Stay Home ကာလအလွန် ရန်ကုန်အိမ်ခြံမြေပြန်လည်ကောင်းမွန်လာနိုင် - Property News in Myanmar from iMyanmarHouse.com
916 Views

Stay Home ကာလအလွန် ရန်ကုန်အိမ်ခြံမြေပြန်လည်ကောင်းမွန်လာနိုင်

[Unicode]

Stay Home ကာလအလွန် ရန်ကုန်အိမ်ခြံမြေပြန်လည်ကောင်းမွန်လာနိုင်သတ်မှတ်ထားတဲ့ stay home ကာလအပြီးအောက်တိုဘာလထဲမှာ ရန်ကုန်အိမ်ခြံမြေဈေးကွက်ပြန်လည်ကောင်းမွန်လာနိုင်တယ်လို့ အိမ်ခြံမြေအကျိူးဆောင်တွေကပြောပါတယ်။

လက်ရှိမှာ covid-19 ကာလဖြစ်နေတဲ့အပြင် ဝါတွင်းကာလဖြစ်နေတာကြောင့်အိမ်ရောင်းဝယ်တာအိမ်ပြောင်းရွှေ့တာအိမ်ဌားတာတွေအလွန်းနည်းပါးနေတာဖြစ်ပါတယ်။

အောက်တိုဘာလထဲမှာ အိမ်ခြံမြေဈေးကွက်ငွေဖော်ဖို့ပြန်လည်ရောင်းချသူတွေဈေးကွက်ထဲများပြားလာနိုင်တယ်လို့ အိမ်ခြံမြေလုပ်ငန်းရှင် ဦးမင်းဦးကသုံးသပ်ပါတယ်။

"လတ်တလောအရောင်းအဝယ်နည်းတာမှန်ပေမယ့် ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့က အိမ်ခြံမြေဖြစ်တာကြောင့်ဈေးကွက်ကပန်းပန်နေဦးမှာပဲ အခုကာလမှာအလုပ်မဖြစ်နိုင်ပေမယ့်အောက်တိုဘာထဲအရောင်းအဝယ်တွေပြန်ဖြစ်လာဖို့အလားအလာအများကြီးရှိတယ် "လို့၎င်းကဆိုပါတယ်။

"အိမ်ခြံမြေဈေးကွက်နဲ့ပတ်သတ်ရင်အငှါးဈေးကွက်ကတော်တော်လေးကိုငြိမ်သွားပြီ အိမ်ခြံမြေဈေးကွက်နဲ့ပတ်သတ်ပြီးတော့ကာ ၈၅ ရာခိုင်နှုန်း ၉၀ရာခိုင်နှုန်းကလုပ်ငန်းတော်တော်လေးကိုဆိုင်းသွားတဲ့သဘောဖြစ်သွားတယ်။

ဘယ်သူမှလည်းအပြင်မထွက်တော့ဘူးဈေးကွက်မှာလည်းအသွားအလာသိပ်မရှိကြတော့ဘူး ခုနကပြောတဲ့တယ်လီဖုန်းနဲ့ online နဲ့ဈေးစကားပြောတာနဲ့ညှိနှိုင်းတာနဲ့အဲ့လောက်ပဲပေါ့နေရာမေးတာလောက်ပဲရှိတော့တာပေါ့ ဒါလက်ရှိဒုတိယလှိုင်းရဲ့စတင်ပြီးကာလမှာအိမ်ခြံမြေဈေးကွက်ရဲ့လက်ရှိပကတိအနေထားပါပဲ"

stay at home ထုတ်ပြန်ထားတာမို့ရပ်ကွက်နဲ့လမ်းတွေထဲလူစိမ်းပေးမဝင်ခြင်း၊အိမ်ပြောင်းရွှေ့ဖို့ခက်ခဲခြင်းတွေကအိမ်ငှားဝန်ဆောင်မှုတွေကြပ်တည်းလာပြီးအရောင်းအဝယ်လည်းလေးသွားတယ်လို့ဦးသန်းဦးကပြောပြထားပါတယ်။

