ဟော့ပေ့ါကို ကျန်းမာရေးနဲ့ ညီညွတ်အောင် စားလို့ရပါတယ် - Property Knowledge in Myanmar from iMyanmarHouse.com
786 Views

ဟော့ပေ့ါကို ကျန်းမာရေးနဲ့ ညီညွတ်အောင် စားလို့ရပါတယ်

Knowledge | Posted by Hnin Ei Khin

[Unicode]

အရင်ဆုံး မျက်စိကို မှိတ်ပြီး ပူပူနွေးနွေး ဟော့ပေ့ါဟင်းရည်လေးရယ်၊ ဟင်းရွက်လေးတွေရယ်၊ အသားဖတ်လေးတွေရယ် ကို မြင်ယောင်ကြည့်ကြည့်ပါလား။ ရနံ့လေးတောင် နှာခေါင်းဝမှာ သင်းလာသယောင်ယောင် ခံစားမိလာမယ်ထင်ပါရဲ့နော်။

ဟော့ပေါ့စားတာဟာ ကျန်းမာရေးနဲ့ ညီညွတ်လားဆိုတဲ့ မေးခွန်းမျိုးကို မြန်မာပြည်မှာသာမကပါဘူး၊ ကမ္ဘာ့အနှံ့အပြားမှာပါ မေးမြန်းကြလေ့ရှိပါတယ်။ အဖြေကလည်း အမျိုးမျိုး အဖုံဖုံရယ်ပါ။

တစ်ချို့ ဟော့ပေါ့ကို နှစ်နှစ်ခြိုက်ခြိုက်ကြိုက်တတ်သူတွေကတော့ ဟော့ပေါ့ဟာ ဘယ်လောက်ကောင်းကြောင်း၊ ဘယ်လောက် ကျန်းမာရေးနဲ့ ညီညွတ်ကြောင်း၊ ဘယ်လောက် ကျန်းမာစေကြောင်း ပြောတတ်ကြပါတယ်။ မကြိုက်တတ်သူတွေကျတော့လည်း ဆန့်ကျင်ဘက်ပေါ့။

တကယ်တော့ ဟော့ပေါ့ဟာ ဆိုဒီယမ်ဓာတ်များတာမို့ ဘေးထွက်ဆိုးကျိုးတွေရှိနေပေမယ့် အကြမ်းဖျဉ်းအားဖြင့် ကျန်းမာရေးနဲ့ ကိုက်ညီမှုရှိလေ့ရှိပါတယ်။ မှန်မှန်ကန်ကန်စားတတ်မယ်ဆိုရင် လူကို အကျိုးပြုနိုင်ပါတယ်။

ဒါပေမယ့် ဟော့ပေါ့ဆိုင်ရောက်သွားလို့ ဟင်းရည်အိုးမျက်စိရှေ့ရောက်လာပြီဆိုတာနဲ့ ခေါင်းထဲမှာ အသားဖတ်တွေ၊ အပ်မှိုတွေ၊ ပင်လယ်စာတွေ၊ အသီးအရွက်တွေချည်းရှိတော့တာမဟုတ်လား။ ပြီးရင်တော့ အသားတွေ အရွက်တွေကို ကီလိုဂရမ်နဲ့ချီပြီး ထည့်ပြုတ်ကာ အဝအလင် စားပစ်လိုက်ကြပါတော့တယ်။ တချို့များဆို အရည်တောင် ကုန်အောင်ခပ်သောက်ကြတာနော်။

ဒီလိုပုံနဲ့တော့ ကိုယ်အလေးချိန်တိုးပြီး ဝလာတာသာ အဖတ်တင်ပါလိမ့်မယ်။ သွေးတိုးသမားတွေဆို သွေးတိုးပါပိုဆိုးသွားနိုင်တာပေါ့။

စင်ကာပူနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍမှာ အထူးအရေးပါလှတဲ့ စင်ကာပူအထွေထွေရောဂါကုဆေးရုံကြီး (SGH) ရဲ့ Department of Endocrinology ကတော့ ဒီအတိုင်းကို သတ်မှတ်ထားပါတယ်။

