လင် (သို့မဟုတ်) မယား တစ်ဦးတည်း အမည်ပေါက်ပိုင်ဆိုင်သောပစ္စည်းကို ရောင်းချရာတွင် ၎င်းတို့၏ မယား(သို့မဟုတ်) လင်တို့ လက်မှတ်ရေးထိုးရန်လိုအပ်သလား။ - Property Knowledge in Myanmar from iMyanmarHouse.com
14447 Views
လင် (သို့မဟုတ်) မယား တစ်ဦးတည်း အမည်ပေါက်ပိုင်ဆိုင်သောပစ္စည်းကို ရောင်းချရာတွင် ၎င်းတို့၏ မယား(သို့မဟုတ်) လင်တို့ လက်မှတ်ရေးထိုးရန်လိုအပ်သလား။
Knowledge | Posted by Shwe Zin Win
### Unicode Version ###
လင်၊ မယား နှစ်ဦးအမည်ပေါက်ပိုင်ဆိုင်သည့်ပစ္စည်းကို ရောင်းချရာတွင် နှစ်ဦးစလုံး သည် ရောင်းသူအနေဖြင့် လက်မှတ်ရေးထိုး ရောင်းချမှသာ တရားဝင်မည်ဖြစ်ပြီး လင် (သို့မဟုတ်) မယား တစ်ဦးတည်း အမည်ပေါက်ပိုင်ဆိုင်သောပစ္စည်းကိုရောင်းချရာတွင် အမည်ပေါက်ပိုင်ဆိုင်သည့် လင် (သို့မဟုတ်) မယားသည် ရောင်းသူအနေဖြင့်လည်းကောင်း၊ ၎င်းတို့၏ အိမ်ထောင်ဖက် မယား (သို့မဟုတ်) လင်အား သက်သေအဖြစ်လည်းကောင်း အရောင်းအဝယ်စာချုပ်တွင် လက်မှတ်ရေးထိုးခိုင်ရန် လိုအပ်ပါသည်။
အဘယ်ကြောင့်ဆိုသော် လင်နှင့်မယားပိုင်ဆိုင်သော ပါရင်းပစ္စည်း၊ အမွေရလက်ထက်ပွားပစ္စည်း စသည့်တို့တွင် ပါရင်း ပါလာသူနှင့် အမွေရလက်ထက်ပွားပစ္စည်း ပါလာသူပစ္စည်းရှင် လင် (သို့မဟုတ်) မယားက သုံးပုံပုံ နှစ်ပုံ ပိုင်ဆိုင်ပြီး ပစ္စည်းမပါသူ လင် (သို့မဟုတ်) မယားက သုံးပုံပုံ တစ်ပုံကို အပြီးအပိုင်ရရှိသော အခွင့်အရေးရရှိသောကြောင့်ဖြစ်သည်။
ဝယ်ယူသူသည် ၎င်းဝယ်ယူသောပစ္စည်းသည် လင် (သို့မဟုတ်) မယားတစ်ဦးတည်းပိုင်ဆိုင်သော ပစ္စည်းဖြစ်လျှင် အဆိုပါပစ္စည်းသည် ပါရင်းပစ္စည်းသော်လည်းကောင်း၊ အမွေရလက်ထက်ပွားပစ္စည်းသော် လည်းကောင်း ဖြစ်နေလျှင် နောင်တစ်ချိန်အရှုပ်အရှင်းများဖြစ်ပေါ်လာနိုင်ပါသည်။ ထို့ကြောင့် အထက်ပါအတိုင်း အရောင်းအဝယ်စာချုပ်တွင် လက်မှတ်ရေးထိုး ရောင်းချစေခြင်းဖြင့် နောင်တစ်ချိန်တွင် အရှုပ်အရှင်းကန့်ကွက်မှုများ ပေါ်ပေါက်မည့်ကိစ္စကို ရှောင်ရှားနိုင်မှာဖြစ်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
လင် (သို့မဟုတ်) မယား တစ်ဦးတည်း အမည်ပေါက်ပိုင်ဆိုင်သောပစ္စည်းကို ရောင်းချရာတွင် ၄င်းတို့၏ မယား(သို့မဟုတ်) လင်တို့ လက်မှတ်ရေးထိုးရန်လိုအပ်သလား။
လင်၊ မယား နှစ်ဦးအမည်ပေါက်ပိုင်ဆိုင်သည့်ပစ္စည်းကို ရောင်းချရာတွင် နှစ်ဦးစလုံး သည် ရောင်းသူအနေဖြင့် လက်မှတ်ရေးထိုး ရောင်းချမှသာ တရားဝင်မည်ဖြစ်ပြီး လင် (သို့မဟုတ်) မယား တစ်ဦးတည်း အမည်ပေါက်ပိုင်ဆိုင်သောပစ္စည်းကိုရောင်းချရာတွင် အမည်ပေါက်ပိုင်ဆိုင်သည့် လင် (သို့မဟုတ်) မယားသည် ရောင်းသူအနေဖြင့်လည်းကောင်း၊ ၄င်းတို့၏ အိမ်ထောင်ဖက် မယား (သို့မဟုတ်) လင်အား သက်သေအဖြစ်လည်းကောင်း အရောင်းအ၀ယ်စာချုပ်တွင် လက်မှတ်ရေးထိုးခိုင်ရန် လိုအပ်ပါသည်။
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ရေသန့်ဘူးများထဲတွင် မျက်စိဖြင့် မမြင်နိုင်သော နာနိုပလတ်စတစ်အမှုန်ပေါင်း ၃၇၀,၀၀၀ ခန့် ပါဝင်ကြောင်း အမေရိကန်သိပ္ပံပညာရှင်မ
ရေသန့်ဘူးများထဲတွင် မျက်စိဖြင့် မမြင်နိုင်သော နာနိုပလတ်စတစ်အမှုန်ပေါင်း ၃၇၀,၀၀၀ ခန့် ပါဝင်ကြောင်း အမေရိကန်သိပ္ပံပညာရှင်မ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
Upcoming Property Events
thukha-garden-residence
kalaw-garden-valley
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service