အခန်း စုစုပေါင်း (၄၇၆) ခန်းပါဝင်သည့် မြနန္ဒာ နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာဖွင့်လှစ် - Property News in Myanmar from iMyanmarHouse.com
2246 Views

အခန်း စုစုပေါင်း (၄၇၆) ခန်းပါဝင်သည့် မြနန္ဒာ နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာဖွင့်လှစ်

[Unicode]

လူနေအိမ်ခန်း (၄၄၈) ခန်းပါ (၈) ခန်းတွဲ (၅)ထပ်တိုက် (၁၄)လုံးနှင့် ဝန်ထမ်းအိမ်ရာနေ ပြည်သူများ၏ လူမှုစီးပွားဆိုင်ရာ များ အသုံးပြုနိုင်မည့် အခန်းပေါင်း (၂၈) ခန်း၊ စုစုပေါင်း (၄၇၆)ခန်း ပါဝင်သည့် မြနန္ဒာနိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာကို ဇန်နဝါရီ ၂၈ ရက်ကဖွင့်လှစ်လိုက်ကြောင်း Yangon Metropolitan Development Public Co., Ltd မှ သိရသည်။

မြနန္ဒာ နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာဖွင့်လှစ်ပွဲကို ဒဂုံမြို့သစ်(ဆိပ်ကမ်းမြို့နယ်)၊ မြေတိုင်းရပ်ကွက် အမှတ်(၇၃)၊ မြနန္ဒာ လမ်းရှိ အဆိုပါ အိမ်ရာ တည်ရှိရာ ဥပစာ၌ ယနေ့နံနက် (၉)နာရီ အချိန်ကပြုလုပ်ခဲ့ကြောင်း သိရသည်။

နိုင်ငံ့ဝန်ထမ်းများအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ လမ်းညွှန်ချက်နှင့်အညီ မြနန္ဒာ နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာ စီမံကိန်းအား ဒဂုံမြို့သစ် (ဆိပ်ကမ်းမြို့နယ်)၊ မြေတိုင်းရပ်ကွက် အမှတ်(၇၃)၊ မြနန္ဒာလမ်းရှိမြေဧရိယာ (၅.၃၄) ဧကပေါ် တွင် တည်ဆောက်ခဲ့ကြောင်း သိရသည်။

အဆိုပါအိမ်ရာအား၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု၏ ငွေလုံးငွေရင်း ခွင့်ပြု ဘဏ္ဍာရန်ပုံငွေ (၄ ဒသမ ၉၉) ဘီလီယံ ကျပ်ဖြင့် (၈)ခန်းတွဲ (၅)ထပ်တိုက် (၈)လုံးကို စီမံကိန်း ပထမအဆင့် အနေဖြင့် ဖော်ဆောင်ခဲ့ပြီး YMDP Co., Ltd အနေဖြင့် စီမံကိန်း ပထမအဆင့်ပါ (၈)ခန်းတွဲ (၅) ထပ်တိုက် (၈)လုံးအား Main Contractor အဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောက်ထပ် (၈)ခန်းတွဲ (၅)ထပ်တိုက် (၆)လုံးနှင့် လိုအပ်သည့် အခြေခံအဆောက်အဦများပါဝင်သည့် စီမံကိန်း ဒုတိယအဆင့်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြု ဘဏ္ဍာရန်ပုံငွေ (၅ ဒသမ ၂၁) ဘီလီယံကျပ်ဖြင့် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် အပြီးသတ် တည်ဆောက်နိုင်ခဲ့ကြောင်း သိရသည်။

မြနန္ဒာ နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာတွင် လူနေအိမ်ခန်း (၄၄၈)ခန်းပါ (၈)ခန်းတွဲ (၅)ထပ်တိုက် (၁၄)လုံးနှင့် ဝန်ထမ်းအိမ် ရာနေ ပြည်သူများ၏ လူမှုစီးပွားဆိုင်ရာများ အသုံးပြုနိုင်မည့် အခန်းပေါင်း (၂၈)ခန်း၊ စုစုပေါင်း (၄၇၆)ခန်း ရှိမည်ဖြစ် ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်လျှက်ရှိသော နိုင်ငံ့ဝန်ထမ်းများကို တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အဆိုပါအိမ်ရာတွင်ငှားရမ်း နေရာချထားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

အခန္း စုစုေပါင္း (၄၇၆) ခန္းပါဝင္သည့္ ျမနႏၵာ နိုင္ငံ့ဝန္ထမ္း အငွားအိမ္ရာဖြင့္လွစ္

လူေနအိမ္ခန္း (၄၄၈) ခန္းပါ (၈) ခန္းတြဲ (၅)ထပ္တိုက္ (၁၄)လုံးႏွင့္ ဝန္ထမ္းအိမ္ရာေန ျပည္သူမ်ား၏ လူမႈစီးပြားဆိုင္ရာ မ်ား အသုံးျပဳနိုင္မည့္ အခန္းေပါင္း (၂၈) ခန္း၊ စုစုေပါင္း (၄၇၆)ခန္း ပါဝင္သည့္ ျမနႏၵာနိုင္ငံ့ဝန္ထမ္း အငွားအိမ္ရာကို ဇန္နဝါရီ ၂၈ ရက္ကဖြင့္လွစ္လိုက္ေၾကာင္း Yangon Metropolitan Development Public Co., Ltd မွ သိရသည္။

