ကိုယ်မရှိတုန်း အိမ်ထဲကို တစ်ယောက်ယောက်ခိုးပြီး ဝင်ရောက်ခဲ့တယ်ဆိုတာ သိရှိနိုင်မယ့် နည်းလမ်းများ - Property Knowledge in Myanmar from iMyanmarHouse.com
1289 Views

ကိုယ်မရှိတုန်း အိမ်ထဲကို တစ်ယောက်ယောက်ခိုးပြီး ဝင်ရောက်ခဲ့တယ်ဆိုတာ သိရှိနိုင်မယ့် နည်းလမ်းများ

Knowledge | Posted by Si Thu Aung

### Zawgyi Version ###








၎- အပြင်မထွက်ခင် အိမ်မှာရှိတဲ့ အသုံးအဆောင်လေးတွေကိုဓါတ်ပုံရိုက်ထားပါ။










Credit: Min Thu ( XYZ News )

### Unicode Version ###

ဒီနှစ်ထဲမှာ ဂျပန်နိုင်ငံမှာ သူများအိမ်အပေါ်ထပ်မှာ ၆ လလောက် ခိုးဝင်နေထိုင်ခဲ့သူတစ်ယောက်ကို ရဲတွေဖမ်းဆီးခဲ့ရဖူးပါတယ်။ အိမ်ပိုင်ရှင် အသက် ၉၀ အရွယ်အမျိုးသမီးဟာ ဒီလူအပေါ်ထပ်မှာနေနေကြောင်းလုံးဝမသိခဲ့ပါဘူး။ ဒီလူဟာ သူ့ရဲ့ဖိနပ်ကိုတောင် အိမ်ရှေ့မှာချွတ်ထားပါသေးတယ်။ အိမ်ပိုင်ရှင်အမျိုးသမီးရဲ့ သားရောက်လာမှ ဒါကိုသတိထားမိပြီးရဲတွေကိုအကြောင်းကြားကာဖမ်းဆီးခိုင်းခဲ့တာပဲဖြစ်ပါတယ်။ ဒီတော့ ကိုယ့်အိမ်ထဲကို ခိုးဝင်ပြီး ဝင်နေရောက်နေတဲ့သူရှိရင်ဘယ်လိုသိနိုင်အောင်ဘယ်လိုလုပ်ရမလဲ ။

၁- အိမ်ရှေ့တံခါးမှာ အပ်ချည်ကြိုးနဲ့တန်းထားပါ ။

တံခါးဖွင့်လိုက်တာနဲ့ ဒီအပ်ချည်ကြိုးကပြတ်သွားမှာဖြစ်တဲ့အတွက် တစ်ယောက်ယောက်ခိုးဝင်နေပြီဆိုရင် လုံးဝသိသာလွန်းနေမှာပါ ။ Death Note ထဲကလိုမျိုး ပီကေနဲ့ကပ်ထားခဲ့လည်း ရပါတယ်။

၂- တံခါးနောက်မှာ ပုတီးစေ့တွေထည့်ထားတဲ့ခွက်လေးချထားပါ။

တံခါးကိုတွန်းဖွင့်လိုက်တဲ့အခါ ပုတီးစေ့တွေအားလုံး ကြမ်းပြင်ပေါ်ပြန့်ကြဲသွားမှာဖြစ်တဲ့အတွက် သင်အိမ်ပြန်လာတဲ့အခါ တစ်ယောက်ယောက်အိမ်ထဲခိုးနေခဲ့ရင် သိနိုင်ပါလိမ့်မယ်။

