ဇနီးသည်လက်ရာ ဆေးမဟာ - Property Knowledge in Myanmar from iMyanmarHouse.com
720 Views

ဇနီးသည်လက်ရာ ဆေးမဟာ

Knowledge | Posted by Shwe Zin Win

[Unicode]

ကျန်းမာပျော်ရွှင်သည့် မိသားစုဘဝတစ်ခုရရှိဖို့ ဆိုပါဆိုလျှင် အိမ်ရှင်မကောင်းတစ်ယောက်၏ မိသားစုအပေါ်ထားရှိသည့် အစားအ သောက် တာဝန်ယူမှုသည် အင်မတန်မှပင် အရေးပါလေသည်။ ဒါကြောင့် အစားအသောက်တာဝန်ယူသည့် အိမ်ရှင်မ ကောင်းတို့ စိုးမိုး ခွင့်ရရှိနေသည့် မီးဖိုချောင်တစ်ခု၏ အရေးပါမှုကို ဗဟုသုတအဖြစ်ရော၊သတိပြုကြရမည့် အနေနှင့်ရော လေ့လာကြည့်ကြပါမည်။

မိသားစု ကျန်းမာကြံ့ခိုင်ပြီး အနာရောဂါကင်ခြင်း မကင်းခြင်းက အိမ်ရှင်မသည်၏ ကျန်းမာရေးအသိက ဘယ်လောက်ရှိသလဲဆိုသည်ကို မီးဖိုချောင်ကြည့်ပြီး အကြမ်းဖျင်းသိနိုင်သည်။

အစားအသောက်စီမံချက်ပြုတ်ရာမီးဖိုချောင်တွင် အခြေခံကျသော ဟင်းအိုး၊ထမင်းအိုးနှင့် ပန်းကန်ခွက်ရောက်ထားသိုသိမ်းဆည်းခြင်းတို့ ကိုကြည့်၍ အိမ်ထောင်ရှင်မတစ်ယောက်၏ ကျန်းမာရေးအမြင်ကို ခန့်မှန်းနိုင်သည်။

ချက်ပြုတ်ရာ ဒယ်အိုး၊ဟင်းအိုးတို့ကို ညကဆေးကြောထားသော်လည်း မနက်ပိုင်းဟင်းမချက်မီ ပြန်လည်ဆေးကြောပြီးမှ ချက်ပြုတ် ခြင်း၊အချို့ သောအိုးတို့တွင် ဆားပွင့်များထနေခြင်း၊အမှုန်အမွှားကျနိုင်ခြင်းတို့ကြောင့် ပြန်လည်ဆေးကြောပြီးမှချက်ပြုတ်ပါ။

အချို့သော အိမ်ရှင်မတို့သည် ထမင်းဟင်းကိုဖွယ်ဖွယ်ရာရာမချက်ပြုတ်ဘဲ တစ်မယ်ကောင်းသာချက်ပြုတ်တတ်ကြသည်။စားသောက်ပြီးသော်လည်း ချင်ခြင်းအာသာ မပြေဘဲရှိနေတတ်သည်။

တန်ဖိုးကြီး အသားငါးများကိုသာမဟုတ်ဘဲ၊ အသီးအရွက်ချက်ပြုတ်ရာတွင် ကာလာစုံပါဝင်အောင်ချက်ပြုတ်ခြင်း၊ ဟင်းစပ်တည့်အောင် ချက်ပြုတ်ခြင်းတို့သည် မိသားစုထမင်းဝိုင်းကို မြိန်စေပြီး အဟာရလည်းပြည့်ဝသည့်အပြင် ချင်ခြင်းကိုလည်းပြေစေပါလိမ့်မည်။

တိုင်းရင်ဆေးဆရာ ပညာရှိကြီးများက အိမ်ရှင်မ၏ဈေးခြင်းကို ယခုကဲ့သိုတင်စားကြသည်။ ‌“ဈေးသွားလျှင်ဈေးခြင်းတောင်း၊ဈေးကပြန် လာလျှင် ဆေးခြင်းတောင်း”ဟု တင်စားကြသည်။ကျန်းမာရေးအမြင်ရှိသော အိမ်ရှင်မတွေအကြောင်းကို တင်စားခြင်းဖြစ်သည်။

အချိုမှုန့်တွေများများခပ်မှ ဟင်းကို အရသာရှိစေသည်မဟုတ်ဘဲ ၊ဟင်းသီးဟင်းရွက်နှင့် အသားငါးတို့မှနေ၍ အချိုအချဉ်ထွက်အောင် အရသာပေါ်အောင်ချက်ပြုတ်တတ်ခြင်းက အိမ်ရှင်မကောင်းတစ်ယောက်၏ ကျန်းမာရေး အသိမြင်ရှိမှုပင်ဖြစ်သည်။

