အလုပ္အကိုင္ ေအာင္ျမင္ၿပီး ေပ်ာ္႐ႊင္စရာဘ၀တစ္ခုကုိရႏိုင္ဖို႔အတြက္ သူေဌးႀကီး Richard Branson ေျပာတဲ့စည္းမ်ဥ္း ၈ ခု - Property Knowledge in Myanmar from iMyanmarHouse.com
1611 Views

အလုပ္အကိုင္ ေအာင္ျမင္ၿပီး ေပ်ာ္႐ႊင္စရာဘ၀တစ္ခုကုိရႏိုင္ဖို႔အတြက္ သူေဌးႀကီး Richard Branson ေျပာတဲ့စည္းမ်ဥ္း ၈ ခု

Knowledge | Posted by Shwe Zin Win

### Zawgyi Version ###

ၿဗိတိန္ နာမည္ေက်ာ္ သူေဌးႀကီး Richard Branson ကေတာ့ ၎ရဲ႕ပထမဆံုး စီးပြားေရးလုပ္ငန္းကို ဆယ္ေက်ာ္သက္အ႐ြယ္မွာ စလုပ္ခဲ့တာျဖစ္ပါတယ္။ အဲဒီေနာက္ပိုင္းသူဟာ လုပ္ငန္းကုမၸဏီေတြအမ်ားႀကီးကို ထူေထာင္ခဲ့ၿပီးဒီထဲေတြမွာ Virgin Records ၊Virgin Airlines ၊ Virgin Express ၊ Virgin Mobile ၊ Virgin Hotels ၊ VirginCruises နဲ႔ Virgin Galactic တို႔ အပါအ၀င္ျဖစ္ပါတယ္။

တကယ္တမ္းမွာ စြန္႔ဦးတီထြင္မႈဆိုင္ရာ ေအာင္ျမင္မႈေတြ ရဖို႔နဲ႔ေပ်ာ္စရာ ဘ၀တစ္ခုကို ပိုင္ဆုိင္ႏိုင္ဖို႔အတြက္ ဖန္တီးရတာ သူ႔အတြက္ေတာ့ အင္မတန္ ႐ုိး႐ွင္းပါတယ္လို႔ Branson ကေျပာပါတယ္။ “ တစ္ျခားသူေတြကို ခ်စ္ပါ၊ သင္ပိုင္ဆိုင္ထားတဲ့ အရာအားလံုးအတြက္ေက်းဇူးသိတတ္ပါ၊ ၾကင္နာပါ၊ သတိရွိရွိေနထုိင္ပါ၊ ေနာက္ၿပီး ဘယ္ေတာ့မွ ႏိုး လို႔ မေျပာမိေစနဲ႔၊ သင္မေအာင္မျမင္မခ်င္း ေရွ႕ဆက္သြားပါ” လို႔ ၎က ေျပာပါတယ္။

ေအာက္ပါတို႔ကေတာ့ ဘ၀ ေပ်ာ္ရႊင္မႈနဲ႔ အလုပ္အကိုင္ ေအာင္ျမင္မႈအတြက္ Richard Branson က်င့္သံုးတယ္ဆိုတဲ့ စည္းမ်ဥ္းမ်ား ျဖစ္ပါတယ္။

၁. သင့္ ေအာင္ျမင္မႈကို သင္ရွာတဲ့ ေငြေၾကးပမာဏ နဲ႔ ဘယ္ေတာ့မွ မတုိင္းတာပါနဲ႔။

မၾကာခဏဆိုသလို လူေတြဟာ ေအာင္ျမင္မႈကို သူတို႔ ေငြဘယ္ေလာက္ ရွာႏိုင္တယ္ဆိုတာနဲ႔ပဲ တုိင္းတာတတ္ၾကပါတယ္။ ဒါေပမယ့္ လူေတြဟာ ေပ်ာ္ေအာင္ ေနထုိင္ၿပီး ကမၻာႀကီးအတြက္ပိုေကာင္းတဲ့ ေနရာတစ္ခုျဖစ္ေအာင္ အာ႐ံုစုိက္လုပ္ေဆာင္သြား မယ္ဆိုရင္ ေငြက အလိုလို ၀င္လာမွာပဲလို႔ Branson ကယံုၾကည္ေနပါတယ္။

