တန်ဆေးလွန်ဘေး ဗီတာမင်ဘေး - Property Knowledge in Myanmar from iMyanmarHouse.com
1785 Views

တန်ဆေးလွန်ဘေး ဗီတာမင်ဘေး

Knowledge | Posted by Aye Myat Thu

[Unicode]

ဗီတာမင် ဆိုတဲ့ သက်စောင့်ဓာတ်တွေဟာ လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတွေပါ။ သို့သော်သတ်မှတ်ထားတဲ့ ပမာဏအတိုင်းသာ သောက်သုံးမှီဝဲသင့်ပါတယ်။ “တန်ဆေးလွန်ဘေး” ဆိုတဲ့ အတိုင်း ပမာဏကျော်လွန်သောက်သုံးမိပါက အဆိပ်သာဖြစ်လာမှာပါ။

ယခု ကိုဗစ်ကပ်ရောဂါကာလမှာလည်း ကိုယ်ခံအားကောင်းချင်ဇောနဲ့ ဗီတာမင်တွေသောက်သုံးလာကြတာကို တွေ့ရပါတယ်။ အချို့ကလည်း သတ်မှတ်ပမာဏအတိုင်း စနစ်တကျ သောက်သော်လည်း တချို့မှာတော့ ပိုလျှံစွာ သောက်သုံးနေကြပြန်ပါတယ်။

ဒါကြောင့် သောက်သုံးသင့်တဲ့ ဗီတာမင်ပမာဏနဲ့ လွန်ကဲရင်ဖြစ်လာမယ့် ဆိုးကျိုးတွေကို တွဲဖက်တင်ပြလိုက်ရပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ကိုမေးမြန်းပြီးမှ မှီဝဲတာ အကောင်းဆုံးဆိုတာ ဦးစွာအကြံပေးချင်ပါတယ်။

ဗီတာမင်အမျိုးအစား (၂) မျိုး

ရေမှာပျော်ဝင်တဲ့ဗီတာမင်များ

ဗီတာမင် ဘီများနဲ့ ဗီတာမင် စီ

အဆီတွင်ပျော်ဝင်တဲ့ဗီတာမင်များ

ဗီတာမင် အေ

ဗီတာမင် ဒီ

ဗီတာမင် အီး

ဗီတာမင် ကေ

ရေမှာပျော်ဝင်တဲ့ဗီတာမင်များထက် အဆီမှာပျော်ဝင်တဲ့ ဗီတာမင်တွေကို ခန္ဓာကိုယ်မှာ အချိန်အတိုင်းအတာတစ်ခုထိ သိုလှောင်သိမ်းဆည်းထားနိုင်ပါတယ်။ ပမာဏများစွာသောက်သုံးမိပါက ဘေးဥပါဒ် ပိုဖြစ်စေတတ်တာကို သတိပြုသင့်ပါတယ်။

ဒီကနေ့မှာတော့ အဆီမှာပျော်ဝင်တဲ့ ဗီတာမင်များအကြောင်း ဦးစွာပြောပြချင်ပါတယ်။

ဗီတာမင် အေ (Vitamin A)

ဗီတာမင် အေဟာ မျက်စိအမြင်အာရုံနဲ့ ခန္ဓာကိုယ် ခုခံစနစ်အတွက်လိုအပ်တဲ့ ဗီတာမင်ပါ။ တိရစ္ဆာန်တို့ရဲ့ အသည်း၊ ကျောက်ကပ် နဲ့ ငါးကြီးဆီတို့မှာ ပမာဏများစွာပါဝင်ပြီး ဥအမျိုးမျိုး၊ နို့နဲ့နို့ထွက်ပစ္စည်းများ၊ ကန်စွန်းဥနဲ့ မုန်လာဥနီတို့မှာ ပမာဏအသင့်အတင့် ပါဝင်ပါတယ်။

တစ်ရက်မှာသောက်သုံးသင့်တဲ့ ပမာဏကိုပြောပြပါမယ်။

အသက်၁၈နှစ်ပြည့်ပြီးသူ အမျိုးသား – ၉၀၀ မိုက်ခရိုဂရမ်

အသက်၁၈နှစ်ပြည့်ပြီးသူ အမျိုးသမီး – ၇၀၀ မိုက်ခရိုဂရမ်

ကိုယ်ဝန်ဆောင်မိခင် – လုံးဝလုံးဝ မသောက်သုံးသင့်ပါ

နို့တိုက်မိခင် – ၁၃၀၀ မိုက်ခရိုဂရမ်

အရွယ်ရောက်ပြီးသူတစ်ယောက်ဟာ တစ်နေ့ကို ဗီတာမင်အေ ၃၀၀၀ မိုက်ခရိုဂရမ်ထက်ပို မစားသောက်သင့်ပါ။ သတ်မှတ်ထားတဲ့ ပမာဏရောက်လုနီးပါးသာမှီဝဲသင့်ပါတယ်။