ကပ်ရောဂါကာလအတွင်းဈေးနှိမ်ဝယ်လိုသူနှင့်ဈေးလျှော့ရောင်းရန်လက်တွန့်သူတို့အကြားအရောင်းအဝယ်အေးနေခဲ့သောအိမ်ခြံမြေဈေးကွက်အတွက်ထိုးနှက်ချက်တစ်ခုထပ်မံဖြစ်ပေါ်လာသည်။

အိမ်ခြံမြေဈေးကွက်၏အဓိကတွန်းအားတစ်ခုဖြစ်သော အခွန်သက်သာခွင့်ကစက်တင်ဘာ ၃၀ရက်တွင်ကုန်ဆုံးတော့မည်ဖြစ်ပြီးနောက်ထပ်သက်သာခွင့်ကိုပြည်ထောင်စုလွှတ်တော်သို့တင်သွင်းသည့်ဥပဒေကြမ်းတွင်မပါဝင်သဖြင့် ယင်းကလည်းဈေးကွက်ကိုသက်ရောက်မှုရှိခဲ့တာပါ။

ဒါ့အပြင်နိုင်ငံခြားသားတွေကိုကွန်ဒိုရောင်းချခွင့်ပေးမဲ့ကွန်ဒိုမီနီယံစုပေါင်းပိုင်ဥပဒေအပါအဝင်အခြားတိုက်ခန်းဆိုင်ရာဥပဒေတွေမပြီးသတ်သေးတာကြောင့်ဈေးကွက်မှာနည်းပါးခဲ့တာပါ။

အိမ်အရောင်းဈေးကွက်က ကိုဗစ်အလွန်မှာပုံမှန်အတိုင်းရှိနိုင်ပေမယ့်အဌားဈေးကွက်ကတော့အလုပ်ဖြစ်နေဦးမှာလို့ အိမ်ခြံမြေအကျိူးဆောင်တွေက ဆိုပါတယ်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

Stay Home ကာလအလြန္ ရန္ကုန္အိမ္ျခံေျမျပန္လည္ေကာင္းမြန္လာႏိုင္

Stay Home ကာလအလြန္ ရန္ကုန္အိမ္ျခံေျမျပန္လည္ေကာင္းမြန္လာႏိုင္သတ္မွတ္ထားတဲ့ stay home ကာလအၿပီးေအာက္တိုဘာလထဲမွာ ရန္ကုန္အိမ္ျခံေျမေစ်းကြက္ျပန္လည္ေကာင္းမြန္လာႏိုင္တယ္လို႔ အိမ္ျခံေျမအက်ိဴးေဆာင္ေတြကေျပာပါတယ္။

လက္႐ွိမွာ covid-19 ကာလျဖစ္ေနတဲ့အျပင္ ဝါတြင္းကာလျဖစ္ေနတာေၾကာင့္အိမ္ေရာင္းဝယ္တာအိမ္ေျပာင္းေ႐ႊ႕တာအိမ္ဌားတာေတြအလြန္းနည္းပါးေနတာျဖစ္ပါတယ္။

ေအာက္တိုဘာလထဲမွာ အိမ္ျခံေျမေစ်းကြက္ေငြေဖာ္ဖို႔ျပန္လည္ေရာင္းခ်သူေတြေစ်းကြက္ထဲမ်ားျပားလာႏိုင္တယ္လို႔ အိမ္ျခံေျမလုပ္ငန္း႐ွင္ ဦးမင္းဦးကသုံးသပ္ပါတယ္။

"လတ္တေလာအေရာင္းအဝယ္နည္းတာမွန္ေပမယ့္ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ဖို႔က အိမ္ျခံေျမျဖစ္တာေၾကာင့္ေစ်းကြက္ကပန္းပန္ေနဦးမွာပဲ အခုကာလမွာအလုပ္မျဖစ္ႏိုင္ေပမယ့္ေအာက္တိုဘာထဲအေရာင္းအဝယ္ေတြျပန္ျဖစ္လာဖို႔အလားအလာအမ်ားႀကီး႐ွိတယ္ "လို ႔၎ကဆိုပါတယ္။