၃- ခြေသုတ်ခုံအောက်မှာ ကွတ်ကီးတစ်ခုထားထားပါ။

တစ်စုံတစ်ယောက်က အိမ်ထဲဝင်လာခဲ့ရင် ခြေသုတ်ခုံကို နင်းမှာပါပဲ ။ဒီတော့ သူတောင်မသိလိုက်ပဲနဲ့ ခြေသုတ်ခုံအောက်က ကွတ်ကီးက ကြေမွသွားပါလိမ့်မယ်။ အိမ်ရောက်တဲ့အခါ ခြေသုတ်ခုံအောက်က ကွတ်ကီးကြေမွနေတာတွေ့ရရင်တော့ သင့်အိမ်ကိုတစ်ယောက်ယောက်ဖောက်သွားပြီဆိုတာ သိလိုက်ပါတော့ ။

၄- အပြင်မထွက်ခင် အိမ်မှာရှိတဲ့ အသုံးအဆောင်လေးတွေကိုဓါတ်ပုံရိုက်ထားပါ။

တကယ်လို့ အိမ်ပြန်လာတဲ့အခါ ဓါတ်ပုံရိုက်ထားခဲ့တဲ့ အတိုင်း ရှိမနေဘူးဆိုရင်တော့ သင့်အိမ်ထဲကိုတစ်ယောက်ယောက်ခိုးဝင်နေပါပြီ။

၅ – အသံဖမ်းစက်တပ်ဆင်ထားပါ။

တကယ်လို့သင့်ဆီမှာမသုံးတဲ့ဖုန်းအဟောင်းတစ်လုံးရှိနေခဲ့ရင် အသံဖမ်းစက်ဖွင့်ပြီးတော့ တစ်နေရာမှာဖွက်ထားခဲ့ပါ။ အိမ်ထဲကို တစ်ယောက်ယောက်ဝင်လာခဲ့ရင်တော့ သင့်ဖုန်းကဖမ်းထားတဲ့ ခိုးဝင်တဲ့သူ ပစ္စည်းတွေရွှေ့နေတဲ့အသံတွေဖမ်းထားပါလိမ့်မယ်။

၆- တံခါးအနောက်ဘက်က ကြမ်းပြင်မှာ ခရမ်းလွန်ရောင်ခြည်နဲ့ကြည့်မှမြင်ရမယ့်ဆေးသုတ်ထားပါ။

တကယ်လို့တစ်ယောက်ယောက်သင့်အိမ်ထဲဝင်လာခဲ့ရင်တော့ဆေးသုတ်ထားတဲ့နေရာမှာ ခြေရာတွေတွေ့ရပါလိမ့်မယ်။

၇- ခြေသုတ်ခုံပေါ်မှာ ရေတစ်ခွက်တင်ပြီး တံခါးနောက်မှာထားထားပါ။

ခိုးဝင်သူက တံခါးကိုတွန်းလိုက်တဲ့အခါမှာ ရေခွက်ကမှောက်သွားပြီး ခြေသုတ်ခုံကိုစိုသွားစေပါလိမ့်မယ်။ သင်ပြန်လာတဲ့အခါ ခြေသုတ်ခုံစိုနေရင်တော့ အဖိုးတန်ပစ္စည်းတွေကို သွားစစ်ကြည့်ပါတော့ ။

၈- ကလေးစောင့်ကြည့်စနစ်တပ်ဆင်ထားပါ။

Hidden ကင်မရာတစ်ခုတပ်ဆင်ဖို့ဆိုတာ အတော်လေးကုန်ကျစရိတ်များပါတယ်။ ဒါပေမယ့် ကလေးစောင့်ကြည့်စနစ်တွေကတော့ သိပ်ပြီး ဈေးမရှိပါဘူး။ဒီတော့ သင့်အိမ်ဧည့်ခန်းထဲမှာ ဒီဟာလေးထားထားမယ်ဆိုရင် တစ်ယောက်ယောက်အိမ်ထဲဝင်လာတာနဲ့ သင့်ဖုန်းကိုလှမ်းအကြောင်းကြားပေးပါလိမ့်မယ်။

Credit: Min Thu ( XYZ News )

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ

Upcoming Property Events

kalaw-garden-valley
taunggyi-garden-city

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service