ဝယ်ထားသည့် ပါမစ်မြေကွက်မှာ ဂရန်သစ်လျှောက်ထားသူရှိနေလျှင် ဘယ်လိုလုပ်ပါ့မလဲ... ? - Property Knowledge in Myanmar from iMyanmarHouse.com
664 Views

ဝယ်ထားသည့် ပါမစ်မြေကွက်မှာ ဂရန်သစ်လျှောက်ထားသူရှိနေလျှင် ဘယ်လိုလုပ်ပါ့မလဲ... ?

Knowledge | Posted by Shwe Zin Win

[Unicode]

အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်လောကတွင် အိမ်၊ ခြံ၊ မြေ များ ရောင်းကြ ဝယ်ကြသောအခါ ရောင်းသူ ဝယ်သူများမှာ မြေကွက်ဖြစ်စေ၊ မြေနှင့် အိမ်ဖြစ်စေ တိုက်ခန်းဖြစ်စေ၊ ယင်းမြေနှင့်အိမ်၊ တိုက်ခန်းတို့နှင့် ပတ်သက်၍ မှန်ကန်မှု ရှိမရှိ စုံစမ်းကြလေ့ရှိသည်။ အဓိကအားဖြင့် ရောင်းမှားဝယ်မှား ဖြစ်မှာ စိုးရိမ်သည့်အတွက် စေ့စပ်သေချာအောင် ဆောင်ရွက်ကြခြင်းဖြစ်သည်။ ယင်းသို့ တက်စွမ်းသလောက်လေ့လာသည့်ကြားမှာပင် မမျှော်လင့်သော အခက်အခဲများနှင့် ကြုံတွေ့ကြလေ့ရှိကြသည်။ မကြာသေးမီက အိမ် ခြံ မြေ ဝယ်ရောင်း အမျိုးသမီးတစ်ဦး ကျွန်ုပ်ထံ ရောက်လာသည်။

သူဝယ်ထားသည့် ပါမစ်မြေကွက်မှာ အတု-အစစ် သိလို၍ ရန်ကုန်မြို့ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနသို့ သွားရောက်ကာ တာဝန်ရှိသူများထံတွင် ပြသစစ်ဆေးရာ မှန်ကန်ကြောင်းသိခဲ့ရသည်။ထိုမျှနှင့်အားရကျေနပ်မှုမရှိသဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနတွင်လည်း နာမည်ပေါက်မှန်ကန်မှု ရှိ / မရှိ သွားရောက်စစ်ဆေးရာ အမည်ပေါက်မှန်ကန်ကြောင်း ပြန်ကြားစာရရှိခဲ့သည်။ ထို့ကြောင့် ယင်းမြေကွက်ကို ဝယ်ယူပြီး မိမိအမည်ပေါက်ဖြစ်ရန် နှစ် ၆၀ ဂရန်သစ်ထုတ်ပေးရန် မြေယာဌာနတွင် လျှောက်ထားခဲ့သည်။

ပါမစ်မှ ဂရန်သစ်လျှောက်ထားပြီး ၁၄ ရက်ခန့် အကြာတွင် ယခင်ကမူလ အမည်ပေါက်ပိုင်ရှင်က ၂၀၁၀ ခုနှစ်က ဂရန်သစ်လျှောက်ထားသည့် မှတ်ချက်ရှိ၍ ရှင်းလင်းရန် စည်ပင်မြေယာဌာနမှ အကြောင်းကြားစာ ရောက်လာသဖြင့် ဘယ်လိုဆောင်ရွက်ရမည်မသိ၍ ကျွန်ုပ်ထံ ရောက်လာ မေးမြန်းခြင်းဖြစ်သည်။

ဒီလို ဂရန် သစ်လျှောက်တဲ့အခါမှာ ပါမစ်တစ်ခုထဲတွင် ဂရန်လျှောက်သူနှစ်ဦး ပေါ်တက်ကြောင်း သိရသည်။ ယင်းသို့ဖြစ်ရခြင်းမှာ မူလ ဂရန်သစ်လျှောက်ထားသူက လျှောက်ထားသည့် မြေကွက်ပေါ်တွင် တစ်သက်လုံးနေရန် ရည်ရွယ်၍ ဂရန်သစ်လျှောက်ထားသည်ကို တွေ့ရသည်။

