အိမ်ခြံမြေ အခြေပစ္စည်းဝယ်ယူခြင်းအတွက် စည်းကြပ်မှုမှလွတ်ကင်းနေသည့် ဝင်ငွေအပေါ်ပေးဆောင်ရမည့် အခွန်နှုန်းထားနှင့် ပြောင်းလဲသွားသော အခွန်နှုန်းထားသုံးသပ်ချက် - Property Knowledge in Myanmar from iMyanmarHouse.com
4021 Views

အိမ်ခြံမြေ အခြေပစ္စည်းဝယ်ယူခြင်းအတွက် စည်းကြပ်မှုမှလွတ်ကင်းနေသည့် ဝင်ငွေအပေါ်ပေးဆောင်ရမည့် အခွန်နှုန်းထားနှင့် ပြောင်းလဲသွားသော အခွန်နှုန်းထားသုံးသပ်ချက်

Knowledge | Posted by Hnin Ei Khin

[Unicode]

၂၀၁၉ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေအရ အိမ်ခြံမြေ အခြေပစ္စည်းဝယ်ယူခြင်းအတွက် စည်းကြပ်မှုမှ လွတ်ကင်းနေသည့် ဝင်ငွေအပေါ်တွင် အောက်ပါအတိုင်းပေးဆောင်ရလျက်ရှိပါသည်။

၁ကျပ် မှ သိန်း ၁၀၀၀ အထိ ၃ရာခိုင်နှုန်း

သိန်း ၁၀၀၁ မှ သိန်း ၃၀၀၀၀ အထိ ၅ ရာခိုင်နှုန်း

သိန်း ၃၀၀၁ မှ သိန်း ၁၀၀၀၀ အထိ ၁၀ ရာခိုင်နှုန်း

သိန်း ၁၀၀၀၁ မှ သိန်း ၃၀၀၀၀ အထိ ၁၅ ရာခိုင်နှုန်း

သိန်း ၃၀၀၀၁ နှင့် အထက် ၃၀ ရာခိုင်နှုန်း

စသည့်ဖြင့် ၂၀၁၉ခုနှစ်၊ အောက်တိုဘာ (၁)ရက်နေ့မှ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၃၁) အထိ အတည်ပြုပြထမ်းထား၍ ကောက်ခံလျှက်ရှိပါသည်။ ယခု ၂၀၂၀ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကြမ်းတွင်မူ အိမ်ခြံမြေ အခြေပစ္စည်း ဝယ်ယူခြင်းအတွက် စည်းကြပ်မှုမှလွတ်ကင်းနေသည့် ဝင်ငွေအပေါ်တွင် ပုဒ်မ ၂၅ အရ ၃၀ ရာခိုင်နှုန်းဖြင့် စည်းကြပ်ရမည်ဟုဖော်ပြထားပါသည်။ အဆိုပါ ဥပဒေကြမ်းအပေါ် ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ သဘောထား မှတ်ချက်အစီရင်ခံစာတွင်

၁ကျပ် မှ သိန်း ၁၀၀၀ အထိ ၆ရာခိုင်နှုန်း

သိန်း ၁၀၀၁ မှ သိန်း ၃၀၀၀ အထိ ၁၀ ရာခိုင်နှုန်း

သိန်း ၃၀၀၁ မှ သိန်း ၃၀၀၀၀ အထိ ၂၀ ရာခိုင်နှုန်း

သိန်း ၃၀၀၀၁ နှင့် အထက် ၃၀ ရာခိုင်နှုန်း

စသည့်ဖြင့် ပြင်ဆင်သင့်ပါကြောင်း သဘောထားမှတ်ချက် အစီရင်ခံစာတင်ပြထားသည်ကိုတွေ့ရပါသည်။

ထို့အတွက်ကြောင့် ၂၀၂၀ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကြမ်းနှင့် ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ သဘောထားမှတ်ချက်အစီရင်ခံစာတို့အရ ယခုကောက်ခံနေသည့် အခွန်နှုန်းထားထက် ပိုမိုတိုးမြှင့်သွားမည့် အလားအလာများကို တွေ့မြင်ရမှာဖြစ်ပါသည်။ ၂၀၂၀ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်သို့တင်ပြထားပြီး ၂၀၂၀ ခုနှစ်၊ သြဂုတ်လအတွင်းအတည်ပြုပြထားသွားမည်ဖြစ်ပါ သည်။ ယခု သက်သာခွင့်ပြုထားသည့် အခွန်နှုန်းထားဖြင့် သတ်မှတ်အချိန်ကာလမပြည့်မည် အခွန်ပေး ဆောင်ထားခြင်းသည် များစွာသက်သာမည်ဖြစ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက်  ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]




















 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ

Upcoming Property Events

area-one-business-complex
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service