ကျန်းမာရေးနဲ့ ကိုက်ညီတယ်ဆိုပေမယ့် စားသုံးသူပေါ်မှာတော့ မူတည်ပါတယ်တဲ့။ စားသုံးသူရဲ့ ရွေးချယ်မှုပုံသဏ္ဍာန် အပြုအမူတွေကပဲ ဘေးထွက်ဆိုးကျိုးတွေကို လက်ယပ်ခေါ်သလိုဖြစ်စေတာပါလို့ သူတို့ကဆိုပါတယ်။ ဘယ်လိုပါလိမ့်။

ဟော့ပေါ့ဟာ ဆိုဒီယမ်များတယ် ဟော့ပေ့ါဟာ ဆားပါဝင်မှုများပါတယ်။ ဒီတော့ ဆိုဒီယမ်ပါဝင်မှုလည်း အတော်ကိုများပါတယ်။ ပုံမှန် ဟော့ပေ့ါဟင်းရည်အိုးတစ်အိုးရဲ့ ဆိုဒီယမ်မာဏဟာ နေ့စဉ်လိုအပ်ချက်ထက် အများကြီး ပိုလွန်နေတတ်ပါတယ်။

ဒါပေမယ့် SGH ရဲ့ အဆိုအရဆိုရင်တော့ ဟော့ပေါ့ဟင်းရည်မှာထက် အသားလုံးတွေ၊ ငါးလုံးတွေ၊ ဂဏန်းချောင်းတွေမှာ ပါဝင်တဲ့ ဆိုဒီယမ်ပမာဏဟာ ပိုလို့တောင်များပါတယ်တဲ့။ ပျမ်းမျှ အသားလုံး ၁ လုံးကို ဆိုဒီယမ် ၄၀၀ မီလီဂရမ်နဲ့ ကိုလက်စထရော ၃၀၀ မီလီဂရမ်လောက်ပါဝင်နေတာကို မမေ့ပါနဲ့။

အဆီများတဲ့အစားအစာတွေ ထည့်စားမိနေတယ်ဆိုတာကို သတိထားပါ တကယ်တော့ ဟော့ပေ့ါဆိုတာ ဟင်းသီးဟင်းရွက်တွေကို အခြေခံထားတဲ့ အစားအစာတစ်ခုပါ။ ခေတ်တွေပြောင်းလဲလာတာနဲ့ အမျှ အသားတွေ၊ ကလီစာတွေနဲ့ တခြားအမယ်တွေ ထပ်တိုးလာပါတယ်။ အထူးသဖြင့် Saturated fats တွေ ပါဝင်တဲ့ အမယ်တွေ ပိုများလာနေတာကို သတိထားသင့်ပါတယ်။

နောက်ပြီး တစ်ချို့သော ဟင်းရည်တွေမှာလည်း Saturated fats တွေ ပါဝင်နေပါသေးတယ်။ ဥပမာ ချုံကင်းစတိုင် ဟင်းရည်၊ တုံယမ်းစတိုင် ဟင်းရည်၊ ဆီချွမ်စတိုင် အပူအစပ်ဟင်းရည်၊ Chinese herbal pork belly ဟင်းရည်နဲ့ ကွန်ဘူဒါရှီ ဂျပန်စတိုင်ဟင်းရည်မျိုးတွေမှာဖြစ်ပါတယ်။

ဒါကြောင့် အဆီပိုတွေ ပိုများလာတာ၊ အဝလွန်တာတွေဖြစ်နိုင်သလို ရင်ပူတာ၊ ရေငတ်တာနဲ့ အစာမကြေတာတွေဖြစ်စေနိုင်ပါသေးတယ်။

