တမူထူးခြား သန်လျင် ဗိုလ်ချုပ်ရွာသစ်က မြေကွက်များ - Property Knowledge in Myanmar from iMyanmarHouse.com
2907 Views

တမူထူးခြား သန်လျင် ဗိုလ်ချုပ်ရွာသစ်က မြေကွက်များ

Knowledge | Posted by Zarni Kyaw

[Unicode]

အခုတလော ကိုရိုနာဗိုင်းရပ်စ် ရောဂါကြောင့် အိမ်တွင်းအောင်းနေဖို့ နိုင်ငံတော်အစိုးရက ဆော်သြနေတာကြောင့် ကျွန်ုပ်လည်း အပြင်မထွက်မဖြစ်ကိစ္စမှလွဲလို့ အိမ်ထဲမှာဘဲ စာရေးစာဖတ်ခြင်းဖြင့်သာ တစ်နေ့တာကို ကုန်လွန်စေခဲ့ပါတယ်။

တစ်ရက်မှာတော့ လွန်ခဲ့တဲ့ တစ်လက၊ အိန္ဒိယကပြန်ရောက်လာတဲ့ ညီညီဇော်တစ်ယောက်ဖုန်းဆက်လာပါတယ်။ အရင်တစ်ခေါက်လာတုန်းက စရန်ငွေပေးခဲ့တဲ့မြေကွက် (၂) ကွက် ကျန်ငွေကို အပြီးပေးချေဖို့အကြောင်းကြားလာတာပါ။ အော်.. ဟုတ်ပေသားဘဲ ဒီတစ်ခေါက်ပြန်လာရင်အပြီးငွေချေမယ်လို့ စာချုပ်ချုပ်ထားခဲ့တာဘဲ ဝယ်ထားတဲ့နေရာက သန်လျင်မြို့၊ အောင်ချမ်းသာရပ်၊ ဗ်ိုလ်ချုပ်ရွာသစ်မှာပါ။

ညီညီတစ်ယောက် ရန်ကုန်သားဖြစ်ပြီးတော့ ဘာကြောင့်များ သန်လျင် ဗိုလ်ချုပ်ရွာသစ်ကို သဘောကျတာလဲလို့ မေးကြည့်တော့ ဗိုလ်ချုပ်ရွာသစ်က အေးချမ်းတယ် ရွာဆိုပေမဲ့ မြို့ကွက်ဖော်ပြီး စနစ်တကျ နေရာချထားပေတာဖြစ်လို့ သန့်ပြန့်တယ်၊ ဆိတ်ငြိမ်တယ်၊ ရေကောင်းရေသန့်ရတယ်။ (၂၄) နာရီ လျှပ်စစ်မီးရတယ်၊ လမ်းတွေကလည်း သာယာလို့သဘောကျတယ်လို့ပြောပါတယ်။

ညီညီ ပြောတဲ့ အတိုင်းလည်း မှန်ပါတယ်။ စာရေးသူကိုယ်တိုင်တောင် သဘောကျတယ်။ လက်ရှိအခြေအနေမှာတော့ ရွာခံတွေနဲ့အတူ ရန်ကုန်သားတွေအပါအဝင် အခြားအရပ်ဒေသတွေကလည်း ပြောင်းရွှေ့နေထိုင်သူတွေလည်းများလာပြီးဖြစ်လို့ မြေကွက်လွတ်သိပ်မရှိတော့ပါဘူး။ တော်တော်စည်ကားနေပါပြီရပ်ကွက်တည်ပုံက သန်လျင်ကျောက်တန်းသွားတာလမ်းမကြီးရဲ့ အနောက်ဘက်ခြမ်း ဆင်ခြေလျောလေးမှာရှိနေတာမို့ရောက်သူတိုင်း နေချင်စဖွယ်ပါ။