ဗီတာမင်အေကို ကိုယ်ဝန်ဆောင်ချိန်မှာ လုံးဝမမှီဝဲသင့်သလို ကိုယ်ဝန်ဆောင်ဖို့ အစီအစဉ်ရှိသူတွေလည်း ရှောင်ကြဉ်သင့်ပါတယ်။ မွေးလာမယ့်ကလေးမှာ မွေးရာပါ ချို့ယွင်းချက်တွေ ဖြစ်လာနိုင်လို့ပါ။ ဆရာဝန်ညွှန်ကြားမှသာ သောက်သုံးသင့်ပါတယ်။

ပမာဏများစွာကို ကာလကြာရှည် စွဲသုံးမိမယ်ဆိုရင် အောက်ပါဝေဒနာများကို ခံစားရမှာပါ။

ဦးခေါင်းတွင်းသွေးဖိအားတက်ခြင်း

အမြင်အာရုံပြဿနာများ

မူးဝေခြင်း

ခေါင်းတစ်ခြမ်းကိုက်ခြင်း

အရိုးအဆစ်များနာကျင်ခြင်း

အသည်းပျက်စီးခြင်း

ဦးနှောက်သေခြင်းနဲ့သေဆုံးတဲ့ အထိဖြစ်နိုင်ပါတယ်။

မုန်လာဥနီကို နေ့စဉ်နီးပါး အချိန်ကြာကြာစားပါက အသားအရောင် ဝါထိန်လာခြင်း၊ လိမ္မော်ရောင်သန်းလာခြင်းတွေ ဖြစ်လာတတ်တာကို တွေ့နိုင်ပါတယ်။ ဒါဟာ ဗီတာမင်အေဓာတ် များလာလို့ပါပဲ။

ဗီတာမင် အီး (Vitamin E)

ဗီတာမင် အီးဟာလည်း ဗီတာမင်စီနည်းတူ ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တွေပျက်စီးခြင်းကို ကာကွယ်ပေးတဲ့ ဓာတ်တိုးပစ္စည်းတစ်မျိုးပါပဲ။ ငါး၊ ဟင်းရွက်ဆီ၊ မြေပဲ၊ အစေ့အဆံ၊ ဂျုံ နဲ့ ဟင်းရွက် တွေကနေ ရနိုင်ပါတယ်။

အရွယ်ရောက်ပြီးသူ တစ်ယောက်ဟာ တစ်နေ့ကို ဗီတာမင် အီး ၁၅ မီလီဂရမ်သာ သောက်သုံးသင့်ပါတယ်။ ၃၀၀ မီလီဂရမ်ထက် ပိုမိုစားသုံးမိပြီဆိုရင်တော့ အမျိုးသားတွေမှာသာ ဖြစ်တတ်တဲ့ ဆီးကြိတ်ကင်ဆာ၊ လေဖြတ်ခြင်းနဲ့ သွေးယိုစီးခြင်းတွေ ဖြစ်ပေါ်နိုင်ပါတယ်။

ဗီတာမင် ကေ (Vitamin K)

ဗီတာမင်ကေ ကတော့ သွေးခဲ၊ သွေးတိတ်ခြင်းဖြစ်စဉ်အတွက် အလွန်အရေးကြီးတဲ့ ဓါတ်တစ်မျိုးပါ။ အသည်းကနေ ထုတ်လုပ်ပေးသလို ခန္ဓာကိုယ်ပြင်ပကဆိုရင်တော့ နို့၊ ပဲပါးစပ်ဆီနဲ့ ဟင်းရွက်တွေ ကနေ ရနိုင်ပါတယ်။

