ရန္ကုန္ ဘုရင့္ေနာင္တံတားအမွတ္ (၁) တစ္လခန္႔ပိတ္မည္ - Property News in Myanmar from iMyanmarHouse.com
57799 Views

ရန္ကုန္ ဘုရင့္ေနာင္တံတားအမွတ္ (၁) တစ္လခန္႔ပိတ္မည္

### Zawgyi Version ###

လိႈင္ျမစ္ကို ျဖတ္သန္းတည္ေဆာင္ထားသည့္ ဘုရင့္ေနာင္တံတား အမွတ္(၁) ၏ ေရလယ္တိုင္မ်ားကို အၾကီးစားျပင္ဆင္ေရးလုပ္ငန္းမ်ား ေဆာင္ရြက္သြားရန္ အတြက္ တံတားအားတစ္လခန္႔ပိတ္ထားမည္ျဖစ္ေၾကာင္း ျမန္မာႏုိင္ငံအေဝးေျပးကုန္စည္ပုိ႔ ေဆာင္ေရးဝန္ေဆာင္မႈလုပ္ငန္းရွင္မ်ားအသင္း (MHFTSA) ဥကၠ႒ ဦးက်င္သိန္းက ထံမွသိရိွရသည္။

ဘုရင့္ေနာင္တံတား အမွတ္ (၁) လာမည့္ ေအာက္တိုလာလ ၅ရက္ေန႔မွ ႏို၀င္ဘာလ ၄ရက္ ေန႔အထိ အခ်ိန္ တစ္လခန္႔ပိတ္မည္ျဖစ္ေၾကာင္း ၎ကဆိုသည္။

“ဟိုဘက္ကတံတားပိတ္လိုက္တဲ့အတြက္ေၾကာင့္ အမွတ္(၂) တံတားကပဲ ေလးလမ္းသြားကို အသြားႏွစ္လမ္း၊ အျပန္ႏွစ္လမ္း ေပးမယ္”ဟု ဦးက်င္သိန္း ကဆိုသည္။ ဘုရင့္ေနာင္တံတား အမွတ္ (၁) ကြန္တိန္ယာဥ္မ်ားကို ယခင္က အရင္က လႈိင္သာယာအသြားသို႔ သံုးလမ္းေပးကာ လႈိင္သာယာမွ အျပန္ကို တစ္လမ္းသာေပးထားေၾကာင္း အေဝးေျပးကုန္စည္ပုိ႔ ေဆာင္ေရးဝန္ေဆာင္မႈလုပ္ငန္း ရွင္မ်ားထံမွသိရွိရသည္။

ထိုျပင္ ဘုရင္ေနာင္တံတား အမွတ္ (၂) ေပၚတြင္ သမိုင္းဘက္သို႔သြားသည့္ လမ္းကိုယခင္ပိတ္ထားရာမွ အမွတ္ (၁) တံတားျပဳျပင္ေနစဥ္ ယာဥ္ေၾကာပိတ္ဆို႔မႈမ်ား မျဖစ္ေစရန္ဖြင့္ေပးမည္ျဖစ္ေၾကာင္း ဦးက်င္သိန္း ထံမွသိရွိရသည္။

လက္ရွိ အမွတ္ (၂) တံတား၏ တံတားေျခဆင္တြင္ လမ္းအနည္းငယ္နိမ့္ေနသည့္အတြက္ စည္ပင္လမ္းတံတားမွ ေလေျပျပစ္ရန္ေဆာင္ရြက္ျခင္း၊ လမ္းေပါက္ဖာေထးျခင္းႏွင့္ ႏွစ္လမ္းေမာင္းအျဖစ္ စည္းဆြဲျခင္းမ်ားေဆာင္ရြက္ေပးမည္ျဖစ္ေၾကာင္း ၎ကဆိုသည္။

ရံုးခ်ိန္မ်ားတြင္ ယာဥ္ေၾကာၾကပ္တည္းသည့္ လမ္းေၾကာင္းျဖစ္သည့္အတြက္ ယာဥ္ထိန္းရဲတပ္ဖြဲ႔၊ ျပည္သူရဲတပ္ဖြဲ႔၊ MHFTSA ႏွင့္ ဘုရင့္ေနာင္တံတား စည္းကမ္းထိန္းသိမ္းေရးအဖြဲ႔မွ ဝိုင္းဝန္းကာ ေျဖရွင္းေပးမည္ျဖစ္ေၾကာင္း ဦးက်င္သိန္း ကဆိုသည္။

မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

လှိုင်မြစ်ကို ဖြတ်သန်းတည်ဆောင်ထားသည့် ဘုရင့်နောင်တံတား အမှတ်(၁) ၏ ရေလယ်တိုင်များကို အကြီးစားပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်သွားရန် အတွက် တံတားအားတစ်လခန့်ပိတ်ထားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MHFTSA) ဥက္ကဋ္ဌ ဦးကျင်သိန်းက ထံမှသိရှိရသည်။

ဘုရင့်နောင်တံတား အမှတ် (၁) လာမည့် အောက်တိုလာလ ၅ရက်နေ့မှ နိုဝင်ဘာလ ၄ရက် နေ့အထိ အချိန် တစ်လခန့်ပိတ်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ဟိုဘက်ကတံတားပိတ်လိုက်တဲ့အတွက်ကြောင့် အမှတ်(၂) တံတားကပဲ လေးလမ်းသွားကို အသွားနှစ်လမ်း၊ အပြန်နှစ်လမ်း ပေးမယ်”ဟု ဦးကျင်သိန်း ကဆိုသည်။ ဘုရင့်နောင်တံတား အမှတ် (၁) ကွန်တိန်ယာဉ်များကို ယခင်က အရင်က လှိုင်သာယာအသွားသို့ သုံးလမ်းပေးကာ လှိုင်သာယာမှ အပြန်ကို တစ်လမ်းသာပေးထားကြောင်း အဝေးပြေးကုန်စည်ပို့ ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်း ရှင်များထံမှသိရှိရသည်။

ထိုပြင် ဘုရင်နောင်တံတား အမှတ် (၂) ပေါ်တွင် သမိုင်းဘက်သို့သွားသည့် လမ်းကိုယခင်ပိတ်ထားရာမှ အမှတ် (၁) တံတားပြုပြင်နေစဉ် ယာဉ်ကြောပိတ်ဆို့မှုများ မဖြစ်စေရန်ဖွင့်ပေးမည်ဖြစ်ကြောင်း ဦးကျင်သိန်း ထံမှသိရှိရသည်။

လက်ရှိ အမှတ် (၂) တံတား၏ တံတားခြေဆင်တွင် လမ်းအနည်းငယ်နိမ့်နေသည့်အတွက် စည်ပင်လမ်းတံတားမှ လေပြေပြစ်ရန်ဆောင်ရွက်ခြင်း၊ လမ်းပေါက်ဖာထေးခြင်းနှင့် နှစ်လမ်းမောင်းအဖြစ် စည်းဆွဲခြင်းများဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ရုံးချိန်များတွင် ယာဉ်ကြောကြပ်တည်းသည့် လမ်းကြောင်းဖြစ်သည့်အတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ပြည်သူရဲတပ်ဖွဲ့၊ MHFTSA နှင့် ဘုရင့်နောင်တံတား စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ ဝိုင်းဝန်းကာ ဖြေရှင်းပေးမည်ဖြစ်ကြောင်း ဦးကျင်သိန်း ကဆိုသည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်

Upcoming Property Events

area-one-business-complex
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service