န်ိုင်ငံခြားသားနှင့် လက်ထပ်ထားသော မြန်မာဗုဒ္ဒဘာသာဝင်အမျိုးသမီး၏ အမည်ပေါက်အဆောက်အအုံကို ဝယ်မည်ဆိုလျှင် - Property Knowledge in Myanmar from iMyanmarHouse.com
5043 Views

န်ိုင်ငံခြားသားနှင့် လက်ထပ်ထားသော မြန်မာဗုဒ္ဒဘာသာဝင်အမျိုးသမီး၏ အမည်ပေါက်အဆောက်အအုံကို ဝယ်မည်ဆိုလျှင်

Knowledge | Posted by Hnin Ei Khin

[Unicode]

မကြာမီ ရက်ပိုင်းကဖြစ်သည်။ မိတ်ဆွေတစ်ဦး၏ သားဖြစ်သူသည် စာရေးသူထံ ရောက်လာပါသည်။

''မင်္ဂလာပါဆရာ''ဟု စာရေးသူအား နှုတ်ခွန်းဆက်ပါသည်။

''မင်္ဂလာပါ သားရယ်''

ဒါနဲ့ မောင်ရင့်ဖခင်နဲ့ဆို မတွေ့တာ အတော်ကြာပြီ။ နေကောင်းရဲ့လား''

''နေတော့ကောင်းပါတယ်။ ဒါပေမယ့် ဝေးတဲ့နေရာတော့အပြင်မ ထွက်ဖြစ်တော့ဘူး''

''နေကောင်းတယ်သိရလို့ ဝမ်းသာပါတယ်။ ထွေထွေထူးထူးကိစ္စရှိ လို့လား''

''ဒီလိုပါဆရာ။ ကျွန်တော့်အနေနဲ့ တိုက်ခန်းတစ်ခန်းဝယ်ဖို့ သွားကြည့်တယ်''

''ဘယ်လို အဆင်မပြေလို့လဲ''

''တိုက်ခန်းဝယ်ထားသူ ကိုယ်တိုင်ရောင်းမှာဖြစ်တယ်ဆိုပြီး မူလက ပြောခဲ့တယ် ဆရာ''

''ဘယ်သူက ပြောတာလဲ။ ပွဲစားက ပြောတာလား''

''ဆိုပါတော့ ဆရာ၊ ဆက်သွယ်ပေးတဲ့ သူပေါ့''

''ဒါနဲ့ သွားကြည့်တယ်ပေါ့။ ရောင်းသူနဲ့ တွေ့ခဲ့လား''

''ရောင်းသူက နိုင်ငံခြားသားဖြစ်နေတယ် ဆရာ''

''နိုင်ငံခြားသားပိုင် တိုက်ခန်းကို ဝယ်ခွင့်မရှိဘူးလား''

''ဟုတ်ကဲ့ ဆရာ၊ အခုကိစ္စက တိုက်ခန်းကို ဇနီးဖြစ်သူအမည်နဲ့ ဝယ်ထားတာဖြစ်တယ်ဆရာ''

''ဇနီးဖြစ်သူက မြန်မာမိန်းကလေးဖြစ်နေမှာပေါ့''

''ဟုတ်ပါတယ်''

''ဒါဆိုလည်း ဇနီးသည်နဲ့ အရောင်းအဝယ်စာချုပ် ချုပ်ရင်ရပြီလေ''

''ဒီလောက်မလွယ်လို့ ဆရာ''

''ဟင်၊ ဘယ်လိုဖြစ်ပြန်လဲ။ ဇနီးသည်က မရှိတော့လို့လား။ ကွယ်လွန်သွားလို့လား''

''ကွယ်လွန်သွားတာတော့ မဟုတ်ဘူးဆရာ၊ အိမ်က ဆင်းသွားတာလို့ ပြောတယ်''

''လင်မယားရန်ဖြစ်ပြီး ဆင်းသွားတာဆိုတော့ ပြန်ခေါ်ပြီး အရောင်းအဝယ်စာချုပ် ချုပ်ဆိုလို့ရတာ ပဲလေ''

''ကျွန်တော်လည်း ဘယ်ရောက်သွားလို့လဲ။ သူ့ဆီအကြောင်းကြားပြီး ဆောင်ရွက်ပေးပါလို့ ပြောပါတယ် ဆရာ''