ဟော့ပေါ့ ဘယ်လိုစားကြမလဲ ဒီလိုဆို ဟော့ပေါ့ဆိုတာကြီးက ကျန်းမာရေးအတွက် မသင့်လျော်တော့ဘူးတဲ့လား။ ဒီလိုလည်းမဟုတ်ပါဘူး။ ဟော့ပေါ့ကို ကျန်းမာရေးနဲ့ ညီညွတ်အောင် ပြင်ဆင်စားသောက်လို့ရပါတယ်။ ဟော့ပေါ့ကို နည်းမှန်လမ်းမှန် မှီဝဲချင်တယ်ဆိုရင် အောက်က နည်းလမ်းတွေကို လိုက်နာဖို့ လိုအပ်ပါတယ်။

ဟင်းရည်ရွေးချယ်ရာမှာ ဂရုပြုပါ – Base Soup ရွေးချယ်ရာမှာ Light Soup တွေကို အဓိကရွေးချယ်သင့်ပါတယ်။ Light Soup တွေမှာ ဆိုဒီယမ်ပါဝင်မှု နည်းပါးသလို ဂေါ်ဖီ၊ မှို၊ တိုဖူးစတာတွေပါဝင်တာမို့ ကျန်းမာရေးကို အထောက်အကူပြုနိုင်ပါတယ်။ ဒါပေမယ့် ဟင်းရည်သောက်တာမျိုးကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။ အဆီလွတ်အသားတွေကို ရွေးချယ်ပါ – အသားလွှာရွေးချယ်ရာမှာ အဆီမပါတာကိုသာ အဓိကရွေးချယ်စားပါ။ ကလီစာတွေကိုလည်း တတ်နိုင်သမျှ ရှောင်ပါ။ ကိုယ့်မှာ ဒီလိုအကျင့်မျိုးရှိနေရင် ဖျောက်ပါ။ ကာဘိုဟိုက်ဒရိတ်များတာတွေ ရှောင်ပါ – ဟော့ပေါ့စားသူအများစုဟာ ခေါက်ဆွဲ၊ ဒါမှမဟုတ် ထမင်းနဲ့ တွဲစားတတ်ကြပါတယ်။ ဒီအချက်က သင့်ကို ကယ်လိုရီရော ကာဘိုဟိုက်ဒရိတ်ပါ တက်လာအောင် လုပ်ပါလိမ့်မယ်။ အမျှင်ဓာတ်များတဲ့ အရွက်တွေ ပိုစားပါ – မုန်လာဥနီ၊ ဂေါ်ဖီ၊ ကညွတ်၊ မှို၊ ငရုပ်ကောင်း၊ ဂေါ်ဖီပွင့်၊ ကွမ်းသီးဂေါ်ဖီထုပ်၊ ကန်စွန်းရွက်၊ တာအိုးရွက်၊ ပဲစိမ်းစတဲ့ အမျှင်ဓာတ်များတဲ့ ဟင်းသီးဟင်းရွက်တွေကို ပိုမိုစားသောက်ပေးပါ။