ပုံမှန်လူတစ်ယောက်ဟာ ဗီတာမင် ကေကို အားဖြည့်ဆေးအနေနဲ့ သောက်စရာမလိုပါဘူး။ အသည်းမကောင်းသူ (ဥပမာ အရက်အလွန် အကျွံသောက်သုံးသူ) တွေမှာတော့ လိုအပ်ပါတယ်။ အရွယ်ရောက်ပြီးသူတစ်ယောက်ရဲ့ တစ်နေ့မှာ မှီဝဲသင့်တဲ့ ဗီတာမင်ကေပမာဏကတော့ ၁၂၀ မိုက်ခရိုဂရမ် (အမျိုးသား) နဲ့ ၉၀ မိုက်ခရိုဂရမ် (အမျိုးသမီး) တို့ပဲဖြစ်တာကြောင့် ပမာဏအလွန် နည်းပါတယ်။ သွေးကြဲဆေး (warfarin) သောက်နေရသူတွေကတော့ ဗီတာမင် ကေမှီဝဲခြင်းမှ ရှောင်ကြဉ်ပါ။

ဗီတာမင်ဒီ (Vitamin D )

ဗီတာမင် ဒီကတော့ အရိုးကျန်းမာကြံ့ခိုင်ရေးအတွက် အရေးပါလှတဲ့ ဗီတာမင်ပါ။ သွေးတွင်း ကယ်လ်ဆီယမ် (Calcium) ဓာတ် စုပ်ယူခြင်းကို အားပေးပါတယ်။ နေရောင်ခြည်နဲ့ ထိတွေ့တဲ့အခါ အရေပြားကနေ ထုတ်လုပ်ပေးနိုင်ပါတယ်။

ဗီတာမင်ဒီ ကြွယ်ဝတဲ့ အစားအစာတွေကတော့ ကြက်ဥအနှစ်၊ နှံစားပြောင်း၊ အသည်း၊ ငါးကြီးဆီ၊ တူနာငါး၊ ဆယ်လ်မွန်ငါးနဲ့ အားဖြည့်နွားနို့တွေ ဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသူ တစ်ယောက်ဟာ တစ်နေ့မှာ ဗီတာမင် ဒီ ၁၅-၂၀ မိုက်ခရိုဂရမ်ထိ မှီဝဲသင့်ပါတယ်။ တစ်နေ့ကို ၁၀၀ မိုက်ခရိုဂရမ် ထက်ပိုခဲ့ရင်တော့ အဆိပ်အတောက် ဖြစ်စေမှာပါ။

သွေးထဲမှာ ကယ်လ်ဆီယမ်ပမာဏ မြင့်တက်လာပြီး အောက်ပါလက္ခဏာများကို ခံစားရမှာပါ။

ကျောက်ကပ်၌ ကျောက်တည်ခြင်း

ပျို့ခြင်း

ကြိမ်ဖန်များစွာ အန်ခြင်း

ဝမ်းချုပ်ခြင်း

ဆီး ခဏခဏ သွားခြင်း

ရေ အလွန်အမင်းဆာခြင်း

စိတ်ရှုပ်ထွေးခြင်း နဲ့

ကိုယ်အလေးချိန်ကျဆင်းခြင်းတွေခံစားရမှာပါ။

ကင်ဆာရောဂါ၊ နှလုံးရောဂါနဲ့ အရိုးကျိုးလွယ်ခြင်းများလည်း ခံစားရနိုင်ခြေရှိပါတယ်။

ဗီတာမင်ဆေးတွေရဲ့ ပမာဏဟာ ဆေးဘူး (သို့) ဆေးအခွံမှာပါပါတယ်နော်။ တွက်ချက် သောက်သုံး နိုင်ပါတယ်။

ဂရမ် – gram (g)

မီလီဂရမ် – milligram (mg)

မိုက်ခရိုဂရမ် – microgram (mcg or µg)

1g=1000mg

1mg=1000mcg

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit:  hellosayarwon  ( ဒေါက်တာမှူးခင် )

[Zawgyi]

တန္ေဆးလြန္ေဘး ဗီတာမင္ေဘး

ဗီတာမင္ ဆိုတဲ့ သက္ေစာင့္ဓာတ္ေတြဟာ လူ႕ခႏၶာကိုယ္အတြက္ မ႐ွိမျဖစ္လိုအပ္တဲ့ အရာေတြပါ။ သို႔ေသာ္သတ္မွတ္ထားတဲ့ ပမာဏအတိုင္းသာ ေသာက္သုံးမွီဝဲသင့္ပါတယ္။ “တန္ေဆးလြန္ေဘး” ဆိုတဲ့ အတိုင္း ပမာဏေက်ာ္လြန္ေသာက္သုံးမိပါက အဆိပ္သာျဖစ္လာမွာပါ။