ခေတ်ကာလ စားသောက်မှုပုံစံများသည် လူတို့အတွက် သတိကြီးစွာထား၍နေမှ တော်ကာကျပေလိမ့်မည်။သန်းရှင်းသပ်ရပ်စွာ စီမံထား ခြင်းမရှိသည့် လမ်းဘေး အစားအစာများကို ဆန္ဒရှိတိုင်းမစားမိအောင်ရှောင်ကြဉ်ရပါလိမ့်မည်။

ထို့အတူ မိမိတို့အိမ်တွင်လည်း ကျန်းမာရေးကိုအထောက်အကူမပြုသည့်အပြင် ဆိုးရွားမှုပင်ပေးတတ်သည့် အစားအသောက်များကို လည်း သိုလှောင်ထားရှိစားသုံးခြင်းကရှောင်ကြဉ်ရပါလိမ့်မည်။

အိမ်ရှင်မကောင်းသည် အစားအသောက်ကို စီမံရာတွင် အိမ်ရှိသူတို့အတွက် ဓာတ်သဘောမျှတစေဖို့ စဉ်းစားကာချက်ပြုတ်တတ်ရပါလိမ့်မည်။ ပါစကဝမ်းမီး အခြေအနေကို လိုက်ပြီးစီမံတတ်ရပါမည်။ဝမ်းမချုပ်စေအောင်၊ဝမ်းချုပ်နေလျှင် အစားအသောက် အတို့အမြှုပ်တို့နှင့် ဆီးဝမ်းသွေးလေ မှန်စေအောင် စီမံထားနိုင်မှုက ဇနီးသည်အိမ်ရှင်မကောင်း၏ ဆေးမဟာပင်ဖြစ်သည်။

အိမ်ရှင်မကောင်း တစ်ယောက်သည် နေ့စဉ်စားသောက်ကြမည့် အစားအသောက်တွင် ရသာ(၆)ပါးကို သင့်တင့်မျှတပြီး အစပ်အဟပ် တည့်အောင်စီမံပေးခြင်းဖြင့် မိသားစုတိုင်းသည် ကျန်းမာပျော်ရွှင်သော ဘဝကိုပိုင်ဆိုင်ကြမည်ဖြစ်ကြောင်း ဇနီးသည်လက်ရာ ဆေးမဟာ အဖြစ်တင်ပြလိုက်ရပေသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက်  ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ဇော်ပိုင်ဦး (မြန်မာပြည်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ဇနီးသည္လက္ရာ ေဆးမဟာ

က်န္းမာေပ်ာ္ရႊင္သည့္ မိသားစုဘဝတစ္ခုရရွိဖို႔ ဆိုပါဆိုလွ်င္ အိမ္ရွင္မေကာင္းတစ္ေယာက္၏ မိသားစုအေပၚထားရွိသည့္ အစားအေသာက္ တာဝန္ယူမႈသည္ အင္မတန္မွပင္ အေရးပါေလသည္။ ဒါေၾကာင့္ အစားအေသာက္တာဝန္ယူသည့္ အိမ္ရွင္မ ေကာင္းတို႔ စိုးမိုး ခြင့္ရရွိေနသည့္ မီးဖိုေခ်ာင္တစ္ခု၏ အေရးပါမႈကို ဗဟုသုတအျဖစ္ေရာ၊သတိျပဳၾကရမည့္ အေနႏွင့္ေရာ ေလ့လာၾကည့္ၾကပါမည္။

မိသားစု က်န္းမာၾကံ့ခိုင္ၿပီး အနာေရာဂါကင္ျခင္း မကင္းျခင္းက အိမ္ရွင္မသည္၏ က်န္းမာေရးအသိက ဘယ္ေလာက္ရွိသလဲဆိုသည္ကို မီးဖိုေခ်ာင္ၾကည့္ၿပီး အၾကမ္းဖ်င္းသိႏိုင္သည္။

အစားအေသာက္စီမံခ်က္ျပဳတ္ရာမီးဖိုေခ်ာင္တြင္ အေျခခံက်ေသာ ဟင္းအိုး၊ထမင္းအိုးႏွင့္ ပန္းကန္ခြက္ေရာက္ထားသိုသိမ္းဆည္းျခင္းတို႔ ကိုၾကည့္၍ အိမ္ေထာင္ရွင္မတစ္ေယာက္၏ က်န္းမာေရးအျမင္ကို ခန္႔မွန္းႏိုင္သည္။

ခ်က္ျပဳတ္ရာ ဒယ္အိုး၊ဟင္းအိုးတို႔ကို ညကေဆးေၾကာထားေသာ္လည္း မနက္ပိုင္းဟင္းမခ်က္မီ ျပန္လည္ေဆးေၾကာၿပီးမွ ခ်က္ျပဳတ္ ျခင္း၊အခ်ိဳ႔ ေသာအိုးတို႔တြင္ ဆားပြင့္မ်ားထေနျခင္း၊အမႈန္အမႊားက်ႏိုင္ျခင္းတို႔ေၾကာင့္ ျပန္လည္ေဆးေၾကာၿပီးမွခ်က္ျပဳတ္ပါ။