အချဉ်ရွေးချယ်မှု မှန်ကန်ပါစေ – အချဉ်ရွေးချယ်ရာမှာ ငရုပ်သီး၊ ကြက်သွန်တို့ပါတဲ့ ဆော့စ်မျိုး၊ ဗီနီဂါပါတဲ့ ဆော့စ်မျိုး၊ ဆီသန့်ကို အခြေခံထားတဲ့ Light Sauce မျိုးတွေကို အဓိက ရွေးချယ်ပါ။ အသားလုံးတွေကို ရှောင်ကြဉ်ပါ – အသားလုံးတွေ၊ ငါးလုံးတွေ၊ ပင်လယ်စာအလုံးတွေဟာ Preserved Foods အမျိုးအစားတွေဖြစ်ကြပါတယ်။ ဆိုဒီယမ်နဲ့ ကယ်လိုရီအပြင် ဓာတုဗေဒပစ္စည်းတွေလည်းများစွာပါဝင်နေတာမို့ မစားတာအကောင်းဆုံးပါ။ Nitrite Level ကို သတိထားပါ – ဟင်းရည်ကို ပြုတ်ရာမှာ အိုးအောက်က အပူမီးဟာ ကြာလေလေ Nitrite Level တက်လာလေလေပါပဲ။ မိနစ် ၉၀ ဝန်းကျင်လောက်ကြာအောင် အပူပေးထားမိမယ်ဆိုရင် အန္တရာယ်များတဲ့ အနေအထားကို ရောက်လာမှာဖြစ်ပါတယ်။ ဒါကြောင့် ဟင်းရည်အိုးတည်ရာမှာ အချိန်သတ်မှတ်ထားဖို့ လိုသလို စားသောက်ရာမှာလည်း အချိန်သတ်မှတ်ဖို့ လိုအပ်ပါတယ်။ ဖြည်းဖြည်းစားပါ – ဖြည်းဖြည်းစားတာကလည်း ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ နည်းလမ်းတစ်မျိုးပါပဲ။ ဦးနှောက်ဟာ ဗိုက်ဝတယ်ဆိုတဲ့ ခံစားချက်ရဖို့ မိနစ် ၂၀ လောက် အချိန်ယူရလေ့ရှိပါတယ်။ ဖြေးဖြေးနဲ့ ကြေညက်စွာဝါးစားမယ်ဆိုရင် သိပ်အများကြီးစားစရာမလိုပဲ ဗိုက်ပြည့်နိုင်ပါတယ်။ အလွန်အကျွံစားမိတာမျိုး မဖြစ်တော့ဘူးပေါ့။ တန်ဆေး၊ လွန်ဘေးဆိုတာကို သတိရပါ စွပ်ပြုတ်ရည် ပူပူစပ်စပ်လေးထဲမှာ ဝက်သား ၃ ထပ်သားလွှာလေးကို စွက်ခနဲမြှုပ်ပြီး မကျက်တကျက်စားရတာမျိုး၊ ဟင်းရည်အိုးထဲ ရှိသမျှ အမယ်တွေအကုန်ပစ်ထည့်ပြီး အချိန်အလွန်ကြာမြင့်အောင် တည်ထားတာမျိုးတွေကို လူအတော်များများ လုပ်တတ်ကြပါတယ်။

ဒါပေမယ့် ဒီလိုနည်းလမ်းမျိုးတွေနဲ့သာ ဟော့ပေါ့ကို မကြာခဏစားနေမယ်ဆိုရင် ကိုယ်အလေးချိန်တက်လာတာ၊ သွေးတိုးဝေဒနာစွဲကပ်လာတာ၊ ခေါင်းခဏခဏကိုက်လာတာ၊ အဆီပိုတွေများလာတာတွေ ဖြစ်လာမှာ အသေအချာပါပဲ။

ပိုက်ဆံလည်းကုန် ကျန်းမာရေးလည်း ထိခိုက်တာမျိုး ဘယ်သူမှမဖြစ်မခံချင်ကြဘူးမဟုတ်လား။ ကိုယ်နှစ်သက်တဲ့ ဟော့ပေါ့ကို အေးအေးဆေးဆေး ဝဝလင်လင်စားရင်း ကျန်းမာရေးဘေးထွက်ဆိုးကျိုးတွေလည်း မဖြစ်ချင်ဘူးဆိုရင် အထက်မှာဖော်ပြခဲ့တဲ့ နည်းလမ်းတွေကိုလိုက်နာပြီး စားသောက်ဖို့လိုမယ်နော်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit:Hellosayarwon

[Zawgyi]

ေဟာ့ေပ့ါကို က်န္းမာေရးနဲ႔ ညီၫြတ္ေအာင္ စားလို႔ရပါတယ္

အရင္ဆုံး မ်က္စိကို မွိတ္ၿပီး ပူပူေႏြးေႏြး ေဟာ့ေပ့ါဟင္းရည္ေလးရယ္၊ ဟင္း႐ြက္ေလးေတြရယ္၊ အသားဖတ္ေလးေတြရယ္ ကို ျမင္ေယာင္ၾကည့္ၾကည့္ပါလား။ ရနံ႔ေလးေတာင္ ႏွာေခါင္းဝမွာ သင္းလာသေယာင္ေယာင္ ခံစားမိလာမယ္ထင္ပါရဲ႕ေနာ္။

