊ သာသနနုဂ္ဂဟအသင်း ၊ မြန်မာခရီးသွားဆိုင်ရာအမှတ်တရပစ္စည်း လုပ်ငန်းရှင်များအသင်း၊ ရေးကူးအသင်း၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (MANA) ၊ အ.ထ.က(၂)စမ်ချောင်း၊ အ.ထ.က(၄)စမ်းချောင်း၊ အ.လ.က(၃)စမ်းချောင်း၊ စိတ်ပညာအသင်း၊ မြန်မာနိုင်ငံနယ်စပ်ဒေသဖွံ့ဖြိုးရေးအသင်း၊ မြန်မာအော်ဂဲနစ်စိုက်ပျိုးရေးအဖွဲ့၊ မြန်မာစာပေချစ်မြတ်နိုးသူများအသင်း၊ မြန်မာနိုင်ငံအသဲဖောင်ဒေရှင်း၊ ထူးချွန်ဆရာဆုရွေးချယ်ချီးမြှင့်ရေးဦးစီးကော်မတီ၊ ရခိုင်ပြည်နယ်အတွင်း စီးပွားရေးဇုန်ဖွံ့ဖြိုးမှုလုပ်ငန်းအဖွဲ့စသည့် အသင်းအဖွဲ့များတွင် ဂုဏ်ထူးဆောင်နာယက၊ နာယက၊ ဥက္ကဌ ၊ ဒုဥက္ကဌ ၊ အဖွဲ့ခေါင်းဆောင်၊ CEC ၊ Honorary Member ၊ Volunteer နှင့် အဖွဲ့ဝင်များအဖြစ် တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့သည်။
၂၀၀၂ ခုနှစ်တွင် နိုင်ငံတော်မှ ချီးမြှင့်သော လူမှုထူးချွန်ပထမအဆင့်ကို ရရှိခဲ့သည်။

            ဘက်စုံနယ်ပယ်အသီးသီးမှာ ထူးချွန်ထက်မြက်သူဖြစ်သည့်အလျောက် ၂၀၁၃ ခုနှစ်မြန်မာ့စက်မှု လက်မှုပြပွဲတွင် အကောင်းဆုံးတီထွင်ကြံဆမှုဆု၊ စက်မှုလက်မှု ထုတ်ကုန် ကဏ္ဍအလိုက် ထုတ်လုပ်ပစ္စည်းဆု၊ ၂၀၁၄ ခုနှစ်တွင် Myanmar Engineering Society (MES) မှ Honorary Follow ဆုတံဆိပ်၊ ASEAN Federation of Engineering Organisations (AFEO) မှ Honorary Follow တံဆိပ်များကိုလည်း ချီးမြှင့်ခံခဲ့ရပါသည်။

            တိုင်းပြည်အကျိုးပြုဆောင်ပါးများ၊ အကြံပြုစာတမ်းများကို ရေးသားပြုစုနေသူတစ်ဦးဖြစ်ပါသည်။ ဥပဒေနှင့်ပတ်သက်၍ နိုင်ငံခြားသားနှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ အခွန်ဥပဒေတို့အတွက် ပြည်သူ့လွှတ်တော်တွင် အကြံပြုဆွေးနွေးခြင်း၊ စုပေါင်းပိုင်အဆောက်အအုံ နှင့် တိုက်ခန်းလွှဲပြောင်းခြင်း ဥပဒေ တို့ကို ရေးသားပြုစု၍ တင်ပြခြင်းများဆောင်ရွက်ခဲ့ပါသည်။

            တော်ဝင်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းကို ထူထောင်ပြီး စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမူရေး၊ ဘာသာရေး၊ ဂီတအနုပညာကိစ္စများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကျောင်းနှင့် ပရိဘောဂများ၊ ဆေးရုံနှင့်ဆေးရုံအသုံးအဆောင်ပစ္စည်းများ ဆောက်လုပ်လှူဒါန်းခြင်း၊ တန်ဖိုးနည်းအိမ်ရာများဆောက်လုပ်ခြင်း၊ လူငယ်များ စာပေ၊ ဂီတ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြိုင်ပွဲများ ပြုလုပ်ပေးခြင်း၊ ဟောပြောပွဲများကို ရန်ကုန်မြို့တွင်းသာမက နယ်မြို့များသို့ပင် ကိုယ်တိုင်အပင်ပန်းခံကာ ဟောပြောပွဲများပြုလုပ်ပေးခြင်း၊ အထောက်အပံ့ပေးခြင်း တို့အပြင် စစ်ဘေးနှင့် သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအတွက်လည်း ကယ်ဆယ်ရေးလှူဒါန်းမှုများ စသည်တို့ကို ကိုယ်စွမ်းဥာဏ်စွမ်းရှိသ၍ ဆောင်ရွက်လျက်ရှိပါသည်။

