ဂ်ပန္က ျမန္မာကို ဖြံ့ၿဖိဳးေရးစီမံကိန္းမ်ားအတြက္ ေဒၚလာ ၁ ဘီလီယံေက်ာ္ ေခ်း - Property News in Myanmar from iMyanmarHouse.com
726 Views

ဂ်ပန္က ျမန္မာကို ဖြံ့ၿဖိဳးေရးစီမံကိန္းမ်ားအတြက္ ေဒၚလာ ၁ ဘီလီယံေက်ာ္ ေခ်း

### Zawgyi Version ###

ေရဆိုးစြန္႔ပစ္မႈစနစ္၊ ၿမိဳ႕ျပဖြံ့ၿဖိဳးတိုးတက္ေရး၊ လၽွပ္စစ္ဓာတ္အားျဖန္႔ခ်ိမႈႏွင့္ အေျခခံအေဆာက္အအုံစီမံကိန္းမ်ားကို ျမန္မာႏိုင္ငံရွိ ျပည္နယ္ႏွင့္ တိုင္း ၇ ခုတြင္ ေဆာင္ရြက္ႏိုင္ရန္အတြက္ အေမရိကန္ေဒၚလာ ၁.၁ ဘီလီယံတန္ဖိုးရွိ ေခ်းေငြသေဘာတူစာခ်ဳပ္ ၄ ခုကို ဂ်ပန္သံအမတ္ မာ႐ူယာမာ အီခ်ီရိုႏွင့္ စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေမာင္ေမာင္ဝင္းတို႔ လက္မွတ္ေရးထိုးခဲ့ၾကေၾကာင္း သိရသည္။

ထိုတရားဝင္ ဖြံ့ၿဖိဳးတိုးတက္ေရး အကူအညီ (ODA) ေခ်းေငြမွ ယန္း ၄၅.၉ ဘီလီယံသည္ ရန္ကုန္ၿမိဳ႕၏ ေရဆိုးစြန္႔စနစ္အတြက္ ျဖစ္ၿပီး ခန္႔မွန္းေၿခ ယန္း ၂၄.၀၈၅ ဘီလီယံကို ရန္ကုန္တြင္ ယာဥ္ေၾကာပိတ္ဆို႔မႈ ေလၽွာ့ခ်ရန္ႏွင့္ ေရလႊမ္းမိုးမႈေၾကာင့္ ျဖစ္ေပၚေသာ အပ်က္အစီးမ်ားကို ျပဳျပင္ရန္အတြက္ အသုံးျပဳမည္ျဖစ္ေၾကာင္းသိရသည္။

ယန္း ၁၂.၂၈၈ ဘီလီယံခန္႔ကို ရန္ကုန္ႏွင့္ မႏၲေလးၿမိဳ႕မ်ားတြင္ လၽွပ္စစ္ဓာတ္အားျဖန္႔ခ်ိေရး ကြန္ရက္ကို တိုးခ်ဲ႕မႈလုပ္ငန္းမ်ားအတြက္ထုတ္ေခ်းျခင္းျဖစ္ေၾကာင္းသိရသည္။

ခန္႔မွန္းေၿခ ယန္း ၃၈.၆၄၂ ဘီလီယံကို ခ်င္း၊ ရခိုင္၊ မြန္ႏွင့္ ကရင္ျပည္နယ္မ်ားႏွင့္ တနသၤာရီတိုင္းတို႔တြင္ လမ္းမ်ား၊ တံတားမ်ား၊ ဓာတ္အားႏွင့္ ေရေပးေဝေရးလုပ္ငန္းစသည့္ အေျခခံအေဆာက္အအုံမ်ားတည္ေဆာက္၊ ျပဳျပင္မြမ္းမံ၊ တပ္ဆင္ရန္ အသုံးျပဳမည္ျဖစ္ေၾကာင္း သိရသည္။

ယခုေခ်းေငြသည္ နိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ ၂၀၁၆ ခုႏွစ္ နိုဝင္ဘာလက ဂ်ပန္ဝန္ႀကီးခ်ဳပ္ ရွင္ဇိုအာေဘးႏွင့္ ေတြ႕ဆုံစဥ္ ၅ ႏွစ္အတြင္း ေပးမည္ဟု ကတိျပဳခဲ့သည့္ ျပည္သူပိုင္-ပုဂၢလိကအကူအညီ ယန္း ၈၀၀ ဘီလီယံ၏ တစ္စိတ္တစ္ေဒသျဖစ္ေၾကာင္း သိရသည္။

မိုးယံလင္းထင္ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

ရေဆိုးစွန့်ပစ်မှုစနစ်၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး၊ လျှပ်စစ်ဓာတ်အားဖြန့်ချိမှုနှင့် အခြေခံအဆောက်အအုံစီမံကိန်းများကို မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်း ၇ ခုတွင် ဆောင်ရွက်နိုင်ရန်အတွက် အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံတန်ဖိုးရှိ ချေးငွေသဘောတူစာချုပ် ၄ ခုကို ဂျပန်သံအမတ် မာရူယာမာ အီချီရိုနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့ လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

ထိုတရားဝင် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီ (ODA) ချေးငွေမှ ယန်း ၄၅.၉ ဘီလီယံသည် ရန်ကုန်မြို့၏ ရေဆိုးစွန့်စနစ်အတွက် ဖြစ်ပြီး ခန့်မှန်းခြေ ယန်း ၂၄.၀၈၅ ဘီလီယံကို ရန်ကုန်တွင် ယာဉ်ကြောပိတ်ဆို့မှု လျှော့ချရန်နှင့် ရေလွှမ်းမိုးမှုကြောင့် ဖြစ်ပေါ်သော အပျက်အစီးများကို ပြုပြင်ရန်အတွက် အသုံးပြုမည်ဖြစ်ကြောင်းသိရသည်။

ယန်း ၁၂.၂၈၈ ဘီလီယံခန့်ကို ရန်ကုန်နှင့် မန္တလေးမြို့များတွင် လျှပ်စစ်ဓာတ်အားဖြန့်ချိရေး ကွန်ရက်ကို တိုးချဲ့မှုလုပ်ငန်းများအတွက်ထုတ်ချေးခြင်းဖြစ်ကြောင်းသိရသည်။

ခန့်မှန်းခြေ ယန်း ၃၈.၆၄၂ ဘီလီယံကို ချင်း၊ ရခိုင်၊ မွန်နှင့် ကရင်ပြည်နယ်များနှင့် တနင်္သာရီတိုင်းတို့တွင် လမ်းများ၊ တံတားများ၊ ဓာတ်အားနှင့် ရေပေးဝေရေးလုပ်ငန်းစသည့် အခြေခံအဆောက်အအုံများတည်ဆောက်၊ ပြုပြင်မွမ်းမံ၊ တပ်ဆင်ရန် အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။

ယခုချေးငွေသည် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၆ ခုနှစ် နိုဝင်ဘာလက ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် တွေ့ဆုံစဉ် ၅ နှစ်အတွင်း ပေးမည်ဟု ကတိပြုခဲ့သည့် ပြည်သူပိုင်-ပုဂ္ဂလိကအကူအညီ ယန်း ၈၀၀ ဘီလီယံ၏ တစ်စိတ်တစ်ဒေသဖြစ်ကြောင်း သိရသည်။

မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်

Upcoming Property Events

thukha-garden-residence
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service