နောက်ပိုင်းတွင် မိသားစု စီးပွားရေးအတွက် ဖြစ်စေ၊ ဈေးကောင်းရ၍ပြန်ရောင်းရသည့်အခါမျိုးတွင်ဖြစ်စေ၊ မိမိ ယခင်က ဂရန်သစ် လျှောက်ထားဖူးကြောင်း ပြောဆိုရန် မေ့နေတက်ကြသည်။ "ဂရန် မထုတ်ရသေးတာပဲ၊ အရေးမကြီးပါဘူးလေ" ဟူသော အထင်ဖြင့် မေ့မေ့လျော့လျော့ နေတက်ကြသည်။

ပါမစ်မူရင်းကို အခြားသူ တစ်ဦးဦးသို့ ရောင်းချပြီးသော်လည်း မိမိလျှောက်ထားခဲ့သည့် ဂရန်အသစ်အမှုတွဲမှာ အရေးမပါဟု ယူဆကြသဖြင့် မြေကွက်အရောင်းအဝယ်လုပ်သည့်အခါ မိမိထံမှ ဝယ်ယူသူကို ဂရန်သစ်လျှောက်ထားသည့်အကြောင်း မပြောဘဲနေခဲ့မိသည်။ ထို့အတူ "ဂရန်လျှောက်ထားစဉ်က ဂရန်သစ်လျှောက်အမှုတွဲအမှတ်ပါသည့် ဝန်ဆောင်ခ ပေးသွင်းသည့်ပုံစံလျှောက်လွှာ" တို့ကိုပါ ပေးအပ်ရန် မေ့တက်ကြသည်။

"သတိမမူတော့ ဂူမမြင်၊ သတိမူတော့ မြူစင်၍ ဂူမြင်သည်" ဆိုသော ဆိုရိုးစကားအတိုင်း မူလအမည်ပေါက်ထံမှ ထပ်မံဝယ်ယူသူက ဂရန်သစ်လျှောက်သည့်အခါ ယခုလို ဂရန်သစ်လျှောက်ထားသည့် မှတ်ချက်ကြီးက ပေါ်လာတော့ ဌာနက လာရောက်ရှင်းလင်းချက်ရေးသာတင်ပြပါဆိုပြီး ခေါ်ယူတော့ စိတ်ညစ်စရာတွေ နဲ့ ကြုံရတာပေါ့။ ဒီလို ကြုံရတဲ့အခါ မူလရောင်းသူအမည်ပေါက် သို့မဟုတ် စာချုပ်အဆက်ဖြင့် ဂရန်လျှောက်ဖူးသူကို ပြန်ပြီးခေါ်၍ မြို့တော်ခန်းမ လက်ထောက်ဌာနမှူးရှေ့မှာ မိမိလျှောက်ခဲ့သည့် ဂရန်သစ်အမှုတွဲပိတ်သိမ်းပေးဖို့ အခြားသူတစ်ဦးဦးအား ရောင်းချထားခြင်းကြောင့် မိမိလျှောက်ထားချက်ရုတ်သိမ်းကြောင်း စာတင်ခဲ့ရတယ်။

ကိုယ်တိုင်လာရောက်အမှုပိတ်သိမ်းသူမှန်ကန်ကြောင်း ၎င်းအရာရှိရှေ့မှာ လက်မှတ်ထိုးရတယ်။အမှုပိတ်သိမ်းတဲ့ အမှုတွဲတင်ပြချက်နှင့် အတူ ပိတ်သိမ်းသူရဲ့ မှတ်ပုံတင်မိတ္တူ၊ ပါမစ်မိတ္တူ တစ်စုံစီကို ပူးတွဲတင်ပြရတယ်။ အဲဒီတင်ပြချက်တွေကို အရာရှိရှေ့မှာ ဒီအတိုင်း ထားခဲ့လို့ မရဘူး။ ဝင်စာလက်ခံတဲ့သူထံမှာ တင်ခဲ့ရတယ်။ အဲဒီဝင်စာလက်ခံသူက ဝင်စာအမှတ် ( )နဲ့ နေ့စွဲကို ပြောပြတယ်။ ဥပမာ - ဝင်စာအမှတ် ၉၉၉/ နေ့စွဲ ၂၉-၅-၂၀၁၄ လို့ပြောရင် မှတ်သားထားရတယ်။ အဲဒီဝင်စာအား ဂရန်သစ်လျှောက်ထားတဲ့မြေကွက်ပေါ်မှာရှိတဲ့ မှတ်ချက်ကို ဖျက်ပေးလိုက်တယ်။ အဲဒီအခါမှ ဂရန်သစ်လျှောက်ထားသူအတွက် ဌာနက မြေတိုင်းကွင်းဆင်းစစ်ဆေးခြင်း သတင်းကြော်ငြာေးပးခြင်း၊ ဂရန်သစ်ထုတ်ပေးသည့်ဘုတ်အဖွဲ့သို့ တင်ပြခြင်း၊ ခွင့်ပြုချက်ရလျှင် မြေကွက်တန်းဖိုး ငွေသွင်းခြင်း၊ ယင်းနောက် တာဝန်ရှိသူ အဆင့်ဆင့် လက်မှတ်ရေးထိုးပေးပြီး ဂရန်သစ်ထုတ်ပေးဖို့ အဆင်သင့်ဖြစ်တဲ့နေ့မှာ လျှောက်ထားသူထံကို အကြောင်းကြားပါတယ်။ ရုံးက အကြောင်းကြားစာရောက်မလာမီ မိမိကိုယ်တိုင်မြို့တော်ခန်းမမှာ မကြာခဏ သွားစုံစမ်းလို့လည်း ရပါတယ်။ မြတ်ဗုဒ္ဓ ဟောတယ်မဟုတ်လား။

