ကျန်းမာရေးဓာတ်စာအဖြစ် စားသုံးနိုင်သော ကြွက်နားရွက်မှိုသုပ် - Property Knowledge in Myanmar from iMyanmarHouse.com
2329 Views

ကျန်းမာရေးဓာတ်စာအဖြစ် စားသုံးနိုင်သော ကြွက်နားရွက်မှိုသုပ်

Knowledge | Posted by Si Thu Aung

[Unicode]

ကြွက်နားရွက်မှို ကျန်းမာရေးအထောက်အကူပြုပုံ

ကျန်းမာရေးအနေဖြင့် ကယ်လိုရီပါဝင်မှုနည်းသောကြောင့် သွေးတွင်းသကြားဓာတ်ကိုမတက်စေနိုင်ပါ။ ထိုကြောင့် ဆီးချိုသမားများစားသုံးရန် သင့်တော်ပါသည်။ အစားရှောင်ပြီး ဝိတ်ချလိုသူများအတွက် အကောင်းဆုံးမှိုလည်းဖြစ်သည်။ အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်သောကြောင့် အူမကြီးဆိုင်ရာရောဂါများမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်သည်။ ကင်ဆာကျိတ်များ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပြီး သွေးတွင်းကိုလတ်စထရောနှင့် ခန္ဓာကိုယ်အတွက် အကျိုးမဖြစ်သော အဆီများကိုပါကျဆင်းစေနိုင်ပါသည်။

မြန်မာနိုင်ငံတွင် ကြွက်နားရွက်မှိုခြောက်ကို ကြာဆံဟင်းခါးချက်ရာတွင်သာ တွင်တွင်ကျယ်ကျယ် အများဆုံးအသုံးပြုသည်ကိုတွေ့ရှိရပါသည်။ ထို့ကြောင့် တခြားနည်းလမ်းနှင့်လည်း ကျန်းမာရေးအတွက် အထောက်အကူပြုသည့် ကြွက်နားရွက်မှိုကို စားသုံနိုင်ကြောင်း သိရှိစေလိုသည့်အတွက် ကြွက်နားရွက်မှို သုပ်နည်းကို ရေးသားပေးလိုက်ပါတယ်ရှင့်။

ကြွက်နားရွက်မှို သုပ်

- အခြောက်ခံထားတဲ့ ကြွက်နားရွက်မှိုမဟုတ်ပဲ အပင်က လတ်လတ်ဆတ်ဆတ် ခူးထားတဲ့မှိုအစိုလေးကို သုပ်စားလို့ရပါတယ်။

- ပထမဆုံးအနေနဲ့မှိုထုပ်က ခူးလာတဲ့မှိုကို ရေနာရီဝက်ခန့် စိမ်ထားရပါမယ်။.

- စိမ်ထားတုန်းမှာ ကြက်သွန်နီ၊ ငရုတ်သီးစိမ်းကို ပါးပါးလှီးထားပါ နံနံပင် ကြိုက်လျှင်သုံးနိုင်ပါတယ်။

- ကြက်သွန်ဖြူ အမွှာကြီး၂မွှာကိုဆီချက်လုပ်ဖို့ ပါးပါးလှီးပါ၊ ဆီသတ်ပါ၊ ဝါချင်ပါကနနွင်းထည့်ပါ မဝါချင်ပါက မထည့်လည်းရပါသည်။ မြေပဲလှော်ထောင်းထားပါ။

- အကုန်ပြီးပါက ရေနွေးတည်ပါ ပွက်လာပါက မှိုကို ၃မိနစ် လောက်ထည့်ပြုတ်ပြီး ပြန်ဆယ်ပါ။ ရေခဲရေနှင့် ပြန်စိမ်ပါ ရိုးရိုးရေအေးနှင့်စိမ်လည်းရပါတယ်။

(မှတ်ချက်- ရေအေးပြန်စိမ်ခြင်းမှာ မာမာထုတ်ထုတ်လေးဖြစ်နေစေရန်ဖြစ်သည်။)

