ရန္ကုန္ၿမိဳ႕သစ္စတင္ရန္ ျပည္ေထာင္စုအစိုးရ၏ ခြင့္ျပဳခ်က္ေစာင့္ေနသည္ဟု NYDC အမႈ ေဆာင္အရာရွိခ်ဳပ္ေျပာ - Property News in Myanmar from iMyanmarHouse.com
788 Views

ရန္ကုန္ၿမိဳ႕သစ္စတင္ရန္ ျပည္ေထာင္စုအစိုးရ၏ ခြင့္ျပဳခ်က္ေစာင့္ေနသည္ဟု NYDC အမႈ ေဆာင္အရာရွိခ်ဳပ္ေျပာ

### Zawgyi Version ###

ရန္ကုန္ၿမိဳ႕သစ္တည္ေဆာက္မူစတင္ရန္ အေျခခံအေဆာက္အအုံေျခာက္ခုအတြက္ စီမံကိန္းအႀကိဳအခ်က္အလက္မ်ားကို ျပည္ေထာင္စုအစိုးရထံတင္ျပထားၿပီး ခြင့္ျပဳခ်က္ရပါက တင္ဒါလုပ္ငန္းစတင္ႏိုင္မည္ျဖစ္သည္ဟု ရန္ကုန္ၿမိဳ႕သစ္ဖြံ႕ၿဖိဳးတိုးတက္ေရးကုမၸဏီ (NYDC) အမႈေဆာင္အရာရွိခ်ဳပ္ဦးသိမ္းေဝက ေျပာသည္။

ဦးသိမ္းေဝ၏ အပတ္စဥ္ ထုတ္ျပန္ေနက် စာစဥ္ (၃၃) တြင္ ထည့္သြင္းေရးသားထားျခင္းျဖစ္ သည္။

လာမည့္ သီတင္းပတ္အ တြင္း ရန္ကုန္ၿမိဳ႕သစ္အပိုင္း(က)၊ အဆင့္(၂)အတြက္ ဆိုက္ဘာဆက္သြယ္ေရးအေဆာက္အအုံက႑တည္ေဆာက္ေရးလုပ္ကိုင္ ခြင့္ရသူကိုလည္း ေ႐ြးခ်ယ္မည္ျဖစ္ သည္ဟု ၎ကဆိုသည္၊

အဆိုပါစီမံကိန္းကိုရန္ကုန္ ၿမိဳ႕အေနာက္ဘက္ျခမ္းရွိ ေျမဧက ၂၂,၂၀၀ ေက်ာ္တြင္တည္ေဆာက္ရန္ တိုင္းအစိုးရက ေဆာင္႐ြက္ေနသည္။

ဦးသိမ္းေဝက တ႐ုတ္သမၼတခရီးစဥ္အတြင္း ရန္ကုန္ၿမိဳ႕ေတာ္ဝန္ႏွင့္ တ႐ုတ္အစိုးရပိုင္ CCCC ကုမၸဏီတို႔ လဲလွယ္ခဲ့သည့္ စာလႊာသည္ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းကို တင္ဒါလုပ္ငန္းစဥ္ပူးတြဲေဆာင္ရန္ျဖစ္ သည္ဟုဆိုသည္။ ထိုအေကာင္အထည္ေဖာ္ေရးလုပ္ငန္းစဥ္တြင္ ျမန္မာႏိုင္ငံ၏ စည္းကမ္းခ်က္မ်ားႏွင့္အညီ ပြင့္လင္းျမင္သာၿပီး တရားမွ်တ စြာျဖင့္ ေစ်းကြက္စီးပြားေရးမူဝါဒ အတိုင္း ေဆာင္႐ြက္ရမည္ဟု ဦးသိမ္းေဝက ေျပာသည္။

လက္ရွိတြင္ ရန္ကုန္ၿမိဳ႕သစ္တည္ေဆာက္ေရးလုပ္ငန္းမ်ားအတြက္ ေျမေနရာျပန္လည္ခ်ထားေရးလုပ္ငန္းစဥ္မ်ားလည္း မၾကာမီၿပီးစီးမည္ဟု ၎ကဆိုသည္။ရန္ကုန္ၿမိဳ႕သစ္တည္ေဆာက္ေရး ရန္ကုန္တိုင္းအစိုးရက ရန္ကုန္ၿမိဳ႕သစ္ဖြံ႕ၿဖိဳးေရးကုမၸဏီ (NYDC) ကို ၂၀၁၈ တြင္ ထူေထာင္ခဲ့သည္။

