၁၀ ပေ x ပေ ၆၀ မြေကွက်ကို ဝယ်မည်ဆိုလျှင် - Property Knowledge in Myanmar from iMyanmarHouse.com
973 Views

၁၀ ပေ x ပေ ၆၀ မြေကွက်ကို ဝယ်မည်ဆိုလျှင်

Knowledge | Posted by Si Thu Aung

[Unicode]

“၁၀ ပေ x ပေ ၆၀ မြေကွက် တွေ အဝယ်လိုက်နေတယ် ဆရာ၊ အဲဒါ တရားဝင်ပိုင်ဆိုင်မှုရှိပါသလား” ဟု မိတ်ဆွေတစ်ဦး၏ သားဖြစ်သူက စာရေးသူထံ လာရောက်ဆွေးနွေးတိုင်ပင်ခြင်းဖြစ်ပါသည်။

“မြေကွက်ကတော့ ခွဲစိတ်လို့ မရဘူး။ ဒါပေမယ့် တရားဝင်ပိုင်ဆိုင် ခွင့်ရအောင်တော့ ဆောင်ရွက်လို့ရပါ တယ်”

“မြေကွက် ခွဲစိတ်လို့ မရဘူးဆိုတာက ဘာကိုဆိုလိုတာလဲ ဆရာ”

“ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီရဲ့ လုပ်ထုံးလုပ် နည်းဆိုင်ရာ နည်းဥပဒေအရ ၁၂၀၀ စတုရန်းပေရှိတဲ့ မြေကွက်အဖြစ်သာ မြေကို ခွဲစိတ်ပေးနိုင်မှာ ဖြစ်တယ်။ ဧရိယာစတုရန်းပေ ၁၂၀၀ အောက် မြေကွက်အဖြစ် မြေကို ခွဲစိတ်ပေးနိုင် မှာ ဖြစ်တယ်။ ဧရိယာစတုရန်းပေ ၁၂၀၀ အောက် မြေကွက်အဖြစ် မြေ ကို ခွဲစိတ်ပေးခွင့်မရှိဘူး။ ဒါကြောင့် ၁၀ ပေ x ပေ ၆၀ မြေကွက်ဟာ ဧရိယာစတုရန်း ပေ (၆၀၀) သာရှိတဲ့ အတွက် မြေခွဲဝေပြီး မြေပုံမထွက်ပါဘူး။ ဂရန်လည်း မထွက်ပါဘူး””

“ဒါဆိုရင် အနည်းဆုံးမြေ ဧရိယာ စတုရန်းပေ ၁၂၀၀ ရှိရမယ် ဖြစ်လို့ ပေ ၂၀ x ပေ ၆၀ မြေကွက်တော့ ခွဲစိတ်အမည်ထွက်နိုင်တာပေါ့”

“မှန်ပါတယ်။ ဒါကြောင့် မူလ ဂရန်မြေ ပေ ၄၀ x ပေ ၆၀ မြေကွက်တွေကို ပေ ၂၀ x ပေ ၆၀အဖြစ် နှစ်ကွက်ခွဲစိတ်ပြီး ရောင်းချကြပါတယ်။ ဥပဒေနဲ့ ညီညွတ်တဲ့အတွက် ဂရန်ကိုလည်း နှစ်ကွက်ခွဲပြီး မြေ ကွက်နံပါတ်တစ်ခုစီအဖြစ် ခွဲထွက်ထုတ်ပေးပါတယ်”

“ပေ ၂၀ x ပေ ၆၀ မြေကွက် ကို တရားဝင် ခွဲစိတ်လို့မရရင် ခွဲစိတ် ပြီး ရောင်းချတဲ့ မြေကွက် ၁၀ ပေ x ပေ ၆၀ ဟာ ပေ ၂၀ x ပေ ၆၀ ဂရန်မြေကွက်ထဲမှာပဲ ရှိနေမှာပေါ့”

“ဟုတ်ပါတယ်။ မြေကို ခွဲစိတ် လို့ မရတဲ့အတွက် ဝယ်သူရဲ့ အမည်လည်း ပေါက်မှာ မဟုတ်ပါဘူး”

“ပေ ၂၀ x ပေ ၆၀ ဂရန် အမည်ပေါက်အနေနဲ့ပဲ ရှိနေမှာလား ဆရာ””

