အိမ်ခြံမြေဝယ်ယူလိုသူများ သတိပြုစရာ ယုံလွယ်လျှင် အမှားဖြစ်တတ်သည့် အိမ်မြေဝယ်ယူခြင်း - Property Knowledge in Myanmar from iMyanmarHouse.com
6903 Views

အိမ်ခြံမြေဝယ်ယူလိုသူများ သတိပြုစရာ ယုံလွယ်လျှင် အမှားဖြစ်တတ်သည့် အိမ်မြေဝယ်ယူခြင်း

Knowledge | Posted by Aye Myat Thu

[Unicode]

''အိမ်ဆောက်နေလာတာ ၁ဝ နှစ်ခန့်ရှိမှ သူ့မြေပါဆိုပြီး ဖယ်ပေးဖို့ နို့တစ်ပို့့တယ်ဆရာ၊ အဲဒါ ဘာဖြစ် လာနိုင်ပါသလဲ''ဟု မိတ်ဆွေတစ်ဦးက စာရေးသူထံ လာရောက်တိုင်ပင်ဆွေးနွေးလာပါသည်။

''အကြောင်းကြားစာအရတော့ သူ့အမည်ပေါက် ပါမစ်မြေလို့ဆိုထားပါလား''

''ဟုတ်တယ်ဆရာ''

''ခင်ဗျားတို့ ဝယ်စဉ်က စာရွက်စာတမ်းတွေ သေချာမစိစစ်ခဲ့ဘူးနဲ့ တူတယ်''

''တကယ်တော့ ကျွန်တော်တို့ကလည်း တစ်ဆင့်ဝယ်တဲ့ အိမ်ဖြစ်တယ်''

''ကဲ-ဖြစ်စဉ်လေး ပြောပြပါဦး''

''ကျွန်တော်ဝယ်စဉ်က ခြံစည်း ရိုးက တစ်ခြမ်းပဲ ကာရံထားတယ်။ ဒါပေမယ့် အိမ်သေးသေးတစ်လုံးရှိ တယ်။ မီးရှိတယ်။ ရေကတော့ လက် တုန်ကင်လုပ်ပေးထားတယ်။ ဒါနဲ့ အဆင်ပြေတယ်ဆိုပြီး ဝယ်ဖြစ်သွားတာပဲ''

''ဘေးပတ်ဝန်းကျင်မှာ အိမ်တွေရှိသလား''

''ညာဘက်ခြမ်းမှာတော့ အိမ်ရှိတယ်။ လူတွေလည်းနေကြတယ်။ ဘယ်ဘက်ခြမ်းမှာတော့ မြေကွက်လပ်အနေနဲ့ရှိတယ်။ အခုတော့ အိမ် တွေနဲ့ စည်ကားနေပါပြီ''

''အခုမှလာပြီး သူ့မြေကွက်ပါ။ ဖယ်ပေးပါဆိုပြီး နို့တစ်ပေးတာမ ဟုတ်လား။ ဒါကလည်း မကြာမကြာ ဖြစ်တတ်တဲ့ ပြဿနာတစ်ခုပဲ''

''အိမ်ဆောက်တုန်းကလည်း ဘယ်သူမှ မကန့်ကွက်ခဲ့ဘဲနဲ့ အခုမှ လာပြီးသူ့မြေပါဆိုလို့ ဥပဒေကခွင့်ပြုပါသလား''

''လောလောဆယ် စိတ်ကို တည် တည်ငြိမ်ငြိမ်ထားပြီး ကျွန်တော်မေး တာလေးဖြေပေးပါ''ဟု စာရေးသူက မိတ်ဆွေဖြစ်သူကို အေးဆေးစွာပြောလိုက်ပါသည်။

''ရုတ်တရက် စာရောက်လာတော့ စိတ်ထဲမှာ အတော်ရှုပ်သွားတယ်''

''မှန်ပါတယ်။ ကျွန်တော် ခံစား မိပါတယ်။ အခုဝယ်ထားတဲ့ မြေနဲ့ ပတ်သက်ပြီး ဘာစာရွက်စာတမ်း အထောက်အထားရှိပါသလဲ။ မြေဂရန် စာချုပ်ရှိသလား''

