တရုတ်နိုင်ငံရွှေလီမြို့တွင် ဝင်ထွက်သွားလာခွင့်များပုံမှန်အတိုင်းပြန်လည် ဖွင့်လှစ် - Property News in Myanmar from iMyanmarHouse.com
1184 Views

တရုတ်နိုင်ငံရွှေလီမြို့တွင် ဝင်ထွက်သွားလာခွင့်များပုံမှန်အတိုင်းပြန်လည် ဖွင့်လှစ်

[Unicode]

တရုတ်နိုင်ငံရွှေလီမြို့မှာရှိသောအကောက်ခွန်ဂိတ်ကို ယနေ့စက်တင်ဘာလ၂၂ရက်နေ့တွင် ပုံမှန်အတိုင်းပြန်လည်ဖွင့်လိုက်ပြီဟု သိရှိရသည်။

"ယနေ့ နံနက်ကရွှေလီဂိတ်ကိုပုံမှန်အတိုင်းပြန်ဖွင့်လိုက်ပါပြီ၊သတ်မှတ်ချက်တွေတော့မရှိပါဘူး၊ရွှေလီဘက်ကကုန်တင်ယာဉ်တွေလည်းဝင်ရောက်လာတယ် ၊မြန်မာဖက်ကလည်းသွားလို့ရပါပြီ''ဟု မူဆယ်နယ်စပ်အသင်း ဥက္ကဌဦးစိုင်းနွံကပြောပါသည်။

ရွှေလီမြို့မှာကိုဗစ်ကူးစက်ခံရသူ ၃ယောက်တွေ့ရှိပြီးသည့်နောက်တွင် စက်တင်ဘာလ ၁၄ ရက်နေ့ကစတင်ပြီး ဆေးရုံနှင့်ဈေးဝယ်စင်တာမှလွဲ၍ဝင်ထွက်သွားလာခွင့်ရပ်ဆိုင်းထားပါသည်။

တရုတ်နိုင်ငံအစိုးရကရွှေလီမှာနေထိုင်သူများအားလုံးတတ်နိုင်သမျှအိမ်မှာပဲနေကြဖို့ညွှန်ကြားထားပြီး စက်တင်ဘာလ ၁၄ ရက်ညပိုင်းကစလို့မြို့ရဲ့ဆက်သွယ်ရေးလမ်းကြောင်းတွေအားလုံးကိုအဝင်အထွက်ပိတ်ဆို့ထားခြင်းဖြစ်ပြီး ၈ ရက်အကြာယနေ့စက်တင်ဘာလ၂၂ ရက်နေ့တွင်ပြန်လည်ဖွင့်လှစ်ပေးထားခြင်းဖြစ်သည်။

COVID-19 ကပ်ရောဂါဒုတိယလှိုင်းကူးစက်မှုကြုံနေရချိန်တွင်မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းနှစ်ခုတွင်ကုန်သွယ်မှုလုပ်ငန်းများ ရပ်ဆိုင်းခဲ့သည်။

ရွှေလီတွင် COVID-19 ကူးစက်ခံရသူနှစ်ဦးတွေ့ရှိပြီးနောက်မြို့ကို Lockdown ချလိုက်သဖြင့် မူဆယ်-ရွှေလီနယ်စပ်ကုန်သွယ်ရေး စက်တင်ဘာ ၁၅ရက်တွင်ရပ်ဆိုင်းခဲ့သည်။

ထို့အပြင် COVID-19 ကူးစက်မှုတားဆီးရေးအတွက်ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ရေးအဖွဲ့ ကချင်းရွှေဟော်ကိုကုန်တင်ယာဉ်များဖြတ်သန်းခွင့်မပြုသဖြင့်ကုန်သွယ်ရေးလုပ်ငန်းများရပ်တန့်ခဲ့သည်။

မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်တွင် ကုန်သွယ်ရေးလမ်းကြောင်းလေးခုဖွင့်လှစ်ထားပြီး ရှမ်းပြည်နယ်မှမူဆယ်၊ချင်းရွှေဟော်နှင့်ကချင်ပြည်နယ်မှ ကန်ပိုက်တီ၊လွယ်ဂျယ်တို့ဖြစ်သည်။

လက်ရှိတွင် ကန်ပိုက်တီနှင့်လွယ်ဂျယ်ကုန်သွယ်ရေးလမ်းကြောင်းများပုံမှန်နီးပါးလုပ်ကိုင်နေသည်။

COVID-19 ကပ်ရောဂါကြောင့်နယ်စပ်ကုန်သွယ်ရေးအခက်အခဲကမြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများသာမကမြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွင်လည်းစတင်ကြုံတွေ့နေရသည်။

တာချီလိတ်-မယ်ဆိုင်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွင်တစ်ရက်လျှင်ကားခြောက်စီးသာနှစ်နိုင်ငံအပြန်အလှန်ခွင့်ပြုခြင်းကြောင့်ကုန်သွယ်မှုတုံ့နှေးခဲ့သည်။

‘‘ကန့်သတ်မှုတွေကတော့ကုန်သွယ်မှုကိုထိခိုက်စေပါတယ်’’ဟုစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူဦးခင်မောင်လွင်ကပြောသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

တ႐ုတ္ႏိုင္ငံေ႐ႊလီၿမိဳ႕တြင္ ဝင္ထြက္သြားလာခြင့္မ်ားပုံမွန္အတိုင္းျပန္လည္ ဖြင့္လွစ္

တ႐ုတ္ႏိုင္ငံေ႐ႊလီၿမိဳ႕မွာ႐ွိေသာအေကာက္ခြန္ဂိတ္ကို ယေန႔စက္တင္ဘာလ၂၂ရက္ေန႔တြင္ ပုံမွန္အတိုင္းျပန္လည္ဖြင့္လိုက္ၿပီဟု သိ႐ွိရသည္။

