ငွေပေးချေမှုစနစ်အသစ် (CBM-Net2) ဗဟိုဘဏ် မိတ်ဆက် - Property News in Myanmar from iMyanmarHouse.com
909 Views

ငွေပေးချေမှုစနစ်အသစ် (CBM-Net2) ဗဟိုဘဏ် မိတ်ဆက်

[Unicode]

မြန်မာနိုင်ငံတွင် ဘဏ်အချင်းချင်းငွေပေးချေမှုစနစ်နှင့် စာရင်းရှင်းလင်းမှုစနစ်အသစ် (New Payment and Settlement System) ကိုလုပ်ဆောင်နိုင်မည့် စနစ်တစ်ခုကိုစတင်ပြီဖြစ်ကြောင်း ဗဟိုဘဏ်ကနေသိရသည်။

ငွေပေးချေမှုကွန်ရက်စနစ် (CBM-Net2) ဟုအမည်ရသောအဆိုပါ စနစ်ကိုနိုဝင်ဘာ ၁၆ ရက်နေ့ကစတင်မိတ်ဆက်လိုက်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ယင်းစနစ်အားကိုဗစ် ၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်းဂျပန်ကျွမ်းကျင်ပညာရှင်များ၊ မြန်မာနိုင်ငံဘက်မှ တာဝန်ရှိသူများပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဗဟိုဘဏ် ဒုဥက္ကဌဦးစိုးမင်းကပြောသည်။

ယခင်က ဗဟိုဘဏ်တွင်ရှိသောစာရင်းမှတစ်ဆင့် စာရင်းရှင်းလင်းမှုလုပ်ဆောင်ပြီးနောက် အဆိုပါ (CBM-Net1) ဖြင့် ဘဏ်အချင်းချင်းငွေလွှဲခြင်းကိုဆောင်ရွက်နိုင်ခဲ့ပြီး ယခုအခါ အဆိုပါ စနစ်အား (CBM-Net2) အဖြစ် အဆင့်မြှင့်တင်ခဲ့ခြင်းလည်းဖြစ်သည်။

“ အဓိကကတော့ ငွေပေးချေမှုနဲ့ ပတ်သက်ပြီးစာရင်းရှင်းလင်းပေးတာပါ။ တစ်ဦးချင်းဆီကနေငွေပမာဏများများလွှဲပြောင်းနိုင်သလို အခုစနစ်တစ်ခုရဲ့ပမာဏကိုလည်း လွှဲပြောင်းနိုင်တယ်။” ဟုဗဟိုဘဏ် ဒုဥက္ကဌဦးစိုးမင်းကဆိုသည်။

ပမာဏကြီးမားသည့် ငွေပေးချေမှုများအတွက် ဘဏ်အချင်းချင်းငွေပေးချေမှုစနစ် (CBM-Net) မှာစာရင်းရှင်းလင်းမှုပိုမိုလျင်မြန်စေရန် အရေးကြီးသောအင်္ဂါရပ်များလိုအပ်နေဆဲလည်းဖြစ်ပြီး (CBM-Net) သည် အလိုလျောက် ဆောင်ရွက်ပေးသည့် စနစ်ဖြစ်သော်လည်းလက်တွေ့တွင်ကြန့်ကြာမှုဖြစ်စေသည့် အဆင့်များရှိနေသေးကြောင်း သိရသည်။

ယခုအခါ (CBM-Net2) အဖြစ် အဆင့်မြှင့်လိုက်ခြင်းကြောင့် ၂၄ နာရီမြန်မာကျပ်ငွေလွှဲပြောင်းမှုကိုမတူညီသောဘဏ်များအကြားလုပ်ဆောင်နိုင်မည်ဖြစ်သည်။

လစာပေးချေမှုများ၊ အခွန်ငွေ၊ သုံးစွဲစရိတ်များကိုအလိုလျောက်ဖြတ်ယူ လွှဲပြောင်းပေးနိုင်မည်ဖြစ်ပြီးငွေသားကိုသာအဓိကထားသည့် ယခင်စီးပွားရေးစနစ်မှ ငွေသားမဲ့ အီလက်ထရောနစ်စနစ်ဖြင့် ငွေပေးချေမှုကိုအထောက်အကူပြုနိုင်မည်ဖြစ်သည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ေငြေပးေခ်မႈစနစ္အသစ္ (CBM-Net2) ဗဟိုဘဏ္ မိတ္ဆက္