''ဂရန်တော့ မလျှောက်ရသေး ဘူးဗျာ။ သူတို့က ဒီမြေချပါမစ်ပြ တယ်။ ပြီးတော့ သူတို့ အဆင့်ဆင့် လက်လွှဲဝယ်ထားတဲ့ စာချုပ်နှစ်ခုပေး တယ်''ဟုဆိုပြီး စာရေးသူအား အရပ်စာချုပ်နှစ်ခုကို ပြသပါသည်။

''ဒီအရပ်စာချုပ်တွေကတော့ အထောက်အထားတစ်ခုအဖြစ် တင် ပြနိုင်တာပေါ့လေ။ အဓိကအချက်က အဲဒီမြေကွက်ရဲ့ ပါမစ်စာချုပ်ပါတယ် မဟုတ်လား။ သူငယ်ချင်းပြတဲ့ အခုဒီပါမစ်စာချုပ်က မိသားစုဓာတ်ပုံလည်း မပါလာပါလား''

''ဟုတ်တယ်။ ကိုယ်ဝယ်စဉ်က အမည်ပေါက် တိုက်ရိုက်မဟုတ်တော့ သူပေးတာပဲယူထားလိုက်တာ''

''အင်း-လွယ်လွယ်ကူကူလုပ် တော့လည်း အမှားပါတတ်တယ် သူ ငယ်ချင်း။ ကိုယ့်အမြင်တော့ ဒီပါမစ်စာချုပ်က အတုဖြစ်မယ်ထင်တယ်။ မြေစာရင်းဌာနကို သွားမစုံစမ်းဘူးလား''

''အခုသွားစုံစမ်းတော့ နို့တစ် ပေးတဲ့ သူရဲ့ အမည်ပေါက်လို့ သိရတယ်။ ဒါကြောင့် အတော်ထိတ်လန့် သွားတာသူငယ်ချင်း''

''မိမိထံရောင်းသွားတဲ့ သူကိုဆက်သွယ်လို့ရသေးလား''

''၉ နှစ် ၁ဝ နှစ်လောက်ရှိပြီဆို တော့ လိပ်စာလည်း မသိတော့ဘူး။ ရောင်းစဉ်က အခုအိမ်လိပ်စာနဲ့ ရောင်းသွားတာဆိုတော့ ဘယ်ဆက် သွယ်ရမှန်းမသိတော့ဘူး''

''ဟုတ်ပြီလေ၊ ဥပဒေအရ ကျွန် တော်တို့ စဉ်းစားကြည့်တာပေါ့။ ပြီး တာတွေတော့ ပြီးခဲ့ပြီ။ အိမ်လည်း ဆောက်နေခဲ့ပြီ။ ဒီတော့ လက်ဝယ် ရှိနေပြီဆိုတဲ့အတွက် နည်းနည်းတော့အခွင့်အရေးရှိပါသေးတယ်''

''အချို့ကပြောတော့ ကျွန်တော် တို့က မူလပိုင်ရှင်ရှိမှန်းမသိလို့ ဝယ် မိတာဆိုရင် ဆင်းပေးရန် တာဝန်မရှိဘူးဆိုတာ ဟုတ်ပါသလား''

''အိမ်ကတော့ ကိုယ်ပိုင်ငွေနဲ့ ဆောက်ထားတဲ့အတွက် မိမိပိုင်အိမ် လို့ ပြောပိုင်ခွင့်ရှိပေမယ့် မြေက ပိုင် ရှင်အစစ်ထံက ဝယ်ယူခဲ့ခြင်းမဟုတ် လို့ ပိုင်ဆိုင်ခွင့်ရမှာမဟုတ်ဘူး''

''တကယ်လို့ တရားစွဲဆိုလာရင် ဖယ်ပေးရမှာလား''

''ဒါနဲ့ ပတ်သက်လို့ ရှင်းအောင် ပြောရရင် တရားရုံးချုပ်က ဆုံးဖြတ် ထားတဲ့ ဒေါ်ခင်လှမူနှင့် ဒေါ်စိန်စိန် ၂ဝဝ၃ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင် ထုံး စာမျက်နှာ -၁ဝ၅ အမှုမှာ ပိုင် ရှင်လက်ရှိ ဝင်ရောက်နေထိုင်ခြင်းမရှိ သေးမီ အခြားသူဝင်ရောက်၍ အိမ် ဆောက်နေထိုင်ခြင်းသည် ကျူးကျော် နေထိုင်ခြင်းဖြစ်သည်။ မြေပိုင်ရှင်က မြေကွက်ကို စွန့်လွှတ်သည်ဟု မဆို နိုင်ကြောင်း ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့် မြေကွက်ပိုင်ရှင်က အဆို ပါ မြေကွက်ကို စွန့်လွှတ်ထားကြောင်း အထောက်အထားပြဖို့ လိုအပ်မှာ ဖြစ်ပါတယ်''

