၃(ခ) ေျမကြက္နဲ႔ ၃(က) ေျမကြက္တူလား။ ၀ယ္ယူမည္ဆိုလွ်င္ ? - Property Knowledge in Myanmar from iMyanmarHouse.com
3171 Views

၃(ခ) ေျမကြက္နဲ႔ ၃(က) ေျမကြက္တူလား။ ၀ယ္ယူမည္ဆိုလွ်င္ ?

Knowledge | Posted by Zarni Kyaw

### Zawgyi Version ###

၃(ခ) ေျမကြက္သည္ ၁၉၅၃ ခုုႏွစ္၊ လယ္ယာေျမ ႏိုင္ငံပိုင္ျပဳလုုပ္ေရးအက္ဥပေဒ ပုဒ္မ ၃ (ခ) အရ အက်ံဳးမ၀င္ေသာေျမကိုဆိုလိုၿပီး ၂၀၁၂ခုႏွစ္၊ လယ္ယာေျမဥပေဒျပဌာန္းၿပီး ၁၉၅၃ ခုုႏွစ္၊ လယ္ယာေျမ ႏိုင္ငံပိုင္ ျပဳလုုပ္ေရးအက္ဥပေဒကို ႐ုပ္သိမ္းလိုက္ေသာေၾကာင့္ ယခုအခါ ၂၀၁၂ခုႏွစ္ လယ္ယာေျမဥပေဒပုဒ္မ ၃(က)အရ ကင္လြတ္ခြင့္ျပဳတာျဖစ္တဲ့အတြက္ ၃(က)လို႔ ေျပာင္းလဲေခၚဆိုရပါမည္။ ထို႔ေၾကာင့္ ၃(ခ)ေျမကြက္ႏွင့္ ၃(က) ေျမကြက္တူတူဘဲျဖစ္ပါသည္။ အရပ္အေခၚ ၃(က)ဆိုတာ ၂၀၁၂ ခုႏွစ္၊ လယ္ယာေျမဥပေဒပုဒ္မ ၃(က)အရ လယ္ယာေျမဟူေသာ စကားရပ္တြင္ အက်ံဳးမ၀င္ေၾကာင္း ၀န္ခံခ်က္လက္မွတ္ Certificateထုတ္ေပးျခင္းျဖစ္ပါတယ္။ ၃(က) လက္မွတ္ ထုတ္ေပးျခင္းသည္ အိမ္ရာေျမသတ္မွတ္ေပးျခင္းသာျဖစ္ပါသည္။

ယခု ၂၀၁၂ ခုႏွစ္၊ လယ္ယာေျမဥပေဒ ပုုဒ္မ ၃(က)အရ လယ္ယာေျမဟူေသာ စကားရပ္တြင္ ၿမိဳ႕နယ္နိမိတ္၊ ေက်း႐ြာနယ္နိမိိတ္အတြင္း႐ွိ လူေနအိမ္ရာမ်ား၊ ဘာသာေရးအေဆာက္အဦႏွင့္ ပရိဝုဏ္မ်ား၊ အမ်ားပိုင္ဆိုင္၍ စိုက္ပ်ိဳးေရးအတြက္ အသုံးမျပဳေသာေျမမ်ားမပါ၀င္ဟူေသာ စကားရပ္အရဆိုပါက လယ္ယာေျမမွ ကင္းလြတ္ေၾကာင္း ၀န္ခံခ်က္လက္မွတ္ကို ၃(က) လို႔သုံးရမွာ ျဖစ္ပါတယ္။

