စာချုပ်စာတမ်းများကို သတ်မှတ်အချိန်ကာလအတွင်း မှတ်ပုံတင်ရန်လျှောက်ထားခြင်းနှင့် သတ်မှတ်ကာလကျော်လွန်ပါက ဆောင်ရွက်ချက်အကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
1123 Views

စာချုပ်စာတမ်းများကို သတ်မှတ်အချိန်ကာလအတွင်း မှတ်ပုံတင်ရန်လျှောက်ထားခြင်းနှင့် သတ်မှတ်ကာလကျော်လွန်ပါက ဆောင်ရွက်ချက်အကြောင်း

Knowledge | Posted by Si Thu Aung

### Unicode Version ###

နိုင်ငံတော်အတွင်းချုပ်ဆိုသည့် သေတမ်းစာမှအပ အခြားစာချုပ်စာတမ်းများကို စာချုပ်ချုပ်ဆိုသည့် နေ့ရက်မှစ၍သော်လည်းကောင်း၊ တရားရုံး၏ ဒီကရီ (သို့) အမိန့် ကိုချမှတ်သည့် နေ့ရက်မှစ၍လည်းကောင်း ရက်ပေါင်း ၁၂၀ အတွင်း မှတ်ပုံတင်ရန်တင်ပြရမည်။

သို့ရာတွင် တရားရုံး၏ ဒီကရီ (သို့) အမိန့် ကိုအယူခံဝင်လျှင် မှတ်ပုံတင်ရန် တင်ပြရမည့်ရက်ကို အယူခံဝင်သည့်ရုံးက အမိန့်ချသည့်နေ့ကစ၍ ရေတွက်ရမည်။(စာချုပ်စာတမ်းများမှတ်ပုံတင်ဥပဒေ ပုဒ်မ-၂၁)

သေတမ်းစာမှအပ အခြားစာချုပ်စာတမ်းများကို ပုဒ်မ-၂၁ အရ သတ်မှတ်ကာလအတွင်း မှတ်ပုံတင်နိုင်ခြင်း မရှိပါက သတ်မှတ်ကာလကျော်လွန်ပြီးမှ တင်ပြရမည့်ကိစ္စရပ်တွင်-

(က) မှတ်ပုံတင်လိုသူသည် မှတ်ပုံတင်ခွင့်ပြုရန် ပုဒ်မ-၇(သို့) ပုဒ်မ-၈ပါ စာချုပ်စာတမ်း မှတ်ပုံတင်အရာရှိထံ လျှောက်ထားရမည်။

(ခ) မှတ်ပုံတင်အရာရှိသည် လျှောက်ထားချက်ကို လက်ခံရရှိလျှင် ခွင့်ပြုချက်ရရှိရန် သက်ဆိုင် ရာတိုင်းဒေသကြီး(သို့) ပြည်နယ်စာချုပ်စာတမ်းမှတ်ပုံတင် အရာရှိထံ တင်ပြရမည်။

(ဂ) တိုင်းဒေသကြီး (သို့) ပြည်နယ်စာချုပ်စာတမ်းမှတ်ပုံတင် အရာရှိသည် ပုဒ်မခွဲ (ခ) အရ တင်ပြချက်ကို သတ်မှတ်ချက်များနှင့်အညီ စိစစ်ပြီး မှတ်ပုံတင်ရန်သတ်မှတ်ကာလထက် ကျော်လွန်သည့်ကာလသည် ရက်ပေါင်း၁၂၀ထက် မပိုလျှင် သတ်မှတ်ဒဏ်ကြေးငွေကို ပေးဆောင်စေပြီး မှတ်ပုံတင်ခွင့်ပြုနိုင်သည်။ (စာချုပ်စာတမ်းများ မှတ်ပုံတင်ဥပဒေ ပုဒ်မ-၂၃) နိုင်ငံတော်ပြင်ပတွင် ချုပ်ဆိုသောစာချုပ်ဖြစ်ခဲ့လျှင် မှတ်ပုံတင်လိုသူသည်-

