ဒလတံတားစီမံကိန္းအနီး အိမ္ျခံေျမ ေစာင့္ၾကည့္ေရာင္းဝယ္အေျခအေနျဖစ္ေပၚေန - Property News in Myanmar from iMyanmarHouse.com
6445 Views

ဒလတံတားစီမံကိန္းအနီး အိမ္ျခံေျမ ေစာင့္ၾကည့္ေရာင္းဝယ္အေျခအေနျဖစ္ေပၚေန

### Zawgyi Version ###

ဒလတံတားတည္ေဆာက္မႈရွိေနတဲ့ စီမံကိန္းအနီးကေနရာအနီးက အိမ္နဲ႕တိုက္ခန္းအေရာင္းအဝယ္ေတြ နည္းပါးေနတယ္လို႔ သတင္းရရွိပါတယ္။

ဒါဟာလည္း ျပည္သူေတြအေနနဲ႕ ဒလတံတားၿပီးစီးသြားပါက ဒလၿမိဳ႕နယ္အတြင္း အိမ္ျခံေျမေစ်းကြက္တိုးတက္လာႏိုင္ေျခရွိၿပီး ေစ်းကြက္ကိုေစာင့္ၾကည့္ေနၾကတဲ့ အေျခအေနေတြရွိေနတာေၾကာင့္ျဖစ္တယ္လို႔ အြန္လိုင္းအိမ္ျခံေျမလုပ္ငန္းတစ္ခုျဖစ္တဲ့ iMyanmarHouse.com  ရဲ႕ မန္ေနဂ်င္းဒါ႐ိုက္တာျဖစ္သူ ဦးေနမင္းသူကေျပာပါတယ္။

ဒါေပမယ့္ ဒလၿမိဳ႕နယ္ ဘက္ျခမ္းက အိမ္ျခံေျမေတြအေနနဲ႕လည္း ထင္သေလာက္အေရာင္းအဝယ္ျဖစ္တာမ်ိဳးေတြမရွိေသးဘူးလို႔ ဆိုပါတယ္။ အဓိကအခ်က္ကေတာ့ ေခၚေဈးေတြကအရမ္းမ်ားျပီး အေရာင္းအဝယ္အမွန္တကယ္မျဖစ္တဲ့ အေနအထားမ်ိဳးမွာ ရွိေနတယ္လို႔ ဆိုပါတယ္။ လြန္ခဲ့တဲ့ ေလး၊ ငါးနွစ္ေလာက္က သိန္း ၁၅၀၀ ေလာက္နဲ႔ အေရာင္းအဝယ္ျဖစ္ခဲ့တဲ့ ေျမကြက္ေတြဟာ အခုဆိုရင္ သိန္း ၄၀၀၀ ေက်ာ္၊ ၅၀၀၀ ေလာက္ေခၚေနတာေတြ႕ရပါတယ္။

ဒါ့အျပင္ လက္ရွိ ရန္ကုန္ၿမိဳ႕အတြင္း အိမ္ျခံေျမေစ်းကြက္ဟာလည္း အေရာင္းအဝယ္ထက္ ငွားရမ္းမႈေတြက ပိုမိုအလုပ္ျဖစ္ေနၿပီး ၿမိဳ႕တြင္းေျခာက္ၿမိဳ႕နယ္မွာ ပိုမိုငွားရမ္းမႈေတြရွိေနတယ္လို႔ ဆိုပါတယ္။

အိမ္တိုက္ခန္းေရာင္းဝယ္မႈေတြကေတာ့ လူေနထူထပ္တဲ့ ဗဟန္းၾကည့္ျမင္တိုင္ နဲ႕ စမ္းေခ်ာင္းၿမိဳ႕နယ္ ေတြမွာ ပိုမိုအလုပ္ျဖစ္ၿပီး ေျမကြက္ဆိုရင္ေတာ့ လႈိင္သာယာ နဲ႕ ေရႊျပည္သာၿမိဳ႕နယ္ ေတြမွာ ပိုမိုအေရာင္းအဝယ္ျဖစ္တယ္လို႔ သိရပါတယ္။