"ယေန ႔ နံနက္ကေ႐ႊလီဂိတ္ကိုပုံမွန္အတိုင္းျပန္ဖြင့္လိုက္ပါၿပီ၊သတ္မွတ္ခ်က္ေတြေတာ့မ႐ွိပါဘူး၊ေ႐ႊလီဘက္ကကုန္တင္ယာဥ္ေတြလည္းဝင္ေရာက္လာတယ္ ၊ျမန္မာဖက္ကလည္းသြားလို႔ရပါၿပီ''ဟု မူဆယ္နယ္စပ္အသင္း ဥကၠဌဦးစိုင္းႏြံကေျပာပါသည္။

ေ႐ႊလီၿမိဳ႕မွာကိုဗစ္ကူးစက္ခံရသူ ၃ေယာက္ေတြ႕႐ွိၿပီးသည့္ေနာက္တြင္ စက္တင္ဘာလ ၁၄ ရက္ေန႔ကစတင္ၿပီး ေဆး႐ုံႏွင့္ေဈးဝယ္စင္တာမွလြဲ၍ဝင္ထြက္သြားလာခြင့္ရပ္ဆိုင္းထားပါသည္။

တ႐ုတ္ႏိုင္ငံအစိုးရကေ႐ႊလီမွာေနထိုင္သူမ်ားအားလုံးတတ္ႏိုင္သမွ်အိမ္မွာပဲေနၾကဖို႔ၫႊန္ၾကားထားၿပီး စက္တင္ဘာလ ၁၄ ရက္ညပိုင္းကစလို႔ၿမိဳ႕ရဲ႕ဆက္သြယ္ေရးလမ္းေၾကာင္းေတြအားလုံးကိုအဝင္အထြက္ပိတ္ဆို႔ထားျခင္းျဖစ္ၿပီး ၈ ရက္အၾကာယေန ႔စက္တင္ဘာလ၂၂ ရက္ေန႔တြင္ျပန္လည္ဖြင့္လွစ္ေပးထားျခင္းျဖစ္သည္။

COVID-19 ကပ္ေရာဂါဒုတိယလိႈင္းကူးစက္မႈၾကဳံေနရခ်ိန္တြင္ျမန္မာ-တ႐ုတ္နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းႏွစ္ခုတြင္ကုန္သြယ္မႈလုပ္ငန္းမ်ား ရပ္ဆိုင္းခဲ့သည္။

ေ႐ႊလီတြင္ COVID-19 ကူးစက္ခံရသူႏွစ္ဦးေတြ႕႐ွိၿပီးေနာက္ၿမိဳ႕ကို Lockdown ခ်လိုက္သျဖင့္ မူဆယ္-ေ႐ႊလီနယ္စပ္ကုန္သြယ္ေရး စက္တင္ဘာ ၁၅ရက္တြင္ရပ္ဆိုင္းခဲ့သည္။

ထို႔အျပင္ COVID-19 ကူးစက္မႈတားဆီးေရးအတြက္ကိုးကန္႔ ကိုယ္ပိုင္အုပ္ခ်ဳပ္ေရးအဖြဲ႕ ကခ်င္းေ႐ႊေဟာ္ကိုကုန္တင္ယာဥ္မ်ားျဖတ္သန္းခြင့္မျပဳသျဖင့္ကုန္သြယ္ေရးလုပ္ငန္းမ်ားရပ္တန္႔ခဲ့သည္။

ျမန္မာ-တ႐ုတ္ႏွစ္ႏိုင္ငံနယ္စပ္တြင္ ကုန္သြယ္ေရးလမ္းေၾကာင္းေလးခုဖြင့္လွစ္ထားၿပီး ႐ွမ္းျပည္နယ္မွမူဆယ္၊ခ်င္းေ႐ႊေဟာ္ႏွင့္ကခ်င္ျပည္နယ္မွ ကန္ပိုက္တီ၊လြယ္ဂ်ယ္တို႔ျဖစ္သည္။

လက္႐ွိတြင္ ကန္ပိုက္တီႏွင့္လြယ္ဂ်ယ္ကုန္သြယ္ေရးလမ္းေၾကာင္းမ်ားပုံမွန္နီးပါးလုပ္ကိုင္ေနသည္။

COVID-19 ကပ္ေရာဂါေၾကာင့္နယ္စပ္ကုန္သြယ္ေရးအခက္အခဲကျမန္မာ-တ႐ုတ္နယ္စပ္ကုန္သြယ္ေရးလုပ္ငန္းမ်ားသာမကျမန္မာ-ထိုင္းနယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းတြင္လည္းစတင္ၾကဳံေတြ႕ေနရသည္။

တာခ်ီလိတ္-မယ္ဆိုင္နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းတြင္တစ္ရက္လွ်င္ကားေျခာက္စီးသာႏွစ္ႏိုင္ငံအျပန္အလွန္ခြင့္ျပဳျခင္းေၾကာင့္ကုန္သြယ္မႈတုံ႔ေႏွးခဲ့သည္။

‘‘ကန္႔သတ္မႈေတြကေတာ့ကုန္သြယ္မႈကိုထိခိုက္ေစပါတယ္’’ဟုစီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္႐ွိသူဦးခင္ေမာင္လြင္ကေျပာသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

ေနး႐ွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ

Upcoming Property Events

area-one-business-complex
taunggyi-garden-city

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service