COVID-19 ကြောင့်ရွှေ့ဆိုင်းခဲ့သည့် အခြေခံကျောင်းများအောင်စာရင်းကို ဇွန် ၁၃ ရက်တွင် ထုတ်ပြန်မည်ဟု အခြေခံပညာဦးစီးဌာနဆို - Property News in Myanmar from iMyanmarHouse.com
915 Views

COVID-19 ကြောင့်ရွှေ့ဆိုင်းခဲ့သည့် အခြေခံကျောင်းများအောင်စာရင်းကို ဇွန် ၁၃ ရက်တွင် ထုတ်ပြန်မည်ဟု အခြေခံပညာဦးစီးဌာနဆို

[Unicode]

COVID-19 ကြောင့် ရွှေ့ဆိုင်းထားရသည့် အခြေခံပညာအတန်းများ၏ အောင်စာရင်းကို ဇွန်လ ၁၃ ရက်တွင် ထုတ်ပြန်မည်ဟု အခြေခံပညာဦးစီးဌာနကဆိုသည်။

အောင်စာရင်းများကို ထုတ်ပြန်ရာတွင် ကျောင်းစစ်စားမေးပွဲဖြစ်သည် စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲ အောင်စာရင်းများကို ဇွန် ၁၃ ရက်တွင် ထုတ်ပြန်ရန်မည်ဟုဆိုသည်။

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီက အခြေခံ ပညာကျောင်းများကို ဇူလိုင် ၂၁ ရက်မှစဖွင့်ရန် ပညာရေးဝန်ကြီးဌာနသို့ ညွှန် ကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့ဖွင့်လှစ်ရာတွင် အထက်တန်း အဆင့် အတန်းနှစ်တန်းကို စတင် ဖွင့်ရန် ညွှန်ကြားထားသည်။ အလယ်တန်းအဆင့်ကို ဩဂုတ်လ ဒုတိယအပတ်တွင်ဖွင့်လှစ်ရန် စီစဉ်ထားသည်ဟု အဆိုပါဦးစီးဌာနက ဆိုသည်။ မူလတန်းများကို ဩဂုတ်လ တတိယအပတ်တွင် ဆက်လက်ဖွင့်လှစ်မည်ဟုဆိုသည်။

ကျောင်းပြန်မဖွင့်မီ သူငယ်တန်းမှ နဝမတန်းအထိ အတန်း များ၏ ယခင်ပညာသင်နှစ်က အောင်စာရင်းကို ထုတ်ပြန်မည် ဆိုထားသည်။

စတုတ္ထတန်း၊ အဋ္ဌမတန်း နှစ်ဆုံးစာမေးပွဲအဖြေလွှာ စစ် ဆေးခြင်းကို အချို့မြို့နယ်များ တွင် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ မကျင်းပမီကတည်းက ပြုလုပ်ခဲ့ ပြီး အချို့မြို့နယ်များက တက္က သိုလ်ဝင်ခွင့်စာမေးပွဲပြီးမှ ပြုလုပ်ခဲ့သည်။ COVID-19 ကြောင့် မတ်လ ၂၄ ရက်မှစကာ တက္က သိုလ်များ၊ ကျောင်းများ ရက်အကန့်အသတ်မရှိ ပိတ်ခဲ့ပြီး စာစစ် လုပ်ငန်းများကိုပါ ဆိုင်းငံ့ခဲ့သည်။

အဖြေလွှာ စစ်ဆေးသည့် လုပ်ငန်းများ ဆိုင်းငံ့ခဲ့ရခြင်း ကြောင့် အခြေခံပညာ သူငယ်တန်းမှ နဝမတန်းအထိ စာမေးပွဲ အောင်စာရင်းကို မူလသတ်မှတ်ထားသည့် ဧပြီ ၂၆ ရက်တွင် မထုတ်ပြန်ဘဲ ရွှေ့ဆိုင်းထားရသည်။

 

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]









 



Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 19 Jul To 20 Jul

Emerald Bay Luxury Condo

From 19 Jul To 20 Jul

ERC Luxury Condo

From 19 Jul To 20 Jul

Magical World Apartment

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service