ပါမစ္ေျမကို ၀ယ္ယူလွ်င္ ဘာေတြစစ္ေဆးဖို႔လိုအပ္သလဲ။ မည္သို႔ ဂရန္ေလွ်ာက္ထားရမလဲ? - Property Knowledge in Myanmar from iMyanmarHouse.com
5295 Views

ပါမစ္ေျမကို ၀ယ္ယူလွ်င္ ဘာေတြစစ္ေဆးဖို႔လိုအပ္သလဲ။ မည္သို႔ ဂရန္ေလွ်ာက္ထားရမလဲ?

Knowledge | Posted by Zarni Kyaw

[Zawgyi]

ပါမစ္ မူရင္းတြင္ ပါ၀င္သည့္ စာရြက္စာတမ္းအခ်က္အလက္မ်ား

- ေျမယာဌာန၏ ရံုးတံဆိပ္အဝိုင္း ႐ိုက္ႏွိပ္ထားသည့္ ေျမကြက္အမည္ေပါက္ (သို႔မဟုတ္) မိသားစုဓာတ္ပံုမူရင္း၊

- ဓာတ္ပံုေနာက္ေက်ာတြင္ ေျမယာဦးစီးမွဴး၏ လက္မွတ္ပါရွိရမည္။

- ေရႊ႕ေျပာင္းမည့္သူမ်ား၏ ရာဇ၀င္အက်ဥ္း

- အိမ္ယာေဆာက္လုပ္ေနထိုင္ခြင့္

- ေျမေနရာခ်ထားေပးခံရသူ၏ မွီခိုသူမ်ားစာရင္း စသည္တို႔ပါရွိမွာျဖစ္ပါသည္။

ပါမစ္ကို ေျမငွားဂရန္ေလွ်ာက္ထားလွ်င္ လိုအပ္မည့္စာရြက္စာတမ္းမ်ား

- ပါမစ္အမည္ေပါက္ပိုင္ဆိုင္သူမွ အဆင့္ဆင့္လႊဲေျပာင္းေရာင္းခ်သည့္ အေရာင္းအ၀ယ္စာခ်ဳပ္အဆက္ ဆက္မူရင္း။

- အထက္တြင္ ေဖာ္ျပထားသည့္ အခ်က္အလက္မ်ားပါ၀င္သည့္ ပါမစ္မူရင္း။

- ေလွ်ာက္ထားသူ၏ ႏိုင္ငံသားစိစစ္ေရးကတ္ျပားမိတၱဴ။

- အေဆာက္အဦေဆာက္လုပ္ၿပီးေၾကာင္း အေထာက္အထား။ (ဓာတ္ပံု၊ ရပ္ကြက္ေထာက္ခံခ်က္)

- ေနာက္ဆံုးထမ္းေဆာင္ထားသည့္ ေျမငွားခေျပစာ (သို႔မဟုတ္) ေႂကြးက်န္ကင္းရွင္းေၾကာင္း ၿမိဳ႕နယ္ စည္ပင္သာယာအုပ္ခ်ဳပ္ေရးမွဴးေထာက္ခံစာ။

- ေျမကြက္အက်ယ္အ၀န္းသည္ အနည္းဆံုး ေပ၂၀×ေပ၆၀ (စတုရန္ေပ ၁၂၀၀) ရွိရမည္။

- လိုအပ္ပါက ေကာ္မတီ၏အတည္ျပဳခ်က္ ရယူရပါမည္။

အထက္ပါစာရြက္စာတမ္းအေထာက္အထားမ်ား ျပည္စံုပါက ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီ၊ ၿမိဳ႕ျပစီမံကိန္းႏွင့္ေျမစီမံခန္႔ခြဲမႈဌာနတြင္ ဂရန္သစ္ေလွ်ာက္ထားရမွာျဖစ္ပါသည္။ သတ္မွတ္ခ်က္ႏွင့္ ကိုက္ညီက ေျမငွားဂရန္စာခ်ဳပ္ (၃)ေစာင္ ျပဳစု၍ အငွားခ်ထားသူႏွင့္ အငွားခ်ထားခံရသူ၊ အသိသက္ေသ လက္မွတ္ေရးထိုး၍ မူရင္းတစ္ေစာင္၌ တံဆိပ္ေခါင္းကပ္၍ အငွားခ်ထားခံရသူအား ထုတ္ေပးပါသည္။ က်န္မူရင္းခြဲ (၂)ေစာင္ကို ဌာနတြင္ မွတ္တမ္းအျဖစ္ ထားရွိပါသည္။

