အင္းစိန္ ကားလမ္းကူးခုံးေက်ာ္တံတား မင္းႀကီးလမ္းဘက္ျခမ္း လက္တက္တံတားကို ဩဂုတ္လအတြင္း အၿပီးတည္ေဆာက္မည္ - Property News in Myanmar from iMyanmarHouse.com
853 Views

အင္းစိန္ ကားလမ္းကူးခုံးေက်ာ္တံတား မင္းႀကီးလမ္းဘက္ျခမ္း လက္တက္တံတားကို ဩဂုတ္လအတြင္း အၿပီးတည္ေဆာက္မည္

### Zawgyi Version ###

အင္းစိန္ ကားလမ္းကူးခုံးေက်ာ္တံတား မင္းႀကီးလမ္းဘက္ျခမ္း လက္တက္တံတားကို ေမ ၁ ရက္မွ စတင္ေဆာက္လုပ္လ်က္ ရွိရာ ၂၀၂၀ ျပည့္ႏွစ္ ၾသဂုတ္လအတြင္း အၿပီးတည္ေဆာက္ႏိုင္ရန္ခန္႔မွန္းထားသည္။

အဆိုပါ လက္တက္တံတား တည္ေဆာက္ျခင္းလုပ္ငန္းကို ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန ျမန္မာ့မီးရထား ၿမိဳ႕ျပအင္ဂ်င္နီယာ (တံတား)မွႀကီးၾကပ္ၿပီး တင္ဒါေအာင္ျမင္ခဲ့သည့္ A-1 ေဆာက္လုပ္ေရးကုမၸဏီက တာဝန္ယူေဖာက္လုပ္တည္ ေဆာက္သြားမည္ျဖစ္ေၾကာင္းသိရသည္။

၂၀၁၅ ခုႏွစ္ ၾသဂုတ္ ၁၇ ရက္က အင္းစိန္ကားလမ္းကူး ခုံးေက်ာ္တံတား အမွတ္(၂) ပင္မ တံတားႀကီးကို ဖြင့္လွစ္ခဲ့ၿပီး ရြာမ၊ ေဖာ့ကန္၊ စဥ့္ငူ၊ ေအာင္ဆန္း၊ တညင္းကုန္း၊ မင္းႀကီးလမ္း၊ေအာက္မဂၤလာဒုံလမ္း ေရႊျပည္သာမဂၤလာဒုံ အထိ ေတာက္ေလၽွာက္သြားလာနိုင္မည့္ လက္တက္တံတားကို အဆိုပါအမွတ္(၂) ပင္မတံတား ႀကီး၏ ဘယ္ဘက္ျခမ္းမွ ေဖာက္လုပ္တည္ေဆာက္ျခင္းလုပ္ငန္းကိုေဆာင္ရြက္ေနေၾကာင္းသိရသည္။

အဆိုပါလက္တက္တံတားကို အရွည္ ၄၄၁ ေပ၊ အက်ယ္ ၁၆ ေပ၊လူသြားလမ္း ေဘးတစ္ဖက္ သုံးေပစီ၊ တံတားကင္းလြတ္ အျမင့္ ေပ ၂၀၊ ၁၃၅ ေပ၊ စတီး Steel Girder ခန္းဖြင့္ ႏွစ္ခန္း၊ ၈၅ ေပ၊ P.C Girder (ႀကိဳတင္အား ျဖည့္ကြန္ရစ္ ရက္မ) ႏွစ္ခန္း၊ ေအာက္ေၿခ Bore Pile Foundation အေနျဖင့္ တည္ေဆာက္သြားမည္ျဖစ္၍ P.C Girder ရွစ္ေပါင္တြင္ ငါးေပါင္ျပဳလုပ္ၿပီးစီးေနၿပီး Abument (စြန္းခံ)ျဖင့္ တည္ေဆာက္လ်က္ရွိေၾကာင္းသိရသည္။

အဆိုပါ လက္တက္တံတားကို၂၀၂၀ ျပည့္ႏွစ္ ၾသဂုတ္လအတြင္း အၿပီးတည္ေဆာက္သြားရန္ သတ္မွတ္ထားေၾကာင္းသိရသည္။

ခြန္ေနာင္လြင္ထူး မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

### Unicode Version ###

အင်းစိန် ကားလမ်းကူးခုံးကျော်တံတား မင်းကြီးလမ်းဘက်ခြမ်း လက်တက်တံတားကို မေ ၁ ရက်မှ စတင်ဆောက်လုပ်လျက် ရှိရာ ၂၀၂၀ ပြည့်နှစ် သြဂုတ်လအတွင်း အပြီးတည်ဆောက်နိုင်ရန်ခန့်မှန်းထားသည်။

အဆိုပါ လက်တက်တံတား တည်ဆောက်ခြင်းလုပ်ငန်းကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထား မြို့ပြအင်ဂျင်နီယာ (တံတား)မှကြီးကြပ်ပြီး တင်ဒါအောင်မြင်ခဲ့သည့် A-1 ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူဖောက်လုပ်တည် ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။

၂၀၁၅ ခုနှစ် သြဂုတ် ၁၇ ရက်က အင်းစိန်ကားလမ်းကူး ခုံးကျော်တံတား အမှတ်(၂) ပင်မ တံတားကြီးကို ဖွင့်လှစ်ခဲ့ပြီး ရွာမ၊ ဖော့ကန်၊ စဉ့်ငူ၊ အောင်ဆန်း၊ တညင်းကုန်း၊ မင်းကြီးလမ်း၊အောက်မင်္ဂလာဒုံလမ်း၊ရွှေပြည်သာ၊ မင်္ဂလာဒုံအထိ တောက်လျှောက်သွားလာနိုင်မည့် လက်တက်တံတားကို အဆိုပါအမှတ်(၂) ပင်မတံတား ကြီး၏ ဘယ်ဘက်ခြမ်းမှ ဖောက်လုပ်တည်ဆောက်ခြင်းလုပ်ငန်းကိုဆောင်ရွက်နေကြောင်းသိရသည်။

အဆိုပါလက်တက်တံတားကို အရှည် ၄၄၁ ပေ၊ အကျယ် ၁၆ ပေ၊လူသွားလမ်း ဘေးတစ်ဖက် သုံးပေစီ၊ တံတားကင်းလွတ် အမြင့် ပေ ၂၀၊ ၁၃၅ ပေ၊ စတီး Steel Girder ခန်းဖွင့် နှစ်ခန်း၊ ၈၅ ပေ၊ P.C Girder (ကြိုတင်အား ဖြည့်ကွန်ရစ် ရက်မ) နှစ်ခန်း၊ အောက်ခြေ Bore Pile Foundation အနေဖြင့် တည်ဆောက်သွားမည်ဖြစ်၍ P.C Girder ရှစ်ပေါင်တွင် ငါးပေါင်ပြုလုပ်ပြီးစီးနေပြီး Abument (စွန်းခံ)ဖြင့် တည်ဆောက်လျက်ရှိကြောင်းသိရသည်။

အဆိုပါ လက်တက်တံတားကို၂၀၂၀ ပြည့်နှစ် သြဂုတ်လအတွင်း အပြီးတည်ဆောက်သွားရန် သတ်မှတ်ထားကြောင်းသိရသည်။

ခွန်နောင်လွင်ထူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ

Upcoming Property Events

pan-swal-taw
thukha-garden-residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service