“ ေအာင္ျမင္မႈအတြက္ စြန္႔ဦးတီထြင္သူတုိင္းရဲ႕ စံသတ္မွတ္ခ်က္ဟာ ေငြေၾကး ျဖစ္တယ္ ဆိုတဲဲ့ လြဲမွားတဲ့ အယူအဆတစ္ခု ရွိေနပါတယ္။ ဒါ မဟုတ္ပါဘူး။ ေငြရဖို႔ တစ္ခုတည္းသက္သက္အတြက္ ကၽြန္ေတာ္ ဘယ္ေတာ့မွအလုပ္မလုပ္ခဲ့ပါဘူး” လို႔သူေဌးႀကီးက ေျပာသြားပါတယ္.

သင့္အေနနဲ႔ ဘ၀မွာ ေအာင္ျမင္မႈေတြ ဘယ္ေလာက္ ရရ ၊သင့္အေနနဲ႔ ထပ္လုပ္စရာေတြ အမ်ားႀကီး ရွိေသးတယ္လို႔ေတြးရမွာျဖစ္တယ္လို႔ ဆိုပါတယ္။

၂. ဖုန္း၊တက္ဘလက္ေတြ ထားခဲ့ၿပီး မ်က္ႏွာခ်င္းဆုိင္ ေတြ႕ဆံုေျပာဆိုပါ။

ယေန႔ အမ်ားစုလိုပဲ Branson လည္း နည္းပညာကုိ ႏွစ္သက္သူျဖစ္ပါတယ္။ ဒါေပမယ့္ ဒီအေပၚမွာ ကန္႔သတ္ထားတယ္လို႔ဆုိပါတယ္။ အထူးသျဖင့္ ၎နဲ႔ ၎ တန္ဖုိးထား ဂရုစိုက္တဲ့သူေတြနဲ႔ ေတြ႕ဆံုမယ့္အခ်ိန္ေတြမ်ဳိးမွာျဖစ္ပါတယ္။

လက္႐ွိအခိုက္အတန္႔မွာ မ်က္ႏွာခ်င္းဆုိင္ ေတြ႕ဆံုေျပာဆိုမႈေနရာမွာ အစားထုိးႏိုင္တာ ဘာမွ မရွိေသးဘူးလို႔` ၎က ေျပာပါတယ္။ ဒီအတြက္ ခင္ဗ်ားအေနနဲ႔ ခင္ဗ်ားရဲ႕ devicesေတြကို ေဘးဖယ္ထားရလိမ့္မယ္လို႔ ၎က ေျပာသြားပါတယ္။

၃. သင္ လုပ္သမွ် အရာတိုင္းအတြက္ စိတ္ကိုေပ်ာ္ေအာင္ထားပါ။

သင့္ စိတ္ထဲမွာ မေပ်ာ္ဘူးဆိုရင္ သင္လုပ္ေနတဲဲ့ အလုပ္ကတစ္ခုခု မွားယြင္းေနပါလိမ့္မယ္။ ဒီေတာ့ သင္လုပ္သမွ် အရာကိစၥတုိင္းမွာ စိတ္ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ လုပ္ႏိုင္မယ့္ နည္းလမ္းေတြရွာသင့့္ၿပီး သင့္ဘ၀ကို တန္ဖုိးထားသင့္ေၾကာင္း Branson ကေျပာပါတယ္။

တစ္နည္းအားျဖင့္ အသက္႐ွင္ဖို႔ အလုပ္လုပ္ျခင္းထက္အလုပ္လုပ္ဖို႔ အသက္ရွင္သင့္ေၾကာင္း ၎က ေျပာပါတယ္။

၄. သင္ အျပင္ထြက္လို႔ရႏိုင္မယ့္ ၀ါသနာတစ္ခု ရွာပါ။

စိတ္ေပ်ာ္ရႊင္မႈအတြက္ အဓိက က်တဲ့အခ်က္က သင့္ကိုအျပင္မွာ အခ်ိန္တစ္ခ်ဳိ႕ ကုန္ဆံုးဖို႔ တြန္းအားေပးႏိုင္တဲ့၀ါသနာေတြကို ရွာျခင္းျဖစ္တယ္လို႔ သူေဌးႀကီးက ေျပာ ပါတယ္။