သတိျပဳသင့္သည့္အခ်က္မ်ား

ေျမခ်ပါမစ္ဆိုသည္မွာ စည္ပင္မႈမရွိသည့္ ၿမိဳ႕သစ္ေဒသမ်ားတြင္ အိမ္ရာေဆာက္လုပ္ဖို႔အတြက္ စည္းကမ္းခ်က္ေတြ သတ္မွတ္မ်ားခ်ေပးထားျခင္းျဖစ္ပါတယ္။ အိမ္ၿခံေျမ အေရာင္းအဝယ္ျပဳၾကရာတြင္ ပါမစ္ေျမကုိ အေရာင္းအဝယ္ အမ်ားဆုံးျပဳလုပ္ၾကသည္ကို ေတြ႔ရသည္။ ေရာင္းအားေကာင္းရသည့္ အေၾကာင္း အရင္းမွာ ပါမစ္ေျမေရာင္းအားေကာင္းရျခင္းမွာ စရိတ္ကုန္က်မႈနည္းျခင္းသည္ အဓိကအခ်က္ျဖစ္သည္။

အေရာင္းအဝယ္စာခ်ဳပ္ကုိ အရပ္ကတိစာခ်ဳပ္ျဖင့္ခ်ဳပ္ဆုိႏုိင္သည္။ အဆင့္ဆင့္လႊဲေျပာင္း ေရာင္းခ်ႏုိင္သည္။ အေရာင္းအဝယ္ အဆက္အစပ္ ကြင္းဆက္မျပတ္ အေရာင္းအဝယ္ကတိစာခ်ဳပ္မ်ားရွိရန္သာ လုိသည္။ ပါမစ္ကို ၀ယ္သူသည့္အခါတြင္ အထက္တြင္ေဖာ္ျပထားသည့္ ပါမစ္တစ္ေစာင္တြင္ ပါ၀င္ရမည့္အခ်က္ အလက္မ်ားကို ေသခ်ာစြာစစ္ေဆးရန္၊ စာခ်ဳပ္အဆက္ဆက္သည့္ ခ်ိတ္ဆက္မိ/မမိ၊ စာခ်ဳပ္မ်ားသည့္ မမွန္ မကန္ျပဳလုပ္ထားျခင္းရွိ/မရွိဆိုတဲ့ ကိစၥမ်ားသည္ အေရးႀကီးကိစၥမ်ားျဖစ္ပါသည္။ ပါမစ္ကို ဂရန္ေလွ်ာက္ထားျခင္းသည္ အခ်ိန္ကာလအားျဖင့္ေတာ့ (၆)လမွ (၈)အတြင္းၾကာျမင့္မွာ ျဖစ္ပါသည္။