“မှန်ပါတယ်။ မူလဂရန် အမည်ပေါက်ဆီက ဝယ်ထားပေမယ့် ဂရန်အမည်မပြောင်းထားတဲ့ မြေကွက်တွေဆိုရင် အခက်အခဲတွေ့နိုင်တာပေါ့”

ဆရာပြောတာက ဂရန်အမည် ပေါက်ဆီမှတစ်ဆင့် ဝယ်ထားတဲ့ကိစ္စမျိုးလား ဆရာ၊ ဘယ်လိုပါလဲ”

“ဥပမာပြောရရင် ပေ ၂၀ x ပေ ၆၀ မြေကွက်ကို မူလဂရန်အမည် ပေါက်ဆီမှ တစ်ဦးတစ်ယောက်က ဝယ်ထားမယ်။ ဒါပေမယ့် ပိုင်ရှင် အမည်ပေါက် ပြောင်းမထားဘူး”

“အရပ် စာချုပ်နဲ့ ဝယ်တဲ့ သဘောပေါ့”

“ဟုတ်ပါတယ်။ အဲဒီ ပုဂ္ဂ်ိုလ်က နောက်တစ်ဦးကို ထပ်ရောင်းမယ်။ ဒုတိယအကြိမ်ဝယ်သူကလည်း မြေ အမည်ပေါက်မပြောင်းဘူး။ ဒါပေမယ့် သူက ငွေလိုတယ်ဆိုပြီး ပေ ၂၀ x ပေ ၆၀ မြေကွက်ကို ၁၀ ပေ x ပေ ၆၀ မြေခွဲရောင်းတယ်။ အဲဒီမှာတော့ ၁၀ ပေ x ပေ ၆၀ မြေကွက် ဝယ်သူအနေနဲ့ တရားဝင်ပိုင်ဆိုင်မှု အတွက် အခက်အခဲရှိလာနိုင်တာပေါ့”

“ရောင်းသူကိုယ်တိုင်ကလည်း ဂရန်အမည်မပေါက်ဘူးမို့လား။ အရပ်စာချုပ် အဆင့်ဆင့်နဲ့ပဲ ဝယ်ခဲ့ကြတာမဟုတ်လား”

“လက်ရောက်ရယူ နေထိုင်ကြတာဖြစ်တဲ့အတွက် အချင်းချင်းပြေလည်နေကြမယ်။ အမွေဆက်ခံခွင့်တွေ အငြင်းပွားမှုမရှိကြဘဲ ပြဿနာတစ်စုံတစ်ရာမဖြစ်ရင်တော့ အဆင်ပြေနေတာပေါ့။ ဒါပေမယ့်အကြောင်း တစ်ခုခုကြောင့် မြေပိုင်ဆိုင်မှုတစ်စုံ တစ်ရာ အငြင်းပွားမှုဖြစ်လာရင်တော့ ဥပဒေနဲ့အညီ မှတ်ပုံတင်အရောင်း အဝယ် စာချုပ် ချုပ်ဆိုထားတာ မဟုတ်လို့ အရှုပ်အထွေးကို ဖြေရှင်း ရမှာ ဖြစ်ပါတယ်”

“ဒီလို ဆရာရယ်။ ကျွန်တော့်ဇနီးဘက်က ဆွေမျိုးနီးစပ်တော်တယ် ဆိုပါတော့”

“အင်း - ဆက်ပြောပါဦး”

“သူ့အမေက ခုနစ်ဆယ်ကျော်နေပြီ။ ဒူးကလည်း နာနေတော့ အခုနေတဲ့ ငါးထပ်တိုက်ခန်းကို တက်ဖို့ အခက်အခဲဖြစ်လာတယ်။ ဒါနဲ့ မြေနဲ့ အိမ်ဝယ်ဖို့ စိတ်ကူးတာ ဆရာ”

“ကောင်းတာကတော့ ပေ ၂၀ x ပေ ၆၀ မြေကွက်ကို ဝယ်သင့် တယ်လို့ အကြံပြုချင်တယ်”

“ငွေကြေးကလည်း အကုန်မသုံးချင်ဘူး ဆရာ။ တိုက်ခန်းကိုရောင်းပြီး ဝယ်ရမယ်ဆိုတော့ သူတို့လည်း စဉ်း စားတယ် ထင်ပါတယ်။ အမေကြီးရဲ့ ကျန်းမာရေးကလည်း ရှိသေးတယ်”

