ကမ္ဘာလုံးဆိုင်ရာစီးပွားရေးနှေးကွေးလာမှုက မြန်မာ့စီးပွားရေးကိုအားကောင်းစေ - Property News in Myanmar from iMyanmarHouse.com
762 Views

ကမ္ဘာလုံးဆိုင်ရာစီးပွားရေးနှေးကွေးလာမှုက မြန်မာ့စီးပွားရေးကိုအားကောင်းစေ

### Zawgyi Version ###











 

### Unicode Version ###

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှေးကွေးလာမှုနဲ့ ပြည်တွင်းမရေရာမှုတွေနေပေမယ့် မြန်မာ့စီးပွားရေးကတော့အားကောင်းနေတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာကဆိုပါတယ်။

ဒီနေ့ ရန်ကုန်မှာပြုလုပ်တဲ့ ၂၀၁၉ ဒီဇင်ဘာ အစီရင်ခံမှာထည့်သွင်းဖော်ပြထားတာပါ။

ဒီလိုအားကောင်းနေတာဟာ နိုင်ငံတွင်းကုန်ထုတ်လုပ်ရေးနဲ့ ဝန်ဆောင်မှုကဏ္ဍတွေ အားကောင်းလာတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာတော့ တိုးတက်မှုနှုန်းဟာ ၆ ဒဿမ ၂ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာတော့ ၆ ဒဿမ ၃ ရာခိုင်နှုန်းအထိတိုးတက်လာတယ်လို့ဆိုပါတယ်။

ဒါ့အပြင် ၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှာ ၆ ဒဿမ ၄ ရာခိုင်နှုန်းနဲ့ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှာတော့ ၆ ဒဿမ ၅ ရာခိုင်နှုန်းထိ တိုးတက်လာမယ်လို့ ခန့်မှန်းထားကြောင်း အစီရင်ခံစာကဆိုပါတယ်။

မြန်မာနိုင်ငံအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဝင်ရောက်မှုကလည်း တိုးတက်လာနေပြီး ယခုဘဏ္ဍာနှစ်မှာတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေတိုးတက်လာနိုင်မယ်လို့ ကမ္ဘာ့ဘဏ်ကခန့်မှန်းထားပါတယ်။

ဒါပေမယ့် ပြည်တွင်းပုဂ္ဂလိကစီးပွားရေးကဏ္ဍရဲ့ ထုတ်လုပ်မှုစွမ်းအား အားနည်းနေမှုနဲ့ ကျွမ်းကျင်လုပ်သားရရှိမှုမှာ အကန့်အသတ်ဖြစ်နေတာတွေက စီးပွားရေးတိုးတက်မှုမှာ အဟန့်အတားတစ်ခုဖြစ်နေတယ်လို့သိရပါတယ်။

ဒါ့အပြင် ဒေသတွင်း ပဋိပက္ခတွေကြောင့် ကုန်ထုတ်လုပ်ရေးကဏ္ဍရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေအပေါ် ဆိုးကျိုးသက်ရောက်နေတယ်လို့သိရပါတယ်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင

Upcoming Property Events

thukha-garden-residence
taunggyi-garden-city

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service