ေျမခ်ပါမစ္ မွန္ကန္မႈ ရွိ/မရွိ စိစစ္ေပးျခင္း

စာရြက္စာတမ္းမ်ားတြင္ အတုအစစ္ရွိႏုိင္သျဖင့္ ေျမခ်ပါမစ္မွန္ကန္မႈ ရွိ/မရွိ စစ္ေဆးလုိၾကေပသည္။ ထုိ႔ေၾကာင့္ ပါမစ္ေျမကြက္ကို ဝယ္ယူရန္ စရန္ေပး လုိက္သည္ႏွင့္ ေရာင္းသူ၏ လက္ဝယ္ရွိ ေျမခ်ပါမစ္မွာ အစစ္ အမွန္ျဖစ္ေၾကာင္း သက္ဆုိင္ရာ ၿမိဳ႕ျပႏွင့္အိမ္ရာဖြ႔ံၿဖိဳးေရးဦးစီးဌာန၊ ေျမယာဌာနႏွင့္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္ သာယာေရးေကာ္မတီ၊ ၿမိဳ႕ျပစီမံကိန္းႏွင့္ေျမစီမံခန္႔ခြဲမႈဌာနတို႔တြင္ ျပသစစ္ေဆးျခင္းမ်ားျပဳၾကသည္။ ေျမခ်ပါမစ္ဝယ္သူမ်ားအေန ျဖင့္ ယခင္က ၿမိဳ႕ရြာႏွင့္ အုိးအိမ္ဖြံ႔ၿဖိဳး ေရး ဦးစီးဌာန၊ ဒုတိယ ၫႊန္ၾကားေရး မွဴးလက္မွတ္ႏွင့္ စည္းတံဆိပ္႐ုိက္ ႏွိပ္ထုတ္ေပးေသာ ပါမစ္ေျမႏွင့္ ယခု ၿမိဳ႕ျပႏွင့္ အိမ္ရာ ဖြံ႔ၿဖိဳးေရးဦးစီးဌာန၊ ၫႊန္ၾကားေရးမွဴး လက္မွတ္ႏွင့္ စည္း တံဆိပ္႐ုိက္ႏွိပ္ထုတ္ေပးေသာ ပါမစ္ ေျမဟု ပုံစံ ႏွစ္မ်ဳိးရွိေနေသာေၾကာင့္ သတိျပဳဝယ္သင့္ေပသည္။

အရပ္ကတိစာခ်ဳပ္ျဖင့္၀ယ္ယူျခင္း

ပါမစ္ေျမကြက္ (အိမ္ရာေဆာက္လုပ္ေနထိုင္ခြင့္လက္မွတ္ေျမကြက္)သည္ လႊဲေျပာင္းေရာင္းခ်ပိုင္ခြင့္ မရွိတာေၾကာင့္ စာခ်ဳပ္စာတမ္းမွတ္ပံုတင္႐ံုးက မွတ္ပံုတင္အေရာင္းစာခ်ဳပ္ကိုခ်ဳပ္ဆိုေပးျခင္းမရွိပါဘူး။ ထို႔ေၾကာင့္ အေရာင္းအဝယ္ကတိစာခ်ဳပ္အျဖစ္သာ ခ်ဳပ္ဆိုၾကၿပီး ေျမဂရန္သစ္ေတြ ေလွ်ာက္ထားေလ့ ရွိပါ တယ္။ ေျမဂရန္ေလွ်ာက္ထားရာတြင္ အဆိုပါေျမကြက္ေပၚမွာ အေဆာက္အဦေဆာက္လုပ္ထားၿပီးျဖစ္ဖို႔ လိုအပ္ေသာေၾကာင့္ အေဆာက္အဦ ေဆာက္လုပ္ထားေလ့ ရွိပါတယ္။

ထို႔ေၾကာင့္ အိမ္ရာေဆာက္လုပ္ေနထိုင္ခြင့္လက္မွတ္ ပါမစ္ေျမကို ဝယ္လွ်င္ ဥပေဒႏွင့္အညီ ပိုင္ဆိုင္ခြင့္ မရေသးပါဘူး။ အေရာင္းအဝယ္ အရပ္ကတိစာခ်ဳပ္ခ်ဳပ္ဆိုၿပီးေတာ့ ဂရန္သစ္ေလွ်ာက္ထားခြင့္ရွိပါတယ္။ ထိုသို႔ေလွ်ာက္ထားၿပီး ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီမွ ဂရန္သစ္ထုတ္ေပးသည့္အခ်ိန္မွသာ တရား၀င္ ပိုင္ဆိုင္မႈခိုင္မာမွာျဖစ္ပါသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။ Credit: iMyanmarHouse.com

 

[Unicode]

ပါမစ်မြေကို ဝယ်ယူလျှင် ဘာတွေစစ်ဆေးဖို့လိုအပ်သလဲ။ မည်သို့ ဂရန်လျှောက်ထားရမလဲ ?

ပါမစ် မူရင်းတွင် ပါဝင်သည့် စာရွက်စာတမ်းအချက်အလက်များ....

