ကြန္ဒိုတိုက္ခန္း ဝယ္တဲ့အခါ သတင္းစာေၾကာ္ျငာဖို႕မေမ့သင့္ပါ - Property Knowledge in Myanmar from iMyanmarHouse.com
5670 Views

ကြန္ဒိုတိုက္ခန္း ဝယ္တဲ့အခါ သတင္းစာေၾကာ္ျငာဖို႕မေမ့သင့္ပါ

Knowledge | Posted by Zarni Kyaw

### Zawgyi Version ###

မွတ္မိေနပါေသးတယ္။ လြန္ခဲ့တဲ့ (၃)လေလာက္ကေပါ့။ ရန္ကုန္ျမိဳ႕တြင္းက ကြန္ဒိုတိုက္ခန္းကိုမွ ဝယ္ခ်င္ပါတယ္လုိ႕ ဆိုလာသူ “ ကိုေကာင္းစံ ” ရဲ႕ ဆႏၵကိုပါရမီျဖည့္ဖို႕ အိမ္ျခံေျမအက်ိဳးေဆာင္ကို ညီေဇာ္တို႕ဇနီးေမာင္နွံက အက်ိဳးေဆာင္ခ်င္း ခ်ိတ္ဆက္ျပီး ၾကိဳးစားရွာေဖြေပးၾကပါတယ္။ ဒါနဲ႕ ပန္းဘဲတန္းျမိဳ႕နယ္က ကြန္ဒိုပိုင္ရွင္တစ္ဦးနဲ႕ ခ်ိတ္ဆက္မိိလို႕ အိမ္ရာတစ္ခုကိုေရာက္ခဲပါတယ္။

အျပီးလက္ငင္းေပးေခ်ဖို႕ ေတာင္းဆိုတဲ့ ေရာင္းသူ

ေရာင္းမယ့္ ကြန္ဒိုနွစ္ခန္းက ဘယ္ခန္း၊ ညာခန္း ႏွစ္ခန္းတြဲျဖစ္လို႕ ကိုေကာင္းစံက ပိုျပီးသေဘာက်တယ္။ သိန္းတစ္ရာေလာက္ပဲ စရန္ေပးပါရေစလို႕ ေျပာေတာ့ေရာင္းသူက စရန္မလိုပါဘူး။ တစ္ခါတည္း အျပီးေငြေခ်တာ အၾကိဳက္ဆံုးပါ လို႕ ေျပာပါတယ္။ ဒါဆိုရင္ (၁၀)ရက္ေလာက္ေတာ့ ေခတၱေစာင့္ပါ။ သတင္းစာမွာ ကန္႔ကြက္မယ္သူ ရွိမရွိ ေၾကာ္ျငာၾကည့္ခ်င္လို႕ပါ။ ေတာင္ဆိုတဲ့အခါ ေရာင္းသူကလည္း ခဏဆိုေတာ့ ခြင့္ျပဳပါတယ္။

စရန္ေငြတစ္ဝက္ေပးထားရတဲ့ ဝယ္ယူသူ

ဒါနဲ႕ ဝမ္းသာအားရ သတင္းစာမွာ ေၾကာ္ျငာၾကည့္တဲ့အခါမွာေတာ့ မထင္မွတ္ဘဲ ကန္ကြက္ခ်က္ေတြ ေပၚလာပါေတာ့တယ္။ တစ္ေယာက္ေသာသူက A , B အခန္း (၂) ခန္း ရွိတဲ့အနက္ A အခန္းကို သူတုိ႕ဝယ္ထားတာတဲ့။ ပထမအရစ္ တိုက္ခန္းတန္ဖိုးရဲ႕ တစ္ဝက္ကိုေပးထားတဲ့ “ နွစ္ဦးသေဘာတူ တိုက္ခန္းအေရာင္းအဝယ္ ကတိစာခ်ဳပ္ (မူရင္း) ” ကို ထုတ္ျပပါတယ္။ သူထုတ္ျပတဲ့ စာခ်ဳပ္ၾကည့္လိုက္ေတာ့ အမွန္တကယ္ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ ျဖစ္ေနတယ္။ ဒါဆို ဒုတိယအရစ္က်န္ေငြ မေပးဘဲ ဘာျဖစ္လို႕ လက္ေရာက္ မယူခဲ့တာလဲလို႕ ေမးၾကည့္ေတာ့ က်န္းမာေရးမေကာင္းလို႕ စင္ကာပူမွာ ေဆးကုသြားေနတာ (၃)လၾကာသြားပါတယ္။ ျပန္လာတဲ့အခါက်ေတာ့ (၃)လအထိ မေစာင့္ႏိုင္လို႕ အခု ကိုေကာင္းစံတို႕ကို ေရာင္းမယ့္သူက ဝယ္သြားတယ္လို႕ သိရပါတယ္။ အဲဒါ မူလပိုင္ရွင္ ကန္ထရုိက္တာနဲ႕ အဆက္ဆက္ ဝယ္ထားသူေတြကို တိုင္းတရားရုံးမွာ တရားစြဲထားတယ္လို႕ ေျပာျပီး တရားမၾကီးအမႈတြဲကို ထုတ္ျပပါတယ္။