အျပင္ထြက္ ေနထုိင္ျခင္းက သင့္ကို စိတ္ဖိစီးမႈ၊ ပူပန္ေသာကေရာက္မႈေတြကုိ တြန္းလွန္ရာမွာ ကူညီေပးႏိုင္သလို သင့္ကိုပင္ပန္းႏြမ္းနယ္သမွ် ျပန္လည္အားျပည့္ေစႏုိင္ေၾကာင္း ၎ကေျပာသြားပါတယ္။ “ဒါက သင့္ စိတ္ခံစားခ်က္ကုိ တက္ၾကြေစမယ့္၊ စိတ္ခံစားခ်က္ေတြကို ပိုေကာင္းေစမယ့္၊ ပိုထိန္းခ်ဳပ္ေစႏုိင္မယ့္ ႀကီးက်ယ္တဲ့ နည္းလမ္းတစ္ခုျဖစ္ပါတယ္” လို႔ ၎က ေျပာပါတယ္။

၅. အိမ္မက္ ႀကီးႀကီး မက္ပါ။

Branson ေျပာဖူးတာ တစ္ခု ရွိပါတယ္။ “ ႀကီးမားတဲ့ အိမ္မက္မက္ပါ။ ဒီလုိဆိုရင္ မယံုႏိုင္စရာ စြန္႔စားခန္းတစ္ခုနဲ႔ သင့္ကိုကမၻာကို ဦးေဆာင္သြားႏိုင္မယ့္ အခြင့္အလမ္းတစ္ခု ရရွိေစပါလိမ့္မယ္” လို႔ ၎က ေျပာပါတယ္။

သူ အသက္ ၂၀ အ႐ြယ္မွာပဲ Virgin Records ကို စလုပ္ခဲ့ၿပီးဂီတလုပ္ငန္းထဲ ၀င္လုပ္ခဲ့ပါတယ္။

ဒါ အလုပ္ျဖစ္မွာမဟုတ္ဘူးလို႔ လူတိုင္း ေျပာခဲ့ေပမယ့္ သူနားမေထာင္ခဲ့ပါဘူး။ အဲဒီအခ်ိန္က သူေအာင္ျမင္မယ္လို႔လည္း အာမခံခ်က္ မရွိခဲ့ပါဘူး။ ဒါေပမယ့္ သူ႔အိမ္မက္ထဲက သူ႔ယံုၾကည္ခ်က္အတုိင္း သူ႔ကို ေရွ႕တုိးလုပ္ဖို႔ စိတ္ခြန္းအားျဖစ္ေစခဲ့ပါတယ္။

၆.အၿမဲ သင္ယူေလ့လာပါ။

ဘ၀ဆိုတာ ေလ့လာသင္ယူရမယ့္ ႀကီးမားတဲ့ အေတြ႕အႀကံဳတစ္ခုသာ ျဖစ္သင့္ပါတယ္။ ကၽြန္ေတာ္တို႔ေတြဟာ ကၽြန္ေတာ္တို႔ရဲ႕ အျမင္ေတြ က်ယ္ေအာင္ ၊ အသိဥာဏ္ ၊ ပညာေတြ တုိးေအာင္ အၿမဲႀကိဳးစားသြားသင့္ပါတယ္။ ဒီေနရာ သူေဌးႀကီး Branson ဟာတကၠသုိလ္ တက္ေရာက္ခဲ့ျခင္း မရွိပါဘူး။ တကယ္ဆိုသူဟာေက်ာင္းကေန ေစာေစာ ထြက္ခဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ဒါေပမယ့္ သူဟာသင္ယူေလ့လာျခင္းကို ဘယ္ေတာ့မွ မရပ္တန္ ႔ခဲ့ပါဘူး။ သူဟာ ဘ၀ကို ရွည္လ်ားတဲ့ တကၠသုိလ္ သင္႐ုိးတစ္ခုအျဖစ္ သေဘာထားၿပီး ေန႔စဥ္ေန႔တိုင္း အနည္းဆံုး အသစ္တစ္ခုခု သိ႐ွိႏိုင္ဖို႔ သူေလ့လာေနတယ္လို႔ သိရပါတယ္။