 

ဦးကျော်ကျော်လှိုင်

ဆရာဦးကျော်လှိုင်သည် ရန်ကုန်ဝိဇ္ဇာ နှင့် သိပ္ပံတက္ကသိုလ်မှ မဟာသိပ္ပံဘွဲ့ကို ရူပဗေဒအထူးပြုဖြင့် ရရှိခဲ့ပါသည်။ ၁၉၇၅ ခုနှစ်မှ ၁၉၈၁ ခုနှစ်အထိ ဘူမိရူပဗေဒ အရာရှိအဖြစ် မြန်မာ့ရေနံကော်ပိုရေးရှင်းတွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၈၁ ခုနှစ်မှ ၁၉၄၄ ခုနှစ်အထိ မြန်မာနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုတို့တွင် ဆလန်ဘာဂျာအင်ဂျင်နီယာအဖြစ်လည်းကောင်း၊ Data Services Manager အဖြစ်လည်းကောင်းတာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၉၄ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီး Smart Technical Services ကုမ္ပဏီကို တည်ထောင်ခဲ့ပါသည်။ ယခုလက်ရှိ Smart Group of Companies ၏ဥက္ကဌအဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံရေနံနှင့် သဘာဝဓါတ်ငွေ့ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း၏ ဥက္ကဌအဖြစ်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ လျှပ်စစ်လုပ်ငန်းများကို နှစ်ပေါင်း ၂၀ ကျော်အထူးပြုလေ့လာ နေသူဖြစ်ပါသည်။ ဘ၀အောင်မြင်ရေးနှင့်ပတ်သက်သည့်ဟောပြောပွဲများ ပြုလုပ်ခြင်း စာပေ ရေးသားခြင်းများကို ကျော်ကျော်လှိုင် (Smart) အမည်ဖြင့် ဟောပြောရေးသားနေသူဖြစ်ပါသည်။ ဘ၀တိုးတက်အောင်မြင်ရေး၊ ခေါင်းဆောင် အရည်အသွေးတို့နှင့် ပတ်သက်၍ စုစုပေါင်း စာအုပ် (၁၆) အုပ်ကို ရေးသားထုတ်ဝေခဲ့ပြီးဖြစ်ပါသည်။ ၂၀၁၆ ခုနှစ်တွင် သုတစွယ်စုံ စာပေဆုကို "ရှေးမြန်မာမင်းများ ၏ခေါင်းဆောင်မှု အရည်အသွေးကို လေ့လာခြင်း (ပထမမြန်မာနိုင်ငံတော်) " ဖြင့်ရရှိခဲ့ပါသည်။ "A Study of the Leadership Skills of Ancient Myanmar Monarchs (The First Myanmar Proper) " စာအုပ်သည် ၂၀၁၇ ခုနှစ်တွင် ဆရာဝန်တင်ရွှေ ဘာသာပြန်ဆု ကိုရရှိခဲ့ပါသည်။ ၂၀၁၈ ခုနှစ်တွင် "ပျော်ရွှင်ခြင်း " စာအုပ်ဖြင့် ထွန်းဖေါင်ဒေးရှင်းစာပေဆုကိုရရှိခဲ့ပါသည်။ FM Radio Station ၏အစီအစဉ်များတွင်လည်း "တွေးခေါ်ရင့်သန်အောင်မြင်ရန်" အစီအစဉ်၊ "ပျော်ရွှင်တိုးတက်အောင်မြင်ရေး၊ ရွှေတို့မေး" အစီအစဉ်များကို အပတ်စဉ်ထုတ်လွှင့်လျက်ရှိသည်။ တနင်္လာနေ့တိုင်း မြန်မာ့ရုပ်မြင်သံကြား၏ သတင်းထဲကသတင်း အစီအစဉ်တွင် ပါဝင်ဆွေးနွေးတင်ဆက်နေပါသည်။ TV အစီအစဉ်များစွာတွင်လည်း Capacity Building လူသားအရင်းအမြစ် စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ပတ်သက်သော အကြောင်းအရာများကို ဆွေးနွေးပြောကြားလျက်ရှိပါသည်။