ျမနႏၵာ နိုင္ငံ့ဝန္ထမ္း အငွားအိမ္ရာဖြင့္လွစ္ပြဲကို ဒဂုံၿမိဳ႕သစ္(ဆိပ္ကမ္းၿမိဳ႕နယ္)၊ ေျမတိုင္းရပ္ကြက္ အမွတ္(၇၃)၊ ျမနႏၵာ လမ္းရွိ အဆိုပါ အိမ္ရာ တည္ရွိရာ ဥပစာ၌ ယေန႔နံနက္ (၉)နာရီ အခ်ိန္ကျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

ႏိုင္ငံ့ဝန္ထမ္းမ်ားအတြက္ နိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္၏ လမ္းညႊန္ခ်က္ႏွင့္အညီ ျမနႏၵာ နိုင္ငံ့ဝန္ထမ္း အငွားအိမ္ရာ စီမံကိန္းအား ဒဂုံၿမိဳ႕သစ္ (ဆိပ္ကမ္းၿမိဳ႕နယ္)၊ ေျမတိုင္းရပ္ကြက္ အမွတ္(၇၃)၊ ျမနႏၵာလမ္းရွိေျမဧရိယာ (၅.၃၄) ဧကေပၚ တြင္ တည္ေဆာက္ခဲ့ေၾကာင္း သိရသည္။

အဆိုပါအိမ္ရာအား၂၀၁၈ - ၂၀၁၉ ဘ႑ာႏွစ္တြင္ ျပည္ေထာင္စု၏ ေငြလုံးေငြရင္း ခြင့္ျပဳ ဘ႑ာရန္ပုံေငြ (၄ ဒသမ ၉၉) ဘီလီယံ က်ပ္ျဖင့္ (၈)ခန္းတြဲ (၅)ထပ္တိုက္ (၈)လုံးကို စီမံကိန္း ပထမအဆင့္ အေနျဖင့္ ေဖာ္ေဆာင္ခဲ့ၿပီး YMDP Co., Ltd အေနျဖင့္ စီမံကိန္း ပထမအဆင့္ပါ (၈)ခန္းတြဲ (၅) ထပ္တိုက္ (၈)လုံးအား Main Contractor အျဖစ္ ေဆာင္ရြက္ခ့ဲေၾကာင္း သိရသည္။

ေနာက္ထပ္ (၈)ခန္းတြဲ (၅)ထပ္တိုက္ (၆)လုံးႏွင့္ လိုအပ္သည့္ အေျခခံအေဆာက္အဦမ်ားပါဝင္သည့္ စီမံကိန္း ဒုတိယအဆင့္ကို ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕၏ ခြင့္ျပဳ ဘ႑ာရန္ပုံေငြ (၅ ဒသမ ၂၁) ဘီလီယံက်ပ္ျဖင့္ ၂၀၁၉ - ၂၀၂၀ ဘ႑ာႏွစ္တြင္ အၿပီးသတ္ တည္ေဆာက္နိုင္ခဲ့ေၾကာင္း သိရသည္။

ျမနႏၵာ နိုင္ငံ့ဝန္ထမ္း အငွားအိမ္ရာတြင္ လူေနအိမ္ခန္း (၄၄၈)ခန္းပါ (၈)ခန္းတြဲ (၅)ထပ္တိုက္ (၁၄)လုံးႏွင့္ ဝန္ထမ္းအိမ္ ရာေန ျပည္သူမ်ား၏ လူမႈစီးပြားဆိုင္ရာမ်ား အသုံးျပဳနိုင္မည့္ အခန္းေပါင္း (၂၈)ခန္း၊ စုစုေပါင္း (၄၇၆)ခန္း ရွိမည္ျဖစ္ ေၾကာင္း သိရသည္။

ရန္ကုန္တိုင္းေဒသႀကီးအတြင္း တာဝန္ထမ္းေဆာင္လၽွက္ရွိေသာ နိုင္ငံ့ဝန္ထမ္းမ်ားကို တိုင္းေဒသႀကီး အစိုးရအဖြဲ႕၏ အစီအစဥ္ျဖင့္ အဆိုပါအိမ္ရာတြင္ငွားရမ္း ေနရာခ်ထားေပးသြားမည္ျဖစ္ေၾကာင္း သိရွိရသည္။

ဥကၠာသစၥာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ

Upcoming Property Events

shwe-moe-kaung
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service