ဟင္ ဒါဆို အခုဝယ္မယ့္ ကြန္ဒိုတိုက္ခန္းက ရွင္းရွင္းလင္းလင္း မဟုတ္ဘဲ ျဖစ္ေနတာကို ေတြ႕ရပါတယ္။ ေစာေစာစီးစီး ေနာက္ဆုတ္တာက အေကာင္းဆံုးလို႕ ဆံုးျဖတ္လိုက္ရတယ္။ ဒါေပမဲ့ ကန္႕ကြက္ရက္က (၇)ရက္ အျပည့္ေပးလို႕ေနာက္တစ္ေန႕မွာ စာပို႕လုုလင္တစ္ေယာက္က ႏို႕တစ္စာတစ္ေစာင္လာပို႕ျပန္ပါတယ္။

ဝယ္သူထံက ႏို႕တစ္စာ လာျပန္တာလဲလို႕ဆိုတဲ့ အေတြးနဲ႕ စာအိတ္ကို ေဖာက္ဖက္ၾကည့္လိုက္တဲ့အခါ သတင္းစာက ကန္႕ကြက္ရန္ရွိမရွိ ေၾကာ္ျငာနဲ႕ ပတ္သက္ျပီး ေရွ႕ေနၾကီးတစ္ဦးရဲ႕ အသိေပး အေၾကာင္းၾကားစာ ျဖစ္ေနပါတယ္။

ေနာက္တစ္ခါ လာျပန္ျပီ ေရွ႕ေနၾကီးရဲ႕ နို႕တစ္စာ

သူရဲ႕ အမႈသည္ကလည္း ကိုေကာင္းစံေၾကာ္ျငာတဲ့ တိုက္ခန္း(၂)ခန္းလံုးကို ဝယ္ထားတဲ့သူ ျဖစ္ေနျပန္ပါတယ္။ သူက ေတာ့ အျခားကန္ထရုိိက္တာတစ္ဦးထံက ဝယ္ထားတယ္လို႕ သိရပါတယ္။ ဒါဆိုရင္ ဒီကြန္ဒိုတိုက္ခန္းေတြက ကန္ထရုိက္တာတစ္ဦးလည္း မဟုတ္ဘူးဆိုတာ သိလာရျပန္ပါတယ္။ ေရွ႕ေနၾကီးက အသ္ိေပးတဲ့အခ်က္ကေတာ့ ဒီတို္က္ခန္း (၂)ခန္း နဲ႕ ပတ္သက္လို႕ ရန္ကုန္တိုင္းေဒသၾကီးတရားလႊတ္ေတာ္ရုံးမွာ တရားမၾကီးအမႈအမွတ္ ( ) နဲ႕ တရားစြဲျပီး သူပိုင္ငါပိုင္အျငင္းပြားေနတဲ့ တိုက္ခန္းေတြ ျဖစ္ပါတယ္။ လက္ရွိနစ္နာသူက ကန္ထရုိက္တာမ်ား အပါအဝင္ စာခ်ဳပ္အဆင့္ဆင့္ျဖင့္ ဝယ္ယူပိုင္ဆိုင္ထားသူ (၉)ဦးခန္႕ကို တရားျပိဳင္ထားျပီး တရားစြဲဆိုထားတာလို႕ဆိုပါတယ္။ ဒါေၾကာင့္ ေရွ႕ေနၾကီးက အမႈတန္းလန္းၾကီးနဲ႕ အဲဒီတိုက္ခန္းကို ဝယ္ခဲ့ရင္ လူၾကီးမင္းကိုလည္းတရားျပိဳင္ (၁၀)ေယာက္နဲ႕ ေနာက္တိုး တရားျပိဳင္အျဖစ္ တရားစြဲဆိုျခင္း ခံရပါလိမ့္မယ္လို႕ ေမတၱာနဲ႕ အသိေပးထားတာကို ေတြ႕ရပါတယ္။