“မှန်ပါတယ်။ အိုနာစာဆိုတာလို ဆေးကုသစရိတ်က စုဆောင်းထားရမယ့် ခေတ်ကာလမဟုတ်လား”

“ဟုတ်ကဲ့ ဆရာ။ ဒါနဲ့ ၁၀ ပေ x ပေ ၆၀ မြေကွက်ပေါ်မှာ နှစ်ထပ် ခွဲတိုက် ဆောက်ထားတာကို မိတ်ဆွေ တစ်ဦးက ခေါ်ပြလို့ သဘောကျသွားတယ် ဆရာ”

“အရောင်းအဝယ်တော့ မဖြစ်သေးဘူး မဟုတ်လား။ ဒဂုံမြို့သစ်မှာလား”

“တောင်ဥက္ကလာဘက်မှာ ဆရာ၊ တိုက်ကလေးကဆောက်ထားတာ မကြာသေးဘူး ဆရာ။ အရောင်းအ ဝယ်ဖြစ်ရင် ဘယ်လို ဆောင်ရွက်ရမယ်ဆိုတာကို ဆရာ့ဆီ တိုင်ပင်တာပါ ဆရာ”

“အစောကပြောသလို ဂရန်မြေလား၊ ပါမစ်မြေလား ပထမဆုံး စိစစ်ဖို့ လိုတယ်”

“ဂရန်မြေတော့ ဟုတ်တယ် ဆရာ။ ကျွန်တော်ကိုယ်တိုင်မူရင်း ဂရန်စာရွက်ကိုကြည့်ခဲ့တယ်။ ပြီးတော့ ဂရန်မူရင်းလည်း ပေးထားမယ် ပြောတယ်”

“ဒါဆိုရင် အခြားကပ်လျက် ၁၀ ပေ x ပေ ၆၀ မြေကွက်က ဘယ်လို ရောင်းထားတယ်လို့ ပြောသလဲ”

“ရောင်းထားတာ မဟုတ်ဘူး ဆရာ။ အဲဒီ အိမ်ဘက်မှာ သူတို့က နေမှာ၊ အခုရောင်းတဲ့ မြေကွက်မှာ တိုက်အသစ်ဆောက်ပြီး ရောင်းတဲ့ သဘောဆရာ”

“ဂရန်အမည်ပေါက် ကိုယ်တိုင်ရောင်းတဲ့ သဘောပေါ့””

“ဟုတ်ပါတယ် ဆရာ”

“ဒါဆိုရင်တော့ တရားဝင် အရောင်းအဝယ်မှတ်ပုံတင် စာချုပ် ချုပ် ထားရင်ပိုပြီး ခိုင်မာပါလိမ့်မယ်”

“၁၀ ပေ x ၆၀ ပေ မြေကွက်နဲ့ အိမ်ကို မှတ်ပုံတင် အရောင်းအဝယ် စာချုပ် ချုပ်ဆိုလို့ရပါသလား ဆရာ”

“ရပါတယ်။ ချုပ်ထားသင့်တယ် ထင်တယ်”

“ဂရန်မူရင်း ပေးထားမယ်ဆိုတော့ အရောင်းအဝယ် မှတ်ပုံတင်စာချုပ် ချုပ်ဖို့ လိုအပ်ပါသေးလား ဆရာ။ အရပ်စာချုပ် ချုပ်ဆိုပြီး လက်ရောက်ရယူထားရင် ဖြစ်တယ် မဟုတ်လား”

“ဆရာအနေနဲ့ကတော့ ဥပဒေနဲ့အညီ ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာပဲ အကြံပေးနိုင်တယ်။ ကျန်တဲ့ အပိုင်းကတော့ ဝယ်သူရဲ့ အပိုင်းဖြစ်သွားပြီ။ တချို့ကလည်း တိုက်ခန်းက မြေမပိုင်ဘူး၊ နေပိုင်ခွင့်သာရတာ။ ပေ ၁၀ x ပေ ၆၀ မြေဖြစ်ပေမယ့် မြေနဲ့ အိမ်ကပိုင်ပိုင်နိုင်နိုင်ရှိတယ်ဆို ပြီး ဝယ်နေကြတာ ဖြစ်တယ်”