ရန္ကုန္ၿမိဳ႕ရဲ႕ ၂၀၁၉ ခုႏွစ္ အိမ္ျခံေျမေစ်းကြက္ အေရာင္းအဝယ္ေတြအေနနဲ႕ ကေတာ့ ၂၀၁၈ ခုႏွစ္ကထက္ပိုမိုတိုးတက္မႈရွိခဲ့ၿပီး ရာခိုင္ႏႈန္းေနနဲ႕ ၂၀ ရာခိုင္ႏႈန္းက ၂၅ ရာခိုင္ႏႈန္းအၾကားတိုးတက္မႈရွိခဲ့တယ္လို႔ သိရပါတယ္။

ေနးရွင္းျမန္မာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

ဒလတံတားတည်ဆောက်မှုရှိနေတဲ့ စီမံကိန်းအနီးကနေရာအနီးက အိမ်နဲ့တိုက်ခန်းအရောင်းအဝယ်တွေ နည်းပါးနေတယ်လို့ သတင်းရရှိပါတယ်။

ဒါဟာလည်း ပြည်သူတွေအနေနဲ့ ဒလတံတားပြီးစီးသွားပါက ဒလမြို့နယ်အတွင်း အိမ်ခြံမြေဈေးကွက်တိုးတက်လာနိုင်ခြေရှိပြီး ဈေးကွက်ကိုစောင့်ကြည့်နေကြတဲ့ အခြေအနေတွေရှိနေတာကြောင့်ဖြစ်တယ်လို့ အွန်လိုင်းအိမ်ခြံမြေလုပ်ငန်းတစ်ခုဖြစ်တဲ့ iMyanmarHouse.com  ရဲ့ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူကပြောပါတယ်။

ဒါပေမယ့် ဒလမြို့နယ်ဘက်ခြမ်းက အိမ်ခြံမြေတွေအနေနဲ့လည်း ထင်သလောက်အရောင်းအဝယ်ဖြစ်တာမျိုးတွေမရှိသေးဘူးလို့ ဆိုပါတယ်။ အဓိကအချက်ကတော့ ခေါ်ဈေးတွေကအရမ်းများပြီး အရောင်းအဝယ်အမှန်တကယ်မဖြစ်တဲ့ အနေအထားမျိုးမှာ ရှိနေတယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ လေး၊ ငါးနှစ်လောက်က သိန်း ၁၅၀၀ လောက်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တဲ့ မြေကွက်တွေဟာ အခုဆိုရင် သိန်း ၄၀၀၀ ကျော်၊ ၅၀၀၀ လောက်ခေါ်နေတာတွေ့ရပါတယ်။

ဒါ့အပြင် လက်ရှိ ရန်ကုန်မြို့အတွင်း အိမ်ခြံမြေဈေးကွက်ဟာလည်း အရောင်းအဝယ်ထက် ငှားရမ်းမှုတွေက ပိုမိုအလုပ်ဖြစ်နေပြီး မြို့တွင်းခြောက်မြို့နယ်မှာ ပိုမိုငှားရမ်းမှုတွေရှိနေတယ်လို့ ဆိုပါတယ်။

အိမ်တိုက်ခန်းရောင်းဝယ်မှုတွေကတော့ လူနေထူထပ်တဲ့ ဗဟန်း၊ ကြည့်မြင်တိုင် နဲ့ စမ်းချောင်းမြို့နယ်တွေမှာ ပိုမိုအလုပ်ဖြစ်ပြီး မြေကွက်ဆိုရင်တော့ လှိုင်သာယာနဲ့ ရွှေပြည်သာမြို့နယ်တွေမှာ ပိုမိုအရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ရဲ့ ၂၀၁၉ ခုနှစ် အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်တွေအနေနဲ့ ကတော့ ၂၀၁၈ ခုနှစ်ကထက်ပိုမိုတိုးတက်မှုရှိခဲ့ပြီး ရာခိုင်နှုန်းနေနဲ့ ၂၀ ရာခိုင်နှုန်းက ၂၅ ရာခိုင်နှုန်းအကြားတိုးတက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း

Upcoming Property Events

imyanmarmarket
Central Shop House

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service