COVID-19 ကပ်ရောဂါတိုက်ဖျက်ရန် အမေရိကန်က မြန်မာကို ဒေါ်လာ သုံးသန်းကျော်ပေး - Property News in Myanmar from iMyanmarHouse.com
13753 Views

COVID-19 ကပ်ရောဂါတိုက်ဖျက်ရန် အမေရိကန်က မြန်မာကို ဒေါ်လာ သုံးသန်းကျော်ပေး

### Unicode Version ###

COVID-19 ကပ်ရောဂါကို တုံ့ပြန်ရန်  အရေးပေါ် ကျန်းမာရေးနှင့် လူ သားချင်းစာနာမှုဆိုင်ရာ ရန်ပုံငွေ အဖြစ် မြန်မာနိုင်ငံအား ဒေါ်လာ သုံးသန်းကျော် ထောက်ပံ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ရုံးက ထုတ်ပြန်သည်။

ထိုထောက်ပံ့ငွေသည် မိတ်ဖက်အာဆီယံနိုင်ငံ များသို့ ဒေါ်လာ ၁၈ သန်းကျော်  ထောက်ပံ့ခြင်း အနက်ဖြစ်သည်။

ထိုပြင် အမေရိကန်က ရောဂါစတင်ချိန်ကစ၍ အာ ဆီယံနိုင်ငံများအတွက် အရေးပေါ် ကျန်းမာရေးနှင့် လူသားချင်းစာနာမှု အကူအညီများအတွက် ဒေါ်လာ ၁၈ ဒသမ ၃ သန်းခန့် ထောက်ပံ့ခဲ့သည်ဟု ဆိုသည်။

အမေရိကန်က တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် မတ်လ ၂၆ ရက်အထိ WHO (ကမ္ဘာ့ကျန်းမာရေးအဖွဲ့) ကဲ့သို့ အဖွဲ့အစည်းများအပါအဝင် ဒေါ်လာ ၂၇၄ သန်းခန့် ထောက်ပံ့ပေးခဲ့သည်ဟုဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံအတွက် ကျန်းမာရေးနှင့် လူသားချင်းစာနာမှုအဖြစ် ဒေါ်လာ ၃ ဒသမ ၈ သန်းခန့် ထောက်ပံ့ပေးခဲ့ပြီး  ရေနှင့် သန့်ရှင်းရေး၊ COVID-19 စီမံခန့်ခွဲမှု၊ ဖြစ်ရပ်အခြေပြုစောင့် ကြည့်မှု စသည့် ကိစ္စရပ်များ ဆောင်ရွက်ရန်ဖြစ်သည်ဟု ဖော်ပြသည်။

COVID-19 တိုက်ဖျက်ရန်  အာဆီယံနိုင်ငံများအားထောက်ပံ့ရာတွင် ဗိုင်းရပ်စ်စစ်ဆေးမှု  ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေး  ဓာတ်ခွဲခန်းများ ပြင်ဆင်နိုင်ရန်၊ ဗိုင်းရပ်ကူးစက်မှု ကာကွယ်ရေး  နှင့် ထိန်းချုပ်ရန်၊ ကျန်းမာရေး လုပ်သားများအတွက် လေ့ကျင့် သင်ကြားမှု ပစ္စည်းကိရိယာများ  အဆင့်မြှင့်တင်ရန် စသည့် ရည် ရွယ်ချက်များပါဝင်ကြောင်း ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###













Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်

Upcoming Property Events

area-one-business-complex
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service