“အချို့ တိုက်ခန်းတွေက ၁၂ ပေ x ပေ ၅၀ ရှိတဲ့ တိုက်ခန်းတွေလည်း ရှိနေတော့၊ အခုလို မြေနဲ့ နှစ် ထပ် သုံးထပ်ပေါ့ ဆရာ။ တိုက် ကလေးဆိုတော့ နေပျော်တယ်ဆိုပြီး သုံးသပ်ကြတာပေါ့”

“အခုကိစ္စက ဂရန်စာချုပ် မူရင်း ပေးထားမယ်ဆိုလို့ကိုး။ တချို့က ဂရန် စာချုပ် မိတ္တူပဲ ပေးထားတာ မျိုး ရှိတတ်တယ်။ အဲဒါမျိုးဆိုရင် တော့ စာချုပ်စာတမ်းရုံးမှာ ပေ ၂၀ x ပေ ၆၀ မြေကွက်ထဲမှ မခွဲစိတ်ရသေးသော မြေ ၁၀ ပေ x ပေ ၆၀ ကို ဝယ်ယူကြောင်း မှတ်ပုံတင်အ ရောင်းအဝယ် စာချုပ် ချုပ်ဆိုထားသင့်တယ်”

“ခွဲစိတ်လို့ မရဘူးဆိုတော့ မြေ ပုံက ဘယ်လိုဖြစ်နိုင်သလဲ ဆရာ”

“မြေကွက်ကို ရောင်းသူက ဂရန်အမည်ပေါက်ဆိုရင်တော့ ပိုပြီး အဆင်ပြေတာပေါ့။ ဂရန်အမည်ပေါက် ပေ ၂၀ x ပေ ၆၀ မြေကွက်မြေပုံကို အရောင်းမြေပုံထုတ်ပေးရန် သက်ဆိုင်ရာ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ မြေယာဌာနမှာ ဂရန်အမည်ပေါက်ကိုယ်တိုင် လျှောက်ထားရမယ်”

“အရောင်းမြေပုံက ပေ ၂၀ x ပေ ၆၀ မြေကွက်နဲ့ ထွက်လာမှာပေါ့ ဆရာ”

“မှန်ပါတယ်။ အဲဒီ ပေ ၂၀ x ပေ ၆၀ မြေကွက် မြေပုံမှာ ၁၀ ပေ x ပေ ၆၀ မြေကွက်ပုံစံအလယ်မှ မျဉ်းသားပြီး အရောင်ခြယ်ကာ၊ ယင်း အရောင်ခြယ်ထားသော မခွဲစိတ်ရသေးသည့် မြေကွက် ၁၀ ပေ x ပေ ၆၀ ကို ရောင်းကြောင်းမှတ်ပုံတင် စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင် အရောင်းအဝယ်စာချုပ် ချုပ်ဆိုလို့ရပါတယ်”

“ဒါဆိုရင် ဂရန်မူရင်းမရှိသည့် တိုင် ပိုင်ဆိုင်တဲ့ အထောက်အထား စာရွက်စာတမ်းတော့ ပြည့်စုံသွားပြီပေါ့”

“ဒါကြောင့် နားလည်တဲ့ ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ဆောင်ရွက်ကြပါလို့ တိုက်တွန်းအကြံပေးချင်ပါ တယ်”ဟု ဆွေးနွေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

 

[Zawgyi]

၁၀ ေပ x ေပ ၆၀ ေျမကြက္ကို ၀ယ္မည္ဆုိလွ်င္

“၁၀ ေပ x ေပ ၆၀ ေျမကြက္ ေတြ အ၀ယ္လုိက္ေနတယ္ ဆရာ၊ အဲဒါ တရား၀င္ပုိင္ဆုိင္မႈရွိပါသလား” ဟု မိတ္ေဆြတစ္ဦး၏ သားျဖစ္သူက စာေရးသူထံ လာေရာက္ေဆြးေႏြးတုိင္ပင္ျခင္းျဖစ္ပါသည္။

“ေျမကြက္ကေတာ့ ခြဲစိတ္လုိ႔ မရဘူး။ ဒါေပမယ့္ တရား၀င္ပုိင္ဆုိင္ ခြင့္ရေအာင္ေတာ့ ေဆာင္ရြက္လုိ႔ရပါ တယ္”