အဆိုပါစီမံကိန္းတြင္ အပိုင္းႏွစ္ပိုင္းပါဝင္ၿပီး ၂၀၁၉ ေဖေဖာ္ဝါရီ၌ စီမံကိန္းအတြက္ စိတ္ဝင္စား သည့္ကုမၸဏီ ၇၇ ခုက စိတ္ဝင္စားမႈေဖာ္ျပလႊာတင္ျပခဲ့သည္ဟု တိုင္းအစိုးရက ဆိုသည္။ စီမံကိန္းကို ရန္ကုန္ျမစ္အေနာက္ဘက္ကမ္းတြင္ တည္ေဆာက္မည္ျဖစ္ၿပီးအနည္းဆုံး လူဦးေရသုံးသန္းေက်ာ္ေနထိုင္ႏိုင္မည့္အျပင္ အလုပ္အကိုင္အ ခြင့္အလမ္းႏွစ္သန္းေက်ာ္ဖန္တီးႏိုင္ရန္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။

စိမ့္စည္သူ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

ရန်ကုန်မြို့သစ်တည်ဆောက်မူစတင်ရန် အခြေခံအဆောက်အအုံခြောက်ခုအတွက် စီမံကိန်းအကြိုအချက်အလက်များကို ပြည်ထောင်စုအစိုးရထံတင်ပြထားပြီး ခွင့်ပြုချက်ရပါက တင်ဒါလုပ်ငန်းစတင်နိုင်မည်ဖြစ်သည်ဟု ရန်ကုန်မြို့သစ်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ (NYDC) အမှုဆောင်အရာရှိချုပ်ဦးသိမ်းဝေက ပြောသည်။

ဦးသိမ်းဝေ၏ အပတ်စဉ် ထုတ်ပြန်နေကျ စာစဉ် (၃၃) တွင် ထည့်သွင်းရေးသားထားခြင်းဖြစ် သည်။

လာမည့် သီတင်းပတ်အ တွင်း ရန်ကုန်မြို့သစ်အပိုင်း(က)၊ အဆင့်(၂)အတွက် ဆိုက်ဘာဆက်သွယ်ရေးအဆောက်အအုံကဏ္ဍတည်ဆောက်ရေးလုပ်ကိုင် ခွင့်ရသူကိုလည်း ရွေးချယ်မည်ဖြစ် သည်ဟု ၎င်းကဆိုသည်၊

အဆိုပါစီမံကိန်းကိုရန်ကုန် မြို့အနောက်ဘက်ခြမ်းရှိ မြေဧက ၂၂,၂၀၀ ကျော်တွင်တည်ဆောက် ရန် တိုင်းအစိုးရက ဆောင်ရွက်နေသည်။

ဦးသိမ်းဝေက တရုတ်သမ္မတခရီးစဉ်အတွင်း ရန်ကုန်မြို့တော်ဝန်နှင့် တရုတ်အစိုးရပိုင် CCCC ကုမ္ပဏီတို့ လဲလှယ်ခဲ့သည့် စာလွှာသည် ရန်ကုန်မြို့သစ်စီမံကိန်းကို တင်ဒါလုပ်ငန်းစဉ်ပူးတွဲဆောင်ရန်ဖြစ် သည်ဟုဆိုသည်။ ထိုအကောင်အထည်ဖော်ရေးလုပ်ငန်းစဉ်တွင် မြန်မာနိုင်ငံ၏ စည်းကမ်းချက်များနှင့်အညီ ပွင့်လင်းမြင်သာပြီး တရားမျှတ စွာဖြင့် ဈေးကွက်စီးပွားရေးမူဝါဒ အတိုင်း ဆောင်ရွက်ရမည်ဟု ဦးသိမ်းဝေက ပြောသည်။

လက်ရှိတွင် ရန်ကုန်မြို့သစ်တည်ဆောက်ရေးလုပ်ငန်းများအတွက် မြေနေရာပြန်လည်ချထားရေးလုပ်ငန်းစဉ်များလည်း မကြာမီပြီးစီးမည်ဟု ၎င်းကဆိုသည်။ရန်ကုန်မြို့သစ်တည်ဆောက်ရေး ရန်ကုန်တိုင်းအစိုးရက ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီ (NYDC) ကို ၂၀၁၈ တွင် ထူထောင်ခဲ့သည်။

အဆိုပါစီမံကိန်းတွင် အပိုင်းနှစ်ပိုင်းပါဝင်ပြီး ၂၀၁၉ ဖေဖော်ဝါရီ၌ စီမံကိန်းအတွက် စိတ်ဝင်စား သည့်ကုမ္ပဏီ ၇၇ ခုက စိတ်ဝင်စားမှုဖော်ပြလွှာတင်ပြခဲ့သည်ဟု တိုင်းအစိုးရက ဆိုသည်။ စီမံကိန်းကို ရန်ကုန်မြစ်အနောက်ဘက်ကမ်းတွင် တည်ဆောက်မည်ဖြစ်ပြီးအနည်းဆုံး လူဦးရေသုံးသန်းကျော်နေထိုင်နိုင်မည့်အပြင် အလုပ်အကိုင်အ ခွင့်အလမ်းနှစ်သန်းကျော်ဖန်တီးနိုင်ရန်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

စိမ့်စည်သူ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ

Upcoming Property Events

mya-villa
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service