ေဟာ့ေပါ့စားတာဟာ က်န္းမာေရးနဲ႔ ညီၫြတ္လားဆိုတဲ့ ေမးခြန္းမ်ိဳးကို ျမန္မာျပည္မွာသာမကပါဘူး၊ ကမာၻ႔အႏွံ႔အျပားမွာပါ ေမးျမန္းၾကေလ့ရွိပါတယ္။ အေျဖကလည္း အမ်ိဳးမ်ိဳး အဖုံဖုံရယ္ပါ။

တစ္ခ်ိဳ႕ ေဟာ့ေပါ့ကို ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ႀကိဳက္တတ္သူေတြကေတာ့ ေဟာ့ေပါ့ဟာ ဘယ္ေလာက္ေကာင္းေၾကာင္း၊ ဘယ္ေလာက္ က်န္းမာေရးနဲ႔ ညီၫြတ္ေၾကာင္း၊ ဘယ္ေလာက္ က်န္းမာေစေၾကာင္း ေျပာတတ္ၾကပါတယ္။ မႀကိဳက္တတ္သူေတြက်ေတာ့လည္း ဆန႔္က်င္ဘက္ေပါ့။

တကယ္ေတာ့ ေဟာ့ေပါ့ဟာ ဆိုဒီယမ္ဓာတ္မ်ားတာမို႔ ေဘးထြက္ဆိုးက်ိဳးေတြရွိေနေပမယ့္ အၾကမ္းဖ်ဥ္းအားျဖင့္ က်န္းမာေရးနဲ႔ ကိုက္ညီမႈရွိေလ့ရွိပါတယ္။ မွန္မွန္ကန္ကန္စားတတ္မယ္ဆိုရင္ လူကို အက်ိဳးျပဳႏိုင္ပါတယ္။

ဒါေပမယ့္ ေဟာ့ေပါ့ဆိုင္ေရာက္သြားလို႔ ဟင္းရည္အိုးမ်က္စိေရွ႕ေရာက္လာၿပီဆိုတာနဲ႔ ေခါင္းထဲမွာ အသားဖတ္ေတြ၊ အပ္မႈိေတြ၊ ပင္လယ္စာေတြ၊ အသီးအ႐ြက္ေတြခ်ည္းရွိေတာ့တာမဟုတ္လား။ ၿပီးရင္ေတာ့ အသားေတြ အ႐ြက္ေတြကို ကီလိုဂရမ္နဲ႔ခ်ီၿပီး ထည့္ျပဳတ္ကာ အဝအလင္ စားပစ္လိုက္ၾကပါေတာ့တယ္။ တခ်ိဳ႕မ်ားဆို အရည္ေတာင္ ကုန္ေအာင္ခပ္ေသာက္ၾကတာေနာ္။

ဒီလိုပုံနဲ႔ေတာ့ ကိုယ္အေလးခ်ိန္တိုးၿပီး ဝလာတာသာ အဖတ္တင္ပါလိမ့္မယ္။ ေသြးတိုးသမားေတြဆို ေသြးတိုးပါပိုဆိုးသြားႏိုင္တာေပါ့။

စင္ကာပူႏိုင္ငံရဲ႕ က်န္းမာေရးက႑မွာ အထူးအေရးပါလွတဲ့ စင္ကာပူအေထြေထြေရာဂါကုေဆး႐ုံႀကီး (SGH) ရဲ႕ Department of Endocrinology ကေတာ့ ဒီအတိုင္းကို သတ္မွတ္ထားပါတယ္။

က်န္းမာေရးနဲ႔ ကိုက္ညီတယ္ဆိုေပမယ့္ စားသုံးသူေပၚမွာေတာ့ မူတည္ပါတယ္တဲ့။ စားသုံးသူရဲ႕ ေ႐ြးခ်ယ္မႈပုံသ႑ာန္ အျပဳအမူေတြကပဲ ေဘးထြက္ဆိုးက်ိဳးေတြကို လက္ယပ္ေခၚသလိုျဖစ္ေစတာပါလို႔ သူတို႔ကဆိုပါတယ္။ ဘယ္လိုပါလိမ့္။