ျမန္မာႏိုင္ငံတြင္ ဘဏ္အခ်င္းခ်င္းေငြေပးေခ်မႈစနစ္ႏွင့္ စာရင္း႐ွင္းလင္းမႈစနစ္အသစ္ (New Payment and Settlement System) ကိုလုပ္ေဆာင္ႏိုင္မည့္ စနစ္တစ္ခုကိုစတင္ၿပီျဖစ္ေၾကာင္း ဗဟိုဘဏ္ကေနသိရသည္။

ေငြေပးေခ်မႈကြန္ရက္စနစ္ (CBM-Net2) ဟုအမည္ရေသာအဆိုပါ စနစ္ကိုႏိုဝင္ဘာ ၁၆ ရက္ေန႔ကစတင္မိတ္ဆက္လိုက္ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။

ယင္းစနစ္အားကိုဗစ္ ၁၉ ေရာဂါျဖစ္ပြားေနသည့္ ကာလအတြင္းဂ်ပန္ကြၽမ္းက်င္ပညာ႐ွင္မ်ား၊ ျမန္မာႏိုင္ငံဘက္မွ တာဝန္႐ွိသူမ်ားပူးေပါင္းေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း ဗဟိုဘဏ္ ဒုဥကၠဌဦးစိုးမင္းကေျပာသည္။

ယခင္က ဗဟိုဘဏ္တြင္႐ွိေသာစာရင္းမွတစ္ဆင့္ စာရင္း႐ွင္းလင္းမႈလုပ္ေဆာင္ၿပီးေနာက္ အဆိုပါ (CBM-Net1) ျဖင့္ ဘဏ္အခ်င္းခ်င္းေငြလႊဲျခင္းကိုေဆာင္႐ြက္ႏိုင္ခဲ့ၿပီး ယခုအခါ အဆိုပါ စနစ္အား (CBM-Net2) အျဖစ္ အဆင့္ျမႇင့္တင္ခဲ့ျခင္းလည္းျဖစ္သည္။

“ အဓိကကေတာ့ ေငြေပးေခ်မႈနဲ႔ ပတ္သက္ၿပီးစာရင္း႐ွင္းလင္းေပးတာပါ။ တစ္ဦးခ်င္းဆီကေနေငြပမာဏမ်ားမ်ားလႊဲေျပာင္းႏိုင္သလို အခုစနစ္တစ္ခုရဲ႕ပမာဏကိုလည္း လႊဲေျပာင္းႏိုင္တယ္။” ဟုဗဟိုဘဏ္ ဒုဥကၠဌဦးစိုးမင္းကဆိုသည္။

ပမာဏႀကီးမားသည့္ ေငြေပးေခ်မႈမ်ားအတြက္ ဘဏ္အခ်င္းခ်င္းေငြေပးေခ်မႈစနစ္ (CBM-Net) မွာစာရင္း႐ွင္းလင္းမႈပိုမိုလ်င္ျမန္ေစရန္ အေရးႀကီးေသာအဂၤါရပ္မ်ားလိုအပ္ေနဆဲလည္းျဖစ္ၿပီး (CBM-Net) သည္ အလိုေလ်ာက္ ေဆာင္႐ြက္ေပးသည့္ စနစ္ျဖစ္ေသာ္လည္းလက္ေတြ႕တြင္ၾကန္႔ၾကာမႈျဖစ္ေစသည့္ အဆင့္မ်ား႐ွိေနေသးေၾကာင္း သိရသည္။

ယခုအခါ (CBM-Net2) အျဖစ္ အဆင့္ျမႇင့္လိုက္ျခင္းေၾကာင့္ ၂၄ နာရီျမန္မာက်ပ္ေငြလႊဲေျပာင္းမႈကိုမတူညီေသာဘဏ္မ်ားအၾကားလုပ္ေဆာင္ႏိုင္မည္ျဖစ္သည္။

လစာေပးေခ်မႈမ်ား၊ အခြန္ေငြ၊ သုံးစြဲစရိတ္မ်ားကိုအလိုေလ်ာက္ျဖတ္ယူ လႊဲေျပာင္းေပးႏိုင္မည္ျဖစ္ၿပီးေငြသားကိုသာအဓိကထားသည့္ ယခင္စီးပြားေရးစနစ္မွ ေငြသားမဲ့ အီလက္ထေရာနစ္စနစ္ျဖင့္ ေငြေပးေခ်မႈကိုအေထာက္အကူျပဳႏိုင္မည္ျဖစ္သည္။

ေနး႐ွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 19 Jul To 20 Jul

Emerald Bay Luxury Condo

From 19 Jul To 20 Jul

ERC Luxury Condo

From 19 Jul To 20 Jul

Magical World Apartment

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service