- မြေယာဌာန၏ ရုံးတံဆိပ်အဝိုင်း ရိုက်နှိပ်ထားသည့် မြေကွက်အမည်ပေါက် (သို့မဟုတ်) မိသားစုဓာတ်ပုံမူရင်း၊

- ဓာတ်ပုံနောက်ကျောတွင် မြေယာဦးစီးမှူး၏ လက်မှတ်ပါရှိရမည်။

- ရွှေ့ပြောင်းမည့်သူများ၏ ရာဇဝင်အကျဉ်း

- အိမ်ယာဆောက်လုပ်နေထိုင်ခွင့်

- မြေနေရာချထားပေးခံရသူ၏ မှီခိုသူများစာရင်း စသည်တို့ပါရှိမှာဖြစ်ပါသည်။

ပါမစ်ကို မြေငှားဂရန်လျှောက်ထားလျှင် လိုအပ်မည့်စာရွက်စာတမ်းများ-

- ပါမစ်အမည်ပေါက်ပိုင်ဆိုင်သူမှ အဆင့်ဆင့်လွှဲပြောင်းရောင်းချသည့် အရောင်းအဝယ်စာချုပ်အဆက် ဆက်မူရင်း။

- အထက်တွင် ဖော်ပြထားသည့် အချက်အလက်များပါဝင်သည့် ပါမစ်မူရင်း။

- လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ။

- အဆောက်အဦဆောက်လုပ်ပြီးကြောင်း အထောက်အထား။ (ဓာတ်ပုံ၊ ရပ်ကွက်ထောက်ခံချက်)

- နောက်ဆုံးထမ်းဆောင်ထားသည့် မြေငှားခပြေစာ (သို့မဟုတ်) ကြွေးကျန်ကင်းရှင်းကြောင်း မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးထောက်ခံစာ။

- မြေကွက်အကျယ်အဝန်းသည် အနည်းဆုံး ပေ၂၀×ပေ၆၀ (စတုရန်ပေ ၁၂၀၀) ရှိရမည်။

- လိုအပ်ပါက ကော်မတီ၏အတည်ပြုချက် ရယူရပါမည်။

အထက်ပါစာရွက်စာတမ်းအထောက်အထားများ ပြည်စုံပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနတွင် ဂရန်သစ်လျှောက်ထားရမှာဖြစ်ပါသည်။ သတ်မှတ်ချက်နှင့် ကိုက်ညီက မြေငှားဂရန်စာချုပ် (၃)စောင် ပြုစု၍ အငှားချထားသူနှင့် အငှားချထားခံရသူ၊ အသိသက်သေ လက်မှတ်ရေးထိုး၍ မူရင်းတစ်စောင်၌ တံဆိပ်ခေါင်းကပ်၍ အငှားချထားခံရသူအား ထုတ်ပေးပါသည်။ ကျန်မူရင်းခွဲ (၂)စောင်ကို ဌာနတွင် မှတ်တမ်းအဖြစ် ထားရှိပါသည်။

သတိပြုသင့်သည့်အချက်များ

မြေချပါမစ်ဆိုသည်မှာ စည်ပင်မှုမရှိသည့် မြို့သစ်ဒေသများတွင် အိမ်ရာဆောက်လုပ်ဖို့အတွက် စည်းကမ်းချက်တွေ သတ်မှတ်များချပေးထားခြင်းဖြစ်ပါတယ်။ အိမ်ခြံမြေ အရောင်းအဝယ်ပြုကြရာတွင် ပါမစ်မြေကို အရောင်းအဝယ် အများဆုံးပြုလုပ်ကြသည်ကို တွေ့ရသည်။ ရောင်းအားကောင်းရသည့် အကြောင်း အရင်းမှာ ပါမစ်မြေရောင်းအားကောင်းရခြင်းမှာ စရိတ်ကုန်ကျမှုနည်းခြင်းသည် အဓိကအချက်ဖြစ်သည်။

