နေ့စဉ်သန့်ရှင်းအောင် မဖြစ်မနေလုပ်သင့်သည့် အရာများ - Property Knowledge in Myanmar from iMyanmarHouse.com
949 Views
နေ့စဉ်သန့်ရှင်းအောင် မဖြစ်မနေလုပ်သင့်သည့် အရာများ
Knowledge | Posted by Si Thu Aung
[Unicode]
ယောက်ျားမိန်းမ မည်သူမဆို စားသောက်ခြင်းအပေါ်တွင် တစ်ခုမဟုတ်တစ်ခုနှစ်သက်ကြသည်။စားပြီးသောက်ပြီးရင်သာ စားပြီးသား ပန်းကန်ခွက်ယောက်နှင့် အသုံးအဆောင်တို့ကို ချက်ခြင်းဆေးကြောသန့်စင်ဖို့ကို လုပ်ဖြစ်ချင်မှလုပ်ဖြစ်တတ်ကြသည်။
တစ်ခါတစ်ရံများ စားမကုန်၍ကျန်နေသည့် အစားအစာများကို ဆက်ပြီးမစားတော့ဘဲ မဆေးကြောဘဲနှင့် သိမ်းဆည်းထားမိပြီးကြာသည့် အခါ အစားအသောက်များမှာပျက်စီးလာပြီး သိုလှောင်သိမ်းဆည်းထားသည့် အနီးတစ်ဝိုက်ရှိ ကောင်းနေသေးသည့် အစားအစာများနှင့် အရာဝတ္ထုများကို ကူးစက်ပါသည်။အစားအသောက်ကြောင့်ပင် လူတို့သည် အာဟာရဖြစ်ကြရသလို အစားအသောက်ကြောင့်ပင် ဒုက္ခ ရောက်ကြရသည်။
ထို့ကြောင့် မိမိတို့နေစဉ်နှင့်အမျှ မကင်းမကွာအမြဲထိတွေ့နေရသည့် အစားအသောက်နှင့်မီးဖိုချောင်သုံးပစ္စည်းများကို အမြဲမပြက်သန့်ရှင်း နေစေဖို့လိုအပ်လှပါသည်။
မိမိတို့မီးဖိုချောင်အား ရောဂါပိုးမွှားပေါက်ဖွားရှင်သန်ရာ နေရာမဖြစ်စေဘဲ အာဟာရနှင့် ကျန်းမာရေးအတွက် အထောက်အကူပြုရာနေရာ တစ်ခုဖြစ်လာအောင် လုပ်ဆောင်ရပါမည်။
ထိုသို့လုပ်ဆောင်ရာတွင် အမြဲတန်း သန့်ရှင်းရေးလုပ်ဖြစ်သော အသုံးပြုပစ္စည်းတို့ရှိသလို မလိုဘူးတင်၍ မလုပ်ဖြစ်သာ အသုံးအဆောင် ပစ္စည်းများလည်းရှိပါသည်။ထိုအထဲက အသုံးပြုပြီး မဖြစ်မနေ ချက်ခြင်းသန့်ရှင်းရေးပြန်လုပ်ဖို့ လိုအပ်သည် ပစ္စည်းလေးများကိုတင်ပြပါမည်။
ဈေးဝယ်ရာတွင်သုံးသည့် တစ်ခါသုံးဈေးဝယ်အိတ်များဆိုလျှင် ဈေးကပြန်လာပြီး အသားငါးများနှင့် ဟင်းသီးဟင်းရွက်များကိုထုတ်ပြီး အိတ်ကို ခဏချောင်ထိုးထားမိတတ်သည်။ပြီးမှဆေးမည်ပေါ့။အဲလိုနှင့်မေ့သွားသည်။ အိတ်တွင်ကပ်ငြိနေသည့် အညစ်အကြေးတို့မှ ဗက်တီးရီးယားပိုးမွှားတို့ ရှင်သန်ဖို့ အချိန်နှင့် အခွင့်အရေးကိုရသွား စေလေသည်။
