အဲကွန်းဖွင့်ထားသောအခန်းထဲ ဖယောင်းတိုင်မထွန်းရ - Property Knowledge in Myanmar from iMyanmarHouse.com
2108 Views

အဲကွန်းဖွင့်ထားသောအခန်းထဲ ဖယောင်းတိုင်မထွန်းရ

Knowledge | Posted by Hnin Ei Khin

[Unicode]

အခန်းထဲ အဲကွန်းဖွင့်ပြီး အိပ်တတ်တဲ့သူတွေဆိုရင် အောက်မှာဖော်ပြပေးထားတဲ့ အကြောင်းအရာလေးကို ဂရုစိုက်ဖတ်ပေးစေချင်ပါတယ်။

ပြတင်းတံခါးတွေအလုံပိတ်ပြီး အဲကွန်းဖွင့်ထားတဲ့ အခန်းထဲမှာ ဖယောင်းတိုင်ထွန်းထားရင် ကာဗွန်မိုနောက်ဆိုက်ဒ်အဆိပ်သင့်ပြီး အသက်သေစေနိုင်တာကို သင်သိပါသလား။

အဲကွန်းဖွင့်ထားတော့ အခန်းထဲ အောက်စီဂျင်နည်းပါးနေတယ်။ ဒီအချိန်မှာ ဖယောင်းတိုင်ထွန်းတဲ့အခါ ဖယောင်းတိုင်မီးလောင်ကျွမ်းခြင်းက အောင်စီဂျင်အပြည့်အဝဓာတ်မပြုနိုင်ဘဲ အသက်အန္တရာယ်ရှိတဲ့ ကာဗွန်မိုနောက်ဆိုက်ဒ်ဓာတ်တွေကို ဖြစ်ပေါ်စေပါတယ်။

ကာဗွန်မိုနောက်ဆိုက်ဒ်ဟာ အဆုတ်ထဲမှာ အောက်စီဂျင်လဲလှယ်မှုကို ဟန့်တားပြီး အိပ်ပျော်နေတဲ့သူကို သတိမေ့မျောစေကာ အသက်သေသည်အထိ ဖြစ်စေနိုင်တာပဲ ဖြစ်ပါတယ်။

ဒီလိုဆိုလို့ ရနံ့ကုထုံးပြုလုပ်တဲ့အခါ၊ စားသောက်ပွဲပြုလုပ်တဲ့အခါနဲ့ ရိုမန်းတစ်ဆန်ဆန်ဖန်တီးတဲ့အခါတို့မှာ အဲကွန်းဖွင့်ထားတဲ့အခန်းထဲ ဖယောင်းတိုင်ထွန်းတာကျတော့ရောလို့ မေးစရာရှိပါတယ်။ အဲ့ဒီမှာ ဖယောင်းတိုင်ထွန်းတာ ဘာလို့ဘာမှမဖြစ်သလဲဆိုတော့ ဖယောင်းတိုင်အမျိုးအစားကွာလို့ပါပဲ။

ဟုတ်ပါတယ်။ လူ့ကျန်းမာရေးနဲ့အသက်အန္တရာယ်ကို ထိခိုက်စေနိုင်လား၊ မထိခိုက်စေနိုင်ဘူးလားဆိုတာ အဲ့ဒီဖယောင်းတိုင်ကို ဘာဖယောင်းနဲ့ပြုလုပ်ထားတယ်ဆိုတာအပေါ် မူတည်ပါတယ်။ ရေနံမှထုတ်လုပ်တဲ့ ဖယောင်းနဲ့ ပြုလုပ်တဲ့ ဖယောင်းတိုင်ရယ် သဘာဝဖယောင်းနဲ့ ပြုလုပ်ထားတဲ့ ဖယောင်းတိုင်ရယ်ဆိုပြီး နှစ်မျိုးနှစ်စားရှိပါတယ်။ ဖယောင်းတိုင်အများစုဟာ ရေနံမှထုတ်လုပ်ထားတဲ့ ဖယောင်းနဲ့ ပြုလုပ်တဲ့ ဖယောင်းတိုင်ဖြစ်ပါတယ်။ ရနံ့ကုထုံးပြုလုပ်တဲ့အခါ အသုံးပြုတဲ့ ဖယောင်းတိုင်ကတော့ သဘာဝဖယောင်းနဲ့ ပြုလုပ်ထားတာပဲ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက်  ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

[Zawgyi]