“ေျမကြက္ ခြဲစိတ္လုိ႔ မရဘူးဆုိတာက ဘာကိုဆုိလုိတာလဲ ဆရာ”

“ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာ ယာေရးေကာ္မတီရဲ႕ လုပ္ထုံးလုပ္ နည္းဆုိင္ရာ နည္းဥပေဒအရ ၁၂၀၀ စတုရန္းေပရွိတဲ့ ေျမကြက္အျဖစ္သာ ေျမကို ခြဲစိတ္ေပးႏုိင္မွာ ျဖစ္တယ္။ ဧရိယာစတုရန္းေပ ၁၂၀၀ ေအာက္ ေျမကြက္အျဖစ္ ေျမကုိ ခြဲစိတ္ေပးႏုိင္ မွာ ျဖစ္တယ္။ ဧရိယာစတုရန္းေပ ၁၂၀၀ ေအာက္ ေျမကြက္အျဖစ္ ေျမ ကို ခြဲစိတ္ေပးခြင့္မရွိဘူး။ ဒါေၾကာင့္ ၁၀ ေပ x ေပ ၆၀ ေျမကြက္ဟာ ဧရိယာစတုရန္း ေပ (၆၀၀) သာရွိတဲ့ အတြက္ ေျမခြဲေ၀ၿပီး ေျမပုံမထြက္ပါဘူး။ ဂရန္လည္း မထြက္ပါဘူး””

“ဒါဆုိရင္ အနည္းဆုံးေျမ ဧရိယာ စတုရန္းေပ ၁၂၀၀ ရွိရမယ္ ျဖစ္လုိ႔ ေပ ၂၀ x ေပ ၆၀ ေျမကြက္ေတာ့ ခြဲစိတ္အမည္ထြက္ႏုိင္တာေပါ့”

“မွန္ပါတယ္။ ဒါေၾကာင့္ မူလ ဂရန္ေျမ ေပ ၄၀ x ေပ ၆၀ ေျမကြက္ေတြကို ေပ ၂၀ x ေပ ၆၀အျဖစ္ ႏွစ္ကြက္ခြဲစိတ္ၿပီး ေရာင္းခ်ၾကပါတယ္။ ဥပေဒနဲ႔ ညီၫြတ္တဲ့အတြက္ ဂရန္ကိုလည္း ႏွစ္ကြက္ခြဲၿပီး ေျမ ကြက္နံပါတ္တစ္ခုစီအျဖစ္ ခဲြထြက္ထုတ္ေပးပါတယ္”

“ေပ ၂၀ x ေပ ၆၀ ေျမကြက္ ကုိ တရား၀င္ ခြဲစိတ္လုိ႔မရရင္ ခဲြစိတ္ ၿပီး ေရာင္းခ်တဲ့ ေျမကြက္ ၁၀ ေပ x ေပ ၆၀ ဟာ ေပ ၂၀ x ေပ ၆၀ ဂရန္ေျမကြက္ထဲမွာပဲ ရွိေနမွာေပါ့”

“ဟုတ္ပါတယ္။ ေျမကုိ ခြဲစိတ္ လုိ႔ မရတဲ့အတြက္ ၀ယ္သူရဲ႕ အမည္လည္း ေပါက္မွာ မဟုတ္ပါဘူး”

“ေပ ၂၀ x ေပ ၆၀ ဂရန္ အမည္ေပါက္အေနနဲ႔ပဲ ရွိိေနမွာလား ဆရာ””

“မွန္ပါတယ္။ မူလဂရန္ အမည္ေပါက္ဆီက ၀ယ္ထားေပမယ့္ ဂရန္အမည္မေျပာင္းထားတဲ့ ေျမကြက္ေတြဆုိရင္ အခက္အခဲေတြ႕ႏုိင္တာေပါ့”

ဆရာေျပာတာက ဂရန္အမည္ ေပါက္ဆီမွတစ္ဆင့္ ၀ယ္ထားတဲ့ကိစၥမ်ဳိးလား ဆရာ၊ ဘယ္လုိပါလဲ”

“ဥပမာေျပာရရင္ ေပ ၂၀ x ေပ ၆၀ ေျမကြက္ကို မူလဂရန္အမည္ ေပါက္ဆီမွ တစ္ဦးတစ္ေယာက္က ၀ယ္ထားမယ္။ ဒါေပမယ့္ ပုိင္ရွင္ အမည္ေပါက္ ေျပာင္းမထားဘူး”