- မှို ရေစိမ်ပြီးပါက ရေစစ်ပြီး အနေတော်လေးညှပ်ပါ။

- နောက်ဆုံးမှာ မှိုညှပ်ထားတာရယ် ကြက်သွန်ပါးပါးလှီးထားတာရယ် ငရုတ်သီးစိမ်းရယ်ကို ပန်းကန်းထဲထည့်ပါ။ ဆား (သို့) ငံပြရည်နှင့်မြေပဲဆံထောင်းထားသည်ကိုထည့်ပါ။

- ဆီချက်ထည့်ပါ သံပုရာသီးညှစ်ထည့်ပါ။

- အကုန်လုံး ရောနယ်လိုက်ပါ....ပဲမှုန့်ကြိုက်လျှင်ထည့်လို့ရပါသည်...

ဒါဆိုရင် အရသာရှိတဲ့ကြွက်နားရွက်မှိုသုပ်လေး ရပါပြီ။....

သတ်သတ်လွတ်သမားတွေအတွက် ငံပြာရည်အစား ဆားနဲ့သုပ်စားရင် သတ်သတ်လွတ် အသုပ်တမျိုးရပါတယ်ရှင့်..

ကြွက်နားရွက်မှို အစိုမရှိလည်း မှိုခြောက်ကို ၃နာရီလောက် ရေစိမ် နည်းနည်းကြာကြာပြုတ်ပြီး ရေအေးထဲပြန်စိမ်ပြီး သုပ်စားလို့ရပါတယ်ရှင့်.....

ကဲ အရသာရှိပြီး အာဟာရဖြစ်ကာ ကျန်းမာရေးအထောက်အကူပြုတဲ့ မှိုသုပ် (salad) သုပ်စားကြည့်ကြရအောင်နော်....

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: greenwaymyanmar

 

 

[Zawgyi]

က်န္းမာေရးဓာတ္စာအျဖစ္ စားသုံးႏိုင္ေသာ ႂကြက္နား႐ြက္မိႈသုပ္

ႂကြက္နား႐ြက္မိႈ က်န္းမာေရးအေထာက္အကူျပဳပုံ

က်န္းမာေရးအေနျဖင့္ ကယ္လိုရီပါဝင္မႈနည္းေသာေၾကာင့္ ေသြးတြင္းသၾကားဓာတ္ကိုမတက္ေစႏိုင္ပါ။ ထိုေၾကာင့္ ဆီးခ်ိဳသမားမ်ားစားသုံးရန္ သင့္ေတာ္ပါသည္။ အစားေ႐ွာင္ၿပီး ဝိတ္ခ်လိုသူမ်ားအတြက္ အေကာင္းဆုံးမိႈလည္းျဖစ္သည္။ အမွ်င္ဓာတ္ႂကြယ္ဝစြာ ပါဝင္ေသာေၾကာင့္ အူမႀကီးဆိုင္ရာေရာဂါမ်ားမျဖစ္ေအာင္လည္း ကာကြယ္ေပးႏိုင္သည္။ ကင္ဆာက်ိတ္မ်ား မျဖစ္ေအာင္လည္း ကာကြယ္ေပးႏိုင္ၿပီး ေသြးတြင္းကိုလတ္စထေရာႏွင့္ ခႏၶာကိုယ္အတြက္ အက်ိဳးမျဖစ္ေသာ အဆီမ်ားကိုပါက်ဆင္းေစႏိုင္ပါသည္။

ျမန္မာႏိုင္ငံတြင္ ႂကြက္နား႐ြက္မိႈေျခာက္ကို ၾကာဆံဟင္းခါးခ်က္ရာတြင္သာ တြင္တြင္က်ယ္က်ယ္ အမ်ားဆုံးအသုံးျပဳသည္ကိုေတြ႕႐ွိရပါသည္။ ထို႔ေၾကာင့္ တျခားနည္းလမ္းႏွင့္လည္း က်န္းမာေရးအတြက္ အေထာက္အကူျပဳသည့္ ႂကြက္နား႐ြက္မိႈကို စားသုံႏိုင္ေၾကာင္း သိ႐ွိေစလိုသည့္အတြက္ ႂကြက္နား႐ြက္မိႈ သုပ္နည္းကို ေရးသားေပးလိုက္ပါတယ္႐ွင့္။