''ဒီတော့ အဲဒီခင်ပွန်းသည် နိုင်ငံ ခြားသားက ဘာပြောလဲ''

''ဇနီးဖြစ်သူ အိမ်ကဆင်းသွားတာ တစ်နှစ်ခွဲလောက်ရှိပြီလို့ ပြောတယ်။ ငွေစုစာအုပ်တွေလည်း ယူသွားတယ်။ ငွေစုစာအုပ်ထဲမှာ ငွေ ကျပ်သိန်းနှစ်ရာခန့်ရှိတယ်လို့ ပြောပါတယ်''

''အိမ်တိုက်ခန်းဝယ်တဲ့စာချုပ်ကို ဇနီးဖြစ်သူက ယူသွားသေးလား''

''ကျန်တဲ့ စာရွက်စာတမ်းတွေတော့ ယူမသွားဘူး။ တိုက်ခန်းအ ရောင်းအဝယ်စာချုပ်လည်း ကျန်ခဲ့တယ်ပြောတယ်''

''ဒီကွဲကွာနေတဲ့ကြားကာလမှာ တစ်ဦးနဲ့တစ်ဦး အဆက်အသွယ်မရကြဘူးလား။ ဇနီးဖြစ်သူက ရန်ကုန်မှာပဲ ရှိနေတာလား''

''ဇနီးဖြစ်သူက ရန်ကုန်က မဟုတ်ဘူးပြောပါတယ်။ နယ်ဘက်က ဆိုတော့ မိဘတွေရှိတဲ့ အညာရပ်ကို ပြန်သွားတယ်ပြောတယ်။ အခုအထိ အဆက်အသွယ်မရဘူး။ အဆက်အ သွယ်လည်း မလုပ်ကြဘူး ပြောပါတယ်''

''အဆက်အသွယ်လည်း မလုပ်ကြဘူး။ ငွေစုစာအုပ်လည်း ယူသွားတယ်။ ကျပ်သိန်း ၂ဝဝ ခန့်ရှိမယ်ဆိုတော့၊ ပြန်လည်ပေါင်းဖို့တော့ စိတ် ကူးရှိမယ် မထင်ဘူး''

''အားလုံးက အဲဒီလိုပဲပြောပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်က ဇနီးမောင်နှံလို့ ပတ်ဝန်းကျင်က သိရှိပြီးဖြစ်တယ်။ တရားရုံးမှာလည်း လက်ထပ်စာချုပ် ချုပ်ဆိုလက်မှတ် ရေးထိုးထားတယ်ဆိုတော့ တိုက်ခန်းရောင်းရာမှာ ကန့်ကွက်နိုင်သလား ဆရာ''

''တရားရုံးမှာ လက်ထပ်စာချုပ် ပြုလုပ်ခဲ့တယ်ဆိုတော့ လက်ထပ် စာချုပ်ကျန်ရှိခဲ့သလား''

''နိုင်ငံခြားသားပြောပြတာကတော့ ရန်ကုန်မြို့ရဲ့ ခရိုင်တရားရုံးတစ်ခုမှာ လက်ထပ်စာချုပ်ကို ပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။ လက်ထပ်စာချုပ်တော့ ရှာမတွေ့ဘူးပြောတယ်။ ဇနီးသည်ယူသွားတယ် ထင်တယ်လို့ ပြောပါတယ်''

''ဥပဒေအရဆိုရင်တော့ နိုင်ငံခြားသားတစ်ဦးနဲ့ မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးတစ်ဦးတို့ လက်ထပ်ထိမ်း မြားခြင်းကတိစာချုပ်ကို ခရိုင်တရားသူကြီးအဆင့်မှ စ၍ အထက်တရား သူကြီးအဆင့်ရှိ တရားသူကြီးများကသာ ဆောင်ရွက်ပေးခွင့်ရှိမှာဖြစ်ပါတယ်။

ဒါကြောင့် ခရိုင်တရားရုံးတစ်ခုမှာ ခရိုင်တရားသူကြီးရဲ့ရှေ့၌ နှစ် ဦးနှစ်ဖက်လက်မှတ်ရေးထိုးချုပ်ဆိုကြမယ်ဆိုရင် ဥပဒေနဲ့အညီ တရားဝင် အကြင်လင်မယားဖြစ်မြောက်သွားမှာဖြစ်တယ်''

''ဒါဆိုရင် ဇနီးသည်ရဲ့ သဘောတူညီချက်မရဘဲ တိုက်ခန်းကို ရောင်း ချခြင်းမပြုနိုင်ဘူးပေါ့နော်''