(က) နိုင်ငံတော်အတွင်းသို့ ရောက်သည့်နေ့ရက်မှ ရက်ပေါင်း ၁၂၀အတွင်း မှတ်ပုံတင်ရန် ပုဒ်မ ၇သို့ ပုဒ်မ ၈ပါ စာချုပ်စာတမ်းမှတ်ပုံတင် အရာရှိထံ တင်ပြရပါမည်။

(ခ) မှတ်ပုံတင်အရာရှိက ပုဒ်မခွဲ (က)အရ တင်ပြသော စာချုပ်စာတမ်းကို စိစစ်၍ သတ်မှတ်ချက်များနှင့် ကိုက်ညီ်ပါက မှတ်ပုံတင်ပေးရမည်။

(ဂ) မှတ်ပုံတင်လိုသုူက ပုဒ်မခွဲ (က)ပါ သတ်မှတ်ရက်ထက် ကျော်လွန်၍ မှတ်ပုံတင်လာပါက ပုဒ်မ-၂၃အရ ဆောင်ရွက်ရမည်။(စာချုပ်စာတမ်းများ မှတ်ပုံတင်ဥပဒေ ပုဒ်မ-၂၄) မရွှေ့မပြောင်းနိုင်သော ပစ္စည်းနှင့် သက်ဆိုင်သော စာချုပ်စာတမ်းများကို ပစ္စည်းတည်ရှိရာ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ရပါမည်။ အခြားစာချုပ်စာတမ်းများကို မည်သည့်စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် မဆို မှတ်ပုံတင်ခွင့်ရှိပါသည်။(စာချုပ်စာတမ်းများ မှတ်ပုံတင်ဥပဒေ ပုဒ်မ-၂၅)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

စာခ်ဳပ္စာတမ္းမ်ားကို သတ္မွတ္အခ်ိန္ကာလအတြင္း မွတ္ပုံတင္ရန္ေလွ်ာက္ထားျခင္းႏွင့္ သတ္မွတ္ကာလေက်ာ္လြန္ပါက ေဆာင္ရြက္ခ်က္အေၾကာင္း

ႏိုင္ငံေတာ္အတြင္းခ်ဳပ္ဆိုသည့္ ေသတမ္းစာမွအပ အျခားစာခ်ဳပ္စာတမ္းမ်ားကို စာခ်ဳပ္ခ်ဳပ္ဆိုသည့္ ေန႔ရက္မွစ၍ေသာ္လည္းေကာင္း၊ တရား႐ုံး၏ ဒီကရီ (သို႔) အမိန္႔ ကိုခ်မွတ္သည့္ ေန႔ရက္မွစ၍လည္းေကာင္း ရက္ေပါင္း ၁၂၀ အတြင္း မွတ္ပုံတင္ရန္တင္ျပရမည္။

သို႔ရာတြင္ တရား႐ုံး၏ ဒီကရီ (သို႔) အမိန္႔ ကိုအယူခံ၀င္လွ်င္ မွတ္ပုံတင္ရန္ တင္ျပရမည့္ရက္ကို အယူခံ၀င္သည့္႐ုံးက အမိန္႕ခ်သည့္ေန႕ကစ၍ ေရတြက္ရမည္။(စာခ်ဳပ္စာတမ္းမ်ားမွတ္ပုံတင္ဥပေဒ ပုဒ္မ-၂၁)

ေသတမ္းစာမွအပ အျခားစာခ်ဳပ္စာတမ္းမ်ားကို ပုဒ္မ-၂၁ အရ သတ္မွတ္ကာလအတြင္း မွတ္ပုံတင္ႏိုင္ျခင္း မရွိပါက သတ္မွတ္ကာလေက်ာ္လြန္ၿပီးမွ တင္ျပရမည့္ကိစၥရပ္တြင္-

(က) မွတ္ပုံတင္လိုသူသည္ မွတ္ပုံတင္ခြင့္ျပဳရန္ ပုဒ္မ-၇(သို႔) ပုဒ္မ-၈ပါ စာခ်ဳပ္စာတမ္း မွတ္ပုံတင္အရာရွိထံ ေလွ်ာက္ထားရမည္။