 

ဒေါက်တာစိုးထွန်း

ဒေါက်တာစိုးထွန်းသည် မြန်မာနိုင်ငံတွင် ထင်ရှားသည့်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည်။
လက်ရှိအားဖြင့် Myanmar Automobile Development အများပိုင်ကုမ္ပဏီလိမိတက်၏ ဥက္ကဌ၊ Myanmar Agribusiness အများပိုင် ကုမ္ပဏီလိမိတက်၏ ဒါရိုက်တာ၊ ဧရာမေတ္တာ အများပိုင်ကုမ္ပဏီ လိမိတက်၏ ဥက္ကဌ၊ အမှုဆောင်အရာရှိချုပ်၊ Community Research & Development သိပ္ပံ၏ ဥက္ကဌအဖြစ် တာဝန်ယူထားသည်။
၎င်းသည် အခြားစီးပွားလုပ်ရေးငန်း နယ်ပယ်စုံရှိ အများပိုင်နှင့် ပုဂ္ဂလိကပိုင် ကုမ္ပဏီပေါင်း များစွာတွင်လည်း အမှုဆောင်ဒါရိုက်တာ နေရာများ ရယူထားသည်။
ထို့အပြင် အသင်းအဖွဲ့ပေါင်း များစွာတွင်လည်း တာဝန်ယူ ပါဝင်လျက်ရှိရာ
- မြန်မာနိုင်ငံ မော်တော်ကားထုတ်လုပ်ဖြန့်ဖြူးသူများအသင်း ဥက္ကဌ
- မြန်မာနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်၏ အမှုဆောင်ကော်မတီဝင်
- Yangon Lions Clubs တည်ထောင်သူ၊ ဥက္ကဌ
- မြန်မာနိုင်ငံ အသိဥာဏ်ပစ္စည်းမူပိုင်ခွင့်အသင်းကြီး ပူးတွဲတည်ထောင်သူ
- မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ် ဒုတိယဥက္ကဌ
- မြန်မာနိုင်ငံ စားနပ်ရိက္ခာလုံခြုံရေးအဖွဲ့၏ ဦးဆောင်ကော်မတီဝင်ဟောင်း 
အစရှိသည့် နေရာများတွင် တာဝန်ယူထားသည်။
ဒေါက်တာစိုးထွန်းသည် ပုဂ္ဂလိကကဏ္ဍများတွင် ပါဝင်ဆောင်ရွက်မှုများအပြင် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ အိမ်ခြံမြေဆောက်လုပ်ရေး၊ သုတေသနနှင့် ဖွံ့ဖြိုးရေး၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ကုန်သွယ်ရေးကဏ္ဍများတွင် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများနှင့်လည်း လက်တွဲဆောင်ရွက်လျက်ရှိသူ ဖြစ်သည်။

 