ေဟာ့ေပါ့ဟာ ဆိုဒီယမ္မ်ားတယ္ ေဟာ့ေပ့ါဟာ ဆားပါဝင္မႈမ်ားပါတယ္။ ဒီေတာ့ ဆိုဒီယမ္ပါဝင္မႈလည္း အေတာ္ကိုမ်ားပါတယ္။ ပုံမွန္ ေဟာ့ေပ့ါဟင္းရည္အိုးတစ္အိုးရဲ႕ ဆိုဒီယမ္မာဏဟာ ေန႔စဥ္လိုအပ္ခ်က္ထက္ အမ်ားႀကီး ပိုလြန္ေနတတ္ပါတယ္။

ဒါေပမယ့္ SGH ရဲ႕ အဆိုအရဆိုရင္ေတာ့ ေဟာ့ေပါ့ဟင္းရည္မွာထက္ အသားလုံးေတြ၊ ငါးလုံးေတြ၊ ဂဏန္းေခ်ာင္းေတြမွာ ပါဝင္တဲ့ ဆိုဒီယမ္ပမာဏဟာ ပိုလို႔ေတာင္မ်ားပါတယ္တဲ့။ ပ်မ္းမွ် အသားလုံး ၁ လုံးကို ဆိုဒီယမ္ ၄၀၀ မီလီဂရမ္နဲ႔ ကိုလက္စထေရာ ၃၀၀ မီလီဂရမ္ေလာက္ပါဝင္ေနတာကို မေမ့ပါနဲ႔။

အဆီမ်ားတဲ့အစားအစာေတြ ထည့္စားမိေနတယ္ဆိုတာကို သတိထားပါ တကယ္ေတာ့ ေဟာ့ေပ့ါဆိုတာ ဟင္းသီးဟင္း႐ြက္ေတြကို အေျခခံထားတဲ့ အစားအစာတစ္ခုပါ။ ေခတ္ေတြေျပာင္းလဲလာတာနဲ႔ အမွ် အသားေတြ၊ ကလီစာေတြနဲ႔ တျခားအမယ္ေတြ ထပ္တိုးလာပါတယ္။ အထူးသျဖင့္ Saturated fats ေတြ ပါဝင္တဲ့ အမယ္ေတြ ပိုမ်ားလာေနတာကို သတိထားသင့္ပါတယ္။

ေနာက္ၿပီး တစ္ခ်ိဳ႕ေသာ ဟင္းရည္ေတြမွာလည္း Saturated fats ေတြ ပါဝင္ေနပါေသးတယ္။ ဥပမာ ခ်ဳံကင္းစတိုင္ ဟင္းရည္၊ တုံယမ္းစတိုင္ ဟင္းရည္၊ ဆီခြၽမ္စတိုင္ အပူအစပ္ဟင္းရည္၊ Chinese herbal pork belly ဟင္းရည္နဲ႔ ကြန္ဘူဒါရွီ ဂ်ပန္စတိုင္ဟင္းရည္မ်ိဳးေတြမွာျဖစ္ပါတယ္။

ဒါေၾကာင့္ အဆီပိုေတြ ပိုမ်ားလာတာ၊ အဝလြန္တာေတြျဖစ္ႏိုင္သလို ရင္ပူတာ၊ ေရငတ္တာနဲ႔ အစာမေၾကတာေတြျဖစ္ေစႏိုင္ပါေသးတယ္။

ေဟာ့ေပါ့ ဘယ္လိုစားၾကမလဲ ဒီလိုဆို ေဟာ့ေပါ့ဆိုတာႀကီးက က်န္းမာေရးအတြက္ မသင့္ေလ်ာ္ေတာ့ဘူးတဲ့လား။ ဒီလိုလည္းမဟုတ္ပါဘူး။ ေဟာ့ေပါ့ကို က်န္းမာေရးနဲ႔ ညီၫြတ္ေအာင္ ျပင္ဆင္စားေသာက္လို႔ရပါတယ္။ ေဟာ့ေပါ့ကို နည္းမွန္လမ္းမွန္ မွီဝဲခ်င္တယ္ဆိုရင္ ေအာက္က နည္းလမ္းေတြကို လိုက္နာဖို႔ လိုအပ္ပါတယ္။