''အိမ်က ဆောက်လုပ်ထားတဲ့ အတွက် အမှုရှုံးရင် အိမ်တန်ဖိုးရနိုင် ပါသလား''

''ဒါကတော့ တရားရုံးရဲ့ ဆုံး ဖြတ်ချက်ပေါ်မှာ မူတည်မှာဖြစ်ပါ တယ်။ အမှုဖြစ်စဉ်က မတူညီတဲ့အ တွက် တစ်ထစ်ချတော့ မပြောနိုင်ဘူး သူငယ်ချင်း၊ ဒါပေမယ့် သူငယ်ချင်း ကို ရောင်းလိုက်တဲ့ သူအပေါ်မှာတော့ လျော်ကြေးတောင်းပိုင်ခွင့်ရှိမှာဖြစ်ပါ တယ်''

''သူက လိပ်စာရှာမတွေ့ဖြစ်နေတော့ အဆင်မပြေဘူး''

''ဒါကတော့ ကြိုးစားရှာရမယ်။ မဖြစ်ရင် တရားစွဲဆိုရမယ် သူငယ်ချင်း''

''မဖြစ်တော့ဘူးဆိုရင်တော့ ပွဲစားလုပ်ပေးတဲ့ သူကတစ်ဆင့်ရှာရမှာပဲ''

''သူငယ်ချင်းရဲ့ အရောင်းအ ဝယ် ကတိစာချုပ်မှာ အရှုပ်အရှင်း ပြဿနာတစ်စုံတစ်ခုရှိလျှင် ပြေလည်သည်အထိ ဆောင်ရွက်ပေးပါမည်။ ပြေလည်ခြင်းမရှိပါက ဝယ်သူကို နစ်နာမှုမရှိစေရန် ပေးလျော်မည်လို့ ဖော်ပြထားတဲ့အတွက် တရားစွဲဆို တောင်းပိုင်ခွင့်ရှိပါတယ်''

''အခုကိစ္စက အရောင်းအဝယ် ထပ်တဲ့ သဘောမဟုတ်ဘူးလား''

''အရောင်းအဝယ်ထပ်တယ်ဆို တာက ပစ္စည်းပိုင်ရှင်က ၎င်းပိုင်မြေ နဲ့ အိမ်တို့ကို တစ်ဦးထံ ရောင်းချ လိုက်မယ်။ ဝယ်သူက ဝင်မနေဘဲ ကာလအကြာမှာ အိမ်မြေပိုင်ရှင်က အခြားတစ်ဦးကို ထပ်ရောင်းတာမျိုး ဖြစ်တယ်''

''ပိုင်ရှင်တစ်ဦးတည်းက နှစ်ခါ ရောင်းတဲ့ သဘောပေါ့''

''ဟုတ်ပါတယ်။ ဒီလိုကိစ္စမျိုးမှာ လည်း လက်မဲ့ဖြစ်သူက ရောင်းသူ အပေါ် ဝယ်ဈေးအပြင်နစ်နာကြေးပါ ရထိုက်တယ်လို့ တရားရုံးချုပ်က ဆုံး ဖြတ်ထားတဲ့ ဦးအဘူနှင့် ဒေါ်ကမာလ် ဇံပါ (၄)၊ ၁၉၉၄ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံးစာမျက်နှာ - ၁၁၈ အမှုမှာဆုံးဖြတ်ထားပါတယ်။ ဒါ ကြောင့် ဥပဒေနဲ့အညီ နစ်နာကြေး ရပိုင်ခွင့်ရှိပါတယ်''

''ယုံလွယ်ရင် အမှားဖြစ်တတ် တယ်ဆိုတာ သဘောပေါက်သွားပြီ။ အမှန်တော့ ဝယ်စဉ်ကတည်းက စာရွက်စာတမ်း မှန်မမှန်သေချာလေ့လာရမှာ''