''ဥပဒေအရတော့ အဲဒီလိုပဲ သတ်မှတ်ရမှာဖြစ်တယ်''

အခုတိုက်ခန်းက ရိုးရိုးတိုက်ခန်း မဟုတ်ဘူးဆရာ။ ကွန်ဒိုတိုက်ခန်း ဖြစ်တော့ နိုင်ငံခြားသားတွေက ရောင်းပိုင်ခွင့်မရှိဘူးလားဆရာ''

''ပုဂ္ဂလိကပိုင်မြေပေါ်မှာဆောက်တဲ့ ကွန်ဒိုဖြစ်တဲ့အတွက် အဲဒီလို ကွန်ဒိုတိုက်ခန်းတွေကို နိုင်ငံခြားသားများက ဝယ်ယူခွင့်၊ လွှဲပြောင်းရောင်းချခွင့်မရှိပါဘူး။ ဒါကြောင့်လည်း မူလဝယ်စဉ်ကပင် မြန်မာလူမျိုးဖြစ်တဲ့ ဇနီးဖြစ်သူ အမည်နဲ့ဝယ်ထားတာဖြစ်တယ်''

''လင်ယောက်ျားဖြစ်သူက ဇနီးအမည်နဲ့ ဝယ်ထားတဲ့ပစ္စည်းကို ပြန် လည်ရောင်းချခွင့်မူရှိဘူးလားဆရာ။ လင်ယောက်ျားရဲ့ စီးပွားရှာဖွေမှုနဲ့ ရလားတဲ့ အဆောက်အအုံဖြစ်လို့ လင်ယောက်ျားက လုပ်ပိုင်ခွင့်မရှိဘူး လား''

''မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေအရ ဗုဒ္ဓဘာသာဝင်မဟုတ်သည့် ယောက်ျားသို့မဟုတ် နိုင်ငံခြားသားသည် မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ဦးနှင့် လက်ထပ်ခဲ့လျှင် ပစ္စည်းပိုင်ဆိုင်ခွင့်နှင့် အိမ် ထောင်ရေးကိစ္စများကို မြန်မာ့ဓလေ့ ထုံးတမ်းဥပဒေနှင့်အညီ ဆုံးဖြတ်ရ မည်လို့ ယင်းဥပဒေပုဒ်မ ၂၄ မှာ အတိအလင်းပြဋ္ဌာန်းထားပါတယ်။

ဒါကြောင့် တရားဝင်ကွာရှင်း ခြင်းမရှိသေးဘူးဆိုရင်တော့ တိုက်ခန်းဟာ နှစ်ဦးပူးတွဲပိုင် တိုက်ခန်းအဖြစ် တည်ရှိနေမှာပဲဖြစ်တယ်''

''ရောင်းသူဘက်ကပြောတာတော့ ဇနီးအဖြစ် မသက်ဆိုင်တော့ ကြောင်းနှင့် ဇနီးအဖြစ်မှ စွန့်လွှတ်ကြောင်းကို သတင်းစာထဲမှာ ထည့်သွင်းကြေညာခဲ့တယ်လို့ ပြောပါတယ်။ ဇနီးဖြစ်သူဘက်က အဲဒီကြေညာချက်ကို ပြန်လည်ရှင်းလင်းကြေညာခြင်းမရှိခဲ့ဘူးလို့ ပြောတယ်ဆရာ။

အဲဒီလို ဇနီးသည်ဘက်က ပြန်လည်ရှင်းလင်းကြေညာချက်မရှိရင် မူလကြေညာချက်ကို လက်ခံတဲ့ သဘောသက်ရောက်မသွားဘူးလား ဆရာ''

''ဒီလိုယူဆလို့လည်းရပါတယ်။ တစ်ခါတစ်ရံမှာ တရားရုံးတော်ရှေ့မှာ ကြေညာချက်ကို မဖတ်မိလို့ပါဆိုပြီး ထွက်ဆိုချက်ပေးတာမျိုးလည်း ရှိတတ်တယ်။ မိမိဘက်က သေချာဖို့ တော့ လိုပါတယ်''