နောက်နေ့များတွင်ပြန်အသုံးပြုမိခြင်းဖြစ် လူတို့အတွက် အန္တရာယ်ကို ဖြစ်ပေါ်စေသည်။ ဈေးဝယ်ပစ္စည်းများထုတ်ယူပြီးပါက အိတ်ကို ဆပ်ပြာရည်နှင့်စိမ်ထားလိုက်ပြီး အားလုံးပြီးဆုံးသွားမှလျှော်လိုက်ပါ။ တစ်အိမ်သားလုံးအတွက် အထောက်အကူပြုပါလိမ့်မည်။ပြန်သုံးသည့်အခါတွင်လည်း သန့်ပြန့်နေပါလိမ့်မည်။
အများဆုံးထိတွေ့ရသည့် ဘေစင်သည်လည်း နေ့စဉ်မဖြစ်မနေ သန့်ရှင်းရေးလုပ်ဆောင်သင့်ပါသည်။ဘေစင်တွင်ပန်းကန်တစ်ခုတည်း ဆေးကြောသည်မဟုတ်ပါ။ သားငါးဟင်းသီးဟင်းရွက်တို့အပြင် ချွဲသလိပ်နှင့်နှပ်တို့ကိုလည်း ဘေစင်မှာပင် ရှင်းလင်းတတ်ကြသည်။ ကြာသောအခါ ဘေစင်မှာအညှိ အချွဲတို့ဖြင့် ညစ်ပတ်လာပါလိမ့်မည်။ထိုမှပိုမွှားတို့ကိုဖြစ်ပေါ်စေသည်။ဘေစင်အပေါ်ယံအပြင် ဘေစင် ပိုက် အတွင်းပိုင်းတွင်ကပ်ငြိနေတတ်သည့် အဆီအညှော်တို့မှလည်း ဗက်တီရီးယားတို့ပေါက်ပွားပြီး အနံ့အသက်ဆိုးတို့ကိုဖြစ်ပေါ်စေသည်။ညပိုင်းအသုံးပြုပြီးသည့်အခါ အမြဲသန့်ရှင်းပေးခြင်းဖြင့် ကျန်းမာရေးကို စောင့်ရှောက်ရာရောက်ပါသည်။
တစ်ခုခုကိုင်တွယ်ပြီးဆေးကြောဖို့လုပ်သည့်အခါတိုင်း မဖြစ်မနေကိုင်ရသည်က ဘေစင်ရေပိုက်ခေါင်းဖြစ်သည်။လက်တွင်ပါသော အဆီ နှင့်အညစ်အကြေးတို့သည် မိမိကိုင်လိုက်သည့် ဘေစင်ခေါင်းကို စွဲငြိညစ်ထေးစေသည်။အကြိမ်ကြိမ် စွဲငြိညစ်ထေးလာပါက ထိုပိုက် ခေါင်းကပင်လူတို့အတွက် ရောဂါကူးစက်စရာ နေရာဖြစ်လာပါလိမ့်မည်။ မိမိလက်ကိုဆပ်ပြာ ဆေးရင်းဖြင့် အဆိုပါပိုက်ခေါင်းကိုပါ ဆပ်ပြာ ရေဖြင့် ပွတ်ဆေးလိုက်ပါက အထိုက်အလျောက်သန့်ရှင်းမှုကိုရပါလိမ့်မည်။
အမြဲတန်းကိုင်တွယ်ထိတွေ့နေရသည့် အရာများကိုလည်း နေ့စဉ်သန့်ရှင်းရေးလုပ်ပေးဖို့လိုပါသည်။ကြောင်အိမ်လက်ကိုင်များ၊ရေခဲသေတ္တာ လက်ကိုင်များသည် လိုအပ်တိုင်းမကြာခဏဖွင့်နေသည့် ထိတွေ့မှုအများဆုံးနေရများဖြစ်သည်။သားစိမ်း ငါးစိမ်း နှင့် ဟင်းသီးဟင်း ရွက်များကို ကိုင်တွယ်သိမ်းဆည်း၊ဖွင့်ထုတ်ယူငင် လုပ်တိုင်း အဆိုပါတံခါးလက်ကိုင်များသည် မိမိတို့လက်၏ သန့်ရှင့်မှုနှင့်ညစ်ပက်မှုအပေါ်မူတည်ပြီး မြန်မြန်ပေရေကုန်ပါသည်။ထိုသို့သောနေရာများကိုကိုင်တွယ်ပြီးမှ ရောဂါပိုးဝင်ရောက်လွယ်သည့် မိမိ၏ခန္ဓာကိုယ်အစိတ် အပိုင်းများကို ကိုင်တွယ်မိလျှင် ဖြစ်လာမည့် နောက်ဆက်တွဲဆိုးကျိုးတို့ကနည်းမည်မထင်ပါ။ ထိုနေရာများကိုသန်းရှင်းမှုလုပ်ရမည်ဖြစ်သလို မိမိလက်အား ယင်းနေရာများကိုကိုင်တွယ်ပြီးတိုင်း မကြာခဏဆေးကြောပါ။