၇. အသစ္အသစ္ေသာ အရာေတြအတြက္ ႀကိဳးစားဖန္တီးဖို႔မေၾကာက္ပါနဲ႔။

Branson ကေတာ့ အယူအဆ အျမင္သေဘာထားအသစ္ေတြ ၊အိုင္ဒီယာ သစ္ေတြ၊ ႀကိဳးပမ္းမႈအသစ္ေတြ လုပ္ဖို႔ ဘယ္ေတာ့မွ ေၾကာက္ရြံ႕တြန႔္ဆုတ္ခဲ့သူ မဟုတ္ပါဘူး။ ဒီအတြက္ေၾကာင့္ ခုဆိုရင္ သူရဲ႕ Virgin Group ႀကီးက မတူညီတဲ့ ကုမၸဏီေပါင္း ၂၀၀ ေက်ာ္နဲ႔ စုဖြဲ႕ထားတဲ့ အစုအဖြဲ႕ႀကီးတစ္ခုျဖစ္ေနၿပီ ျဖစ္ပါတယ္။

ေနာက္ၿပီး Branson ဟာ သူ႔ကိုယ္ကုိယ္ လုပ္ငန္းနယ္ပယ္ဧရိယာတစ္ခုနဲ႔မွာပဲ ကန္႔သတ္ထားျခင္း မရွိပါဘူး။ သူဟာနယ္ပယ္သစ္ေတြကို ခြဲထြက္ျဖန္႔က်က္ၿပီး အသစ္အသစ္ေသာအရာေတြ ႀကိဳးစားဖန္တီးဖို႔ အၿမဲလမ္းဖြင့္ထားသူျဖစ္ပါတယ္။

၈. ေပ်ာ္ရႊင္မႈကို အက်င့္တစ္ခု ျဖစ္ေအာင္ လုပ္ပါ။

တစ္ေန႔တာခ်င္းစီ၊ အခုိက္အတန္႔တစ္ခုစီတုိင္းမွာ ေပ်ာ္ရႊင္မႈေတြရဖို႔ အခ်ိန္ယူ ရွာေဖြပါ။ ေပ်ာ္ရႊင္မႈက ေအာင္ျမင္မႈရဲ႕ ရလဒ္တစ္ ခုေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ ေပ်ာ္ရႊင္မႈက သင့္ကို ေအာင္ျမင္လာေအာင္ ေထာက္ကူေပးႏိုင္တယ္လို႔ Branson က ေျပာပါတယ္။

“ မယံုႏိုင္ေအာင္ ထူးကဲတဲ့ ဘ၀တစ္ခုမွာေနရတာ ကၽြန္ေတာ္ သိပ္ကံေကာင္းတယ္ဆိုတာ ကၽြန္ေတာ္ သိပါတယ္။ လူအမ်ားစုကေတာ့ ဒါဟာ ကၽြန္ေတာ့္လုပ္ငန္းေတြ ေအာင္ျမင္မႈေၾကာင့္လို႔ပဲ ထင္ျမင္ၾကပါလိမ့္မယ္။ ၾကြယ္၀ခ်မ္းသာမႈႈေၾကာင့္ ကၽြန္ေတာ္ကို ေပ်ာ္ရႊင္ေစတယ္လို႔ ထင္ၾကပါလိမ့္မယ္။ ဒါေပမယ့္ ကၽြန္ေတာ္ ေအာင္ျမင္ခ်မ္းသာတာက ကၽြန္ေတာ္ ေပ်ာ္ရႊင္ေအာင္ ေနလို႔ျဖစ္ပါတယ္” ဆိုၿပီး Branson က ၎ရဲ႕ ဘေလာ့မွာ ေရးထားပါတယ္။

Credit: SFJ Strategy First Journal

 

### Unicode Version ###

ဗြိတိန် နာမည်ကျော် သူဌေးကြီး Richard Branson ကတော့ ၎င်းရဲ့ပထမဆုံး စီးပွားရေးလုပ်ငန်းကို ဆယ်ကျော် သက်အရွယ်မှာ စလုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းသူဟာ လုပ်ငန်းကုမ္ပဏီတွေအများကြီးကို ထူထောင်ခဲ့ပြီး ဒီထဲတွေမှာ Virgin Records ၊Virgin Airlines ၊ Virgin Express ၊ Virgin Mobile ၊ Virgin Hotels ၊ Virgin Cruises နဲ့ Virgin Galactic တို့ အပါအဝင်ဖြစ်ပါတယ်။