ႂကြက္နား႐ြက္မိႈ သုပ္

- အေျခာက္ခံထားတဲ့ ႂကြက္နား႐ြက္မိႈမဟုတ္ပဲ အပင္က လတ္လတ္ဆတ္ဆတ္ ခူးထားတဲ့မိႈအစိုေလးကို သုပ္စားလို႔ရပါတယ္။

- ပထမဆုံးအေနနဲ႔မိႈထုပ္က ခူးလာတဲ့မိႈကို ေရနာရီဝက္ခန္႔ စိမ္ထားရပါမယ္။.

- စိမ္ထားတုန္းမွာ ၾကက္သြန္နီ၊ င႐ုတ္သီးစိမ္းကို ပါးပါးလွီးထားပါ နံနံပင္ ႀကိဳက္လွ်င္သုံးႏိုင္ပါတယ္။

- ၾကက္သြန္ျဖဴ အမႊာႀကီး၂မႊာကိုဆီခ်က္လုပ္ဖို႔ ပါးပါးလွီးပါ၊ ဆီသတ္ပါ၊ ဝါခ်င္ပါကနႏြင္းထည့္ပါ မဝါခ်င္ပါက မထည့္လည္းရပါသည္။ ေျမပဲေလွာ္ေထာင္းထားပါ။

- အကုန္ၿပီးပါက ေရေႏြးတည္ပါ ပြက္လာပါက မိႈကို ၃မိနစ္ ေလာက္ထည့္ျပဳတ္ၿပီး ျပန္ဆယ္ပါ။ ေရခဲေရႏွင့္ ျပန္စိမ္ပါ ႐ိုး႐ိုးေရေအးႏွင့္စိမ္လည္းရပါတယ္။

(မွတ္ခ်က္- ေရေအးျပန္စိမ္ျခင္းမွာ မာမာထုတ္ထုတ္ေလးျဖစ္ေနေစရန္ျဖစ္သည္။)

- မိႈ ေရစိမ္ၿပီးပါက ေရစစ္ၿပီး အေနေတာ္ေလးညႇပ္ပါ။

- ေနာက္ဆုံးမွာ မိႈညႇပ္ထားတာရယ္ ၾကက္သြန္ပါးပါးလွီးထားတာရယ္ င႐ုတ္သီးစိမ္းရယ္ကို ပန္းကန္းထဲထည့္ပါ။ ဆား (သို႔) ငံျပရည္ႏွင့္ေျမပဲဆံေထာင္းထားသည္ကိုထည့္ပါ။

- ဆီခ်က္ထည့္ပါ သံပုရာသီးညႇစ္ထည့္ပါ။

- အကုန္လုံး ေရာနယ္လိုက္ပါ....ပဲမႈန္႔ႀကိဳက္လွ်င္ထည့္လို႔ရပါသည္...

ဒါဆိုရင္ အရသာ႐ွိတဲ့ႂကြက္နား႐ြက္မိႈသုပ္ေလး ရပါၿပီ။....

သတ္သတ္လြတ္သမားေတြအတြက္ ငံျပာရည္အစား ဆားနဲ႔သုပ္စားရင္ သတ္သတ္လြတ္ အသုပ္တမ်ိဳးရပါတယ္႐ွင့္..

ႂကြက္နား႐ြက္မိႈ အစိုမ႐ွိလည္း မိႈေျခာက္ကို ၃နာရီေလာက္ ေရစိမ္ နည္းနည္းၾကာၾကာျပဳတ္ၿပီး ေရေအးထဲျပန္စိမ္ၿပီး သုပ္စားလို႔ရပါတယ္႐ွင့္.....

ကဲ အရသာ႐ွိၿပီး အာဟာရျဖစ္ကာ က်န္းမာေရးအေထာက္အကူျပဳတဲ့ မိႈသုပ္ (salad) သုပ္စားၾကည့္ၾကရေအာင္ေနာ္....

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: greenwaymyanmar

 

 

 

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ

Upcoming Property Events

bkk-projects
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service