မိဘများပိုင် ပစ္စည်းကို အမွေဆက်ခံရာတွင် မည်သည့်သားသမီးက အမွေဆက်ခံခွင့်မရှိ/ အမွေပြတ်သနည်း။ - Property Knowledge in Myanmar from iMyanmarHouse.com
4431 Views
မိဘများပိုင် ပစ္စည်းကို အမွေဆက်ခံရာတွင် မည်သည့်သားသမီးက အမွေဆက်ခံခွင့်မရှိ/ အမွေပြတ်သနည်း။
Knowledge | Posted by Hnin Ei Khin
### Unicode Version ###
သားသမီးများသည် အောက်ပါပြုလုပ်မှုများကို ပြုလုပ်ယုံမျှဖြင့် အမွေမပြတ်နိုင်ပါ -
(က) မိဘစကားကို မကြာခဏနားမထောင်ခြင်း။
(ခ) တစ်ခါဆဲဘူးသော်လည်း မိဘကခွင့်လွှတ်ခြင်း။
(ဂ) အမွေပေးရန် တရားစွဲဆိုခဲ့ဘူးခြင်း။
(ဃ) မိဘသဘောမတူသူနှင့် ခိုးရာလိုက်ဘူးခြင်း။
(င) မိဘနှင့်အတူနေထိုင်ရန် ငြင်းဆန်ဘူးခြင်း။
အောက်ပါပြုလုပ်မှုများကို ပြုလုပ်လျှင် အမွေပြတ်ပါသည်။ ၎င်းသားသမီးကို သွာနုတ္တသား (ခွေးနှင့်တူသောသား)ဟု ခေါ်ဆိုသည်။
(က) မိဘနားမကျန်းသည်ကို သိလျှက် တမင်ရည်ရွယ်၍ စွန့်ပစ်ခဲ့ခြင်း။
(ခ) မိဘကို ရန်သူသဖွယ်ပြုမူ ဆက်ခံခြင်း။
ထိုသို့ အမွေပြတ်နိုင်သည့် ပြုလုပ်မှုကို ပြုလုပ်လျှင် မိဘဖြစ်သူသည် သက်ဆိုင်ရာတရားရုံးသို့ အမွေပြတ်ကြော်ငြာပေးရန် လျှောက်ထားရမှာဖြစ်ပါသည်။ တရားရုံးမှ အဖြစ်အပျက် အကြောင်းအရာပေါ်တွင် မူတည်ပြီး တရားသူကြီးနှင့် ဆင်ခြင်ထုံတရားဖြင့် ဆုံးဖြတ်မှာဖြစ်ပါသည်။
တရားရုံးမှ အမွေပြတ်ခြင်းအမိန့်ချမှတ်ခံရလျှင် (သို့မဟုတ်) ကြော်ငြာခံရလျှင် အဆိုပါသားသမီးသည် မိဘသေဆုံးသည့်အခါတွင်လည်း အမွေမရထိုက်ပါ။ သို့သော် အဆိုပါသားသမီးမှ မွေးထားသည့် မြေများသည် အမွေမပြတ်ပါ။ သားသမီးသည် မွေးစားသားသမီးဖြစ်လျှင် မြေများလည်း အမွေပျက်ပါသည်။ သားသမီးအဖြစ်မှ အမွေပြတ်ခြင်းကို သတင်းစာကြော်ငြာခြင်းတစ်ခုတည်းဖြင့် အမွေမပြတ်ပါ။ တရားရုံးက အမွေပြတ်အမိန့်ချမှတ်ကြော်ငြာမှသာ အမွေပြတ်သည်။ ထိုသို့အမိန့်ချမှတ်ပြီးမှသာ သတင်းစာကြော်ငြာခြင်းသည် တရားဝင်သည်။ တရားရုံးအမိန့်ချမှတ်ထားခြင်းမရှိဘဲ အမွေပြတ်ကြောင်း သတင်းစာကြော်ငြာခြင်းသည် ဥပဒေနှင့်အညီဘဲ မိဘသဘောဆန္ဒသာဖြစ်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
Upcoming Property Events
mya-villa
area-one-business-complex
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service