''ဆရာပြောချင်တာက သတင်းစာထဲမှာ ကြေညာရုံနဲ့ အလိုအ လျောက်မပြတ်စဲဘူး။ တရားဝင်ကွာရှင်းမှ ပစ္စည်းခန်းမှာ ပိုင်ပိုင်နိုင်နိုင် ဆောင်ရွက်နိုင်မယ်လို့ ပြောတာလား ဆရာ''

''မှန်ပါတယ်။ ဇနီးသည်က နောက်အိမ်ထောင်ပြုသွားတယ်ဆိုလည်း အထောက်အထားခိုင်လုံဖို့လိုပါတယ်။ ဇနီးသည်က နောက်အိမ်ထောင်ပြုသွားရင်တော့ အမွေအားလုံး ရပိုင်ခွင့် ဆုံးရှုံးသွားမှာဖြစ်ပါတယ်''

''ဒါဆိုရင် ဘယ်လိုဆောင်ရွက် ရင် ကောင်းမလဲဆရာ''

''ကန့်ကွက်ကြောင်း ကြေညာချက်ထည့်မယ်။ သည့်နောက်ကန့် ကွက်သူမပေါ်လို့ စွန့်စားဝယ်ရင် တော့ဖြစ်တယ်။ တရားဝင်မကွာရှင်းရသေးလို့ စိုးရိမ်ရင်တော့ မဝယ်နဲ့လို့ ပဲ အကြံပြုချင်ကြောင်း'' ဆွေးနွေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

 

[Zawgyi]

ႏို္င္ငံျခားသားႏွင့္ လက္ထပ္ထားေသာ ျမန္မာဗုဒၵဘာသာ၀င္အမ်ဳိးသမီး၏ အမည္ေပါက္အေဆာက္အအံုကို ၀ယ္မည္ဆိုလွ်င္

မၾကာမီ ရက္ပုိင္းကျဖစ္သည္။ မိတ္ေဆြတစ္ဦး၏ သားျဖစ္သူသည္ စာေရးသူထံ ေရာက္လာပါသည္။

''မဂၤလာပါဆရာ''ဟု စာေရးသူအား ႏႈတ္ခြန္းဆက္ပါသည္။

''မဂၤလာပါ သားရယ္''

ဒါနဲ႔ ေမာင္ရင့္ဖခင္နဲ႔ဆုိ မေတြ႔တာ အေတာ္ၾကာၿပီ။ ေနေကာင္းရဲ႕လား''

''ေနေတာ့ေကာင္းပါတယ္။ ဒါေပမယ့္ ေဝးတဲ့ေနရာေတာ့အျပင္မ ထြက္ျဖစ္ေတာ့ဘူး''

''ေနေကာင္းတယ္သိရလုိ႔ ဝမ္းသာပါတယ္။ ေထြေထြထူးထူးကိစၥရွိ လုိ႔လား''

''ဒီလုိပါဆရာ။ ကြၽန္ေတာ့္အေနနဲ႔ တုိက္ခန္းတစ္ခန္းဝယ္ဖုိ႔ သြားၾကည့္တယ္''

''ဘယ္လုိ အဆင္မေျပလုိ႔လဲ''

''တုိက္ခန္းဝယ္ထားသူ ကုိယ္တုိင္ေရာင္းမွာျဖစ္တယ္ဆုိၿပီး မူလက ေျပာခဲ့တယ္ ဆရာ''

''ဘယ္သူက ေျပာတာလဲ။ ပြဲစားက ေျပာတာလား''

''ဆုိပါေတာ့ ဆရာ၊ ဆက္သြယ္ေပးတဲ့ သူေပါ့''

''ဒါနဲ႔ သြားၾကည့္တယ္ေပါ့။ ေရာင္းသူနဲ႔ ေတြ႔ခဲ့လား''

''ေရာင္းသူက ႏုိင္ငံျခားသားျဖစ္ေနတယ္ ဆရာ''

''ႏုိင္ငံျခားသားပုိင္ တုိက္ခန္းကုိ ဝယ္ခြင့္မရွိဘူးလား''

''ဟုတ္ကဲ့ ဆရာ၊ အခုကိစၥက တုိက္ခန္းကုိ ဇနီးျဖစ္သူအမည္နဲ႔ ဝယ္ထားတာျဖစ္တယ္ဆရာ''

''ဇနီးျဖစ္သူက ျမန္မာမိန္းကေလးျဖစ္ေနမွာေပါ့''

''ဟုတ္ပါတယ္''

