ပုသိမ္စက္မႈၿမိဳ႕ေတာ္ စီမံကိန္းဧရိယာအတြင္း အျပည္ျပည္ဆိုင္ရာစက္မႈဆိပ္ကမ္းတစ္ခုအား တည္ေဆာက္ရန္ ရတနာပိုင္တိုင္စိုက္ထူ - Property News in Myanmar from iMyanmarHouse.com
1197 Views

ပုသိမ္စက္မႈၿမိဳ႕ေတာ္ စီမံကိန္းဧရိယာအတြင္း အျပည္ျပည္ဆိုင္ရာစက္မႈဆိပ္ကမ္းတစ္ခုအား တည္ေဆာက္ရန္ ရတနာပိုင္တိုင္စိုက္ထူ

### Zawgyi Version ###

ပုသိမ္စက္မႈၿမိဳ႕ေတာ္ စီမံကိန္း ဧရိယာအတြင္း အျပည္ျပည္ဆိုင္ရာစက္မႈဆိပ္ကမ္းတစ္ခုအား တည္ေဆာက္ရန္ ရတနာပိုင္တိုင္စိုက္ထူျခင္း အခမ္းအနား နိုဝင္ဘာ ၂၉ ရက္က က်င္းပခဲ့ေၾကာင္းသိရသည္။

အဆိုပါဆိပ္ကမ္းကို ဧရာဝတီဖြံ႔ၿဖိဳးတိုးတတ္ေရး အမ်ားႏွင့္သက္ဆိုင္ေသာကုမၸဏီလီမိတတ္မွ အေကာင္အထည္ေဖာ္ေဆာင္ရြက္ေနသည့္ စီမံကိန္းဝင္း ဧရိယာအတြင္းဆိပ္ခံတံတားတည္ေဆာက္မည့္ေနရာတြင္က်င္းပခဲ့ေၾကာင္း၊ရတနာပိုင္တိုင္ကို တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ဦးလွမိုးေအာင္၊တိုင္းေဒသႀကီးလႊတ္ေတာ္ဥကၠ႒ႏွင့္တာဝန္ရွိသူမ်ားက စက္ခလုတ္ႏွိပ္ရိုက္သြင္းေပးခဲ့ေၾကာင္း သိရသည္။

ယင္းဆိပ္ကမ္းသည္ ပုသိမ္စက္မႈၿမိဳ့ေတာ္ စီမံကိန္းအတြင္းရွိ ကုန္ထုတ္လုပ္ငန္းမ်ားမွ ထြက္ရွိသည့္ကုန္ပစၥည္းမ်ား တင္ပို႔ရန္၊လိုအပ္ ေသာကုန္ပစၥည္းမ်ားတင္သြင္ႏိုင္ရန္ ျပည္တြင္း ျပည္ပဆိပ္ကမ္းမ်ားႏွင့္တိုက္ရိုက္ခ်ိတ္ဆက္ေဆာင္ရြက္ႏိုင္မည့္ဆိပ္ကမ္းတစ္ခု ျဖစ္ေၾကာင္းသိရသည္။

ပုသိမ္စက္မႈၿမိဳ႕ေတာ္စီမံကိန္းသည္ ပုသိမ္-ငပုေတာအျမန္လမ္းေပၚမွာရွိၿပီး ပုသိမ္ၿမိဳ့တြင္းကေန ေမာ္ေတာ္ယာဥ္ခရီးျဖင့္ ငါးမိနစ္အကြာ ဧရိယာ ၆၇၀၀ ေပၚတြင္ အေကာင္အထည္ေဖာ္ေဆာင္ေနသည့္ စီမံကိန္းတစ္ခုျဖစ္ၿပီး ယင္းဧရိယာဝင္းအတြင္းတြင္ မီတာ ၇၀၀ ခန႔္အထိ က်ယ္ဝန္းသည့္ စက္မႈဆိပ္ကမ္းတည္ေဆာက္ေရးအတြက္ အေမရိကန္ေဒၚလာသန္း ၂၀၀ ခန႔္အထိ ရင္းႏွီးျမႇုဳပ္ႏွံသြားမည္ျဖစ္ေၾကာင္း သိရသည္။

စက္မႈၿမိဳ႕ေတာ္စီမံကိန္းတြင္ စက္မႈဇုန္ႏွင့္အတူ လူေနမႈအဆင့္အတန္း ျမင့္မားစြာေနထိုင္ႏိုင္မည့္ အဆင့္ျမင့္အိမ္ရာစီမံကိန္းႏွင့္ရုံးခန္းမ်ား ကို ပူးတြဲတည္ေဆာက္သြားမွာျဖစ္ေၾကာင္း၊ဆိပ္ကမ္းစီမံခန္႔ခြဲေရးစနစ္တြင္ လာေရာက္ရင္းႏွီးျမွဳပ္ႏွံသူမ်ားအတြက္ သြင္းကုန္ထုတ္ကုန္လုပ္ငန္းမ်ားကို One Stop Service အေနျဖင့္ေဆာင္ရြက္ႏိုင္မွာျဖစ္ေၾကာင္း၊ဧရာဝတီတိုင္းေဒသႀကီး၏အရင္းအျမစ္မ်ားကို အေျချပဳသည့္ စက္မႈလုပ္ငန္းမ်ား၊ငါးပုဇြန္ စသည့္ ေရထြက္ပစၥည္း အေျခခံစက္မႈလုပ္ငန္းမ်ား၊သစ္ေတာထြက္ပစၥည္းမ်ားကို အေျခခံသည့္ စက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ႏိုင္မွာျဖစ္ေၾကာင္းသိရသည္။