''မှန်ပါတယ်။ အိမ် ခြံ မြေဆို တာက အမျိုးမျိုးရှိတယ်။ ဥယျာဉ်ခြံ မြေ၊ ပါမစ်မြေ၊ ဂရန်မြေ၊ လယ်ယာ မြေ စသဖြင့် ရှုပ်ထွေးတယ်။ ဒီအ ပေါ်မှာ အခွင့်အရေးယူပြီး အမြတ်ထုတ်တဲ့ သူတွေလည်း ရှိကြတယ်။ ဒါကြောင့် ဘယ်သူမဆို အိမ်မြေဝယ်မယ်ဆိုရင် နားလည်တတ်ကျွမ်းသူ တွေနဲ့ သေချာလေ့လာစုံစမ်းပြီးမှ ဝယ်သင့်တယ် သူငယ်ချင်း''ဟု ဆွေးနွေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ထီယု (ဥပဒေ အတိုင်ပင်ခံ)

 

[Zawgyi]

အိမ္ၿခံေျမ၀ယ္ယူလိုသူမ်ား သတိျပဳစရာ ယံုလြယ္လွ်င္ အမွားျဖစ္တတ္သည့္ အိမ္ေျမ၀ယ္ယူျခင္း

''အိမ္ေဆာက္ေနလာတာ ၁ဝ ႏွစ္ခန္႔ရွိမွ သူ႔ေျမပါဆုိၿပီး ဖယ္ေပးဖုိ႔ ႏုိ႔တစ္ပု႔ိ႔တယ္ဆရာ၊ အဲဒါ ဘာျဖစ္ လာႏုိင္ပါသလဲ''ဟု မိတ္ေဆြတစ္ဦး က စာေရးသူထံ လာေရာက္တုိင္ပင္ေဆြးေႏြးလာပါသည္။

''အေၾကာင္းၾကားစာအရေတာ့ သူ႔အမည္ေပါက္ ပါမစ္ေျမလုိ႔ဆုိထားပါလား''

''ဟုတ္တယ္ဆရာ''

''ခင္ဗ်ားတုိ႔ ဝယ္စဥ္က စာရြက္စာတမ္းေတြ ေသခ်ာမစိစစ္ခဲ့ဘူးနဲ႔တူတယ္''

''တကယ္ေတာ့ ကြၽန္ေတာ္တုိ႔ကလည္း တစ္ဆင့္ဝယ္တဲ့ အိမ္ျဖစ္တယ္''

''ကဲ-ျဖစ္စဥ္ေလး ေျပာျပပါဦး''

''ကြၽန္ေတာ္ဝယ္စဥ္က ၿခံစည္း ႐ုိးက တစ္ျခမ္းပဲ ကာရံထားတယ္။ ဒါေပမယ့္ အိမ္ေသးေသးတစ္လုံးရွိ တယ္။ မီးရွိတယ္။ ေရကေတာ့ လက္ တုန္ကင္လုပ္ေပးထားတယ္။ ဒါနဲ႔ အဆင္ေျပတယ္ဆိုၿပီး ဝယ္ျဖစ္သြားတာပဲ''

''ေဘးပတ္ဝန္းက်င္မွာ အိမ္ေတြရွိသလား''

''ညာဘက္ျခမ္းမွာေတာ့ အိမ္ရွိတယ္။ လူေတြလည္းေနၾကတယ္။ ဘယ္ဘက္ျခမ္းမွာေတာ့ ေျမကြက္လပ္အေနနဲ႔ရွိတယ္။ အခုေတာ့ အိမ္ ေတြနဲ႔ စည္ကားေနပါၿပီ''

''အခုမွလာၿပီး သူ႔ေျမကြက္ပါ။ ဖယ္ေပးပါဆုိၿပီး ႏုိ႔တစ္ေပးတာမ ဟုတ္လား။ ဒါကလည္း မၾကာမၾကာ ျဖစ္တတ္တဲ့ ျပႆနာတစ္ခုပဲ''

''အိမ္ေဆာက္တုန္းကလည္း ဘယ္သူမွ မကန္႔ကြက္ခဲ့ဘဲနဲ႔ အခုမွ လာၿပီးသူ႔ေျမပါဆုိလုိ႔ ဥပေဒကခြင့္ျပဳပါသလား''