လယ်စီမံက မှန်တယ်ဆိုမှ ဝယ်ယူကြ

လက်ရှိမှာတော့ ရွာအမည်နဲ့ဘဲတည်ရှိနေတာကြောင့် မြေကွက်တွေကိုတော့ အနှစ် (၃၀) ဂရန်ချထားပေးတာမတွေ့ခဲ့ရပါဘူး။ နေထိုင်သူအားလုံးလိုလိုက လွန်ခဲ့တဲ့ အနှစ် (၃၀) ကျော်က မြေကွက်ချထားပေးတဲ့ စလစ် (၂) ခုဘဲ ရှိတာကိုတွေ့ရပါတယ်။

တစ်ခုက စလစ်စာရွက် နောက်တစ်ခုက ရ ဝ တ ဥက္ကဌ ရဲ့ ထောက်ခံချက်ဘဲရှိတယ်။ အဲဒီစာရွက် (၂) ရွက် မှန်ကန်မှုရှိမရှိ သန်လျင်မြို့နယ် ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန (ယခင် မြေစာရင်းဦးစီးဌာန) မှာဘဲ သွားပြီးစစ်ကြည့်ရတယ်။

ဒါတွေ မှန်တယ်ဆိုမှ စရန်ငွေပေးရဲပါတယ်။ အဲဒီစာရွက် (၂) ရွက် မှန်မမှန် မြေတိုင်း၊ မြေကွက် မှန်မမှန် ဆိုတာလည်း အဲဒီ လယ်စီမံဌာနက ရှင်းပြမှဘဲ ယုံကြည်လို့ရပါတယ်။ ဒါတွေကို စရန်ငွေပေးစဉ်က ဆောင်ရွက်ခဲ့ပြီးပြီးမို့ စလစ်စာရွက် (၂) ရွက် အပေါ်မှာတော့ ယုံကြည်စိတ်ချလို့ရပါပြီ။ ညီညီ စရန်ငွေပေးစဉ်က နိုင်ငံခြား ပြန်ထွက်မှာမို့ အပြေးအလွှာစစ်ဆေးခဲ့ရပါတယ်။ ယခု အပြီးငွေချေးမဲ့နေ့မှာတော့ မြေတိုင်မြေကွက်မှန်ကန်မှုရှိဖို့ ပိုင်ရှင်က မြေတိုင်းလျှောက်ထားရပါတယ်။

မူလပိုင်ရှင် လျှောက်ထားတဲ့အတိုင်း မှန်ကန်မှုရှိမရှိ လယ်စီမံဌာနကလည်း လာရောက်ပြီးတိုင်းတာပေးပါတယ်။ ခြံအကျယ်အဝန်းလည်းမှန်တယ်။ ( အလျား ၊ အနံ) လည်းပြည့်တယ်ဆိုမှဘဲ ဝယ်ုသူဘက်က စိတ်ချလက်ချဝယ်နိုင်မှာပါ။ အခုပြောတဲ့ အချက်တွေ ပြည့်စုံပြီဖြစ်လို့ ညီညီဇော်က ရှေ့နေလာပေးဖို့ အကြောင်းကြားလိုက်တာပါ။

ကျွန်ုပ်လည်း သူပြောပြတဲ့ အထောက်အထားတွေအရ အပြီးအပိုင်စာချုပ်လို့ရပြီဆိုတာ ယုံကြည်တာနဲ့ ကျန်ငွေပေးချေးတဲ့ စာချုပ်ဖို့ သန်လျင်ကိုလာခဲ့ရတာပါ။ ကျွန်ုပ်ရောက်သွားတဲ့ အချိန်မှာ မှောင်ရီပျိုးနေပါပြီ။ ညီညီ တစ်ယောက်လည်းအပေါင်းအသင်း ကူညီသူတွေနဲ့အတူ မနက်ပိုင်းထဲက တာဝန်ခံမြေတိုင်းသူတွေနဲ့ မြေတိုင်းတာခြင်း၊ အကြိုအပို့လုပ်ပေးရခြင်းသက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများကို အသိပေးအကြောင်းကြားခြင်း ဆောင်ရွက်နေရတာတွေကြောင့် ညနေပိုင်းမှာ စာရေးသူအား ဖုန်းဆက်အကြောင်းကြားတယ်လို့ပြောပါတယ်။