ခြန္ေနာင္လြင္ထူး မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

ပုသိမ်စက်မှုမြို့တော် စီမံကိန်း ဧရိယာအတွင်း အပြည်ပြည်ဆိုင်ရာစက်မှုဆိပ်ကမ်းတစ်ခုအား တည်ဆောက်ရန် ရတနာပိုင်တိုင်စိုက်ထူ ခြင်း အခမ်းအနား နိုဝင်ဘာ ၂၉ ရက်က ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါဆိပ်ကမ်းကို ဧရာဝတီဖွံ့ဖြိုးတိုးတတ်ရေး အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတတ်မှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် စီမံကိန်းဝင်း ဧရိယာအတွင်း ဆိပ်ခံတံတားတည်ဆောက်မည့်နေရာတွင်ကျင်းပခဲ့ကြောင်း၊ရတနာပိုင်တိုင်ကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးလှမိုးအောင်၊တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက စက်ခလုတ်နှိပ်ရိုက်သွင်းပေးခဲ့ကြောင်း သိရသည်။

ယင်းဆိပ်ကမ်းသည် ပုသိမ်စက်မှုမြို့တော် စီမံကိန်းအတွင်းရှိ ကုန်ထုတ်လုပ်ငန်းများမှ ထွက်ရှိသည့်ကုန်ပစ္စည်းများ တင်ပို့ရန်၊လိုအပ် သောကုန်ပစ္စည်းများတင်သွင်နိုင်ရန် ပြည်တွင်း ပြည်ပ ဆိပ်ကမ်းများနှင့်တိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်နိုင်မည့်ဆိပ်ကမ်းတစ်ခု ဖြစ်ကြောင်းသိရသည်။

ပုသိမ်စက်မှုမြို့တော်စီမံကိန်းသည် ပုသိမ်-ငပုတောအမြန်လမ်းပေါ်မှာရှိပြီး ပုသိမ်မြို့တွင်းကနေ မော်တော်ယာဉ်ခရီးဖြင့် ငါးမိနစ်အကွာ ဧရိယာ ၆၇၀၀ ပေါ်တွင် အကောင်အထည်ဖော်ဆောင်နေသည့် စီမံကိန်းတစ်ခုဖြစ်ပြီး ယင်းဧရိယာဝင်းအတွင်းတွင် မီတာ ၇၀၀ ခန့်အထိ ကျယ်ဝန်းသည့် စက်မှုဆိပ်ကမ်းတည်ဆောက်ရေးအတွက် အမေရိကန်ဒေါ်လာသန်း ၂၀၀ ခန့်အထိ ရင်းနှီးမြှုုပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။

စက်မှုမြို့တော်စီမံကိန်းတွင် စက်မှုဇုန်နှင့်အတူ လူနေမှုအဆင့်အတန်း မြင့်မားစွာနေထိုင်နိုင်မည့် အဆင့်မြင့်အိမ်ရာစီမံကိန်းနှင့်ရုံးခန်းများ ကို ပူးတွဲတည်ဆောက်သွားမှာဖြစ်ကြောင်း၊ဆိပ်ကမ်းစီမံခန့်ခွဲရေးစနစ်တွင် လာရောက်ရင်းနှီးမြှုပ်နှံသူများအတွက် သွင်းကုန်ထုတ်ကုန်လုပ်ငန်းများကို One Stop Service အနေဖြင့်ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ဧရာဝတီတိုင်းဒေသကြီး၏အရင်းအမြစ်များကို အခြေပြုသည့် စက်မှုလုပ်ငန်းများ၊ငါးပုဇွန် စသည့် ရေထွက်ပစ္စည်း အခြေခံစက်မှုလုပ်ငန်းများ၊သစ်တောထွက်ပစ္စည်းများကို အခြေခံသည့် စက်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်မှာဖြစ်ကြောင်းသိရသည်။

ခွန်နောင်လွင်ထူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ကျောက်ဖယားမြစ်ကမ်းမှ မျိုးစေ့ဆိုင်လေးနှင့် အခြားသော.. (သို့မဟုတ်) အာရှတိုက်၏ အချမ်းသာဆုံး မိသားစုကြီး (၅) စု
ကျောက်ဖယားမြစ်ကမ်းမှ မျိုးစေ့ဆိုင်လေးနှင့် အခြားသော.. (သို့မဟုတ်) အာရှတိုက်၏ အချမ်းသာဆုံး မိသားစုကြီး (၅) စု
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ

Upcoming Property Events

thukha-garden-residence
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service