''ဒါဆုိလည္း ဇနီးသည္နဲ႔ အေရာင္းအဝယ္စာခ်ဳပ္ ခ်ဳပ္ရင္ရၿပီေလ''

''ဒီေလာက္မလြယ္လုိ႔ ဆရာ''

''ဟင္၊ ဘယ္လုိျဖစ္ျပန္လဲ။ ဇနီးသည္က မရွိေတာ့လုိ႔လား။ ကြယ္လြန္သြားလုိ႔လား''

''ကြယ္လြန္သြားတာေတာ့ မဟုတ္ဘူးဆရာ၊ အိမ္က ဆင္းသြားတာလုိ႔ ေျပာတယ္''

''လင္မယားရန္ျဖစ္ၿပီး ဆင္းသြားတာဆုိေတာ့ ျပန္ေခၚၿပီး အေရာင္းအဝယ္စာခ်ဳပ္ ခ်ဳပ္ဆုိလုိ႔ရတာ ပဲေလ''

''ကြၽန္ေတာ္လည္း ဘယ္ေရာက္သြားလုိ႔လဲ။ သူ႔ဆီအေၾကာင္းၾကားၿပီး ေဆာင္ရြက္ေပးပါလုိ႔ ေျပာပါတယ္ ဆရာ''

''ဒီေတာ့ အဲဒီခင္ပြန္းသည္ ႏုိင္ငံ ျခားသားက ဘာေျပာလဲ''

''ဇနီးျဖစ္သူ အိမ္ကဆင္းသြားတာ တစ္ႏွစ္ခြဲေလာက္ရွိၿပီလုိ႔ ေျပာတယ္။ ေငြစုစာအုပ္ေတြလည္း ယူသြားတယ္။ ေငြစုစာအုပ္ထဲမွာ ေငြ က်ပ္သိန္းႏွစ္ရာခန္႔ရွိတယ္လုိ႔ ေျပာပါတယ္''

''အိမ္တုိက္ခန္းဝယ္တဲ့စာခ်ဳပ္ကို ဇနီးျဖစ္သူက ယူသြားေသးလား''

''က်န္တဲ့ စာရြက္စာတမ္းေတြေတာ့ ယူမသြားဘူး။ တုိက္ခန္းအ ေရာင္းအဝယ္စာခ်ဳပ္လည္း က်န္ခဲ့တယ္ေျပာတယ္''

''ဒီကြဲကြာေနတဲ့ၾကားကာလမွာ တစ္ဦးနဲ႔တစ္ဦး အဆက္အသြယ္မရၾကဘူးလား။ ဇနီးျဖစ္သူက ရန္ကုန္မွာပဲ ရွိေနတာလား''

''ဇနီးျဖစ္သူက ရန္ကုန္က မဟုတ္ဘူးေျပာပါတယ္။ နယ္ဘက္က ဆုိေတာ့ မိဘေတြရွိတဲ့ အညာရပ္ကုိ ျပန္သြားတယ္ေျပာတယ္။ အခုအထိ အဆက္အသြယ္မရဘူး။ အဆက္အ သြယ္လည္း မလုပ္ၾကဘူး ေျပာပါတယ္''

''အဆက္အသြယ္လည္း မလုပ္ၾကဘူး။ ေငြစုစာအုပ္လည္း ယူသြားတယ္။ က်ပ္သိန္း ၂ဝဝ ခန္႔ရွိမယ္ဆုိေတာ့၊ ျပန္လည္ေပါင္းဖုိ႔ေတာ့ စိတ္ ကူးရွိမယ္ မထင္ဘူး''

''အားလုံးက အဲဒီလုိပဲေျပာပါတယ္။ ဒါေပမယ့္ သူတုိ႔ႏွစ္ေယာက္က ဇနီးေမာင္ႏွံလုိ႔ ပတ္ဝန္းက်င္က သိရွိၿပီးျဖစ္တယ္။ တရား႐ုံးမွာလည္း လက္ထပ္စာခ်ဳပ္ ခ်ဳပ္ဆုိလက္မွတ္ ေရးထုိးထားတယ္ဆုိေတာ့ တုိက္ခန္းေရာင္းရာမွာ ကန္႔ကြက္ႏုိင္သလား ဆရာ''

''တရား႐ုံးမွာ လက္ထပ္စာခ်ဳပ္ ျပဳလုပ္ခဲ့တယ္ဆုိေတာ့ လက္ထပ္ စာခ်ဳပ္က်န္ရွိခဲ့သလား''