အရောင်းအဝယ်စာချုပ်ကို အရပ်ကတိစာချုပ်ဖြင့်ချုပ်ဆိုနိုင်သည်။ အဆင့်ဆင့်လွှဲပြောင်း ရောင်းချနိုင်သည်။ အရောင်းအဝယ် အဆက်အစပ် ကွင်းဆက်မပြတ် အရောင်းအဝယ်ကတိစာချုပ်များရှိရန်သာ လိုသည်။ ပါမစ်ကို ဝယ်သူသည့်အခါတွင် အထက်တွင်ဖော်ပြထားသည့် ပါမစ်တစ်စောင်တွင် ပါဝင်ရမည့်အချက် အလက်များကို သေချာစွာစစ်ဆေးရန်၊ စာချုပ်အဆက်ဆက်သည့် ချိတ်ဆက်မိ/မမိ၊ စာချုပ်များသည့် မမှန် မကန်ပြုလုပ်ထားခြင်းရှိ/မရှိဆိုတဲ့ ကိစ္စများသည် အရေးကြီးကိစ္စများဖြစ်ပါသည်။ ပါမစ်ကို ဂရန်လျှောက်ထားခြင်းသည် အချိန်ကာလအားဖြင့်တော့ (၆)လမှ (၈)အတွင်းကြာမြင့်မှာ ဖြစ်ပါသည်။

မြေချပါမစ် မှန်ကန်မှု ရှိ/မရှိ စိစစ်ပေးခြင်း

စာရွက်စာတမ်းများတွင် အတုအစစ်ရှိနိုင်သဖြင့် မြေချပါမစ်မှန်ကန်မှု ရှိ/မရှိ စစ်ဆေးလိုကြပေသည်။ ထို့ကြောင့် ပါမစ်မြေကွက်ကို ဝယ်ယူရန် စရန်ပေး လိုက်သည်နှင့် ရောင်းသူ၏ လက်ဝယ်ရှိ မြေချပါမစ်မှာ အစစ် အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ မြေယာဌာနနှင့် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနတို့တွင် ပြသစစ်ဆေးခြင်းများပြုကြသည်။ မြေချပါမစ်ဝယ်သူများအနေ ဖြင့် ယခင်က မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုး ရေး ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေး မှူးလက်မှတ်နှင့် စည်းတံဆိပ်ရိုက် နှိပ်ထုတ်ပေးသော ပါမစ်မြေနှင့် ယခု မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး လက်မှတ်နှင့် စည်း တံဆိပ်ရိုက်နှိပ်ထုတ်ပေးသော ပါမစ် မြေဟု ပုံစံ နှစ်မျိုးရှိနေသောကြောင့် သတိပြုဝယ်သင့်ပေသည်။

အရပ်ကတိစာချုပ်ဖြင့်ဝယ်ယူခြင်း

ပါမစ်မြေကွက် (အိမ်ရာဆောက်လုပ်နေထိုင်ခွင့်လက်မှတ်မြေကွက်)သည် လွှဲပြောင်းရောင်းချပိုင်ခွင့် မရှိတာကြောင့် စာချုပ်စာတမ်းမှတ်ပုံတင်ရုံးက မှတ်ပုံတင်အရောင်းစာချုပ်ကိုချုပ်ဆိုပေးခြင်းမရှိပါဘူး။ ထို့ကြောင့် အရောင်းအဝယ်ကတိစာချုပ်အဖြစ်သာ ချုပ်ဆိုကြပြီး မြေဂရန်သစ်တွေ လျှောက်ထားလေ့ ရှိပါ တယ်။ မြေဂရန်လျှောက်ထားရာတွင် အဆိုပါမြေကွက်ပေါ်မှာ အဆောက်အဦဆောက်လုပ်ထားပြီးဖြစ်ဖို့ လိုအပ်သောကြောင့် အဆောက်အဦ ဆောက်လုပ်ထားလေ့ ရှိပါတယ်။

ထို့ကြောင့် အိမ်ရာဆောက်လုပ်နေထိုင်ခွင့်လက်မှတ် ပါမစ်မြေကို ဝယ်လျှင် ဥပဒေနှင့်အညီ ပိုင်ဆိုင်ခွင့် မရသေးပါဘူး။ အရောင်းအဝယ် အရပ်ကတိစာချုပ်ချုပ်ဆိုပြီးတော့ ဂရန်သစ်လျှောက်ထားခွင့်ရှိပါတယ်။ ထိုသို့လျှောက်ထားပြီး မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဂရန်သစ်ထုတ်ပေးသည့်အချိန်မှသာ တရားဝင် ပိုင်ဆိုင်မှုခိုင်မာမှာဖြစ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go

Upcoming Property Events

taunggyi-garden-city
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service