၃(က) Certificate ထုတ္ေပးရန္္ ရန္ကုန္ၿမိဳ႕ေတာ္္စည္ပင္ယာေရးေကာ္မတီမွလုပ္ထုံးလုပ္နည္း ထုတ္ျပန္ေဆာင္႐ြက္ေနေသာ္လည္း က်န္ေဒသမ်ားအတြက္ ဗဟိုလယ္စီအဖြဲ႕မွ ယေန႔ထိ ၫႊန္ၾကားခ်က္ထုတ္ျပန္ထားျခင္းမ႐ွိေသးပါဘူး။ ဒါေၾကာင့္ ၫႊန္ၾကားခ်က္ရမွသာရ႐ွိႏိုင္မွာ ျဖစ္ပါေၾကာင္း တင္ျပလိုက္ရပါတယ္။

ထို႔ေၾကာင့္ ၃(က)ေျမကို ၀ယ္ယူမည္ဆိုလွ်င္ အဆိုပါသက္ေသခံလက္မွတ္ကို စစ္ေဆးယူရမွာ ျဖစ္ပါတယ္။ အဆိုပါ သက္ေသခံလက္မွတ္မွန္ကံျခင္းရွိ/မရွိကို ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ နယ္နိမိတ္အတြင္းဆိုလွ်င္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ ၿမိဳ႕ျပစီမံကိန္းႏွင့္ေျမစီမံခန္႔ခြဲမႈဌာန တြင္ စစ္ေဆးႏိုင္ပါတယ္။ ၀ယ္ယူတဲ့အခါတြင္ အေရာင္းအ၀ယ္စာခ်ဳပ္အဆက္ဆက္ကို စစ္ေဆးရယူဖို႔ လိုပါတယ္။ ၃(က)ေျမကို ၀ယ္ယူသူသည္ မွတ္ပံုတင္စာခ်ဳပ္ျဖင့္ ၀ယ္ယူရမွာျဖစ္ၿပီး မွတ္ပံုတင္စာခ်ဳပ္ခ်ဳပ္ဆိုရန္ ၀ယ္ခြန္၊ တံဆိပ္ေခါင္းခြန္၊ မွတ္ပံုတင္ခမ်ားကို ေပးသြင္းရမွာျဖစ္ပါတယ္။ အဆိုပါမွတ္ပံုတင္အေရာင္းအ၀ယ္စာခ်ဳပ္ကို တင္ျပၿပီး ၂၀၁၂ခုႏွစ္၊ လယ္ယာေျမဥပေဒပုဒ္မ ၃(က)အရ လယ္ယာေျမဟူေသာ စကားရပ္တြင္ အက်ံဳးမ၀င္ေၾကာင္း ၀န္ခံခ်က္လက္မွတ္ Certificate တြင္ ၀ယ္ယူသူအမည္သို႔ အမည္ေျပာင္း ေလွ်ာက္ထားရမွာျဖစ္ပါသည္။ အထက္ပါနည္းလမ္းအတိုင္း၀ယ္ယူေဆာင္ရြက္မည္ဆိုလွ်င္ တရား၀င္ပိုင္ဆိုင္မႈ ခိုင္မာမည္ျဖစ္ပါသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

၃(ခ) မြေကွက်သည် ၁၉၅၃ ခုနှစ်၊ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေ ပုဒ်မ ၃ (ခ) အရ အကျုံးမဝင်သောမြေကိုဆိုလိုပြီး ၂၀၁၂ခုနှစ်၊ လယ်ယာမြေဥပဒေပြဌာန်းပြီး ၁၉၅၃ ခုနှစ်၊ လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေးအက်ဥပဒေကို ရုပ်သိမ်းလိုက်သောကြောင့် ယခုအခါ ၂၀၁၂ခုနှစ် လယ်ယာမြေဥပဒေပုဒ်မ ၃(က)အရ ကင်လွတ်ခွင့်ပြုတာဖြစ်တဲ့အတွက် ၃(က)လို့ ပြောင်းလဲခေါ်ဆိုရပါမည်။ ထို့ကြောင့် ၃(ခ)မြေကွက်နှင့် ၃(က) မြေကွက်တူတူဘဲဖြစ်ပါသည်။ အရပ်အခေါ် ၃(က)ဆိုတာ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေပုဒ်မ ၃(က)အရ လယ်ယာမြေဟူသော စကားရပ်တွင် အကျုံးမဝင်ကြောင်း ဝန်ခံချက်လက်မှတ် Certificateထုတ်ပေးခြင်းဖြစ်ပါတယ်။ ၃(က) လက်မှတ် ထုတ်ပေးခြင်းသည် အိမ်ရာမြေသတ်မှတ်ပေးခြင်းသာဖြစ်ပါသည်။

