ရန်ကုန်မြို့ သစ်စီမံကိန်းမြေနေရာပြန်လည်ချထားပေးမှုအစီအစဉ်စတင် - Property News in Myanmar from iMyanmarHouse.com
3652 Views

ရန်ကုန်မြို့ သစ်စီမံကိန်းမြေနေရာပြန်လည်ချထားပေးမှုအစီအစဉ်စတင်

### Zawgyi Version ###








 

### Unicode Version ###

ရန်ကုန်မြို့သစ်စီမံကိန်း မြေနေရာပြန်လည်ချထားရေးအတွက် မြေကွက်များရွေးချယ်ခြင်းကို အခုလထဲမှာ စတင်နေပြီဖြစ်ကြောင်းရန်ကုန်မြို့သစ် ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ (NYDC) က ထုတ်ပြန်ကြေညာသည်။

မြေနေရာ ပြန်လည်ချထားရာ၌ ကြည့်မြင်တိုင်တစ်ဖက်ကမ်းတွင် ပေ(၄၀×၆၀) မြေကွက်များ ပြန်လည်ချပေးမည်ဖြစ်ပြီး မြေကွက်ရွေးချယ်မှုကို မဲစနစ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်ဟု အဆိုပါကုမ္ပဏီက ထုတ်ပြန်သည်။

‘‘စီမံကိန်းမြေနေရာမှာ လူနေရပ်ကွက်တွေမပါဘူး။ မြေနေရာချထားမှုက လယ်မြေတွေကို ပြန်ချထားပေးတာပါ။ လယ်သမားတွေကတော့ အဆင်ပြေပါတယ်’’ ဟု ကြည့်မြင်တိုင်မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်နန္ဒအောင်က ပြောသည်။

ရန်ကုန်မြို့သစ် စီမံကိန်း အပိုင်း(၁)ကို မြေဧက နှစ်သောင်းကျော်တွင် ဆောင်ရွက်မည်ဖြစ်ပြီး လယ်မြေများကို လျော်ကြေးအစား ၂၀ ရာခိုင်နှုန်းမြို့မြေသတ်မှတ်၍ ပြန်ပေးမည်ဟု ရန်ကုန်တိုင်းအစိုးရက ကြေညာထားသည်။

ထို့ပြင် NYDC က ကုမ္ပဏီတွင် တိုင်းအစိုးရက ရယူထားသည့် ဥက္ကဋ္ဌနှင့် ဒါရိုက်တာအဖွဲ့ဝင် ရာထူးများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက စက်တင်ဘာ ၄ ရက်တွင် လွှဲပြောင်းရယူခဲ့သည်။ နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်

Upcoming Property Events

thukha-garden-residence
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service