တကယ်တမ်းမှာ စွန့်ဦးတီထွင်မှုဆိုင်ရာ အောင်မြင်မှုတွေ ရဖို့နဲ့ပျော်စရာ ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ဖို့အတွက် ဖန်တီးရတာ သူ့အတွက်တော့ အင်မတန် ရိုးရှင်းပါတယ်လို့ Branson ကပြောပါတယ်။ “ တစ်ခြားသူတွေကို ချစ်ပါ၊ သင်ပိုင်ဆိုင်ထားတဲ့ အရာအားလုံးအတွက်ကျေးဇူးသိတတ်ပါ၊ ကြင်နာပါ၊ သတိရှိရှိနေထိုင်ပါ၊ နောက်ပြီး ဘယ်တော့မှ နိုး လို့ မပြောမိစေနဲ့၊ သင်မအောင်မမြင်မချင်း ရှေ့ဆက်သွားပါ” လို့ ၎င်းက ပြောပါတယ်။

အောက်ပါတို့ကတော့ ဘ၀ ပျော်ရွှင်မှုနဲ့ အလုပ်အကိုင် အောင်မြင်မှုအတွက် Richard Branson ကျင့်သုံးတယ်ဆိုတဲ့ စည်းမျဉ်းများ ဖြစ်ပါတယ်။

၁. သင့် အောင်မြင်မှုကို သင်ရှာတဲ့ ငွေကြေးပမာဏ နဲ့ ဘယ်တော့မှ မတိုင်းတာပါနဲ့။

မကြာခဏဆိုသလို လူတွေဟာ အောင်မြင်မှုကို သူတို့ ငွေဘယ်လောက် ရှာနိုင်တယ်ဆိုတာနဲ့ပဲ တိုင်းတာတတ်ကြပါတယ်။ ဒါပေမယ့် လူတွေဟာ ပျော်အောင် နေထိုင်ပြီး ကမ္ဘာကြီးအတွက်ပိုကောင်းတဲ့ နေရာတစ်ခုဖြစ်အောင် အာရုံစိုက်လုပ်ဆောင်သွား မယ်ဆိုရင် ငွေက အလိုလို ဝင်လာမှာပဲလို့ Branson ကယုံကြည်နေပါတယ်။

“ အောင်မြင်မှုအတွက် စွန့်ဦးတီထွင်သူတိုင်းရဲ့ စံသတ်မှတ်ချက်ဟာ ငွေကြေး ဖြစ်တယ် ဆိုတဲ့ လွဲမှားတဲ့ အယူအဆတစ်ခု ရှိနေ ပါတယ်။ ဒါ မဟုတ်ပါဘူး။ ငွေရဖို့ တစ်ခုတည်းသက်သက်အတွက် ကျွန်တော် ဘယ်တော့မှအလုပ်မလုပ်ခဲ့ပါဘူး” လို့သူဌေးကြီးက ပြောသွားပါတယ်.

သင့်အနေနဲ့ ဘဝမှာ အောင်မြင်မှုတွေ ဘယ်လောက် ရရ ၊သင့်အနေနဲ့ ထပ်လုပ်စရာတွေ အများကြီး ရှိသေးတယ်လို့တွေးရမှာဖြစ်တယ်လို့ ဆိုပါတယ်။

၂. ဖုန်း၊တက်ဘလက်တွေ ထားခဲ့ပြီး မျက်နှာချင်းဆိုင် တွေ့ဆုံပြောဆိုပါ။

ယနေ့ အများစုလိုပဲ Branson လည်း နည်းပညာကို နှစ်သက်သူဖြစ်ပါတယ်။ ဒါပေမယ့် ဒီအပေါ်မှာ ကန့်သတ်ထားတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ၎င်းနဲ့ ၎င်း တန်ဖိုးထား ဂရုစိုက်တဲ့သူတွေနဲ့ တွေ့ဆုံမယ့်အချိန်တွေမျိုးမှာဖြစ်ပါတယ်။

လက်ရှိအခိုက်အတန့်မှာ မျက်နှာချင်းဆိုင် တွေ့ဆုံပြောဆိုမှုနေရာမှာ အစားထိုးနိုင်တာ ဘာမှ မရှိသေးဘူးလို့` ၎င်းက ပြောပါတယ်။ ဒီအတွက် ခင်ဗျားအနေနဲ့ ခင်ဗျားရဲ့ devicesတွေကို ဘေးဖယ်ထားရလိမ့်မယ်လို့ ၎င်းက ပြောသွားပါတယ်။