ဦးနေမင်းသူ

ဦးနေမင်းသူသည် ပြည်မြို့ တွင် မွေးဖွားကြီးပြင်းခဲ့ပြီး ဆယ်တန်းကို ပြည်မြို့ တွင်ပင် အောင်မြင်ခဲ့သည်။ ထိုနောက် စင်္ကာပူနိုင်ငံ Singapore Polytechnic မှ ဘဏ်နှင့် ဘဏ္ဍာရေးဆိုင်ရာ ဒီပလိုမာကို ရရှိခဲ့ပြီးနောက် ဆက်လက်၍ Nanyang Technological University (NTU) မှ စီးပွားရေးနှင့် အိုင်တီနည်းပညာဘွဲ့ကို ရရှိခဲ့သည်။ NTU တက္ကသိုလ်ကျောင်း တက်နေစဉ် ဒုတိယနှစ်တွင် ဝဘ်ဆိုက်ရေးဆွဲပေးသော တနိုင်တပိုင်လုပ်ငန်းကို ZillionTech.com အမည်ဖြင့် စတင်လုပ်ကိုင်ခဲ့သည်။ တက္ကသိုလ်ကျောင်းပြီးသွားသောအခါ ဝဘ်ဆိုက်ရေးဆွဲပေးသည့် ကိုယ်ပိုင်လုပ်ငန်းကို စင်္ကာပူနိုင်ငံတွင်ပင် ဇောက်ချလုပ်ကိုင်ခဲ့သည်။ အခက်အခဲပေါင်းများစွာ ကျော်ဖြတ်ပြီးနောက် အသက် (၃၀) မတိုင်မှီ မီလျံနာတစ်ဦး ဖြစ်ခဲ့သည်။ ထို့နောက် အခြားနည်းပညာအခြေပြု လုပ်ငန်းများကို ချဲ့ ထွင်လုပ်ကိုင်ခဲ့သည်။ (၂၀၁၃) ခုနှစ်တွင် မြန်မာပြည်သို့ ပြန်လည် အခြေချခဲ့ပြီး မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှား ဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com ကို ဝန်ထမ်း (၂) ဦးဖြင့် စတင် တည်ထောင်လုပ်ကိုင်ခဲ့သည်။ ယခုအချိန်တွင်မူ iMyanmarHouse.com ကို ဝန်ထမ်းပေါင်း (၁၀၀) ကျော်ဖြင့် လုပ်ကိုင် လည်ပတ်လျှက်ရှိသည်။ ဦးနေမင်းသူသည် မြန်မာပြည်ရှိ အလားအလာရှိသော နည်းပညာအခြေပြု လုပ်ငန်းများသို့လည်း ငွေကြေးရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လျှက်ရှိသည်။ အရောင်းရဆုံး စာအုပ်စာရင်းဝင်ဖြစ်သော “မြန်မာနိုင်ငံ၏ စီးပွားရေးသူရဲကောင်းများ” ဟု အမည်ရသည့် စာအုပ်ကိုလည်း (၂၀၁၆) ခုနှစ်တွင် ထုတ်ဝေဖြန့်ချိခဲ့သည်။ ဦးနေမင်းသူသည် လူငယ်များ အောင်မြင်ကြီးပွားရေးအတွက် ဘဝအောင်မြင်ရေးဆိုင်ရာ ဟောပြောပွဲများတွင်လည်း ဟောပြောပေးလျှက်ရှိသည်။

 

ဦးစိုင်းခွန်နောင် (မန်နေးဂျင်း ဒါရိုက်တာ)