နေ့တိုင်းမဟုတ်သည့်တိုင်တစ်ပတ်ကို ၂ ကြိမ်လောက်သန့်ရှင်းရေးလုပ်သင့်သည် အရာတစ်ခုရှိပါသေးသည်။၎င်းမှာပန်းကန်စင်ပင်ဖြစ် သည်။လူအတော်များများက ပန်းကန်ဆေးပြီးပြီးခြင်း ပန်းကန်စင်တွင် ပန်းကန်ကိုထောင်စိုက်လိုက်သည်ကများသည်။ထိုအခါရေတို့သည် သစ်သားစင်ဖြစ်ပါက ပန်းကန်တွင်ပါလာသောအစိုဓာတ်ကို သစ်သားကစုပ်ယူသွားသည်။ကြာလာသည့်အခါ ထိုစိုစွတ်သည့် နေရာမှမှိုတို့ ပေါက်ပွားလာသည်။ထို့ကြောင့် ပလတ်စတစ် ဇလုံကြီး(ဇလား)များတွင် ခဏရေစစ်ပြီးမှ ပန်းကန်စင်တွင် ပြောင်းထားလိုက်ခြင်းက ခဏ တိုင်း ဆေးကြောဖို့ခက်သော ပန်းကန်စင်သန့်ရှင်ရေးအတွက် အထောက်အကူလည်းဖြစ်ပါလိမ့်မည်။
သားငါးတွေကိုင်တွယ်ပြီးတိုင်း မဖြစ်မနေကိုင်တွယ်ရသည့် အရာများရှိပါသည်။၎င်းတို့မှာ ဆား၊ ဆနွင်း၊အချိုမှုန့်ဘူးတို့ဖြစ်သည်။ထိုဘူး များကို သားငါးကိုင်တွယ်ထားပြီး စိုစွတ်နေသောလက်တို့နှင့်ပင် ကိုင်တွယ်ဖွင့်ယူကြသည့်အခါ ယင်းဘူးများမှာ ညစ်ပတ်နေတတ်သည်။ နေ့စဉ်လည်း သန့်ရှင်းရေးမလုပ်မိပါ။ထိုဘူးအတွင်းရှိ အမှုန့်တို့ ကုန်စင်တတ်မှသာ သန့်ရှင်းရေးလုပ်ဖြစ်သည်ကများသည်။ထို့ကြောင့် အဆိုပါ ဘူးများကို ရေလုံလေလုံဘူးများဖြင့် အသုံးပြုပြီး ချက်ပြုတ်ပြီးစီးသည့်အခါ အပြင်ကနေသေချာဆေးကြောသန့်ရှင်းမှုလုပ်သင့်ပါ သည်။
နို့ဆီဘူး၊ငါးသေတ္တာဘူးတို့ကိုဖောက်သည့်ဖောက်တံများသည်လည်း ဖောက်ပြီးသည့် အခါ ချက်ခြင်းဆေးကြောပြီး ခြောက်သွေ့အောင် ထားပြီးမှသိမ်းဆည်းပါ။အမှတ်မဲ့ဒီတိုင်းထားလိုက်ပါက ရောဂါဖြစ်စေသည့်ပိုးမွှားတို့ ရှင်သန်ပေါက်ပွားဖို့ အခွင့်အရေးပေးရာ ရောက်ပါ လိမ့်မည်။ယခုအခါ စည်သွပ်ဘူးများမှာ ဖောက်တံမလိုဘဲ အလွယ်တကူဖွင်လို့ရစေရန် ထုတ်လုပ်လာကြခြင်းကြောင့် ဖောက်တံလိုအပ်မှု လျော့သွားမည်ဟုထင်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက်  ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
Upcoming Property Events
pan-swal-taw
thukha-garden-residence
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service