(ခ) မွတ္ပုံတင္အရာရွိသည္ ေလွ်ာက္ထားခ်က္ကို လက္ခံရရွိလွ်င္ ခြင့္ျပဳခ်က္ရရွိရန္ သက္ဆိုင္ ရာတိုင္းေဒသႀကီး(သို႔) ျပည္နယ္စာခ်ဳပ္စာတမ္းမွတ္ပုံတင္ အရာရွိထံ တင္ျပရမည္။

(ဂ) တိုင္းေဒသႀကီး (သို႔) ျပည္နယ္စာခ်ဳပ္စာတမ္းမွတ္ပုံတင္ အရာရွိသည္ ပုဒ္မခြဲ (ခ) အရ တင္ျပခ်က္ကို သတ္မွတ္ခ်က္မ်ားႏွင့္အညီ စိစစ္ၿပီး မွတ္ပုံတင္ရန္သတ္မွတ္ကာလထက္ ေက်ာ္လြန္သည့္ကာလသည္ ရက္ေပါင္း၁၂၀ထက္ မပိုလွ်င္ သတ္မွတ္ဒဏ္ေၾကးေငြကို ေပးေဆာင္ေစၿပီး မွတ္ပုံတင္ခြင့္ျပဳႏိုင္သည္။ (စာခ်ဳပ္စာတမ္းမ်ား မွတ္ပုံတင္ဥပေဒ ပုုဒ္မ-၂၃) ႏိုင္ငံေတာ္ျပင္ပတြင္ ခ်ဳပ္ဆိုေသာစာခ်ဳပ္ျဖစ္ခဲ့လွ်င္ မွတ္ပုံတင္လိုသူသည္-

(က) ႏိုင္ငံေတာ္အတြင္းသို႔ ေရာက္သည့္ေန႔ရက္မွ ရက္ေပါင္း ၁၂၀အတြင္း မွတ္ပုံတင္ရန္ ပုဒ္မ ၇သို႔ ပုဒ္မ ၈ပါ စာခ်ဳပ္စာတမ္းမွတ္ပုံတင္ အရာရွိထံ တင္ျပရပါမည္။

(ခ) မွတ္ပုံတင္အရာရွိက ပုဒ္မခြဲ (က)အရ တင္ျပေသာ စာခ်ဳပ္စာတမ္းကို စိစစ္၍ သတ္မွတ္ခ်က္မ်ားႏွင့္ ကိုက္ညီ္ပါက မွတ္ပုံတင္ေပးရမည္။

(ဂ) မွတ္ပုံတင္လိုသုူက ပုဒ္မခြဲ (က)ပါ သတ္မွတ္ရက္ထက္ ေက်ာ္လြန္၍ မွတ္ပုံတင္လာပါက ပုဒ္မ-၂၃အရ ေဆာင္ရြက္ရမည္။(စာခ်ဳပ္စာတမ္းမ်ား မွတ္ပုံတင္ဥပေဒ ပုုဒ္မ-၂၄) မေရႊ႕မေျပာင္းႏိ္ုင္ေသာ ပစၥည္းႏွင့္ သက္ဆိုင္ေသာ စာခ်ဳပ္စာတမ္းမ်ားကို ပစၥည္းတည္ရွိရာ စာခ်ဳပ္စာတမ္း မွတ္ပုံတင္႐ုံးတြင္ မွတ္ပုံတင္ရပါမည္။ အျခားစာခ်ဳပ္စာတမ္းမ်ားကို မည္သည့္စာခ်ဳပ္စာတမ္း မွတ္ပုံတင္႐ုံးတြင္ မဆို မွတ္ပုံတင္ခြင့္ရွိပါသည္။(စာခ်ဳပ္စာတမ္းမ်ား မွတ္ပုံတင္ဥပေဒ ပုုဒ္မ-၂၅)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပေဒအႀကံေပး ပညာရွင္အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့

Upcoming Property Events

taunggyi-garden-city
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service