ဟင္းရည္ေ႐ြးခ်ယ္ရာမွာ ဂ႐ုျပဳပါ – Base Soup ေ႐ြးခ်ယ္ရာမွာ Light Soup ေတြကို အဓိကေ႐ြးခ်ယ္သင့္ပါတယ္။ Light Soup ေတြမွာ ဆိုဒီယမ္ပါဝင္မႈ နည္းပါးသလို ေဂၚဖီ၊ မႈိ၊ တိုဖူးစတာေတြပါဝင္တာမို႔ က်န္းမာေရးကို အေထာက္အကူျပဳႏိုင္ပါတယ္။ ဒါေပမယ့္ ဟင္းရည္ေသာက္တာမ်ိဳးကိုေတာ့ ေရွာင္ၾကဥ္သင့္ပါတယ္။ အဆီလြတ္အသားေတြကို ေ႐ြးခ်ယ္ပါ – အသားလႊာေ႐ြးခ်ယ္ရာမွာ အဆီမပါတာကိုသာ အဓိကေ႐ြးခ်ယ္စားပါ။ ကလီစာေတြကိုလည္း တတ္ႏိုင္သမွ် ေရွာင္ပါ။ ကိုယ့္မွာ ဒီလိုအက်င့္မ်ိဳးရွိေနရင္ ေဖ်ာက္ပါ။ ကာဘိုဟိုက္ဒရိတ္မ်ားတာေတြ ေရွာင္ပါ – ေဟာ့ေပါ့စားသူအမ်ားစုဟာ ေခါက္ဆြဲ၊ ဒါမွမဟုတ္ ထမင္းနဲ႔ တြဲစားတတ္ၾကပါတယ္။ ဒီအခ်က္က သင့္ကို ကယ္လိုရီေရာ ကာဘိုဟိုက္ဒရိတ္ပါ တက္လာေအာင္ လုပ္ပါလိမ့္မယ္။ အမွ်င္ဓာတ္မ်ားတဲ့ အ႐ြက္ေတြ ပိုစားပါ – မုန္လာဥနီ၊ ေဂၚဖီ၊ ကၫြတ္၊ မႈိ၊ င႐ုပ္ေကာင္း၊ ေဂၚဖီပြင့္၊ ကြမ္းသီးေဂၚဖီထုပ္၊ ကန္စြန္း႐ြက္၊ တာအိုး႐ြက္၊ ပဲစိမ္းစတဲ့ အမွ်င္ဓာတ္မ်ားတဲ့ ဟင္းသီးဟင္း႐ြက္ေတြကို ပိုမိုစားေသာက္ေပးပါ။ အခ်ဥ္ေ႐ြးခ်ယ္မႈ မွန္ကန္ပါေစ – အခ်ဥ္ေ႐ြးခ်ယ္ရာမွာ င႐ုပ္သီး၊ ၾကက္သြန္တို႔ပါတဲ့ ေဆာ့စ္မ်ိဳး၊ ဗီနီဂါပါတဲ့ ေဆာ့စ္မ်ိဳး၊ ဆီသန႔္ကို အေျခခံထားတဲ့ Light Sauce မ်ိဳးေတြကို အဓိက ေ႐ြးခ်ယ္ပါ။ အသားလုံးေတြကို ေရွာင္ၾကဥ္ပါ – အသားလုံးေတြ၊ ငါးလုံးေတြ၊ ပင္လယ္စာအလုံးေတြဟာ Preserved Foods အမ်ိဳးအစားေတြျဖစ္ၾကပါတယ္။ ဆိုဒီယမ္နဲ႔ ကယ္လိုရီအျပင္ ဓာတုေဗဒပစၥည္းေတြလည္းမ်ားစြာပါဝင္ေနတာမို႔ မစားတာအေကာင္းဆုံးပါ။ Nitrite Level ကို သတိထားပါ – ဟင္းရည္ကို ျပဳတ္ရာမွာ အိုးေအာက္က အပူမီးဟာ ၾကာေလေလ Nitrite Level တက္လာေလေလပါပဲ။ မိနစ္ ၉၀ ဝန္းက်င္ေလာက္ၾကာေအာင္ အပူေပးထားမိမယ္ဆိုရင္ အႏၲရာယ္မ်ားတဲ့ အေနအထားကို ေရာက္လာမွာျဖစ္ပါတယ္။ ဒါေၾကာင့္ ဟင္းရည္အိုးတည္ရာမွာ အခ်ိန္သတ္မွတ္ထားဖို႔ လိုသလို စားေသာက္ရာမွာလည္း အခ်ိန္သတ္မွတ္ဖို႔ လိုအပ္ပါတယ္။ ျဖည္းျဖည္းစားပါ – ျဖည္းျဖည္းစားတာကလည္း က်န္းမာေရးနဲ႔ ညီၫြတ္ေစတဲ့ နည္းလမ္းတစ္မ်ိဳးပါပဲ။ ဦးေႏွာက္ဟာ ဗိုက္ဝတယ္ဆိုတဲ့ ခံစားခ်က္ရဖို႔ မိနစ္ ၂၀ ေလာက္ အခ်ိန္ယူရေလ့ရွိပါတယ္။ ေျဖးေျဖးနဲ႔ ေၾကညက္စြာဝါးစားမယ္ဆိုရင္ သိပ္အမ်ားႀကီးစားစရာမလိုပဲ ဗိုက္ျပည့္ႏိုင္ပါတယ္။ အလြန္အကြၽံစားမိတာမ်ိဳး မျဖစ္ေတာ့ဘူးေပါ့။ တန္ေဆး၊ လြန္ေဘးဆိုတာကို သတိရပါ စြပ္ျပဳတ္ရည္ ပူပူစပ္စပ္ေလးထဲမွာ ဝက္သား ၃ ထပ္သားလႊာေလးကို စြက္ခနဲျမႇဳပ္ၿပီး မက်က္တက်က္စားရတာမ်ိဳး၊ ဟင္းရည္အိုးထဲ ရွိသမွ် အမယ္ေတြအကုန္ပစ္ထည့္ၿပီး အခ်ိန္အလြန္ၾကာျမင့္ေအာင္ တည္ထားတာမ်ိဳးေတြကို လူအေတာ္မ်ားမ်ား လုပ္တတ္ၾကပါတယ္။

