တရုတ်ဘဏ္ဍာရေးလုပ်ငန်းစု CDB က MAI ကို ဂျက်လေယာဉ်နှစ်စင်းငှား - Property News in Myanmar from iMyanmarHouse.com
757 Views

တရုတ်ဘဏ္ဍာရေးလုပ်ငန်းစု CDB က MAI ကို ဂျက်လေယာဉ်နှစ်စင်းငှား

### Unicode Version ###

တရုတ်ဘဏ္ဍာရေးလုပ်ငန်းစုပိုင်ဆိုင်သည့် CDB လေကြောင်းလုပ်ငန်းက ပြည်တွင်းလေကြောင်းလိုင်းတစ်ခုဖြစ်သည့် MAI ကို ဂျက်လေယာဉ်နှစ်စင်းငှားရမ်းဖြစ်ကြောင်း စင်ကာပူတွင်လက်မှတ်ရေးထိုးခဲ့သည်။

ငှားရမ်းသည့်ဂျက်လေယာဉ်မှာ Embraer E190 အမျိုးအစားဖြစ်ပြီး ၂၀၂၀ ဩဂုတ်လတွင် MAI ၌ ပြည်တွင်းနှင့်ပြည်ပလမ်းကြောင်းများပြေးဆွဲမည်ဖြစ်ကြောင်း CDB က ထုတ်ပြန်ကြေငြာသည်။

၎င်းသည် MAI ၏ ပြည်တွင်း၊ ပြည်ပခရီးစဉ်သာမက ၎င်းကမိတ်ဖက်လေကြောင်းလိုင်း Air KBZ ကိုလည်း ထောက်ပံ့ကူညီမည်ဟု ဆိုသည်။

‘‘ဂျက်လေယာဉ် နှစ်စီးကို MAI ကို လွှဲပြောင်းပေးခြင်းဟာ Embraer ရဲ့ ပဉ္စမမြောက်မျိုးဆက်ကို ဈေးကွက်ကွန်ရက်ချဲ့ထွင်လိုက်ခြင်းဖြစ်ပါတယ်’’ ဟု CDB လေကြောင်းလိုင်းဆိုင်ရာ ဈေးကွက်မြှင့်တင်ရေးအရာရှိချုပ် ပီတာဂွတ်မန်းက ပြောကြားသည်။

လေယာဉ် ငှားရမ်းခြင်းကို CBD လေကြောင်းလုပ်ငန်းက ဆောင်ရွက်ခြင်းဖြစ်သည်။ CDB လေကြောင်းလုပ်ငန်းသည် China Development Bank ဘဏ္ဍာရေးလုပ်ငန်းစုက ပိုင်ဆိုင်ခြင်းဖြစ်ပြီး ယခုလေယာဉ်ပျံငှားရမ်းခြင်းကို ၎င်းလုပ်ငန်းစုနယ်သာလန် ကုမ္ပဏီခွဲက ဆောင်ရွက်ခြင်းဖြစ် သည်။

MAI ၏ အကြီးအကဲ ဦးကျော်ဟန်က ‘‘ဒီဂျက်လေယာဉ် နှစ်စီးက MAI ကို မြန်မာ့လေ ကြောင်းဈေးကွက်မှာ ရှေ့ပြေး ဖြစ်စေပါတယ်။ ဒီလေယာဉ်အသစ်တွေက ပြည်တွင်းနဲ့ ပြည်ပ ပျံသန်းမှုတွေမှာ သက်သောင့်သက်သာ အရည်အသွေးမြင့်စွမ်းဆောင်နိုင်မှာပါ’’ ဟု ဆိုသည်။

MAI သည် ရန်ကုန်- မန္တလေးသို့ ပျံသန်းပြေးဆွဲပြီးနိုင်ငံတကာတွင်လည်း တရုတ်၊ ထိုင်း၊ စင်ကာပူ၊ တိုင်ပေ၊ တောင်ကိုရီးယားနှင့် အိန္ဒိယတို့ကို ပျံသန်းပြေးဆွဲနေသည်။

လက်ရှိတွင် A319 လေယာဉ်သုံးစီးနှင့် A320 တစ်စီးပိုင်ဆိုင်ထားသည်။ လက်ရှိတွင်ပြည်တွင်းမှ နိုင်ငံခြားသို့ ပျံသန်းသည့် ဈေးကွက် ၁၂ ရာခိုင်နှုန်းကို MAI က ပိုင်ဆိုင်ထားပြီး ၂၀၂၀ နှစ်ကုန်ပိုင်းတွင် နှစ်ဆမြင့်တက်ရန်ရှိသည်ဟု ဆိုသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

### Zawgyi Version ###












Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 19 Jul To 20 Jul

Emerald Bay Luxury Condo

From 19 Jul To 20 Jul

ERC Luxury Condo

From 19 Jul To 20 Jul

Magical World Apartment

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service