ေဟာင္ေကာင္ကုမၸဏီ၏ မဂၢါဝပ္ ၃၅၀ ထုတ္လုပ္မည့္ ဓာတ္အားေပးစီမံကိန္းကို ရင္းႏွီးျမႇပ္ႏွံမႈေကာ္မရွင္ကခြင့္ျပဳခ်က္ေပး - Property News in Myanmar from iMyanmarHouse.com
661 Views

ေဟာင္ေကာင္ကုမၸဏီ၏ မဂၢါဝပ္ ၃၅၀ ထုတ္လုပ္မည့္ ဓာတ္အားေပးစီမံကိန္းကို ရင္းႏွီးျမႇပ္ႏွံမႈေကာ္မရွင္ကခြင့္ျပဳခ်က္ေပး

### Zawgyi Version ###

ေႏြရာသီမီးမပ်က္ေစေရးတင္ဒါေခၚယူထားသည့္ စီမံကိန္း ၄ ခုအနက္ သန္လ်င္တြင္ မဂၢါဝပ္ ၃၅၀ ထုတ္လုပ္မည့္ ေဟာင္ေကာင္အေျခစိုက္ V- power ကုမၸဏီ၏ LNG သုံးဓာတ္အားေပးစက္႐ုံတည္ေဆာက္ ျမန္္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္က ခြင့္ ျပဳေပးလိုက္ေၾကာင္းထုတ္ျပန္သည္။

အဆိုပါ စီမံကိန္းသည္ ေႏြရာသီမီးမျပတ္ေစေရး လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာနက တင္ဒါေခၚယူထားသည့္ စီမံကိန္းေလးခုအနက္တစ္ခုျဖစ္သည္။

၂၀၂၀ ျပည့္ႏွစ္အတြက္ ရင္းႏွီးျမႇပ္ႏွံမႈေကာ္မရွင္က ဒုတိယအႀကိမ္ခြင့္ျပဳေပးသည့္ လုပ္ငန္းမ်ားအနက္ အဆိုပါလုပ္ငန္းပါဝင္လာျခင္းျဖစ္သည္။ ေကာ္မရွင္က ခြင့္ျပဳရာတြင္ အထက္ပါ ဓာတ္အားေပးစက္႐ုံအပါအဝင္ အျခားလုပ္ငန္းရွစ္မ်ိဳးပါဝင္ၿပီး စုစုေပါင္း ေဒၚလာ သန္း ၄၀၀ ခန႔္ရွိသည္။

ယင္းစီမံကိန္းသည္ ၂၀၂၀ ျပည့္ႏွစ္ မတ္လ၊ ဧၿပီႏွင့္ ေမလ တို႔တြင္ အသီးသီးစတင္ဓာတ္ အားထုတ္ႏိုင္မည့္ ကြၽန္းေခ်ာင္း မဂၢါဝပ္၂၀၊ ေက်ာက္ျဖဴ မဂၢါဝပ္ ၁၅၀၊ သန္လ်င္ မဂၢါဝပ္ ၃၅၀ ႏွင့္ သာေကတ မဂၢါဝပ္ ၄၀၀ ဓာတ္အားေပးစက္႐ုံမ်ားအနက္တစ္ခုျဖစ္သည္ဟု လွ်ပ္စစ္ႏွင့္ စြမ္းအင္ ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးဝင္းခိုင္က ဆိုသည္။

လာမည့္ ေႏြရာသီတြင္ လွ်ပ္စစ္မီးမျပတ္ေစေရး လွ်ပ္စစ္ဓာတ္အား မဂၢါဝပ္ ၁,၀၄၀ ဝယ္ယူရန္ အစိုးရက စီစဥ္ခဲ့သည္။ အဆိုပါ စီမံကိိန္းငါးခုသည္ ကြၽန္းေခ်ာင္း၊ အလုံ၊ ေက်ာက္ျဖဴ၊ သန္လ်င္ႏွင့္ သာေကတတို႔တြင္ တည္ေဆာက္မည္ျဖစ္ၿပီး စီးပြားျဖစ္ထုတ္လုပ္သည့္ႏွစ္မွ ငါးႏွစ္ ၾကာ ဓာတ္အားဝယ္ယူမည္ဟု ဝန္ႀကီးဌာနက ဆိုသည္။