ကျွန်ုပ်ရောက်သွားတဲ့ အချိန်မှာ စာချုပ်ကိုကြိုတင်ခဲ့ပြီဖြစ်တာမို့ ဗိုလ်ချုပ်ရွာသစ်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာဘဲ ကျန်ငွေပေးချေတဲ့ အပြီးသတ်စာချုပ်ကိုချုပ်လိုက်ကြပါတယ်။ စာချုပ်ပြီးတဲ့ အချိန်မှာ စာချုပ်ရဲ့နောက်ကျောမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ရုံးစည်းတံဆိပ်ရိုက်ပြီး အထိသက်သေအဖြစ် လက်မှတ်ရေးထိုးပေးမယ်ထင်လို့ စာချုပ်ကိုအုပ်ချုပ်ရေးမှူးထံ လက်ကမ်းပေးလိုက်ပါတယ်။

ဒါပေမဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးက စာချုပ်ပေါ်မှာ လက်မှတ်မထိုးပါဘူး။ ရုံးစည်းတံဆိပ်အဝိုင်းရိုက်မပေးပါဘူး။ အုပ်ချုပ်ရေးမှူးရုံးရဲ့ မှတ်တမ်းစာအုပ်မှာ မှတ်တမ်းထိုးပြီး ရောင်းသူဝယ်သူတို့ကို လက်မှတ်ထိုးနိုင်ပါတယ်။ ပြီးတော့ အိမ်ခြံမြေအရောင်းအဝယ်ကတိစာချုပ် မိတ္တူတစ်စုံကို ပေးခဲ့ရပါတယ်။ ရုံးအလှူငွေကတော့ စေတနာရှိသလောက် ထည့်ခဲ့ရပါတယ်။ ဒီလို ရပ်ကွက်အုပ်ချုပ်ရေးရုံးမှာ မှတ်တမ်းတင်ပေးတာလဲ ဥပဒေအရ အထောက်အထား တစ်ရပ်ယူပေးတာဖြစ်လို့ စာရေးသူသဘောကျပါတယ်။

ကဲအခုတော့ အရောင်းအဝယ် စာချုပ်လည်း ချုပ်ပြီးပြီ တရားဝင်လည်းမြေတိုင်းပြီးပြီ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာလည်း မှတ်တမ်တင်ပြီးပြီ ပိုမိုပြည့်စုံအောင် ကြေးမုံသတင်းစာမှာလည်း ကြော်ငြာထည့်သွင်းပြီးပြီမို့ ဝယ်သူစိတ်အေးသွားရပါပြီ။ စလစ်စာရွက်အဆင့်သာဝယ်နေရတဲ့ မြေကွက်များမှာ မူလပိုင်ရှင်များ ရှာဖွေမရနိုင်တော့သည်မို့ အခုလိုလူသိရှင်ကြားဝယ်ယူခြင်းသာ အကောင်းဆုံး ပါလို့ ဝယ်သူကိုအားပေးစကားပြောပြီး ရန်ကုန်ပြန်ခဲ့ပါတော့တယ်။

အမြဲတမ်း စေ့စပ်သေချာပါစေ

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက်  ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

တမူထူးျခား သန္လ်င္ ဗိုလ္ခ်ဳပ္ရြာသစ္က ေျမကြက္မ်ား

အခုတေလာ ကိုရုိနာဗိုင္းရပ္စ္ ေရာဂါေၾကာင့္ အိမ္တြင္းေအာင္းေနဖို႔ ႏိုင္ငံေတာ္အစိုးရက ေဆာ္ၾသေနတာေၾကာင့္ ကၽြႏု္ပ္လည္း အျပင္မထြက္မျဖစ္ကိစၥမွလြဲလို႕ အိမ္ထဲမွာဘဲ စာေရးစာဖတ္ျခင္းျဖင့္သာ တစ္ေန႕တာကို ကုန္လြန္ေစခဲ့ပါတယ္။