''ေလာေလာဆယ္ စိတ္ကို တည္ တည္ၿငိမ္ၿငိမ္ထားၿပီး ကြၽန္ေတာ္ေမး တာေလးေျဖေပးပါ''ဟု စာေရးသူက မိတ္ေဆြျဖစ္သူကို ေအးေဆးစြာေျပာလုိက္ပါသည္။

''႐ုတ္တရက္ စာေရာက္လာေတာ့ စိတ္ထဲမွာ အေတာ္႐ႈပ္သြားတယ္''

''မွန္ပါတယ္။ ကြၽန္ေတာ္ ခံစားမိပါတယ္။ အခုဝယ္ထားတဲ့ ေျမနဲ႔ ပတ္သက္ၿပီး ဘာစာရြက္စာတမ္း အေထာက္အထားရွိပါသလဲ။ ေျမဂရန္စာခ်ဳပ္ရွိသလား''

''ဂရန္ေတာ့ မေလွ်ာက္ရေသးဘူးဗ်ာ။ သူတုိ႔က ဒီေျမခ်ပါမစ္ျပတယ္။ ၿပီးေတာ့ သူတုိ႔ အဆင့္ဆင့္ လက္လႊဲဝယ္ထားတဲ့ စာခ်ဳပ္ႏွစ္ခုေပးတယ္''ဟုဆုိၿပီး စာေရးသူအား အရပ္စာခ်ဳပ္ႏွစ္ခုကို ျပသပါသည္။

''ဒီအရပ္စာခ်ဳပ္ေတြကေတာ့ အေထာက္အထားတစ္ခုအျဖစ္ တင္ ျပႏုိင္တာေပါ့ေလ။ အဓိကအခ်က္က အဲဒီေျမကြက္ရဲ႕ ပါမစ္စာခ်ဳပ္ပါတယ္ မဟုတ္လား။ သူငယ္ခ်င္းျပတဲ့ အခုဒီပါမစ္စာခ်ဳပ္က မိသားစုဓာတ္ပုံလည္း မပါလာပါလား''

''ဟုတ္တယ္။ ကုိယ္ဝယ္စဥ္က အမည္ေပါက္ တုိက္႐ုိက္မဟုတ္ေတာ့ သူေပးတာပဲယူထားလုိက္တာ''

''အင္း-လြယ္လြယ္ကူကူလုပ္ ေတာ့လည္း အမွားပါတတ္တယ္ သူ ငယ္ခ်င္း။ ကုိယ့္အျမင္ေတာ့ ဒီပါမစ္စာခ်ဳပ္က အတုျဖစ္မယ္ထင္တယ္။ ေျမစာရင္းဌာနကုိ သြားမစုံစမ္းဘူးလား''

''အခုသြားစုံစမ္းေတာ့ ႏုိ႔တစ္ေပးတဲ့ သူရဲ႕ အမည္ေပါက္လုိ႔ သိရတယ္။ ဒါေၾကာင့္ အေတာ္ထိတ္လန္႔ သြားတာ သူငယ္ခ်င္း''

''မိမိထံေရာင္းသြားတဲ့ သူကိုဆက္သြယ္လုိ႔ရေသးလား''

''၉ ႏွစ္ ၁ဝ ႏွစ္ေလာက္ရွိၿပီဆုိ ေတာ့ လိပ္စာလည္း မသိေတာ့ဘူး။ ေရာင္းစဥ္က အခုအိမ္လိပ္စာနဲ႔ ေရာင္းသြားတာဆုိေတာ့ ဘယ္ဆက္ သြယ္ရမွန္းမသိေတာ့ဘူး''

''ဟုတ္ၿပီေလ၊ ဥပေဒအရ ကြၽန္ ေတာ္တုိ႔ စဥ္းစားၾကည့္တာေပါ့။ ၿပီးတာေတြေတာ့ ၿပီးခဲ့ၿပီ။ အိမ္လည္း ေဆာက္ေနခဲ့ၿပီ။ ဒီေတာ့ လက္ဝယ္ရွိေနၿပီဆုိတဲ့အတြက္ နည္းနည္းေတာ့အခြင့္အေရးရွိပါေသးတယ္''