ေဟာင္ေကာင္အေျခစိုက္ V-power ကုမၸဏီက ျမန္မာအစိုးရ၏ ေႏြရာသီ မီးမျပတ္ေစ ေရး ေဆာင္႐ြက္ေနသည့္ ဓာတ္အားေပးစီမံကိန္း ငါးခုအနက္ေလးခု တင္ဒါေအာင္ျမင္ခဲ့သည္။

စိမ့္စည္သူ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

နွေရာသီမီးမပျက်စေရေးတင်ဒါခေါ်ယူထားသည့် စီမံကိန်း ၄ ခုအနက် သန်လျင်တွင် မဂ္ဂါဝပ် ၃၅၀ ထုတ်လုပ်မည့် ဟောင်ကောင်အခြေစိုက် V- power ကုမ္ပဏီ၏ LNG သုံးဓာတ်အားပေးစက်ရုံတည်ဆောက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့် ပြုပေးလိုက်ကြောင်းထုတ်ပြန်သည်။

အဆိုပါ စီမံကိန်းသည် နွေရာသီမီးမပြတ်စေရေး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက တင်ဒါခေါ်ယူထားသည့် စီမံကိန်းလေးခုအနက် တစ်ခုဖြစ်သည်။

၂၀၂၀ ပြည့်နှစ်အတွက် ရင်းနှီးမြှပ်နှံမှုကော်မရှင်က ဒုတိယအကြိမ်ခွင့်ပြုပေးသည့် လုပ်ငန်းများအနက် အဆိုပါလုပ်ငန်းပါဝင်လာခြင်းဖြစ်သည်။ ကော်မရှင်က ခွင့်ပြုရာတွင် အထက်ပါ ဓာတ်အားပေးစက်ရုံအပါအဝင် အခြားလုပ်ငန်းရှစ်မျိုးပါဝင်ပြီး စုစုပေါင်း ဒေါ်လာ သန်း ၄၀၀ ခန့်ရှိသည်။

ယင်းစီမံကိန်းသည် ၂၀၂၀ ပြည့်နှစ် မတ်လ၊ ဧပြီနှင့် မေလ တို့တွင် အသီးသီးစတင်ဓာတ် အားထုတ်နိုင်မည့် ကျွန်းချောင်း မဂ္ဂါဝပ်၂၀၊ ကျောက်ဖြူ မဂ္ဂါဝပ် ၁၅၀၊ သန်လျင် မဂ္ဂါဝပ် ၃၅၀ နှင့် သာကေတ မဂ္ဂါဝပ် ၄၀၀ ဓာတ်အားပေးစက်ရုံများအနက်တစ်ခုဖြစ်သည်ဟု လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဆိုသည်။

လာမည့် နွေရာသီတွင် လျှပ်စစ်မီးမပြတ်စေရေး လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁,၀၄၀ ဝယ်ယူရန် အစိုးရက စီစဉ်ခဲ့သည်။ အဆိုပါ စီမံကိန်းငါးခုသည် ကျွန်းချောင်း၊ အလုံ၊ ကျောက်ဖြူ၊ သန်လျင်နှင့် သာကေတတို့တွင် တည်ဆောက်မည်ဖြစ်ပြီး စီးပွားဖြစ်ထုတ်လုပ်သည့်နှစ်မှ ငါးနှစ် ကြာ ဓာတ်အားဝယ်ယူမည်ဟု ဝန်ကြီးဌာနက ဆိုသည်။

ဟောင်ကောင်အခြေစိုက် V-power ကုမ္ပဏီက မြန်မာအစိုးရ၏ နွေရာသီ မီးမပြတ်စေ ရေး ဆောင်ရွက်နေသည့် ဓာတ်အားပေးစီမံကိန်း ငါးခုအနက်လေးခု တင်ဒါအောင်မြင်ခဲ့သည်။

စိမ့်စည်သူ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား

Upcoming Property Events

mya-villa
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service