အဲကြန္းဖြင့္ထားေသာအခန္းထဲ ဖေယာင္းတိုင္မထြန္းရ

အခန္းထဲ အဲကြန္းဖြင့္ၿပီး အိပ္တတ္တဲ့သူေတြဆိုရင္ ေအာက္မွာေဖာ္ျပေပးထားတဲ့ အေၾကာင္းအရာေလးကို ဂ႐ုစုိက္ဖတ္ေပးေစခ်င္ပါတယ္။

ျပတင္းတံခါးေတြအလံုပိတ္ၿပီး အဲကြန္းဖြင့္ထားတဲ့ အခန္းထဲမွာ ဖေယာင္းတိုင္ထြန္းထားရင္ ကာဗြန္မိုေနာက္ဆုိက္ဒ္အဆိပ္သင့္ၿပီး အသက္ေသေစႏိုင္တာကို သင္သိပါသလား။

အဲကြန္းဖြင့္ထားေတာ့ အခန္းထဲ ေအာက္စီဂ်င္နည္းပါးေနတယ္။ ဒီအခ်ိန္မွာ ဖေယာင္းတိုင္ထြန္းတဲ့အခါ ဖေယာင္းတိုင္မီးေလာင္ကၽြမ္းျခင္းက ေအာင္စီဂ်င္အျပည့္အဝဓာတ္မျပဳႏုိင္ဘဲ အသက္အႏၱရာယ္ရွိတဲ့ ကာဗြန္မိုေနာက္ဆိုက္ဒ္ဓာတ္ေတြကို ျဖစ္ေပၚေစပါတယ္။

ကာဗြန္မိုေနာက္ဆုိက္ဒ္ဟာ အဆုတ္ထဲမွာ ေအာက္စီဂ်င္လဲလွယ္မႈကို ဟန္႔တားၿပီး အိပ္ေပ်ာ္ေနတဲ့သူကို သတိေမ့ေမ်ာေစကာ အသက္ေသသည္အထိ ျဖစ္ေစႏုိင္တာပဲ ျဖစ္ပါတယ္။

ဒီလိုဆိုလို႔ ရနံ႔ကုထံုးျပဳလုပ္တဲ့အခါ၊ စားေသာက္ပြဲျပဳလုပ္တဲ့အခါနဲ႔ ႐ိုမန္းတစ္ဆန္ဆန္ဖန္တီးတဲ့အခါတို႔မွာ အဲကြန္းဖြင့္ထားတဲ့အခန္းထဲ ဖေယာင္းတိုင္ထြန္းတာက်ေတာ့ေရာလို႔ ေမးစရာရွိပါတယ္။ အဲ့ဒီမွာ ဖေယာင္းတိုင္ထြန္းတာ ဘာလို႔ဘာမွမျဖစ္သလဲဆုိေတာ့ ဖေယာင္းတိုင္အမ်ဳိးအစားကြာလို႔ပါပဲ။

ဟုတ္ပါတယ္။ လူ႔က်န္းမာေရးနဲ႔အသက္အႏၱရာယ္ကို ထိခိုက္ေစႏိုင္လား၊ မထိခိုက္ေစႏုိင္ဘူးလားဆိုတာ အဲ့ဒီဖေယာင္းတိုင္ကို ဘာဖေယာင္းနဲ႔ျပဳလုပ္ထားတယ္ဆုိတာအေပၚ မူတည္ပါတယ္။ ေရနံမွထုတ္လုပ္တဲ့ ဖေယာင္းနဲ႔ ျပဳလုပ္တဲ့ ဖေယာင္းတိုင္ရယ္ သဘာဝဖေယာင္းနဲ႔ ျပဳလုပ္ထားတဲ့ ဖေယာင္းတိုင္ရယ္ဆိုၿပီး ႏွစ္မ်ဳိးႏွစ္စားရွိပါတယ္။ ဖေယာင္းတိုင္အမ်ားစုဟာ ေရနံမွထုတ္လုပ္ထားတဲ့ ဖေယာင္းနဲ႔ ျပဳလုပ္တဲ့ ဖေယာင္းတုိင္ျဖစ္ပါတယ္။ ရနံ႔ကုထံုးျပဳလုပ္တဲ့အခါ အသံုးျပဳတဲ့ ဖေယာင္းတိုင္ကေတာ့ သဘာဝဖေယာင္းနဲ႔ ျပဳလုပ္ထားတာပဲ ျဖစ္ပါေၾကာင္း တင္ျပလိုက္ရပါတယ္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္  ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ

Upcoming Property Events

bkk-projects
taunggyi-garden-city

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service