ယခု ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ ပုဒ်မ ၃(က)အရ လယ်ယာမြေဟူသော စကားရပ်တွင် မြို့နယ်နိမိတ်၊ ကျေးရွာနယ်နိမိတ်အတွင်းရှိ လူနေအိမ်ရာများ၊ ဘာသာရေးအဆောက်အဦနှင့် ပရိဝုဏ်များ၊ အများပိုင်ဆိုင်၍ စိုက်ပျိုးရေးအတွက် အသုံးမပြုသောမြေများမပါဝင်ဟူသော စကားရပ်အရဆိုပါက လယ်ယာမြေမှ ကင်းလွတ်ကြောင်း ဝန်ခံချက်လက်မှတ်ကို ၃(က) လို့သုံးရမှာ ဖြစ်ပါတယ်။

၃(က) Certificate ထုတ်ပေးရန် ရန်ကုန်မြို့တော်စည်ပင်ယာရေးကော်မတီမှလုပ်ထုံးလုပ်နည်း ထုတ်ပြန်ဆောင်ရွက်နေသော်လည်း ကျန်ဒေသများအတွက် ဗဟိုလယ်စီအဖွဲ့မှ ယနေ့ထိ ညွှန်ကြားချက် ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။ ဒါကြောင့် ညွှန်ကြားချက်ရမှသာရရှိနိုင်မှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

ထို့ကြောင့် ၃(က)မြေကို ဝယ်ယူမည်ဆိုလျှင် အဆိုပါသက်သေခံလက်မှတ်ကို စစ်ဆေးယူရမှာ ဖြစ်ပါတယ်။ အဆိုပါ သက်သေခံလက်မှတ်မှန်ကံခြင်းရှိ/မရှိကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းဆိုလျှင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန တွင် စစ်ဆေးနိုင်ပါတယ်။ ဝယ်ယူတဲ့အခါတွင် အရောင်းအဝယ်စာချုပ်အဆက်ဆက်ကို စစ်ဆေးရယူဖို့ လိုပါတယ်။ ၃(က)မြေကို ဝယ်ယူသူသည် မှတ်ပုံတင်စာချုပ်ဖြင့် ဝယ်ယူရမှာဖြစ်ပြီး မှတ်ပုံတင်စာချုပ်ချုပ်ဆိုရန် ဝယ်ခွန်၊ တံဆိပ်ခေါင်းခွန်၊ မှတ်ပုံတင်ခများကို ပေးသွင်းရမှာဖြစ်ပါတယ်။ အဆိုပါမှတ်ပုံတင်အရောင်းအဝယ်စာချုပ်ကို တင်ပြပြီး ၂၀၁၂ခုနှစ်၊ လယ်ယာမြေဥပဒေပုဒ်မ ၃(က)အရ လယ်ယာမြေဟူသော စကားရပ်တွင် အကျုံးမဝင်ကြောင်း ဝန်ခံချက်လက်မှတ် Certificate တွင် ဝယ်ယူသူအမည်သို့ အမည်ပြောင်း လျှောက်ထားရမှာဖြစ်ပါသည်။ အထက်ပါနည်းလမ်းအတိုင်းဝယ်ယူဆောင်ရွက်မည်ဆိုလျှင် တရားဝင်ပိုင်ဆိုင်မှု ခိုင်မာမည်ဖြစ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား

Upcoming Property Events

kalaw-garden-valley
taunggyi-garden-city

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service