“အရပ္ စာခ်ဳပ္နဲ႔ ၀ယ္တဲ့ သေဘာေပါ့”

“ဟုတ္ပါတယ္။ အဲဒီ ပုဂ္ၢိဳလ္က ေနာက္တစ္ဦးကို ထပ္ေရာင္းမယ္။ ဒုတိယအႀကိမ္၀ယ္သူကလည္း ေျမ အမည္ေပါက္မေျပာင္းဘူး။ ဒါေပမယ့္ သူက ေငြလိုတယ္ဆုိၿပီး ေပ ၂၀ x ေပ ၆၀ ေျမကြက္ကုိ ၁၀ ေပ x ေပ ၆၀ ေျမခြဲေရာင္းတယ္။ အဲဒီမွာေတာ့ ၁၀ ေပ x ေပ ၆၀ ေျမကြက္ ၀ယ္သူအေနနဲ႔ တရား၀င္ပုိင္ဆုိင္မႈ အတြက္ အခက္အခဲရွိလာႏုိင္တာေပါ့”

“ေရာင္းသူကုိယ္တုိင္ကလည္း ဂရန္အမည္မေပါက္ဘူးမုိ႔လား။ အရပ္စာခ်ဳပ္ အဆင့္ဆင့္နဲ႔ပဲ ၀ယ္ခဲ့ၾကတာမဟုတ္လား”

“လက္ေရာက္ရယူ ေနထုိင္ၾကတာျဖစ္တဲ့အတြက္ အခ်င္းခ်င္းေျပလည္ေနၾကမယ္။ အေမြဆက္ခံခြင့္ေတြ အျငင္းပြားမႈမရွိၾကဘဲ ျပႆနာတစ္စုံတစ္ရာမျဖစ္ရင္ေတာ့ အဆင္ေျပေနတာေပါ့။ ဒါေပမယ့္အေၾကာင္း တစ္ခုခုေၾကာင့္ ေျမပုိင္ဆုိင္မႈတစ္စုံ တစ္ရာ အျငင္းပြားမႈျဖစ္လာရင္ေတာ့ ဥပေဒနဲ႔အညီ မွတ္ပုံတင္အေရာင္း အ၀ယ္ စာခ်ဳပ္ ခ်ဳပ္ဆုိထားတာ မဟုတ္လုိ႔ အ႐ႈပ္အေထြးကို ေျဖရွင္း ရမွာ ျဖစ္ပါတယ္”

“ဒီလုိ ဆရာရယ္။ ကၽြန္ေတာ့္ဇနီးဘက္က ေဆြမ်ဳိးနီးစပ္ေတာ္တယ္ ဆုိပါေတာ့”

“အင္း - ဆက္ေျပာပါဦး”

“သူ႔အေမက ခုနစ္ဆယ္ေက်ာ္ေနၿပီ။ ဒူးကလည္း နာေနေတာ့ အခုေနတဲ့ ငါးထပ္တုိက္ခန္းကို တက္ဖုိ႔ အခက္အခဲျဖစ္လာတယ္။ ဒါနဲ႔ ေျမနဲ႔ အိမ္၀ယ္ဖုိ႔ စိတ္ကူးတာ ဆရာ”

“ေကာင္းတာကေတာ့ ေပ ၂၀ x ေပ ၆၀ ေျမကြက္ကုိ ၀ယ္သင့္ တယ္လုိ႔ အႀကံျပဳခ်င္တယ္”

“ေငြေၾကးကလည္း အကုန္မသုံးခ်င္ဘူး ဆရာ။ တုိက္ခန္းကိုေရာင္းၿပီး ၀ယ္ရမယ္ဆုိေတာ့ သူတုိ႔လည္း စဥ္း စားတယ္ ထင္ပါတယ္။ အေမႀကီးရဲ႕ က်န္းမာေရးကလည္း ရွိေသးတယ္”

“မွန္ပါတယ္။ အုိနာစာဆုိတာလုိ ေဆးကုသစရိတ္က စုေဆာင္းထားရမယ့္ ေခတ္ကာလမဟုတ္လား”