ဦးစိုင်းခွန်နောင်သည် စိုင်းခွန်နောင်ကုမ္ပဏီလိမိတက်၏ မန်နေးဂျင်း ဒါရိုက်တာတစ်ဦးဖြစ်သည်။
ရှမ်းပြည်နယ်၊ လားရှိုးမြို့တွင် ၁၉၆၈ ခုနှစ်၌ မွေးဖွားခဲ့သည်။
အထက်တန်းအောင်မြင်ပြီး ၁၉၈၆ ခုနှစ်တွင် ပညာဆက်လက်ဆည်းပူးရန် ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ကာ ၁၉၉၀ ပြည့်နှစ်တွင် ဂျပန်သို့ ထွက်ခွာခဲ့သည်။
ဂျပန်နိုင်ငံတွင် ၁၀ နှစ်ခန့် ပညာသင်ရင်း အလုပ်လုပ်ကိုင်ခဲ့ပြီးနောက် စီးပွားရေးလုပ်ငန်းများကို ဂျပန်နည်းစနစ်များဖြင့် လည်ပတ်လုပ်ကိုင်ပုံများ ရရှိခဲ့သည်။
၂၀၀၀ ပြည့်နှစ်တွင်မူ မြန်မာနိုင်ငံတွင် အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် စိုင်းခွန်နောင်ကုမ္ပဏီကို တည်ထောင်ခဲ့သည်။
ယနေ့ကာလတွင်ကား စိုင်းခွန်နောင်ကုမ္ပဏီ လိမိတက်သည် အင်္ဂလိပ်၊ ဂျပန်၊ တရုတ်၊ မြန်မာဘာသာတို့ဖြင့် အိမ်ခြံမြေဝန်ဆောင်မှုများ လုပ်ဆောင်ပေးလျက်ရှိသည့်နည်းတူ ဆောက်လုပ်ရေး၊ ဥပဒေအတိုင်ပင်ခံနှင့် အဆင့်မြင့် အိမ်တွင်းမွမ်းမံမှုတို့ကို လုပ်ငန်းပေါင်း ၁၅၀ ကျော်နှင့် လက်တွဲကာ ဝန်ဆောင်မှုပေးလျက်ရှိသည်။
တချိန်တည်းမှာပင် ဦးစိုင်းခွန်နောင်သည် အဖွဲ့အစည်းများစွာတွင် ပါဝင်တာဝန်ယူပေးလျက်ရှိသည့်အနက် အချို့ကို ဖော်ပြရလျှင်
(၁) မြန်မာနိုင်ငံ အိမ်ခြံမြေဖွံ့ဖြိုးရေးအသင်းတွင် ဒုတိယဥက္ကဌ
(၂) ရန်ကုန်တိုင်းဒေသကြီး အိမ်ခြံမြေလုပ်ငန်းရှင်များအဖွဲ့တွင် ဥက္ကဌ
(၃) လားရှိုးအသင်းတွင် ဒုတိယဥက္ကဌ
(၄) ရန်ကုန် ယူနန် ဗုဒ္ဓဘာသာဘုရားကျောင်းတွင် ကော်မတီဝင်
(၅) မြန်မာနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုလုပ်ငန်းရှင်များအဖွဲ့တွင် အဖွဲ့ဝင် 
တို့ ဖြစ်သည်။
ဦးစိုင်းခွန်နောင်သည် အင်္ဂလိပ်၊ ဂျပန်၊ တရုတ်၊ ရှမ်းနှင့် မြန်မာစကားများ ကျွမ်းကျင်စွာ ပြောနိုင်သူလည်း ဖြစ်သည်။

 

ဦးမျိုးမြင့်

မြန်မာပြည်သူများကို ပိုမိုကောင်းမွန်သည့် ဆောက်လုပ်ရေးနည်းလမ်းများ အဖြေရှာပေးနိုင်ရေးအတွက် ကြီးမားသည့်အိပ်မက် ပြင်းပြင်းပြပြရှိသူ အင်ဂျင်နီယာတစ်ဦးဖြစ်သည်။

ဆောက်လုပ်ရေးကုမ္ပဏီတစ်ခု တည်ထောင်ခဲ့ပြီး ပြည်သူတို့၏ လိုအပ်ချက်များကို ကျွမ်းကျင်မှု၊ အတွေ့အကြုံရှိမှုတို့ဖြင့် ဖြည့်တင်းပေးလျက်ရှိသည်။

လုပ်ငန်းအတွေ့အကြုံ

- မြန်မာနိုင်ငံ ဆောက်လုပ်ရေး စွန့်ဦးလုပ်ငန်းရှင်များအဖွဲ့ချုပ် (MCEA)
အထွေထွေ အတွင်းရေးမှူး (2018 မှ လက်ရှိအချိန်အထိ)
အမှုဆောင်ကော်မတီဝင် (2015 - 2018)

- M.K.T ဆောက်လုပ်ရေးကုမ္ပဏီ
တည်ထောင်သူ၊ အမှုဆောင်အရာရှိချုပ် (2011 မှ လက်ရှိအချိန်အထိ)

- လမင်း အိနြေ္ဒကုမ္ပဏီလိမိတက်
တည်ထောင်သူ ၊ အမှုဆောင်အရာရှိချုပ် (2008 မှ လက်ရှိအချိန်အထိ)

- မြန်မာနိုင်ငံ အင်ဂျင်နီယာအစည်းအရုံး
ဗဟိုကော်မတီဝင် (2016 မှ လက်ရှိအချိန်အထိ)

- မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ
အတိုင်ပင်ခံပုဂ္ဂိုလ် (2018 မှ လက်ရှိအချိန်အထိ)

- မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ် (MBPF)
ဒုတိယဥက္ကဌ (2018 မှ လက်ရှိအချိန်အထိ)

- Civil Engineers' Construction Co-operative [CECC]
အင်ဂျင်နီယာ (1985 - 1990)

- ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC)
SAE မှ EE ရာထူးများအထိ (1990 - 2012)

 

ဦးသာဓု (ခ) ဦးမြင့်ထွေး

ဦးသာဓု (ခေါ်) ဦးမြင့်ထွေး ၂၃ - ၉ - ၁၉၆၅ ခုနှစ်တွင် မွေးဖွားသည်။ " သီရိမြန်မာ" ရိုးရာလက်မှုအနုပညာလုပ်ငန်း (ပန်းထိမ်) လုပ်ငန်း၏ ပိုင်ရှင်ဖြစ်ပါသည်။ (ရွှေ၊ငွေ၊ ကြေး) အထည်အမျိုးမျိုး ၊ ဖောင်းကြွပန်းချီကားချပ်ကြီးများ ၊ ရုပ်လုံး ၊ ရုပ်ခုံး ၊ ရုပ်တုကြီးများ နှင့် ပန်းဘောင်များ၊ ကတ္တီပါ သေတ္တာ/ ဘူးများ အစရှိသည်တို့ကို ပြုလုပ်ပါသည်။ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန (စိုက်/ မွေး/ ဆည်ဝန်ကြီးဌာန) SME အသင်းသားကဒ် (စက်မှုဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးအရအဖွဲ့) မှာလုပ်ငန်းလိုင်စင်ရရှိထားပြီးဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် နိုင်ငံတော်သမ္မတကြီးမှ ပေးအပ်ချီးမြှင့်သည့် နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်ခြင်းအခမ်းအနား တွင် " နိုင်ငံ့ထူးဂုဏ်ဆောင်" လက်မှတ်ကို ရရှိခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် မြန်မာ့ စက်မှုလက်မှု ပြပွဲတွင်လည်း "ပထမ ရွှေတံဆိပ်ဆု" ကို ထပ်မံရရှိခဲ့ပါသည်။ အသင်းအဖွဲ့များအနေဖြင့် " မြန်မာ့လက်မှုအနုပညာအသင်း" "ဥက္ကဌ" ၊ UMFCCI, MIA မှ " အလုပ်အမှုဆောင်" ဖြစ်ပါသည်။

ဤဟောပြောပွဲအတွင်း မည်သူ့ကိုမျှ လက်ညှိုးထိုး အပြစ်တင် ဝေဖန်မည် မဟုတ်ဘဲ လက်ရှိ မြန်မာ့စီးပွားရေးလောကတွင် ဖြစ်ပျက်နေသည်များကို ယေဘူယျကျကျ မှန်ကန်စွာ သုံးသပ်ပြီး ကုစားနိုင်မည့် နည်းလမ်းများကို ပညာရှင်များဖြင့် ဆွေးနွေးအဖြေရှာမည့် ဟောပြောဆွေးနွေးပွဲ ဖြစ်ပါသည်။ မည်သူမဆို အခမဲ့ တက်ရောက်နားထောင်နိုင်သည်။ ဝင်ရောက် ဆွေးနွေးခွင့် ရရှိမည်ဖြစ်သည်။

ဆက်သွယ်ရန် ဖုန်းနံပါတ်များ

09455...

ယခင်ဟောပြောပွဲ ကျင်းပခဲ့သည့် ပုံရိပ်များ

Sponsors:


Conference Detail

Register For Free Now!


Map




Properties For Sale\Rent In Yangon

Apartments For Sale In Yangon

Apartments For Rent In Yangon

Apartments For Rent In Yangon

House For Rent In Yangon

Condo For Rent in Yangon

Property News In Yangon

အခမဲ့ စာရင်းပေးသွင်းရန်

ဆက်သွယ်ရန် ဖုန်းနံပါတ်များ

09455...
Overseas ProjectsLegal Services

Let's apply Home Loan at iMyanmarHouse.com to own your dream home!

Upcoming Property Events

mya-villa
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
ဆက်သွယ်ရန် ဖုန်းနံပါတ်