''အခ်ဳိ႕ကေျပာေတာ့ ကြၽန္ေတာ္ တုိ႔က မူလပုိင္ရွင္ရွိမွန္းမသိလုိ႔ ဝယ္ မိတာဆုိရင္ ဆင္းေပးရန္ တာဝန္မရွိဘူးဆုိတာ ဟုတ္ပါသလား''

''အိမ္ကေတာ့ ကုိယ္ပုိင္ေငြနဲ႔ ေဆာက္ထားတဲ့အတြက္ မိမိပုိင္အိမ္ လုိ႔ ေျပာပုိင္ခြင့္ရွိေပမယ့္ ေျမက ပုိင္ ရွင္အစစ္ထံက ဝယ္ယူခဲ့ျခင္းမဟုတ္ လုိ႔ ပုိင္ဆုိင္ခြင့္ရမွာမဟုတ္ဘူး''

''တကယ္လုိ႔ တရားစြဲဆုိလာရင္ ဖယ္ေပးရမွာလား''

''ဒါနဲ႔ ပတ္သက္လုိ႔ ရွင္းေအာင္ ေျပာရရင္ တရား႐ုံးခ်ဳပ္က ဆုံးျဖတ္ ထားတဲ့ ေဒၚခင္လွမူႏွင့္ ေဒၚစိန္စိန္ ၂ဝဝ၃ ခုႏွစ္၊ ျမန္မာႏုိင္ငံ တရားစီရင္ ထုံး စာမ်က္ႏွာ -၁ဝ၅ အမႈမွာ ပုိင္ ရွင္လက္ရွိ ဝင္ေရာက္ေနထုိင္ျခင္းမရွိ ေသးမီ အျခားသူဝင္ေရာက္၍ အိမ္ ေဆာက္ေနထုိင္ျခင္းသည္ က်ဴးေက်ာ္ ေနထုိင္ျခင္းျဖစ္သည္။ ေျမပုိင္ရွင္က ေျမကြက္ကို စြန္႔လႊတ္သည္ဟု မဆုိ ႏုိင္ေၾကာင္း ဆုံးျဖတ္ထားပါတယ္။ ဒါေၾကာင့္ ေျမကြက္ပုိင္ရွင္က အဆုိပါ ေျမကြက္ကို စြန္႔လႊတ္ထားေၾကာင္း အေထာက္အထားျပဖုိ႔ လုိအပ္မွာ ျဖစ္ပါတယ္''

''အိမ္က ေဆာက္လုပ္ထားတဲ့ အတြက္ အမႈ႐ႈံးရင္ အိမ္တန္ဖုိးရႏုိင္ပါသလား''

''ဒါကေတာ့ တရား႐ုံးရဲ႕ ဆုံး ျဖတ္ခ်က္ေပၚမွာ မူတည္မွာျဖစ္ပါ တယ္။ အမႈျဖစ္စဥ္က မတူညီတဲ့အ တြက္ တစ္ထစ္ခ်ေတာ့ မေျပာႏုိင္ဘူး သူငယ္ခ်င္း၊ ဒါေပမယ့္ သူငယ္ခ်င္း ကုိ ေရာင္းလုိက္တဲ့ သူအေပၚမွာေတာ့ ေလ်ာ္ေၾကးေတာင္းပုိင္ခြင့္ရွိမွာျဖစ္ပါ တယ္''

''သူက လိပ္စာရွာမေတြ႔ျဖစ္ေနေတာ့ အဆင္မေျပဘူး''

''ဒါကေတာ့ ႀကိဳးစားရွာရမယ္။ မျဖစ္ရင္ တရားစြဲဆုိရမယ္ သူငယ္ခ်င္း''

''မျဖစ္ေတာ့ဘူးဆုိရင္ေတာ့ ပြဲစားလုပ္ေပးတဲ့ သူကတစ္ဆင့္ရွာရမွာပဲ''

''သူငယ္ခ်င္းရဲ႕ အေရာင္းအ ဝယ္ ကတိစာခ်ဳပ္မွာ အ႐ႈပ္အရွင္း ျပႆနာတစ္စုံတစ္ခုရွိလွ်င္ ေျပလည္သည္အထိ ေဆာင္ရြက္ေပးပါမည္။ ေျပလည္ျခင္းမရွိပါက ဝယ္သူကုိ နစ္နာမႈမရွိေစရန္ ေပးေလ်ာ္မည္လုိ႔ ေဖာ္ျပထားတဲ့အတြက္ တရားစြဲဆုိ ေတာင္းပုိင္ခြင့္ရွိပါတယ္''