“ဟုတ္ကဲ့ ဆရာ။ ဒါနဲ႔ ၁၀ ေပ x ေပ ၆၀ ေျမကြက္ေပၚမွာ ႏွစ္ထပ္ ခြဲတုိက္ ေဆာက္ထားတာကုိ မိတ္ေဆြ တစ္ဦးက ေခၚျပလုိ႔ သေဘာက်သြားတယ္ ဆရာ”

“အေရာင္းအ၀ယ္ေတာ့ မျဖစ္ေသးဘူး မဟုတ္လား။ ဒဂုံၿမိဳ႕သစ္မွာလား”

“ေတာင္ဥကၠလာဘက္မွာ ဆရာ၊ တုိက္ကေလးကေဆာက္ထားတာ မၾကာေသးဘူး ဆရာ။ အေရာင္းအ ၀ယ္ျဖစ္ရင္ ဘယ္လုိ ေဆာင္ရြက္ရမယ္ဆုိတာကို ဆရာ့ဆီ တုိင္ပင္တာပါ ဆရာ”

“အေစာကေျပာသလုိ ဂရန္ေျမလား၊ ပါမစ္ေျမလား ပထမဆုံး စိစစ္ဖုိ႔ လုိတယ္”

“ဂရန္ေျမေတာ့ ဟုတ္တယ္ ဆရာ။ ကၽြန္ေတာ္ကိုယ္တုိင္မူရင္း ဂရန္စာရြက္ကိုၾကည့္ခဲ့တယ္။ ၿပီးေတာ့ ဂရန္မူရင္းလည္း ေပးထားမယ္ ေျပာတယ္”

“ဒါဆုိရင္ အျခားကပ္လ်က္ ၁၀ ေပ x ေပ ၆၀ ေျမကြက္က ဘယ္လုိ ေရာင္းထားတယ္လုိ႔ ေျပာသလဲ”

“ေရာင္းထားတာ မဟုတ္ဘူး ဆရာ။ အဲဒီ အိမ္ဘက္မွာ သူတုိ႔က ေနမွာ၊ အခုေရာင္းတဲ့ ေျမကြက္မွာ တုိက္အသစ္ေဆာက္ၿပီး ေရာင္းတဲ့ သေဘာဆရာ”

“ဂရန္အမည္ေပါက္ ကုိယ္တုိင္ေရာင္းတဲ့ သေဘာေပါ့””

“ဟုတ္ပါတယ္ ဆရာ”

“ဒါဆုိရင္ေတာ့ တရား၀င္ အေရာင္းအ၀ယ္မွတ္ပုံတင္ စာခ်ဳပ္ ခ်ဳပ္ ထားရင္ပိုၿပီး ခုိင္မာပါလိမ့္မယ္”

“၁၀ ေပ x ၆၀ ေပ ေျမကြက္နဲ႔ အိမ္ကုိ မွတ္ပုံတင္ အေရာင္းအ၀ယ္ စာခ်ဳပ္ ခ်ဳပ္ဆုိလုိ႔ရပါသလား ဆရာ”

“ရပါတယ္။ ခ်ဳပ္ထားသင့္တယ္ ထင္တယ္”

“ဂရန္မူရင္း ေပးထားမယ္ဆုိေတာ့ အေရာင္းအ၀ယ္ မွတ္ပုံတင္စာခ်ဳပ္ ခ်ဳပ္ဖုိ႔ လုိအပ္ပါေသးလား ဆရာ။ အရပ္စာခ်ဳပ္ ခ်ဳပ္ဆုိၿပီး လက္ေရာက္ရယူထားရင္ ျဖစ္တယ္ မဟုတ္လား”

“ဆရာအေနနဲ႔ကေတာ့ ဥပေဒနဲ႔အညီ ဘယ္လုိေဆာင္ရြက္ရမယ္ဆုိတာပဲ အႀကံေပးႏုိင္တယ္။ က်န္တဲ့ အပုိင္းကေတာ့ ၀ယ္သူရဲ႕ အပုိင္းျဖစ္သြားၿပီ။ တခ်ဳိ႕ကလည္း တုိက္ခန္းက ေျမမပုိင္ဘူး၊ ေနပုိင္ခြင့္သာရတာ။ ေပ ၁၀ x ေပ ၆၀ ေျမျဖစ္ေပမယ့္ ေျမနဲ႔ အိမ္ကပိုင္ပုိင္ႏုိင္ႏုိင္ရွိတယ္ဆုိ ၿပီး ၀ယ္ေနၾကတာ ျဖစ္တယ္”