ဟိုက္…. ေတာ္ပါေသးရဲ႕။ နို႕တစ္စာနဲ႕ အသိေပးတဲ့ ေရွ႕ေနၾကီးကို အထူးေက်းဇူးတင္ေနမိပါတယ္။ ဒါဟာ ကန္႕ကြက္ရန္ ရွိမရွိ သတင္းစာမွာ ေၾကာ္ျငာမိလို႕သာေပါ့။ ႏို႕မဟုတ္ရင္ အမႈတြဲမွာ ပါသြားျပီး တရားျပိဳင္(၁၀)နဲ႕ အမႈရင္ဆိုင္ရေတာ့မွာ ။ ဒါေၾကာင့္ ေျပာတာေပါ့ အိမ္ျခံေျမတိုက္ခန္းေတြဝယ္ၾကရင္ ကန္႕ကြက္ရန္ရွိမရွိ သတင္းစာေၾကာ္ျငာသင့္ပါတယ္။ တကယ္လို႕ ေရွ႕ေနငွါးရမ္းခ ေဈးၾကီးတယ္ဆိုရင္လည္း မိမိအစီအစဥ္နဲ႕ အျခားေရွ႕ေနေတြ ေၾကာ္ျငာထားတဲ့ နမူနာယူျပီး မိမိနာမည္နဲ႕ ေၾကာ္ျငာရင္း သတင္းစာေၾကာ္ျငာခပဲ ကုန္ပါတယ္။ ဒါဆိုရင္ေတာ့ အိမ္ျခံေျမတိုက္ခန္း ဝယ္ယူသူတိုင္း ေၾကာ္ျငာၾကလိမ့္မယ္ ထင္ပါတယ္။

အိမ္ျခံေျမတုိက္ခန္း အေရာင္းအဝယ္ကိစၥဆိုတာ စီးပြားေရးလုပ္ငန္းျဖစ္လို႕ သတင္းစာမွာ ေၾကာ္ျငာရင္ ၁ လက္မ(တစ္ေကာ္လံ)ကို ေငြက်ပ္ ၁၂၀၀၀ (က်ပ္ တစ္ေသာင္းနွစ္ေထာင္)ပဲ ေပးရတယ္။ ဒါေၾကာင့္ တန္ဖိုးၾကီးတဲ့ ေျမနဲ႕ ကြန္ဒိုတုိက္ခန္းေတြ ဝယ္ရင္ ေၾကးမံု ၊ ျမန္မာ့အလင္း သတင္းစာမွာ ေၾကာ္ျငာဖို႕ မေမ့ပါနဲ႕လိုက အသိေပးတိုက္တြန္းလို္က္ရပါတယ္။

သုခီ အတၱာနံ ပရိဟရႏၱဳ

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Credit: လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ

### Unicode Version ###

မှတ်မိနေပါသေးတယ်။ လွန်ခဲ့တဲ့ (၃)လလောက်ကပေါ့။ ရန်ကုန်မြို့တွင်းက ကွန်ဒိုတိုက်ခန်းကိုမှ ဝယ်ချင်ပါတယ်လို့ ဆိုလာသူ “ ကိုကောင်းစံ ” ရဲ့ ဆန္ဒကိုပါရမီဖြည့်ဖို့ အိမ်ခြံမြေအကျိုးဆောင်ကို ညီဇော်တို့ဇနီးမောင်နှံက အကျိုးဆောင်ချင်း ချိတ်ဆက်ပြီး ကြိုးစားရှာဖွေပေးကြပါတယ်။ ဒါနဲ့ ပန်းဘဲတန်းမြို့နယ်က ကွန်ဒိုပိုင်ရှင်တစ်ဦးနဲ့ ချိတ်ဆက်မိလို့ အိမ်ရာတစ်ခုကိုရောက်ခဲပါတယ်။