တစ္ရက္မွာေတာ့ လြန္ခဲ့တဲ့ တစ္လက၊ အိႏိၵယကျပန္ေရာက္လာတဲ့ ညီညီေဇာ္တစ္ေယာက္ဖုန္းဆက္လာပါတယ္။ အရင္တစ္ေခါက္လာတုန္းက စရန္ေငြေပးခဲ့တဲ့ေျမကြက္ (၂) ကြက္ က်န္ေငြကို အျပီးေပးေခ်ဖို႕အေၾကာင္းၾကားလာတာပါ။ ေအာ္.. ဟုတ္ေပသားဘဲ ဒီတစ္ေခါက္ျပန္လာရင္အျပီးေငြေခ်မယ္လို႕ စာခ်ဳပ္ခ်ဳပ္ထားခဲ့တာဘဲ ၀ယ္ထားတဲ့ေနရာက သန္လ်င္ျမိဳ႕၊ ေအာင္ခ်မ္းသာရပ္၊ ဗို္လ္ခ်ဳပ္ရြာသစ္မွာပါ။

ညီညီတစ္ေယာက္ ရန္ကုန္သားျဖစ္ျပီးေတာ့ ဘာေၾကာင့္မ်ား သန္လ်င္ ဗိုလ္ခ်ဳပ္ရြာသစ္ကို သေဘာက်တာလဲလို႕ ေမးၾကည့္ေတာ့ ဗိုလ္ခ်ဳပ္ရြာသစ္က ေအးခ်မ္းတယ္ ရြာဆိုေပမဲ့ ျမိဳ႕ကြက္ေဖာ္ျပီး စနစ္တက် ေနရာခ်ထားေပတာျဖစ္လို႔ သန္႕ျပန္႕တယ္၊ ဆိတ္ျငိမ္တယ္၊ ေရေကာင္းေရသန္႕ရတယ္။ (၂၄) နာရီ လွ်ပ္စစ္မီးရတယ္၊ လမ္းေတြကလည္း သာယာလို႕သေဘာက်တယ္လို႕ေျပာပါတယ္။

ညီညီ ေျပာတဲ့ အတိုင္းလည္း မွန္ပါတယ္။ စာေရးသူကိုယ္တိုင္ေတာင္ သေဘာက်တယ္။ လက္ရွိအေျခအေနမွာေတာ့ ရြာခံေတြနဲ႕အတူ ရန္ကုန္သားေတြအပါအ၀င္ အျခားအရပ္ေဒသေတြကလည္း ေျပာင္းေရႊ႕ေနထိုင္သူေတြလည္းမ်ားလာျပီးျဖစ္လို႕ ေျမကြက္လြတ္သိပ္မရွိေတာ့ပါဘူး။ ေတာ္ေတာ္စည္ကားေနပါျပီရပ္ကြက္တည္ပံုက သန္လ်င္ေက်ာက္တန္းသြားတာလမ္းမၾကီးရဲ႕ အေနာက္ဘက္ျခမ္း ဆင္ေျခေလ်ာေလးမွာရွိေနတာမို႕ေရာက္သူတိုင္း ေနခ်င္စဖြယ္ပါ။

လယ္စီမံက မွန္တယ္ဆိုမွ ဝယ္ယူၾက

လက္ရွိမွာေတာ့ ရြာအမည္နဲ႕ဘဲတည္ရွိေနတာေၾကာင့္ ေျမကြက္ေတြကိုေတာ့ အနွစ္ (၃၀) ဂရန္ခ်ထားေပးတာမေတြ႕ခဲ့ရပါဘူး။ ေနထိုင္သူအားလံုးလိုလိုက လြန္ခဲ့တဲ့ အနွစ္ (၃၀) ေက်ာ္က ေျမကြက္ခ်ထားေပးတဲ့ စလစ္ (၂) ခုဘဲ ရွိတာကိုေတြ႕ရပါတယ္။