"အိမ္ျခံေျမေဈးကြက္နဲ႔ပတ္သတ္ရင္အငွါးေဈးကြက္ကေတာ္ေတာ္ေလးကိုၿငိမ္သြားၿပီ အိမ္ျခံေျမေဈးကြက္နဲ႔ပတ္သတ္ၿပီးေတာ့ကာ ၈၅ ရာခိုင္ႏႈန္း ၉၀ရာခိုင္ႏႈန္းကလုပ္ငန္းေတာ္ေတာ္ေလးကိုဆိုင္းသြားတဲ့သေဘာျဖစ္သြားတယ္။

ဘယ္သူမွလည္းအျပင္မထြက္ေတာ့ဘူးေဈးကြက္မွာလည္းအသြားအလာသိပ္မ႐ွိၾကေတာ့ဘူး ခုနကေျပာတဲ့တယ္လီဖုန္းနဲ႔ online နဲ႔ေဈးစကားေျပာတာနဲ႔ညႇိႏိႈင္းတာနဲ႔အဲ့ေလာက္ပဲေပါ့ေနရာေမးတာေလာက္ပဲ႐ွိေတာ့တာေပါ့ ဒါလက္႐ွိဒုတိယလိႈင္းရဲ႕စတင္ၿပီးကာလမွာအိမ္ျခံေျမေဈးကြက္ရဲ႕လက္႐ွိပကတိအေနထားပါပဲ"

stay at home ထုတ္ျပန္ထားတာမို႔ရပ္ကြက္နဲ႔လမ္းေတြထဲလူစိမ္းေပးမဝင္ျခင္း၊အိမ္ေျပာင္းေ႐ႊ႕ဖို႔ခက္ခဲျခင္းေတြကအိမ္ငွားဝန္ေဆာင္မႈေတြၾကပ္တည္းလာၿပီးအေရာင္းအဝယ္လည္းေလးသြားတယ္လို႔ဦးသန္းဦးကေျပာျပထားပါတယ္။

ကပ္ေရာဂါကာလအတြင္းေဈးႏွိမ္ဝယ္လိုသူႏွင့္ေဈးေလွ်ာ့ေရာင္းရန္လက္တြန္႔သူတို႔အၾကားအေရာင္းအဝယ္ေအးေနခဲ့ေသာအိမ္ျခံေျမေဈးကြက္အတြက္ထိုးႏွက္ခ်က္တစ္ခုထပ္မံျဖစ္ေပၚလာသည္။

အိမ္ျခံေျမေဈးကြက္၏အဓိကတြန္းအားတစ္ခုျဖစ္ေသာ အခြန္သက္သာခြင့္ကစက္တင္ဘာ ၃၀ရက္တြင္ကုန္ဆုံးေတာ့မည္ျဖစ္ၿပီးေနာက္ထပ္သက္သာခြင့္ကိုျပည္ေထာင္စုလႊတ္ေတာ္သို႔တင္သြင္းသည့္ဥပေဒၾကမ္းတြင္မပါဝင္သျဖင့္ ယင္းကလည္းေစ်းကြက္ကိုသက္ေရာက္မႈ႐ွိခဲ့တာပါ။

ဒါ့အျပင္ႏိုင္ငံျခားသားေတြကိုကြန္ဒိုေရာင္းခ်ခြင့္ေပးမဲ့ကြန္ဒိုမီနီယံစုေပါင္းပိုင္ဥပေဒအပါအဝင္အျခားတိုက္ခန္းဆိုင္ရာဥပေဒေတြမၿပီးသတ္ေသးတာေၾကာင့္ေစ်းကြက္မွာနည္းပါးခဲ့တာပါ။

အိမ္အေရာင္းေစ်းကြက္က ကိုဗစ္အလြန္မွာပုံမွန္အတိုင္း႐ွိႏိုင္ေပမယ့္အဌားေစ်းကြက္ကေတာ့အလုပ္ျဖစ္ေနဦးမွာလို႔ အိမ္ျခံေျမအက်ိဴးေဆာင္ေတြက ဆိုပါတယ္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

ေနး႐ွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ

Upcoming Property Events

thukha-garden-residence
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service