''ႏုိင္ငံျခားသားေျပာျပတာကေတာ့ ရန္ကုန္ၿမိဳ႕ရဲ႕ ခ႐ုိင္တရား႐ုံးတစ္ခုမွာ လက္ထပ္စာခ်ဳပ္ကို ျပဳလုပ္ခဲ့တယ္လုိ႔ ေျပာပါတယ္။ လက္ထပ္စာခ်ဳပ္ေတာ့ ရွာမေတြ႔ဘူးေျပာတယ္။ ဇနီးသည္ယူသြားတယ္ ထင္တယ္လုိ႔ ေျပာပါတယ္''

''ဥပေဒအရဆုိရင္ေတာ့ ႏုိင္ငံျခားသားတစ္ဦးနဲ႔ ျမန္မာဗုဒၶဘာသာ အမ်ဳိးသမီးတစ္ဦးတုိ႔ လက္ထပ္ထိမ္း ျမားျခင္းကတိစာခ်ဳပ္ကို ခ႐ုိင္တရားသူႀကီးအဆင့္မွ စ၍ အထက္တရား သူႀကီးအဆင့္ရွိ တရားသူႀကီးမ်ားကသာ ေဆာင္ရြက္ေပးခြင့္ရွိမွာျဖစ္ပါတယ္။

ဒါေၾကာင့္ ခ႐ုိင္တရား႐ုံးတစ္ခုမွာ ခ႐ုိင္တရားသူႀကီးရဲ႕ေရွ႕၌ ႏွစ္ ဦးႏွစ္ဖက္လက္မွတ္ေရးထုိးခ်ဳပ္ဆုိၾကမယ္ဆုိရင္ ဥပေဒနဲ႔အညီ တရားဝင္ အၾကင္လင္မယားျဖစ္ေျမာက္သြားမွာျဖစ္တယ္''

''ဒါဆုိရင္ ဇနီးသည္ရဲ႕ သေဘာတူညီခ်က္မရဘဲ တုိက္ခန္းကုိ ေရာင္း ခ်ျခင္းမျပဳႏုိင္ဘူးေပါ့ေနာ္''

''ဥပေဒအရေတာ့ အဲဒီလုိပဲ သတ္မွတ္ရမွာျဖစ္တယ္''

အခုတုိက္ခန္းက ႐ုိး႐ုိးတုိက္ခန္း မဟုတ္ဘူးဆရာ။ ကြန္ဒုိတုိက္ခန္း ျဖစ္ေတာ့ ႏုိင္ငံျခားသားေတြက ေရာင္းပုိင္ခြင့္မရွိဘူးလားဆရာ''

''ပုဂၢလိကပုိင္ေျမေပၚမွာေဆာက္တဲ့ ကြန္ဒုိျဖစ္တဲ့အတြက္ အဲဒီလုိ ကြန္ဒုိတုိက္ခန္းေတြကို ႏုိင္ငံျခားသားမ်ားက ဝယ္ယူခြင့္၊ လႊဲေျပာင္းေရာင္းခ်ခြင့္မရွိပါဘူး။ ဒါေၾကာင့္လည္း မူလဝယ္စဥ္ကပင္ ျမန္မာလူမ်ဳိးျဖစ္တဲ့ ဇနီးျဖစ္သူ အမည္နဲ႔ဝယ္ထားတာျဖစ္တယ္''

''လင္ေယာက်္ားျဖစ္သူက ဇနီးအမည္နဲ႔ ဝယ္ထားတဲ့ပစၥည္းကုိ ျပန္ လည္ေရာင္းခ်ခြင့္မူရွိဘူးလားဆရာ။ လင္ေယာက်္ားရဲ႕ စီးပြားရွာေဖြမႈနဲ႔ ရလားတဲ့ အေဆာက္အအုံျဖစ္လုိ႔ လင္ေယာက်္ားက လုပ္ပုိင္ခြင့္မရွိဘူး လား''