တစ္ခုက စလစ္စာရြက္ ေနာက္တစ္ခုက ရ ဝ တ ဥကၠဌ ရဲ႕ ေထာက္ခံခ်က္ဘဲရွိတယ္။ အဲဒီစာရြက္ (၂) ရြက္ မွန္ကန္မႈရွိမရွိ သန္လ်င္ျမိဳ႕နယ္ ၊ လယ္ယာေျမစီမံခန္႕ခြဲေရးနွင့္ စာရင္းအင္းဦးစီးဌာန (ယခင္ ေျမစာရင္းဦးစီးဌာန) မွာဘဲ သြားျပီးစစ္ၾကည့္ရတယ္။

ဒါေတြ မွန္တယ္ဆိုမွ စရန္ေငြေပးရဲပါတယ္။ အဲဒီစာရြက္ (၂) ရြက္ မွန္မမွန္ ေျမတိုင္း၊ ေျမကြက္ မွန္မမွန္ ဆိုတာလည္း အဲဒီ လယ္စီမံဌာနက ရွင္းျပမွဘဲ ယံုၾကည္လို႕ရပါတယ္။ ဒါေတြကို စရန္ေငြေပးစဥ္က ေဆာင္ရြက္ခဲ့ျပီးျပီးမို႕ စလစ္စာရြက္ (၂) ရြက္ အေပၚမွာေတာ့ ယံုၾကည္စိတ္ခ်လို႕ရပါျပီ။ ညီညီ စရန္ေငြေပးစဥ္က ႏိုင္ငံျခား ျပန္ထြက္မွာမို႕ အေျပးအလႊာစစ္ေဆးခဲ့ရပါတယ္။ ယခု အျပီးေငြေခ်းမဲ့ေန႕မွာေတာ့ ေျမတိုင္ေျမကြက္မွန္ကန္မႈရွိဖို႕ ပိုင္ရွင္က ေျမတိုင္းေလွ်ာက္ထားရပါတယ္။

မူလပိုင္ရွင္ ေလွ်ာက္ထားတဲ့အတုိင္း မွန္ကန္မႈရွိမရွိ လယ္စီမံဌာနကလည္း လာေရာက္ျပီးတိုင္းတာေပးပါတယ္။ ျခံအက်ယ္အဝန္းလည္းမွန္တယ္။ ( အလ်ား ၊ အနံ) လည္းျပည့္တယ္ဆိုမွဘဲ ဝယ္ုသူဘက္က စိတ္ခ်လက္ခ်ဝယ္ႏိုင္မွာပါ။ အခုေျပာတဲ့ အခ်က္ေတြ ျပည့္စံုျပီျဖစ္လို႕ ညီညီေဇာ္က ေရွ႕ေနလာေပးဖို႕ အေၾကာင္းၾကားလိုက္တာပါ။

ကၽြႏု္ပ္လည္း သူေျပာျပတဲ့ အေထာက္အထားေတြအရ အျပီးအပိုင္စာခ်ဳပ္လို႕ရျပီဆုိတာ ယံုၾကည္တာနဲ႕ က်န္ေငြေပးေခ်းတဲ့ စာခ်ဳပ္ဖို႔ သန္လ်င္ကိုလာခဲ့ရတာပါ။ ကၽြႏု္ပ္ေရာက္သြားတဲ့ အခ်ိန္မွာ ေမွာင္ရီပ်ိဳးေနပါျပီ။ ညီညီ တစ္ေယာက္လည္းအေပါင္းအသင္း ကူညီသူေတြနဲ႕အတူ မနက္ပိုင္းထဲက တာဝန္ခံေျမတိုင္းသူေတြနဲ႕ ေျမတိုင္းတာျခင္း၊ အၾကိဳအပို႕လုပ္ေပးရျခင္းသက္ဆိုင္ရာ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးမ်ားကို အသိေပးအေၾကာင္းၾကားျခင္း ေဆာင္ရြက္ေနရတာေတြေၾကာင့္ ညေနပိုင္းမွာ စာေရးသူအား ဖုန္းဆက္အေၾကာင္းၾကားတယ္လို႕ေျပာပါတယ္။