ယခု ကိုဗစ္ကပ္ေရာဂါကာလမွာလည္း ကိုယ္ခံအားေကာင္းခ်င္ေဇာနဲ႔ ဗီတာမင္ေတြေသာက္သုံးလာၾကတာကို ေတြ႕ရပါတယ္။ အခ်ိဳ႕ကလည္း သတ္မွတ္ပမာဏအတိုင္း စနစ္တက် ေသာက္ေသာ္လည္း တခ်ိဳ႕မွာေတာ့ ပိုလွ်ံစြာ ေသာက္သုံးေနၾကျပန္ပါတယ္။

ဒါေၾကာင့္ ေသာက္သုံးသင့္တဲ့ ဗီတာမင္ပမာဏနဲ႔ လြန္ကဲရင္ျဖစ္လာမယ့္ ဆိုးက်ိဳးေတြကို တြဲဖက္တင္ျပလိုက္ရပါတယ္။ တတ္ကြၽမ္းနားလည္တဲ့ ဆရာဝန္ကိုေမးျမန္းၿပီးမွ မွီဝဲတာ အေကာင္းဆုံးဆိုတာ ဦးစြာအၾကံေပးခ်င္ပါတယ္။

ဗီတာမင္အမ်ိဳးအစား (၂) မ်ိဳး

ေရမွာေပ်ာ္ဝင္တဲ့ဗီတာမင္မ်ား

ဗီတာမင္ ဘီမ်ားနဲ႔ ဗီတာမင္ စီ

အဆီတြင္ေပ်ာ္ဝင္တဲ့ဗီတာမင္မ်ား

ဗီတာမင္ ေအ

ဗီတာမင္ ဒီ

ဗီတာမင္ အီး

ဗီတာမင္ ေက

ေရမွာေပ်ာ္ဝင္တဲ့ဗီတာမင္မ်ားထက္ အဆီမွာေပ်ာ္ဝင္တဲ့ ဗီတာမင္ေတြကို ခႏၶာကိုယ္မွာ အခ်ိန္အတိုင္းအတာတစ္ခုထိ သိုေလွာင္သိမ္းဆည္းထားႏိုင္ပါတယ္။ ပမာဏမ်ားစြာေသာက္သုံးမိပါက ေဘးဥပါဒ္ ပိုျဖစ္ေစတတ္တာကို သတိျပဳသင့္ပါတယ္။

ဒီကေန႔မွာေတာ့ အဆီမွာေပ်ာ္ဝင္တဲ့ ဗီတာမင္မ်ားအေၾကာင္း ဦးစြာေျပာျပခ်င္ပါတယ္။

ဗီတာမင္ ေအ (Vitamin A)

ဗီတာမင္ ေအဟာ မ်က္စိအျမင္အာ႐ုံနဲ႔ ခႏၶာကိုယ္ ခုခံစနစ္အတြက္လိုအပ္တဲ့ ဗီတာမင္ပါ။ တိရစၧာန္တို႔ရဲ႕ အသည္း၊ ေက်ာက္ကပ္ နဲ႔ ငါးႀကီးဆီတို႔မွာ ပမာဏမ်ားစြာပါဝင္ၿပီး ဥအမ်ိဳးမ်ိဳး၊ ႏို႔နဲ႔ႏို႔ထြက္ပစၥည္းမ်ား၊ ကန္စြန္းဥနဲ႔ မုန္လာဥနီတို႔မွာ ပမာဏအသင့္အတင့္ ပါဝင္ပါတယ္။

တစ္ရက္မွာေသာက္သုံးသင့္တဲ့ ပမာဏကိုေျပာျပပါမယ္။

အသက္၁၈ႏွစ္ျပည့္ၿပီးသူ အမ်ိဳးသား – ၉၀၀ မိုက္ခ႐ိုဂရမ္

အသက္၁၈ႏွစ္ျပည့္ၿပီးသူ အမ်ိဳးသမီး – ၇၀၀ မိုက္ခ႐ိုဂရမ္

ကိုယ္ဝန္ေဆာင္မိခင္ – လုံးဝလုံးဝ မေသာက္သုံးသင့္ပါ

ႏို႔တိုက္မိခင္ – ၁၃၀၀ မိုက္ခ႐ိုဂရမ္

အ႐ြယ္ေရာက္ၿပီးသူတစ္ေယာက္ဟာ တစ္ေန႔ကို ဗီတာမင္ေအ ၃၀၀၀ မိုက္ခ႐ိုဂရမ္ထက္ပို မစားေသာက္သင့္ပါ။ သတ္မွတ္ထားတဲ့ ပမာဏေရာက္လုနီးပါးသာမွီဝဲသင့္ပါတယ္။