အပြီးလက်ငင်းပေးချေဖို့ တောင်းဆိုတဲ့ ရောင်းသူ

ရောင်းမယ့် ကွန်ဒိုနှစ်ခန်းက ဘယ်ခန်း၊ ညာခန်း နှစ်ခန်းတွဲဖြစ်လို့ ကိုကောင်းစံက ပိုပြီးသဘောကျတယ်။ သိန်းတစ်ရာလောက်ပဲ စရန်ပေးပါရစေလို့ ပြောတော့ရောင်းသူက စရန်မလိုပါဘူး။ တစ်ခါတည်း အပြီးငွေချေတာ အကြိုက်ဆုံးပါ လို့ ပြောပါတယ်။ ဒါဆိုရင် (၁၀)ရက်လောက်တော့ ခေတ္တစောင့်ပါ။ သတင်းစာမှာ ကန့်ကွက်မယ်သူ ရှိမရှိ ကြော်ငြာကြည့်ချင်လို့ပါ။ တောင်ဆိုတဲ့အခါ ရောင်းသူကလည်း ခဏဆိုတော့ ခွင့်ပြုပါတယ်။

စရန်ငွေတစ်ဝက်ပေးထားရတဲ့ ဝယ်ယူသူ

ဒါနဲ့ ဝမ်းသာအားရ သတင်းစာမှာ ကြော်ငြာကြည့်တဲ့အခါမှာတော့ မထင်မှတ်ဘဲ ကန်ကွက်ချက်တွေ ပေါ်လာပါတော့တယ်။ တစ်ယောက်သောသူက A , B အခန်း (၂) ခန်း ရှိတဲ့အနက် A အခန်းကို သူတို့ဝယ်ထားတာတဲ့။ ပထမအရစ် တိုက်ခန်းတန်ဖိုးရဲ့ တစ်ဝက်ကိုပေးထားတဲ့ “ နှစ်ဦးသဘောတူ တိုက်ခန်းအရောင်းအဝယ် ကတိစာချုပ် (မူရင်း) ” ကို ထုတ်ပြပါတယ်။ သူထုတ်ပြတဲ့ စာချုပ်ကြည့်လိုက်တော့ အမှန်တကယ် ချုပ်ဆိုထားတဲ့ စာချုပ် ဖြစ်နေတယ်။ ဒါဆို ဒုတိယအရစ်ကျန်ငွေ မပေးဘဲ ဘာဖြစ်လို့ လက်ရောက် မယူခဲ့တာလဲလို့ မေးကြည့်တော့ ကျန်းမာရေးမကောင်းလို့ စင်ကာပူမှာ ဆေးကုသွားနေတာ (၃)လကြာသွားပါတယ်။ ပြန်လာတဲ့အခါကျတော့ (၃)လအထိ မစောင့်နိုင်လို့ အခု ကိုကောင်းစံတို့ကို ရောင်းမယ့်သူက ဝယ်သွားတယ်လို့ သိရပါတယ်။ အဲဒါ မူလပိုင်ရှင် ကန်ထရိုက်တာနဲ့ အဆက်ဆက် ဝယ်ထားသူတွေကို တိုင်းတရားရုံးမှာ တရားစွဲထားတယ်လို့ ပြောပြီး တရားမကြီးအမှုတွဲကို ထုတ်ပြပါတယ်။

ဟင် ဒါဆို အခုဝယ်မယ့် ကွန်ဒိုတိုက်ခန်းက ရှင်းရှင်းလင်းလင်း မဟုတ်ဘဲ ဖြစ်နေတာကို တွေ့ရပါတယ်။ စောစောစီးစီး နောက်ဆုတ်တာက အကောင်းဆုံးလို့ ဆုံးဖြတ်လိုက်ရတယ်။ ဒါပေမဲ့ ကန့်ကွက်ရက်က (၇)ရက် အပြည့်ပေးလို့နောက်တစ်နေ့မှာ စာပို့လုလင်တစ်ယောက်က နို့တစ်စာတစ်စောင်လာပို့ပြန်ပါတယ်။

ဝယ်သူထံက နို့တစ်စာ လာပြန်တာလဲလို့ဆိုတဲ့ အတွေးနဲ့ စာအိတ်ကို ဖောက်ဖက်ကြည့်လိုက်တဲ့အခါ သတင်းစာက ကန့်ကွက်ရန်ရှိမရှိ ကြော်ငြာနဲ့ ပတ်သက်ပြီး ရှေ့နေကြီးတစ်ဦးရဲ့ အသိပေး အကြောင်းကြားစာ ဖြစ်နေပါတယ်။

