စားသုံးသူရေးရာဦးစီးဌာနသို့တိုင်ကြားနိုင်သည့် အကြောင်းအရာနှင့်တိုင်ကြားရန် နည်းလမ်း (၃)မျိုး - Property Knowledge in Myanmar from iMyanmarHouse.com
1177 Views
စားသုံးသူရေးရာဦးစီးဌာနသို့တိုင်ကြားနိုင်သည့် အကြောင်းအရာနှင့်တိုင်ကြားရန် နည်းလမ်း (၃)မျိုး
Knowledge | Posted by Zarni Kyaw
[Unicode]
စားသုံးသူရေးရာဦးစီးဌာနဆိုတာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အောက်မှာ ဖွဲ့စည်းထားရှိတဲ့ ဦးစီးဌာနတစ်ခုဖြစ်ပြီးတော့ စားသုံးသူများရဲ့ အခွင့်အရေးနှင့်အကျိုးစီးပွားကို အကာအကွယ်ပေးသည့်ဌာနဖြစ်ပါတယ်။ စားသုံးသူပြည်သူများအနေနဲ့ ကုန်စည်နှင့်ဝန်ဆောင်မှုနှင့်စပ်လျဉ်းပြီး မိမိရဲ့ရုပ်ပိုင်းဆိုင်ရာကိုဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာကိုဖြစ်စေ၊ ဂုဏ်သိက္ခာကိုဖြစ်စေ၊ နာမည်ဂုဏ်သတင်းကိုဖြစ်စေ၊ ပိုင်ဆိုင်မှုတစ်ရပ်ရပ်ကိုဖြစ်စေ ဥပဒေနှင့်မညီသော ထိခိုက်နစ်နာမှုဖြစ်ပေါ်လာရင် စားသုံးသူရေးရာဦးစီးဌာနမှာ တိုင်ကြားနိုင်ပါသည်။ တိုင်ကြားရာမှာ စားသုံသူရေးရာဦးစီးဌာနမှာ ဖွင့်လှစ်ထားတဲ့ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ(CICC) များမှာ တိုင်ကြားနိုင်သလို Online က တဆင့် တိုင်ကြားလိုတဲ့ ပြည်သူများအနေနဲ့ www.doca.gov.mm Websitနှင့် DOCA Myanmar Mobile App တို့မှာပါတဲ့ Consumer Complaint System ရဲ့ တိုင်ကြားလွှာပုံစံမှာ အချက်အလက်တွေ ဖြည့်သွင်းပြီးတော့လည်း တိုင်ကြားနိုင်ပါသည်။
စားသုံးသူ၏ တိုင်ကြားလွှာအား အောက်ပါနည်းလမ်း (၃)မျိုးဖြင့် စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ပါသည်-
နည်းလမ်း (၁) စားသုံးသူတိုင်ကြားမှုပုံစံ (pdf) ဖိုင်အား Download ရယူပါ။ ထို့နောက် မိမိတိုင်ကြားသော အချက်အလက်များနှင့် အထောက်အထားများကို တိုင်ကြားမှုပုံစံတွင် ဖြည့်စွက်ပြီး ရုံးအမှတ် (၅၂) စားသုံးသူရေးရာဦးစီးဌာနသို့ သင့်လျော်သော နည်းလမ်းဖြင့် ပေးပို့တိုင်ကြားခြင်း (တိုင်ကြားမှုပုံစံတွင် တိုင်ကြားသူ၏ လက်မှတ်နှင့် တိုင်ကြားသောနေ့ရက် ပါရှိရမည်။)
နည်းလမ်း (၂) စားသုံးသူတိုင်ကြားမှုပုံစံ (pdf) ဖိုင်အား Download ရယူပါ။ ထို့နောက် မိမိတိုင်ကြားလိုသော အချက်အလက်များကို ဖြည့်စွက်ပြီး စားသုံးသူရေးရာဦးစီးဌာန၏ email ဖြစ်သော consumerwebsitedoca @gmail.com သို့ ပေးပို့တိုင်ကြားခြင်း (တိုင်ကြားမှုပုံစံတွင် တိုင်ကြားသူ၏ လက်မှတ်နှင့် တိုင်ကြားသောနေ့ရက် ပါရှိရမည်။)
နည်းလမ်း (၃) online မှတဆင့် တိုင်ကြားခြင်း တိုင်ကြားလိုပါက www.doca.gov.mm Website စာမျက်နှာတွင်တိုင်ကြားခြင်းဆိုသည့်ခေါင်းစဉ်မှဝင်ရောက်ပြီး “Next” အားနှိပ်၍ တိုင်ကြားမှု ပြုလုပ်နိုင်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
Upcoming Property Events
kalaw-garden-valley
area-one-business-complex
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service