“အခ်ဳိ႕ တုိက္ခန္းေတြက ၁၂ ေပ x ေပ ၅၀ ရွိတဲ့ တုိက္ခန္းေတြလည္း ရွိေနေတာ့၊ အခုလုိ ေျမနဲ႔ ႏွစ္ ထပ္ သုံးထပ္ေပါ့ ဆရာ။ တုိက္ ကေလးဆုိေတာ့ ေနေပ်ာ္တယ္ဆုိၿပီး သုံးသပ္ၾကတာေပါ့”

“အခုကိစၥက ဂရန္စာခ်ဳပ္ မူရင္း ေပးထားမယ္ဆုိလုိ႔ကုိး။ တခ်ဳိ႕က ဂရန္ စာခ်ဳပ္ မိတၱဴပဲ ေပးထားတာ မ်ဳိး ရွိတတ္တယ္။ အဲဒါမ်ဳိးဆုိရင္ ေတာ့ စာခ်ဳပ္စာတမ္း႐ုံးမွာ ေပ ၂၀ x ေပ ၆၀ ေျမကြက္ထဲမွ မခြဲစိတ္ရေသးေသာ ေျမ ၁၀ ေပ x ေပ ၆၀ ကုိ ၀ယ္ယူေၾကာင္း မွတ္ပုံတင္အ ေရာင္းအ၀ယ္ စာခ်ဳပ္ ခ်ဳပ္ဆုိထားသင့္တယ္”

“ခဲြစိတ္လုိ႔ မရဘူးဆုိေတာ့ ေျမ ပုံက ဘယ္လုိျဖစ္ႏုိင္သလဲ ဆရာ”

“ေျမကြက္ကုိ ေရာင္းသူက ဂရန္အမည္ေပါက္ဆုိရင္ေတာ့ ပိုၿပီး အဆင္ေျပတာေပါ့။ ဂရန္အမည္ေပါက္ ေပ ၂၀ x ေပ ၆၀ ေျမကြက္ေျမပုံကို အေရာင္းေျမပုံထုတ္ေပးရန္ သက္ဆုိင္ရာ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္ သာယာေရး ေကာ္မတီ ေျမယာဌာနမွာ ဂရန္အမည္ေပါက္ကုိယ္တုိင္ ေလွ်ာက္ထားရမယ္”

“အေရာင္းေျမပုံက ေပ ၂၀ x ေပ ၆၀ ေျမကြက္နဲ႔ ထြက္လာမွာေပါ့ ဆရာ”

“မွန္ပါတယ္။ အဲဒီ ေပ ၂၀ x ေပ ၆၀ ေျမကြက္ ေျမပုံမွာ ၁၀ ေပ x ေပ ၆၀ ေျမကြက္ပုံစံအလယ္မွ မ်ဥ္းသားၿပီး အေရာင္ျခယ္ကာ၊ ယင္း အေရာင္ျခယ္ထားေသာ မခြဲစိတ္ရေသးသည့္ ေျမကြက္ ၁၀ ေပ x ေပ ၆၀ ကို ေရာင္းေၾကာင္းမွတ္ပုံတင္ စာခ်ဳပ္စာတမ္း႐ုံးမွာ မွတ္ပုံတင္ အေရာင္းအ၀ယ္စာခ်ဳပ္ ခ်ဳပ္ဆုိလုိ႔ရပါတယ္”

“ဒါဆုိရင္ ဂရန္မူရင္းမရွိသည့္ တုိင္ ပုိင္ဆုိင္တဲ့ အေထာက္အထား စာရြက္စာတမ္းေတာ့ ျပည့္စုံသြားၿပီေပါ့”

“ဒါေၾကာင့္ နားလည္တဲ့ ဥပေဒပညာရွင္ေတြနဲ႔ တုိင္ပင္ေဆာင္ရြက္ၾကပါလုိ႔ တုိက္တြန္းအႀကံေပးခ်င္ပါ တယ္”ဟု ေဆြးေႏြးလုိက္ပါသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: ထီယု (ဥပေဒအတုိင္ပင္ခံ)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 19 Jul To 20 Jul

Emerald Bay Luxury Condo

From 19 Jul To 20 Jul

ERC Luxury Condo

From 19 Jul To 20 Jul

Magical World Apartment

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service