ဗီတာမင္ေအကို ကိုယ္ဝန္ေဆာင္ခ်ိန္မွာ လုံးဝမမွီဝဲသင့္သလို ကိုယ္ဝန္ေဆာင္ဖို႔ အစီအစဥ္႐ွိသူေတြလည္း ေ႐ွာင္ၾကဥ္သင့္ပါတယ္။ ေမြးလာမယ့္ကေလးမွာ ေမြးရာပါ ခ်ိဳ႕ယြင္းခ်က္ေတြ ျဖစ္လာႏိုင္လို႔ပါ။ ဆရာဝန္ၫႊန္ၾကားမွသာ ေသာက္သုံးသင့္ပါတယ္။

ပမာဏမ်ားစြာကို ကာလၾကာ႐ွည္ စြဲသုံးမိမယ္ဆိုရင္ ေအာက္ပါေဝဒနာမ်ားကို ခံစားရမွာပါ။

ဦးေခါင္းတြင္းေသြးဖိအားတက္ျခင္း

အျမင္အာ႐ုံျပႆနာမ်ား

မူးေဝျခင္း

ေခါင္းတစ္ျခမ္းကိုက္ျခင္း

အ႐ိုးအဆစ္မ်ားနာက်င္ျခင္း

အသည္းပ်က္စီးျခင္း

ဦးေႏွာက္ေသျခင္းနဲ႔ေသဆုံးတဲ့ အထိျဖစ္ႏိုင္ပါတယ္။

မုန္လာဥနီကို ေန႔စဥ္နီးပါး အခ်ိန္ၾကာၾကာစားပါက အသားအေရာင္ ဝါထိန္လာျခင္း၊ လိေမၼာ္ေရာင္သန္းလာျခင္းေတြ ျဖစ္လာတတ္တာကို ေတြ႕ႏိုင္ပါတယ္။ ဒါဟာ ဗီတာမင္ေအဓာတ္ မ်ားလာလို႔ပါပဲ။

ဗီတာမင္ အီး (Vitamin E)

ဗီတာမင္ အီးဟာလည္း ဗီတာမင္စီနည္းတူ ခႏၶာကိုယ္မွာ႐ွိတဲ့ ဆဲလ္ေတြပ်က္စီးျခင္းကို ကာကြယ္ေပးတဲ့ ဓာတ္တိုးပစၥည္းတစ္မ်ိဳးပါပဲ။ ငါး၊ ဟင္း႐ြက္ဆီ၊ ေျမပဲ၊ အေစ့အဆံ၊ ဂ်ံဳ နဲ႔ ဟင္း႐ြက္ ေတြကေန ရႏိုင္ပါတယ္။

အ႐ြယ္ေရာက္ၿပီးသူ တစ္ေယာက္ဟာ တစ္ေန႔ကို ဗီတာမင္ အီး ၁၅ မီလီဂရမ္သာ ေသာက္သုံးသင့္ပါတယ္။ ၃၀၀ မီလီဂရမ္ထက္ ပိုမိုစားသုံးမိၿပီဆိုရင္ေတာ့ အမ်ိဳးသားေတြမွာသာ ျဖစ္တတ္တဲ့ ဆီးႀကိတ္ကင္ဆာ၊ ေလျဖတ္ျခင္းနဲ႔ ေသြးယိုစီးျခင္းေတြ ျဖစ္ေပၚႏိုင္ပါတယ္။

ဗီတာမင္ ေက (Vitamin K)

ဗီတာမင္ေက ကေတာ့ ေသြးခဲ၊ ေသြးတိတ္ျခင္းျဖစ္စဥ္အတြက္ အလြန္အေရးႀကီးတဲ့ ဓါတ္တစ္မ်ိဳးပါ။ အသည္းကေန ထုတ္လုပ္ေပးသလို ခႏၶာကိုယ္ျပင္ပကဆိုရင္ေတာ့ ႏို႔၊ ပဲပါးစပ္ဆီနဲ႔ ဟင္း႐ြက္ေတြ ကေန ရႏိုင္ပါတယ္။