ဒါေပမယ့္ ဒီလိုနည္းလမ္းမ်ိဳးေတြနဲ႔သာ ေဟာ့ေပါ့ကို မၾကာခဏစားေနမယ္ဆိုရင္ ကိုယ္အေလးခ်ိန္တက္လာတာ၊ ေသြးတိုးေဝဒနာစြဲကပ္လာတာ၊ ေခါင္းခဏခဏကိုက္လာတာ၊ အဆီပိုေတြမ်ားလာတာေတြ ျဖစ္လာမွာ အေသအခ်ာပါပဲ။

ပိုက္ဆံလည္းကုန္ က်န္းမာေရးလည္း ထိခိုက္တာမ်ိဳး ဘယ္သူမွမျဖစ္မခံခ်င္ၾကဘူးမဟုတ္လား။ ကိုယ္ႏွစ္သက္တဲ့ ေဟာ့ေပါ့ကို ေအးေအးေဆးေဆး ဝဝလင္လင္စားရင္း က်န္းမာေရးေဘးထြက္ဆိုးက်ိဳးေတြလည္း မျဖစ္ခ်င္ဘူးဆိုရင္ အထက္မွာေဖာ္ျပခဲ့တဲ့ နည္းလမ္းေတြကိုလိုက္နာၿပီး စားေသာက္ဖို႔လိုမယ္ေနာ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: Hellosayarwon

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ

Upcoming Property Events

mya-villa
thukha-garden-residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service