၃. သင် လုပ်သမျှ အရာတိုင်းအတွက် စိတ်ကိုပျော်အောင်ထားပါ။

သင့် စိတ်ထဲမှာ မပျော်ဘူးဆိုရင် သင်လုပ်နေတဲ့ အလုပ်ကတစ်ခုခု မှားယွင်းနေပါလိမ့်မယ်။ ဒီတော့ သင်လုပ်သမျှ အရာကိစ္စတိုင်းမှာ စိတ်ပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်နိုင်မယ့် နည်းလမ်းတွေရှာသင့်ပြီး သင့်ဘဝကို တန်ဖိုးထားသင့်ကြောင်း Branson ကပြောပါတယ်။

တစ်နည်းအားဖြင့် အသက်ရှင်ဖို့ အလုပ်လုပ်ခြင်းထက်အလုပ်လုပ်ဖို့ အသက်ရှင်သင့်ကြောင်း ၎င်းက ပြောပါတယ်။

၄. သင် အပြင်ထွက်လို့ရနိုင်မယ့် ဝါသနာတစ်ခု ရှာပါ။

စိတ်ပျော်ရွှင်မှုအတွက် အဓိက ကျတဲ့အချက်က သင့်ကိုအပြင်မှာ အချိန်တစ်ချို့ ကုန်ဆုံးဖို့ တွန်းအားပေးနိုင်တဲ့ဝါသနာတွေကို ရှာခြင်းဖြစ်တယ်လို့ သူဌေးကြီးက ပြော ပါတယ်။

အပြင်ထွက် နေထိုင်ခြင်းက သင့်ကို စိတ်ဖိစီးမှု၊ ပူပန်သောကရောက်မှုတွေကို တွန်းလှန်ရာမှာ ကူညီပေးနိုင်သလို သင့်ကိုပင်ပန်းနွမ်းနယ်သမျှ ပြန်လည်အားပြည့်စေနိုင်ကြောင်း ၎င်းကပြောသွားပါတယ်။ “ဒါက သင့် စိတ်ခံစားချက်ကို တက်ကြွစေမယ့်၊ စိတ်ခံစားချက်တွေကို ပိုကောင်းစေမယ့်၊ ပိုထိန်းချုပ်စေနိုင်မယ့် ကြီးကျယ်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်” လို့ ၎င်းက ပြောပါတယ်။

၅. အိမ်မက် ကြီးကြီး မက်ပါ။

Branson ပြောဖူးတာ တစ်ခု ရှိပါတယ်။ “ ကြီးမားတဲ့ အိမ်မက်မက်ပါ။ ဒီလိုဆိုရင် မယုံနိုင်စရာ စွန့်စားခန်းတစ်ခုနဲ့ သင့်ကိုကမ္ဘာကို ဦးဆောင်သွားနိုင်မယ့် အခွင့်အလမ်းတစ်ခု ရရှိစေပါလိမ့်မယ်” လို့ ၎င်းက ပြောပါတယ်။

သူ အသက် ၂၀ အရွယ်မှာပဲ Virgin Records ကို စလုပ်ခဲ့ပြီးဂီတလုပ်ငန်းထဲ ဝင်လုပ်ခဲ့ပါတယ်။

ဒါ အလုပ်ဖြစ်မှာမဟုတ်ဘူးလို့ လူတိုင်း ပြောခဲ့ပေမယ့် သူနားမထောင်ခဲ့ပါဘူး။ အဲဒီအချိန်က သူအောင်မြင်မယ်လို့လည်း အာမခံချက် မရှိခဲ့ပါဘူး။ ဒါပေမယ့် သူ့အိမ်မက်ထဲက သူ့ယုံကြည်ချက်အတိုင်း သူ့ကို ရှေ့တိုးလုပ်ဖို့ စိတ်ခွန်းအားဖြစ်စေခဲ့ပါတယ်။