အခ်ိဳ႔ေသာ အိမ္ရွင္မတို႔သည္ ထမင္းဟင္းကိုဖြယ္ဖြယ္ရာရာမခ်က္ျပဳတ္ဘဲ တစ္မယ္ေကာင္းသာခ်က္ျပဳတ္တတ္ၾကသည္။စားေသာက္ၿပီးေသာ္လည္း ခ်င္ျခင္းအာသာ မေျပဘဲရွိေနတတ္သည္။

တန္ဖိုးႀကီး အသားငါးမ်ားကိုသာမဟုတ္ဘဲ၊ အသီးအရြက္ခ်က္ျပဳတ္ရာတြင္ ကာလာစုံပါဝင္ေအာင္ခ်က္ျပဳတ္ျခင္း၊ ဟင္းစပ္တည့္ေအာင္ ခ်က္ျပဳတ္ျခင္းတို႔သည္ မိသားစုထမင္းဝိုင္းကို ၿမိန္ေစၿပီး အဟာရလည္းျပည့္ဝသည့္အျပင္ ခ်င္ျခင္းကိုလည္းေျပေစပါလိမ့္မည္။

တိုင္းရင္ေဆးဆရာ ပညာရွိႀကီးမ်ားက အိမ္ရွင္မ၏ေဈးျခင္းကို ယခုကဲ့သိုတင္စားၾကသည္။ ‌“ေဈးသြားလွ်င္ေဈးျခင္းေတာင္း၊ေဈးကျပန္ လာလွ်င္ ေဆးျခင္းေတာင္း”ဟု တင္စားၾကသည္။က်န္းမာေရးအျမင္ရွိေသာ အိမ္ရွင္မေတြအေၾကာင္းကို တင္စားျခင္းျဖစ္သည္။

အခ်ိဳမႈန္႔ေတြမ်ားမ်ားခပ္မွ ဟင္းကို အရသာရွိေစသည္မဟုတ္ဘဲ ၊ဟင္းသီးဟင္းရြက္ႏွင့္ အသားငါးတို႔မွေန၍ အခ်ိဳအခ်ဥ္ထြက္ေအာင္ အရသာေပၚေအာင္ခ်က္ျပဳတ္တတ္ျခင္းက အိမ္ရွင္မေကာင္းတစ္ေယာက္၏ က်န္းမာေရး အသိျမင္ရွိမႈပင္ျဖစ္သည္။

ေခတ္ကာလ စားေသာက္မႈပုံစံမ်ားသည္ လူတို႔အတြက္ သတိႀကီးစြာထား၍ေနမွ ေတာ္ကာက်ေပလိမ့္မည္။သန္းရွင္းသပ္ရပ္စြာ စီမံထား ျခင္းမရွိသည့္ လမ္းေဘး အစားအစာမ်ားကို ဆႏၵရွိတိုင္းမစားမိေအာင္ေရွာင္ၾကဥ္ရပါလိမ့္မည္။

ထို႔အတူ မိမိတို႔အိမ္တြင္လည္း က်န္းမာေရးကိုအေထာက္အကူမျပဳသည့္အျပင္ ဆိုးရြားမႈပင္ေပးတတ္သည့္ အစားအေသာက္မ်ားကို လည္း သိုေလွာင္ထားရွိစားသုံးျခင္းကေရွာင္ၾကဥ္ရပါလိမ့္မည္။

အိမ္ရွင္မေကာင္းသည္ အစားအေသာက္ကို စီမံရာတြင္ အိမ္ရွိသူတို႔အတြက္ ဓာတ္သေဘာမွ်တေစဖို႔ စဥ္းစားကာခ်က္ျပဳတ္တတ္ရပါလိမ့္မည္။ ပါစကဝမ္းမီး အေျခအေနကို လိုက္ၿပီးစီမံတတ္ရပါမည္။ဝမ္းမခ်ဳပ္ေစေအာင္၊ဝမ္းခ်ဳပ္ေနလွ်င္ အစားအေသာက္ အတို႔အျမွဳပ္တို႔ႏွင့္ ဆီးဝမ္းေသြးေလ မွန္ေစေအာင္ စီမံထားႏိုင္မႈက ဇနီးသည္အိမ္ရွင္မေကာင္း၏ ေဆးမဟာပင္ျဖစ္သည္။

အိမ္ရွင္မေကာင္း တစ္ေယာက္သည္ ေန႔စဥ္စားေသာက္ၾကမည့္ အစားအေသာက္တြင္ ရသာ(၆)ပါးကို သင့္တင့္မွ်တၿပီး အစပ္အဟပ္ တည့္ေအာင္စီမံေပးျခင္းျဖင့္ မိသားစုတိုင္းသည္ က်န္းမာေပ်ာ္ရႊင္ေသာ ဘဝကိုပိုင္ဆိုင္ၾကမည္ျဖစ္ေၾကာင္း ဇနီးသည္လက္ရာ ေဆးမဟာ အျဖစ္တင္ျပလိုက္ရေပသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္  ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး

Upcoming Property Events

bkk-projects
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service