ပုံမွန္လူတစ္ေယာက္ဟာ ဗီတာမင္ ေကကို အားျဖည့္ေဆးအေနနဲ႔ ေသာက္စရာမလိုပါဘူး။ အသည္းမေကာင္းသူ (ဥပမာ အရက္အလြန္ အကြၽံေသာက္သုံးသူ) ေတြမွာေတာ့ လိုအပ္ပါတယ္။ အ႐ြယ္ေရာက္ၿပီးသူတစ္ေယာက္ရဲ႕ တစ္ေန႔မွာ မွီဝဲသင့္တဲ့ ဗီတာမင္ေကပမာဏကေတာ့ ၁၂၀ မိုက္ခ႐ိုဂရမ္ (အမ်ိဳးသား) နဲ႔ ၉၀ မိုက္ခ႐ိုဂရမ္ (အမ်ိဳးသမီး) တို႔ပဲျဖစ္တာေၾကာင့္ ပမာဏအလြန္ နည္းပါတယ္။ ေသြးႀကဲေဆး (warfarin) ေသာက္ေနရသူေတြကေတာ့ ဗီတာမင္ ေကမွီဝဲျခင္းမွ ေ႐ွာင္ၾကဥ္ပါ။

ဗီတာမင္ဒီ (Vitamin D )

ဗီတာမင္ ဒီကေတာ့ အ႐ိုးက်န္းမာၾကံ့ခိုင္ေရးအတြက္ အေရးပါလွတဲ့ ဗီတာမင္ပါ။ ေသြးတြင္း ကယ္လ္ဆီယမ္ (Calcium) ဓာတ္ စုပ္ယူျခင္းကို အားေပးပါတယ္။ ေနေရာင္ျခည္နဲ႔ ထိေတြ႕တဲ့အခါ အေရျပားကေန ထုတ္လုပ္ေပးႏိုင္ပါတယ္။

ဗီတာမင္ဒီ ႂကြယ္ဝတဲ့ အစားအစာေတြကေတာ့ ၾကက္ဥအႏွစ္၊ ႏွံစားေျပာင္း၊ အသည္း၊ ငါးႀကီးဆီ၊ တူနာငါး၊ ဆယ္လ္မြန္ငါးနဲ႔ အားျဖည့္ႏြားႏို႔ေတြ ျဖစ္ပါတယ္။ အ႐ြယ္ေရာက္ၿပီးသူ တစ္ေယာက္ဟာ တစ္ေန႔မွာ ဗီတာမင္ ဒီ ၁၅-၂၀ မိုက္ခ႐ိုဂရမ္ထိ မွီဝဲသင့္ပါတယ္။ တစ္ေန႔ကို ၁၀၀ မိုက္ခ႐ိုဂရမ္ ထက္ပိုခဲ့ရင္ေတာ့ အဆိပ္အေတာက္ ျဖစ္ေစမွာပါ။

ေသြးထဲမွာ ကယ္လ္ဆီယမ္ပမာဏ ျမင့္တက္လာၿပီး ေအာက္ပါလကၡဏာမ်ားကို ခံစားရမွာပါ။

ေက်ာက္ကပ္၌ ေက်ာက္တည္ျခင္း

ပ်ိဳ႕ျခင္း

ႀကိမ္ဖန္မ်ားစြာ အန္ျခင္း

ဝမ္းခ်ဳပ္ျခင္း

ဆီး ခဏခဏ သြားျခင္း

ေရ အလြန္အမင္းဆာျခင္း

စိတ္႐ႈပ္ေထြးျခင္း နဲ႔

ကိုယ္အေလးခ်ိန္က်ဆင္းျခင္းေတြခံစားရမွာပါ။

ကင္ဆာေရာဂါ၊ ႏွလုံးေရာဂါနဲ႔ အ႐ိုးက်ိဳးလြယ္ျခင္းမ်ားလည္း ခံစားရႏိုင္ေျခ႐ွိပါတယ္။

ဗီတာမင္ေဆးေတြရဲ႕ ပမာဏဟာ ေဆးဘူး (သို႔) ေဆးအခြံမွာပါပါတယ္ေနာ္။ တြက္ခ်က္ ေသာက္သုံး ႏိုင္ပါတယ္။

ဂရမ္ – gram (g)

မီလီဂရမ္ – milligram (mg)

မိုက္ခ႐ိုဂရမ္ – microgram (mcg or µg)

1g=1000mg

1mg=1000mcg

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon ( ေဒါက္တာမႉးခင္ )

 

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ

Upcoming Property Events

thukha-garden-residence
taunggyi-garden-city

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service