Yangon Amata Smart & Eco City စက်မှုဇုန်ထူထောင်မည် - Property News in Myanmar from iMyanmarHouse.com
1840 Views

Yangon Amata Smart & Eco City စက်မှုဇုန်ထူထောင်မည်

### Zawgyi Version ###






### Unicode Version ###

ရန်ကုန်တိုင်းဒေသကြီး အတွင်း Yangon Amata Smart & Eco City စီမံကိန်း ဆောင်ရွက်ရန်အတွက် သြဂုတ် ၂၂ ရက်က ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် Amata Corporation Public Co.,Ltd တို့အကြား မူဘောင် သဘောတူညီမှုစာချုပ် လက်မှတ်ရေးထိုးခဲ့ကြပြီး စက်မှုဇုန်တစ်ခုထူထောင်သွားဖြစ်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်၏ပြောကြားချက်အရ သိရသည်။

ဝန်ကြီးချုပ်ဦးဖြိုးမင်းသိမ်းကက အဖွင့်အမှာစကား ပြောကြားရာ၌ ရန်ကုန်တိုင်းဒေသကြီး အတွင်း Amata နှင့် ပူးပေါင်းပြီး စက်မှုဇုန်တစ်ခု ထူထောင်ရန်အတွက် ဒီကနေ့ လက်မှတ်ရေးထိုးခြင်း ဖြစ်ကြောင်း၊ လက်မှတ်ရေးထိုးနိုင်ရန် အတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ရန်ကုန်ဒေသကြီးအစိုးရအဖွဲ့တို့အကြား အချိန်ကြာမြင့်စွာ အဆင့်ဆင့်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း၊Amata အား ရန်ကုန်သို့ ရောက်စေချင်ပါကြောင်း၊ ဘာကြောင့်လဲဆို ရန်ကုန်မြို့၏ ဖွံ့ဖြိုးတိုးတက်မှု၊ ရန်ကုန်မြို့တွင် လာရောက် ရင်းနှီးမြှုပ်နှံလိုသူများ အတွက် အခွင့်အလမ်းကောင်းများ ပေးနိုင်သော စက်မှုဇုန်တစ်ခု အဖြစ် ပေါ်ထွန်းလာစေချင်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးနှင့် Amata အကြား ပူးပေါင်းဆောင်ရွက်မှုများဖြင့် ရန်ကုန်မြို့၏ အရင်းအမြစ်များအား ပိုမိုတန်ဖိုးရှိသော အခြေအနေတစ်ခု ဖြစ်အောင် ဆောင်ရွက်ချင်ကြောင်း ၊ Amata စက်မှုဇုန်ကြီး အမြန်ဆုံး ရန်ကုန်မြို့တွင် ပေါ်ထွန်းနိုင်ပြီး နောက်ဆုံးနည်းပညာများဖြင့် အဆင့်မြင့် Yangon Amata Smart & Eco City ကြီး ပေါ်ထွန်းစေရန် ဆန္ဒပြုကြောင်း ပြောဆိုခဲ့သည်။

Amata Corporation Public Co.,Ltd ၏ ဥက္ကဋ္ဌ Mr. Vikrom Kromadit က ဂုဏ်ယူ ဝမ်းမြောက်စကား ပြောကြားခဲ့ပြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် Amata Corporation Public Co.,Ltd တို့အကြား မူဘောင်သဘောတူညီမှု စာချုပ် လက်မှတ်ရေးထိုးခဲ့ကြသည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go

Upcoming Property Events

mya-villa
taunggyi-garden-city

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service