သဘာဝကျောက်စက်ပန်းဆွဲများနှင့် မယ်ထောက်နွန်းသဘာဝလှိုဏ်ဂူ ခရီးသွားများအတွက် ခရီးစဉ်သစ် ဖော်ဆောင်မည် - Property News in Myanmar from iMyanmarHouse.com
1268 Views

သဘာဝကျောက်စက်ပန်းဆွဲများနှင့် မယ်ထောက်နွန်းသဘာဝလှိုဏ်ဂူ ခရီးသွားများအတွက် ခရီးစဉ်သစ် ဖော်ဆောင်မည်

[Unicode]

မယ်ထောက်နွန်းသဘာဝလှိုဏ်ဂူတွင် သဘာဝအတိုင်းဖြစ်ပေါ်နေသည့် ကျောက်စက်ပန်းဆွဲများနှင့် ထုထည်ကြီးမားလှသည့် ကျောက်စိုင်ကျောက်သားများ၊ ကျောက်စက်ပန်းဆွဲများမှ စိမ့်ထွက်နေသော ကျောက်စက်ရေများ၊ လှပသော ဂူမျက်နှာချပ်များကိုလေ့လာနိုင်ကြမည့် ခရီးစဉ်သစ်တစ်ခုကို ကယားပြည်နယ် ဒေသဆိုင်ရာခရီးသွားကော်မတီက ဖော်ဆောင်ဖို့ လုပ်ဆောင်နေကြာင်း ဟိုတယ်နှင့်ခရီးသွာလာရေးဝန်ကြီးဌာနမှဇန်နဝါရီ ၂၅ ရက်က သိရသည်။

အဆိုပါ မယ်ထောက်နွန်းသဘာဝလှိုဏ်ဂူမှာ ဖားဆောင်းမြို့အနီး၊ ပါပုကျေးရွာမှ (၄) မိုင်ခန့် အကွာတွင် တည်ရှိပြီး လှိုဏ်ဂူသွားရာလမ်းတစ်လျှောက်သဘာဝအလှအပများ နှင့် အရောင်ပြောင်း တောင်ကိုလည်း ဖြတ်ကျော်သွားရကြောင်း၊ လှိုင်ဂူမှာ အလျားပေ(၆၀၀) ကျော်ရှိပြီး၊ အကျယ်အဝန်းမှာလည်း ပေ (၈၀)ခန့် ကျယ်ဝန်းကြောင်း သိရသည်။

ကယားပြည်နယ် ဒေသ ဆိုင်ရာခရီးသွားကော်မတီဝင်များ၊ ဘောလခဲခရိုင်ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ (DMO) အဖွဲ့ဝင်များ၊ ဟိုတယ်လုပ်ငန်းရှင်များအသင်း (ကယားဇုန်) တို့ပူးပေါင်း၍ ဇန်နဝါရီ ၂၄ ရက်က ကယားပြည်နယ်အတွင်း ခရီးစဉ် ဒေသသစ်များ ဖော်ဆောင်နိုင်ရေးအတွက် အဆိုပါ မယ်ထောက်နွန်းသဘာဝလှိုဏ်ဂူအား ကွင်းဆင်းလေ့လာမှုများလုပ်ခဲ့ကြောင်း သိရသည်။

ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]







Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ

Upcoming Property Events

thukha-garden-residence
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service