"အတ္တာဟိ..အတ္တနော နာထော" တဲ့လေ။ "ကိုယ့်ကိုယ်ကိုပဲ အားကိုးရာပါ"ဆိုတော့ အမြန်ရအောင် ခဏခဏသွားစုံစမ်းပေါ့။ ဤသို့ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ကျွန်ုပ်က ပြောပြလိုက်သည့်အခါ လာရောက်မေးသူအမျိုးသမီးမှာလည်း သဘောပေါက်နားလည်ပြီး ကျေးဇူးတင်ကြောင်း ပြော၍ ပြန်သွားလေတော့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: လွှတ်တော်ရှေ့နေမောင်ကောင်းဖေ (Shwe Sethtagan Journal)

 

[Zawgyi]

ဝယ္ထားသည့္ ပါမစ္ေျမကြက္မွာ ဂရန္သစ္ေလွ်ာက္ထားသူရိွေနလွ်င္ ဘယ္လိုလုပ္ပါ့မလဲ... ?

အိမ္၊ ၿခံ၊ ေျမ အေရာင္းအဝယ္ေလာကတြင္ အိမ္၊ ၿခံ၊ ေျမ မ်ား ေရာင္းၾက ဝယ္ၾကေသာအခါ ေရာင္းသူ ဝယ္သူမ်ားမွာ ေျမကြက္ျဖစ္ေစ၊ ေျမႏွင့္ အိမ္ျဖစ္ေစ တိုက္ခန္းျဖစ္ေစ၊ ယင္းေျမႏွင့္အိမ္၊ တိုက္ခန္းတို႔ႏွင့္ ပတ္သက္၍ မွန္ကန္မႈ ရိွမရိွ စံုစမ္းၾကေလ႔ရိွသည္။ အဓိကအားျဖင့္ ေရာင္းမွားဝယ္မွား ျဖစ္မွာ စိုးရိမ္သည့္အတြက္ ေစ့စပ္ေသခ်ာေအာင္ ေဆာင္ရြက္ၾကျခင္းျဖစ္သည္။ ယင္းသို႔ တက္စြမ္းသေလာက္ေလ့လာသည့္ၾကားမွာပင္ မေမွ်ာ္လင့္ေသာ အခက္အခဲမ်ားႏွင့္ ႀကံဳေတြ႔ၾကေလ့ရိွၾကသည္။ မၾကာေသးမီက အိမ္ ၿခံ ေျမ ဝယ္ေရာင္း အမ်ိဳးသမီးတစ္ဦး ကၽြႏု္ပ္ထံ ေရာက္လာသည္။

သူဝယ္ထားသည့္ ပါမစ္ေျမကြက္မွာ အတု-အစစ္ သိလို၍ ရန္ကုန္ၿမိဳ႕ ၿမိဳ႕ရြာႏွင့္ အိုးအိမ္ဖြ႔ံၿဖိဳးေရးဦးစီးဌာနသို႔ သြားေရာက္ကာ တာဝန္ရိွသူမ်ားထံတြင္ ျပသစစ္ေဆးရာ မွန္ကန္ေၾကာင္းသိခဲ့ရသည္။ထုိမွ်ႏွင့္အားရေက်နပ္မႈမရိွသျဖင့္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ ၿမိဳ႕ျပစီမံကိန္းႏွင့္ ေျမစီမံခန္႔ခြဲမႈဌာနတြင္လည္း နာမည္ေပါက္မွန္ကန္မႈ ရိွ / မရိွ သြားေရာက္စစ္ေဆးရာ အမည္ေပါက္မွန္ကန္ေၾကာင္း ျပန္ၾကားစာရရိွခဲ့သည္။ ထို႔ေၾကာင့္ ယင္းေျမကြက္ကို ဝယ္ယူၿပီး မိမိအမည္ေပါက္ျဖစ္ရန္ ႏွစ္ ၆၀ ဂရန္သစ္ထုတ္ေပးရန္ ေျမယာဌာနတြင္ ေလွ်ာက္ထားခ့ဲသည္။