''အခုကိစၥက အေရာင္းအဝယ္ ထပ္တဲ့ သေဘာမဟုတ္ဘူးလား''

''အေရာင္းအဝယ္ထပ္တယ္ဆုိ တာက ပစၥည္းပုိင္ရွင္က ၄င္းပုိင္ေျမ နဲ႔ အိမ္တုိ႔ကုိ တစ္ဦးထံ ေရာင္းခ် လုိက္မယ္။ ဝယ္သူက ဝင္မေနဘဲ ကာလအၾကာမွာ အိမ္ေျမပုိင္ရွင္က အျခားတစ္ဦးကုိ ထပ္ေရာင္းတာမ်ဳိး ျဖစ္တယ္''

''ပုိင္ရွင္တစ္ဦးတည္းက ႏွစ္ခါ ေရာင္းတဲ့ သေဘာေပါ့''

''ဟုတ္ပါတယ္။ ဒီလုိကိစၥမ်ဳိးမွာ လည္း လက္မဲ့ျဖစ္သူက ေရာင္းသူ အေပၚ ဝယ္ေစ်းအျပင္နစ္နာေၾကးပါ ရထုိက္တယ္လုိ႔ တရား႐ုံးခ်ဳပ္က ဆုံး ျဖတ္ထားတဲ့ ဦးအဘူႏွင့္ ေဒၚကမာလ္ ဇံပါ (၄)၊ ၁၉၉၄ ခုႏွစ္ ျမန္မာႏုိင္ငံ တရားစီရင္ထုံးစာမ်က္ႏွာ - ၁၁၈ အမႈမွာဆုံးျဖတ္ထားပါတယ္။ ဒါ ေၾကာင့္ ဥပေဒနဲ႔အညီ နစ္နာေၾကး ရပုိင္ခြင့္ရွိပါတယ္''

''ယုံလြယ္ရင္ အမွားျဖစ္တတ္ တယ္ဆုိတာ သေဘာေပါက္သြားၿပီ။ အမွန္ေတာ့ ဝယ္စဥ္ကတည္းက စာရြက္စာတမ္း မွန္မမွန္ေသခ်ာေလ့လာရမွာ''

''မွန္ပါတယ္။ အိမ္ ၿခံ ေျမဆုိ တာက အမ်ဳိးမ်ဳိးရွိတယ္။ ဥယ်ာဥ္ၿခံ ေျမ၊ ပါမစ္ေျမ၊ ဂရန္ေျမ၊ လယ္ယာ ေျမ စသျဖင့္ ႐ႈပ္ေထြးတယ္။ ဒီအ ေပၚမွာ အခြင့္အေရးယူၿပီး အျမတ္ထုတ္တဲ့ သူေတြလည္း ရွိၾကတယ္။ ဒါေၾကာင့္ ဘယ္သူမဆုိ အိမ္ေျမဝယ္မယ္ဆုိရင္ နားလည္တတ္ကြၽမ္းသူ ေတြနဲ႔ ေသခ်ာေလ့လာစုံစမ္းၿပီးမွ ဝယ္သင့္တယ္ သူငယ္ခ်င္း''ဟု ေဆြးေႏြးလုိက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: ထီယု (ဥပေဒ အတုိင္ပင္ခံ)

ရောင်းရန်ရှိသော အိမ်ခြံမြေများ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
ရေသန့်ဘူးများထဲတွင် မျက်စိဖြင့် မမြင်နိုင်သော နာနိုပလတ်စတစ်အမှုန်ပေါင်း ၃၇၀,၀၀၀ ခန့် ပါဝင်ကြောင်း အမေရိကန်သိပ္ပံပညာရှင်မ
ရေသန့်ဘူးများထဲတွင် မျက်စိဖြင့် မမြင်နိုင်သော နာနိုပလတ်စတစ်အမှုန်ပေါင်း ၃၇၀,၀၀၀ ခန့် ပါဝင်ကြောင်း အမေရိကန်သိပ္ပံပညာရှင်မ
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်

Upcoming Property Events

kalaw-garden-valley
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service