''ျမန္မာဗုဒၶဘာသာဝင္မိန္းမမ်ား အထူးထိမ္းျမားျခင္းဆုိင္ရာ ဥပေဒအရ ဗုဒၶဘာသာဝင္မဟုတ္သည့္ ေယာက်္ားသုိ႔မဟုတ္ ႏုိင္ငံျခားသားသည္ ျမန္မာဗုဒၶဘာသာဝင္ အမ်ဳိးသမီးတစ္ဦးႏွင့္ လက္ထပ္ခဲ့လွ်င္ ပစၥည္းပုိင္ဆုိင္ခြင့္ႏွင့္ အိမ္ ေထာင္ေရးကိစၥမ်ားကုိ ျမန္မာ့ဓေလ့ ထုံးတမ္းဥပေဒႏွင့္အညီ ဆုံးျဖတ္ရ မည္လုိ႔ ယင္းဥပေဒပုဒ္မ ၂၄ မွာ အတိအလင္းျပ႒ာန္းထားပါတယ္။

ဒါေၾကာင့္ တရားဝင္ကြာရွင္း ျခင္းမရွိေသးဘူးဆုိရင္ေတာ့ တုိက္ခန္းဟာ ႏွစ္ဦးပူးတြဲပုိင္ တုိက္ခန္းအျဖစ္ တည္ရွိေနမွာပဲျဖစ္တယ္''

''ေရာင္းသူဘက္ကေျပာတာေတာ့ ဇနီးအျဖစ္ မသက္ဆုိင္ေတာ့ ေၾကာင္းႏွင့္ ဇနီးအျဖစ္မွ စြန္႔လႊတ္ေၾကာင္းကို သတင္းစာထဲမွာ ထည့္သြင္းေၾကညာခဲ့တယ္လုိ႔ ေျပာပါတယ္။ ဇနီးျဖစ္သူဘက္က အဲဒီေၾကညာခ်က္ကုိ ျပန္လည္ရွင္းလင္းေၾကညာျခင္းမရွိခဲ့ဘူးလုိ႔ ေျပာတယ္ဆရာ။

အဲဒီလုိ ဇနီးသည္ဘက္က ျပန္လည္ရွင္းလင္းေၾကညာခ်က္မရွိရင္ မူလေၾကညာခ်က္ကို လက္ခံတဲ့ သေဘာသက္ေရာက္မသြားဘူးလား ဆရာ''

''ဒီလုိယူဆလုိ႔လည္းရပါတယ္။ တစ္ခါတစ္ရံမွာ တရား႐ုံးေတာ္ေရွ႕မွာ ေၾကညာခ်က္ကုိ မဖတ္မိလုိ႔ပါဆုိၿပီး ထြက္ဆုိခ်က္ေပးတာမ်ဳိးလည္း ရွိတတ္တယ္။ မိမိဘက္က ေသခ်ာဖုိ႔ ေတာ့ လုိပါတယ္''

''ဆရာေျပာခ်င္တာက သတင္းစာထဲမွာ ေၾကညာ႐ုံန႔ဲ အလုိအ ေလ်ာက္မျပတ္စဲဘူး။ တရားဝင္ကြာရွင္းမွ ပစၥည္းခန္းမွာ ပုိင္ပုိင္ႏုိင္ႏုိင္ ေဆာင္ရြက္ႏုိင္မယ္လုိ႔ ေျပာတာလား ဆရာ''

''မွန္ပါတယ္။ ဇနီးသည္က ေနာက္အိမ္ေထာင္ျပဳသြားတယ္ဆုိလည္း အေထာက္အထားခုိင္လုံဖုိ႔လုိပါတယ္။ ဇနီးသည္က ေနာက္အိမ္ေထာင္ျပဳသြားရင္ေတာ့ အေမြအားလုံး ရပုိင္ခြင့္ ဆုံး႐ႈံးသြားမွာျဖစ္ပါတယ္''

''ဒါဆုိရင္ ဘယ္လုိေဆာင္ရြက္ ရင္ ေကာင္းမလဲဆရာ''

''ကန္႔ကြက္ေၾကာင္း ေၾကညာခ်က္ထည့္မယ္။ သည့္ေနာက္ကန္႔ ကြက္သူမေပၚလုိ႔ စြန္႔စားဝယ္ရင္ ေတာ့ျဖစ္တယ္။ တရားဝင္မကြာရွင္းရေသးလုိ႔ စုိးရိမ္ရင္ေတာ့ မဝယ္နဲ႔လုိ႔ ပဲ အႀကံျပဳခ်င္ေၾကာင္း'' ေဆြးေႏြးလုိက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: ထီယု (ဥပေဒအတုိင္ပင္ခံ)

ရောင်းရန်ရှိသော အိမ်ခြံမြေများ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်

Upcoming Property Events

area-one-business-complex
pan-swal-taw

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service