ပါမစ္မွ ဂရန္သစ္ေလွ်ာက္ထားၿပီး ၁၄ ရက္ခန္႔ အၾကာတြင္ ယခင္ကမူလ အမည္ေပါက္ပိုင္ရွင္က ၂၀၁၀ ခုႏွစ္က ဂရန္သစ္ေလွ်ာက္ထားသည့္ မွတ္ခ်က္ရိွ၍ ရွင္းလင္းရန္ စည္ပင္ေျမယာဌာနမွ အေၾကာင္းၾကားစာ ေရာက္လာသျဖင့္ ဘယ္လိုေဆာင္ရြက္ရမည္မသိ၍ ကၽြႏ္ုပ္ထံ ေရာက္လာ ေမးျမန္းျခင္းျဖစ္သည္။

ဒီလုိ ဂရန္ သစ္ေလွ်ာက္တဲ့အခါမွာ ပါမစ္တစ္ခုထဲတြင္ ဂရန္ေလွ်ာက္သူႏွစ္ဦး ေပၚတက္ေၾကာင္း သိရသည္။ ယင္းသို႔ျဖစ္ရျခင္းမွာ မူလ ဂရန္သစ္ေလွ်ာက္ထားသူက ေလွ်ာက္ထားသည့္ ေျမကြက္ေပၚတြင္ တစ္သက္လံုးေနရန္ ရည္ရြယ္၍ ဂရန္သစ္ေလွ်ာက္ထားသည္ကို ေတြ႔ရသည္။

ေနာက္ပိုင္းတြင္ မိသားစု စီးပြားေရးအတြက္ ျဖစ္ေစ၊ ေစ်းေကာင္းရ၍ျပန္ေရာင္းရသည့္အခါမ်ိဳးတြင္ျဖစ္ေစ၊ မိမိ ယခင္က ဂရန္သစ္ ေလွ်ာက္ထားဖူးေၾကာင္း ေျပာဆိုရန္ ေမ့ေနတက္ၾကသည္။ "ဂရန္ မထုတ္ရေသးတာပဲ၊ အေရးမႀကီးပါဘူးေလ" ဟူေသာ အထင္ျဖင့္ ေမ့ေမ့ေလ်ာ့ေလ်ာ့ ေနတက္ၾကသည္။

ပါမစ္မူရင္းကို အျခားသူ တစ္ဦးဦးသို႔ ေရာင္းခ်ၿပီးေသာ္လည္း မိမိေလွ်ာက္ထားခဲ့သည့္ ဂရန္အသစ္အမႈတြဲမွာ အေရးမပါဟု ယူဆၾကသျဖင့္ ေျမကြက္အေရာင္းအဝယ္လုပ္သည့္အခါ မိမိထံမွ ဝယ္ယူသူကို ဂရန္သစ္ေလွ်ာက္ထားသည့္အေၾကာင္း မေျပာဘဲေနခဲ့မိသည္။ ထုိ႔အတူ "ဂရန္ေလွ်ာက္ထားစဥ္က ဂရန္သစ္ေလွ်ာက္အမႈတြဲအမွတ္ပါသည့္ ဝန္ေဆာင္ခ ေပးသြင္းသည့္ပံုစံေလွ်ာက္လႊာ" တို႔ကိုပါ ေပးအပ္ရန္ ေမ့တက္ၾကသည္။

"သတိမမူေတာ့ ဂူမျမင္၊ သတိမူေတာ့ ျမဴစင္၍ ဂူျမင္သည္" ဆိုေသာ ဆိုရိုးစကားအတိုင္း မူလအမည္ေပါက္ထံမွ ထပ္မံဝယ္ယူသူက ဂရန္သစ္ေလွ်ာက္သည့္အခါ ယခုလို ဂရန္သစ္ေလွ်ာက္ထားသည့္ မွတ္ခ်က္ႀကီးက ေပၚလာေတာ့ ဌာနက လာေရာက္ရွင္းလင္းခ်က္ေရးသာတင္ျပပါဆိုၿပီး ေခၚယူေတာ့ စိတ္ညစ္စရာေတြ နဲ႔ ႀကံဳရတာေပါ့။ ဒီလုိ ႀကံဳရတဲ့အခါ မူလေရာင္းသူအမည္ေပါက္ သို႔မဟုတ္ စာခ်ဳပ္အဆက္ျဖင့္ ဂရန္ေလွ်ာက္ဖူးသူကို ျပန္ၿပီးေခၚ၍ ၿမိဳ႕ေတာ္ခန္းမ လက္ေထာက္ဌာနမွဴးေရွ႕မွာ မိမိေလွ်ာက္ခဲ့သည့္ ဂရန္သစ္အမႈတြဲပိတ္သိမ္းေပးဖို႔ အျခားသူတစ္ဦးဦးအား ေရာင္းခ်ထားျခင္းေၾကာင့္ မိမိေလွ်ာက္ထားခ်က္ရုတ္သိမ္းေၾကာင္း စာတင္ခဲ့ရတယ္။