ကၽြႏ္ုပ္ေရာက္သြားတဲ့ အခ်ိန္မွာ စာခ်ဳပ္ကိုၾကိဳတင္ခဲ့ျပီျဖစ္တာမို႕ ဗိုလ္ခ်ဳပ္ရြာသစ္ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးရုံးမွာဘဲ က်န္ေငြေပးေခ်တဲ့ အျပီးသတ္စာခ်ဳပ္ကိုခ်ဳပ္လိုက္ၾကပါတယ္။ စာခ်ဳပ္ျပီးတဲ့ အခ်ိန္မွာ စာခ်ဳပ္ရဲ႕ေနာက္ေက်ာမွာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးက ရုံးစည္းတံဆိပ္ရုိက္ျပီး အထိသက္ေသအျဖစ္ လက္မွတ္ေရးထုိးေပးမယ္ထင္လို႕ စာခ်ဳပ္ကိုအုပ္ခ်ဳပ္ေရးမွဴးထံ လက္ကမ္းေပးလိုက္ပါတယ္။

ဒါေပမဲ့ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးက စာခ်ဳပ္ေပၚမွာ လက္မွတ္မထိုးပါဘူး။ ရုံးစည္းတံဆိပ္အဝိုင္းရုိက္မေပးပါဘူး။ အုပ္ခ်ဳပ္ေရးမွဴးရုံးရဲ႕ မွတ္တမ္းစာအုပ္မွာ မွတ္တမ္းထိုးျပီး ေရာင္းသူ၀ယ္သူတို႕ကို လက္မွတ္ထိုးႏိုင္ပါတယ္။ ျပီးေတာ့ အိမ္ျခံေျမအေရာင္းအဝယ္ကတိစာခ်ဳပ္ မိတၱဴတစ္စံုကို ေပးခဲ့ရပါတယ္။ ရုံးအလွဴေငြကေတာ့ ေစတနာရွိသေလာက္ ထည့္ခဲ့ရပါတယ္။ ဒီလို ရပ္ကြက္အုပ္ခ်ဳပ္ေရးရုံးမွာ မွတ္တမ္းတင္ေပးတာလဲ ဥပေဒအရ အေထာက္အထား တစ္ရပ္ယူေပးတာျဖစ္လို႕ စာေရးသူသေဘာက်ပါတယ္။

ကဲအခုေတာ့ အေရာင္းအဝယ္ စာခ်ဳပ္လည္း ခ်ဳပ္ျပီးျပီ တရားဝင္လည္းေျမတိုင္းျပီးျပီ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးရုံးမွာလည္း မွတ္တမ္တင္ျပီးျပီ ပိုမိုျပည့္စံုေအာင္ ေၾကးမံုသတင္းစာမွာလည္း ေၾကာ္ျငာထည့္သြင္းျပီးျပီမို႔ ဝယ္သူစိတ္ေအးသြားရပါျပီ။ စလစ္စာရြက္အဆင့္သာဝယ္ေနရတဲ့ ေျမကြက္မ်ားမွာ မူလပိုင္ရွင္မ်ား ရွာေဖြမရႏိုင္ေတာ့သည္မို႕ အခုလိုလူသိရွင္ၾကားဝယ္ယူျခင္းသာ အေကာင္းဆံုး ပါလို႕ ဝယ္သူကိုအားေပးစကားေျပာျပီး ရန္ကုန္ျပန္ခဲ့ပါေတာ့တယ္။

အျမဲတမ္း ေစ့စပ္ေသခ်ာပါေစ

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္  ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်

Upcoming Property Events

area-one-business-complex
thukha-garden-residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service