၆.အမြဲ သင်ယူလေ့လာပါ။

ဘဝဆိုတာ လေ့လာသင်ယူရမယ့် ကြီးမားတဲ့ အတွေ့အကြုံတစ်ခုသာ ဖြစ်သင့်ပါတယ်။ ကျွန်တော်တို့တွေဟာ ကျွန်တော်တို့ ရဲ့ အမြင်တွေ ကျယ်အောင် ၊ အသိဉာဏ် ၊ ပညာတွေ တိုးအောင် အမြဲကြိုးစားသွားသင့်ပါတယ်။ ဒီနေရာ သူဌေးကြီး Branson ဟာတက္ကသိုလ် တက်ရောက်ခဲ့ခြင်း မရှိပါဘူး။ တကယ်ဆိုသူဟာကျောင်းကနေ စောစော ထွက်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ဒါပေမယ့် သူဟာသင်ယူလေ့လာခြင်းကို ဘယ်တော့မှ မရပ်တန် ့ခဲ့ပါဘူး။ သူဟာ ဘဝကို ရှည်လျားတဲ့ တက္ကသိုလ် သင်ရိုးတစ်ခုအဖြစ် သဘောထားပြီး နေ့စဉ်နေ့တိုင်း အနည်းဆုံး အသစ်တစ်ခု ခု သိရှိနိုင်ဖို့ သူလေ့လာနေတယ်လို့ သိရပါတယ်။

၇. အသစ်အသစ်သော အရာတွေအတွက် ကြိုးစားဖန်တီးဖို့မကြောက်ပါနဲ့။

Branson ကတော့ အယူအဆ အမြင်သဘောထားအသစ်တွေ ၊အိုင်ဒီယာ သစ်တွေ၊ ကြိုးပမ်းမှုအသစ်တွေ လုပ်ဖို့ ဘယ်တော့မှ ကြောက်ရွံ့တွန့်ဆုတ်ခဲ့သူ မဟုတ်ပါဘူး။ ဒီအတွက်ကြောင့် ခုဆိုရင် သူရဲ့ Virgin Group ကြီးက မတူညီတဲ့ ကုမ္ပဏီပေါင်း ၂၀၀ ကျော်နဲ့ စုဖွဲ့ထားတဲ့ အစုအဖွဲ့ကြီးတစ်ခုဖြစ်နေပြီ ဖြစ်ပါတယ်။

နောက်ပြီး Branson ဟာ သူ့ကိုယ်ကိုယ် လုပ်ငန်းနယ်ပယ်ဧရိယာတစ်ခုနဲ့မှာပဲ ကန့်သတ်ထားခြင်း မရှိပါဘူး။ သူဟာနယ်ပယ်သစ်တွေကို ခွဲထွက်ဖြန့်ကျက်ပြီး အသစ်အသစ်သောအရာတွေ ကြိုးစားဖန်တီးဖို့ အမြဲလမ်းဖွင့်ထားသူဖြစ်ပါတယ်။

၈. ပျော်ရွှင်မှုကို အကျင့်တစ်ခု ဖြစ်အောင် လုပ်ပါ။

တစ်နေ့တာချင်းစီ၊ အခိုက်အတန့်တစ်ခုစီတိုင်းမှာ ပျော်ရွှင်မှုတွေရဖို့ အချိန်ယူ ရှာဖွေပါ။ ပျော်ရွှင်မှုက အောင်မြင်မှုရဲ့ ရလဒ်တစ် ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ပျော်ရွှင်မှုက သင့်ကို အောင်မြင်လာအောင် ထောက်ကူပေးနိုင်တယ်လို့ Branson က ပြောပါတယ်။

“ မယုံနိုင်အောင် ထူးကဲတဲ့ ဘဝတစ်ခုမှာနေရတာ ကျွန်တော် သိပ်ကံကောင်းတယ်ဆိုတာ ကျွန်တော် သိပါတယ်။ လူအများစုကတော့ ဒါဟာ ကျွန်တော့်လုပ်ငန်းတွေ အောင်မြင်မှုကြောင့်လို့ပဲ ထင်မြင်ကြပါလိမ့်မယ်။ ကြွယ်ဝချမ်းသာမှုှုကြောင့် ကျွန်တော်ကို ပျော်ရွှင်စေတယ်လို့ ထင်ကြပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော် အောင်မြင်ချမ်းသာတာက ကျွန်တော် ပျော်ရွှင်အောင် နေလို့ဖြစ်ပါတယ်” ဆိုပြီး Branson က ၎င်းရဲ့ ဘလော့မှာ ရေးထားပါတယ်။

Credit: SFJ Strategy First Journal

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး

Upcoming Property Events

taunggyi-garden-city
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service