ကိုယ္တိုင္လာေရာက္အမႈပိတ္သိမ္းသူမွန္ကန္ေၾကာင္း ၎အရာရိွေရွ႕မွာ လက္မွတ္ထိုးရတယ္။အမႈပိတ္သိမ္းတဲ့ အမႈတြဲတင္ျပခ်က္ႏွင့္ အတူ ပိတ္သိမ္းသူရဲ႕ မွတ္ပံုတင္မိတၱဴ၊ ပါမစ္မိတၱဴ တစ္စံုစီကို ပူးတြဲတင္ျပရတယ္။ အဲဒီတင္ျပခ်က္ေတြကို အရာရိွေရွ႕မွာ ဒီအတိုင္း ထားခဲ့လို႔ မရဘူး။ ဝင္စာလက္ခံတဲ့သူထံမွာ တင္ခဲ့ရတယ္။ အဲဒီဝင္စာလက္ခံသူက ဝင္စာအမွတ္ ( )နဲ႔ ေန႔စြဲကို ေျပာျပတယ္။ ဥပမာ - ဝင္စာအမွတ္ ၉၉၉/ ေန႔စြဲ ၂၉-၅-၂၀၁၄ လို႔ေျပာရင္ မွတ္သားထားရတယ္။ အဲဒီဝင္စာအား ဂရန္သစ္ေလွ်ာက္ထားတဲ့ေျမကြက္ေပၚမွာရိွတဲ့ မွတ္ခ်က္ကို ဖ်က္ေပးလိုက္တယ္။ အဲဒီအခါမွ ဂရန္သစ္ေလွ်ာက္ထားသူအတြက္ ဌာနက ေျမတိုင္းကြင္းဆင္းစစ္ေဆးျခင္း သတင္းေၾကာ္ျငာေးပးျခင္း၊ ဂရန္သစ္ထုတ္ေပးသည့္ဘုတ္အဖြဲ႔သို႔ တင္ျပျခင္း၊ ခြင့္ျပဳခ်က္ရလွ်င္ ေျမကြက္တန္းဖိုး ေငြသြင္းျခင္း၊ ယင္းေနာက္ တာဝန္ရိွသူ အဆင့္ဆင့္ လက္မွတ္ေရးထိုးေပးၿပီး ဂရန္သစ္ထုတ္ေပးဖုိ႔ အဆင္သင့္ျဖစ္တဲ့ေန႔မွာ ေလွ်ာက္ထားသူထံကို အေၾကာင္းၾကားပါတယ္။ ရံုးက အေၾကာင္းၾကားစာေရာက္မလာမီ မိမိကိုယ္တိုင္ၿမိဳ႕ေတာ္ခန္းမမွာ မၾကာခဏ သြားစံုစမ္းလို႔လည္း ရပါတယ္။ ျမတ္ဗုဒၶ ေဟာတယ္မဟုတ္လား။

"အတၱာဟိ..အတၱေနာ နာေထာ" တဲ့ေလ။ "ကိုယ့္ကိုယ္ကိုပဲ အားကိုးရာပါ"ဆိုေတာ့ အျမန္ရေအာင္ ခဏခဏသြားစံုစမ္းေပါ့။ ဤသို႔ေဆာင္ရြက္ရမည့္ လုပ္ငန္းစဥ္အဆင့္ဆင့္ကို ကၽြႏ္ုပ္က ေျပာျပလိုက္သည့္အခါ လာေရာက္ေမးသူအမ်ိဳးသမီးမွာလည္း သေဘာေပါက္နားလည္ၿပီး ေက်းဇူးတင္ေၾကာင္း ေျပာ၍ ျပန္သြားေလေတာ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ (Shwe Sethtagan Journal) 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 19 Jul To 20 Jul

Emerald Bay Luxury Condo

From 19 Jul To 20 Jul

ERC Luxury Condo

From 19 Jul To 20 Jul

Magical World Apartment

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service