နောက်တစ်ခါ လာပြန်ပြီ ရှေ့နေကြီးရဲ့ နို့တစ်စာ

သူရဲ့ အမှုသည်ကလည်း ကိုကောင်းစံကြော်ငြာတဲ့ တိုက်ခန်း(၂)ခန်းလုံးကို ဝယ်ထားတဲ့သူ ဖြစ်နေပြန်ပါတယ်။ သူက တော့ အခြားကန်ထရိုက်တာတစ်ဦးထံက ဝယ်ထားတယ်လို့ သိရပါတယ်။ ဒါဆိုရင် ဒီကွန်ဒိုတိုက်ခန်းတွေက ကန်ထရိုက်တာတစ်ဦးလည်း မဟုတ်ဘူးဆိုတာ သိလာရပြန်ပါတယ်။ ရှေ့နေကြီးက အသိပေးတဲ့အချက်ကတော့ ဒီတိုက်ခန်း (၂)ခန်း နဲ့ ပတ်သက်လို့ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်ရုံးမှာ တရားမကြီးအမှုအမှတ် ( ) နဲ့ တရားစွဲပြီး သူပိုင်ငါပိုင်အငြင်းပွားနေတဲ့ တိုက်ခန်းတွေ ဖြစ်ပါတယ်။ လက်ရှိနစ်နာသူက ကန်ထရိုက်တာများ အပါအဝင် စာချုပ်အဆင့်ဆင့်ဖြင့် ဝယ်ယူပိုင်ဆိုင်ထားသူ (၉)ဦးခန့်ကို တရားပြိုင်ထားပြီး တရားစွဲဆိုထားတာလို့ဆိုပါတယ်။ ဒါကြောင့် ရှေ့နေကြီးက အမှုတန်းလန်းကြီးနဲ့ အဲဒီတိုက်ခန်းကို ဝယ်ခဲ့ရင် လူကြီးမင်းကိုလည်းတရားပြိုင် (၁၀)ယောက်နဲ့ နောက်တိုး တရားပြိုင်အဖြစ် တရားစွဲဆိုခြင်း ခံရပါလိမ့်မယ်လို့ မေတ္တာနဲ့ အသိပေးထားတာကို တွေ့ရပါတယ်။

ဟိုက်…. တော်ပါသေးရဲ့။ နို့တစ်စာနဲ့ အသိပေးတဲ့ ရှေ့နေကြီးကို အထူးကျေးဇူးတင်နေမိပါတယ်။ ဒါဟာ ကန့်ကွက်ရန် ရှိမရှိ သတင်းစာမှာ ကြော်ငြာမိလို့သာပေါ့။ နို့မဟုတ်ရင် အမှုတွဲမှာ ပါသွားပြီး တရားပြိုင်(၁၀)နဲ့ အမှုရင်ဆိုင်ရတော့မှာ ။ ဒါကြောင့် ပြောတာပေါ့ အိမ်ခြံမြေတိုက်ခန်းတွေဝယ်ကြရင် ကန့်ကွက်ရန်ရှိမရှိ သတင်းစာကြော်ငြာသင့်ပါတယ်။ တကယ်လို့ ရှေ့နေငှါးရမ်းခ ဈေးကြီးတယ်ဆိုရင်လည်း မိမိအစီအစဉ်နဲ့ အခြားရှေ့နေတွေ ကြော်ငြာထားတဲ့ နမူနာယူပြီး မိမိနာမည်နဲ့ ကြော်ငြာရင်း သတင်းစာကြော်ငြာခပဲ ကုန်ပါတယ်။ ဒါဆိုရင်တော့ အိမ်ခြံမြေတိုက်ခန်း ဝယ်ယူသူတိုင်း ကြော်ငြာကြလိမ့်မယ် ထင်ပါတယ်။

အိမ်ခြံမြေတိုက်ခန်း အရောင်းအဝယ်ကိစ္စဆိုတာ စီးပွားရေးလုပ်ငန်းဖြစ်လို့ သတင်းစာမှာ ကြော်ငြာရင် ၁ လက်မ(တစ်ကော်လံ)ကို ငွေကျပ် ၁၂၀၀၀ (ကျပ် တစ်သောင်းနှစ်ထောင်)ပဲ ပေးရတယ်။ ဒါကြောင့် တန်ဖိုးကြီးတဲ့ မြေနဲ့ ကွန်ဒိုတိုက်ခန်းတွေ ဝယ်ရင် ကြေးမုံ ၊ မြန်မာ့အလင်း သတင်းစာမှာ ကြော်ငြာဖို့ မမေ့ပါနဲ့လိုက အသိပေးတိုက်တွန်းလိုက်ရပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

သုခီ အတ္တာနံ ပရိဟရန္တု

Credit: လွှတ်တော်ရှေ့နေမောင်ကောင်းဖေ

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ

Upcoming Property Events

mya-villa
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service