ကား အစီးေရ ငါးေထာင္ခန္႔ ႏွစ္စဥ္ထုတ္လုပ္မည့္ မႏၱေလးၿမိဳ႕ ၿမိဳ႕သာစက္မႈဇုန္က Gold AYA Motors လုပ္ငန္းစု - Property News in Myanmar from iMyanmarHouse.com
11072 Views

ကား အစီးေရ ငါးေထာင္ခန္႔ ႏွစ္စဥ္ထုတ္လုပ္မည့္ မႏၱေလးၿမိဳ႕ ၿမိဳ႕သာစက္မႈဇုန္က Gold AYA Motors လုပ္ငန္းစု

### Zawgyi Version ###

မႏၱေလးၿမိဳ႕ ၿမိဳ႕သာစက္မႈဇုန္က Gold AYA Motors လုပ္ငန္းစုသည္ ႏွစ္စဥ္ ကားအစီးေရ ၅၀၀၀ ခန္႔ ထုတ္လုပ္မည္ျဖစ္ေၾကာင္းသိရသည္။ထုတ္လုပ္သည့္ကားမ်ားကို ျမန္မာျပည္ေစ်းကြက္အတြင္းသို႔ ေရာင္းခ်မည္ ျဖစ္ေၾကာင္းသိရသည္။

Gold AYA Motors International Group Company Limited သည္ ၂၀၁၇ ခုႏွစ္တြင္ Hongkong Shining Star Group က အေမရိကန္ေဒၚလာ သန္း ၃၀ နီးပါးရင္းႏွီးျမွဳပ္ႏွံထားေသာ the Integrated Automotive Group Corporation ၏ဖက္စပ္လုပ္ငန္းတစ္ခုျဖစ္ေၾကာင္း သိရသည္။

ယင္းလုပ္ငန္းစုသည္ ၂၀၁၈ မတ္လအတြင္းက MIC မွ ခြင့္ျပဳခ်က္ရသျဖင့္ စက္ရုံလုပ္ငန္းမ်ားစုေဝးတည္ရွိရာျဖစ္သည့္ မႏၲေလးတိုင္း ၿမိဳ႕သာစက္မႈဇုန္တြင္ ကန္ေဒၚလာ သန္း ၃၀ ခန္႔ ရင္းႏွီးျမႇဳပ္ႏွံကာ ေမာ္ေတာ္ကားမ်ား တပ္ဆင္ထုတ္လုပ္မည့္ စက္႐ံုတည္ေဆာက္ခဲ့ ျခင္းျဖစ္ေၾကာင္းသိရသည္။

Gold AYA ၏ ကားတပ္ဆင္ထုတ္လုပ္ေရးစက္႐ံုသည္ အိမ္သံုးကား၊ လုပ္ငန္းသံုးကားမ်ားႏွင့္ကားမ်ိဳးစံုကိုထုတ္လုပ္ႏိုင္မည့္ စက္႐ံုတစ္ခုျဖစ္ေၾကာင္း၊အဓိကက်ေသာ အမ်ိဳးအစားမ်ားထဲမွ car model ၁၀ ခုျဖစ္ သည့္ the Sedan, SUV, MPV, Commercial Vehicles, Pick-up trucks, Special Vehicles, and New Energy Vehicles တို႔ပါဝင္ေၾကာင္းသိရသည္။၂၀၁၉ ဇူလိုင္ ၃၁ ရက္တြင္ ၎တို႔ကုမၸဏီမွ ပထမဆံုးထုတ္လုပ္ေသာ ေမာ္ေတာ္ကားျဖစ္သည့္ SUV အမ်ိဳးအစား BAIC CHANGHE ၏ Q35 ကားအမ်ိဳးအစားကို ျမန္မာျပည္ ေစ်းကြက္တြင္ စတင္ေရာင္းခ်ရန္ မိတ္ဆက္ခဲ့သည္။ထုတ္လုပ္ရန္လိုအပ္သည့္ ပစၥည္းမ်ားကို ေဘဂ်င္းအေျခ စိုက္ BAIC လုပ္ငန္းထံမွ မွာယူမည္ျဖစ္ေၾကာင္းလည္း သိရသည္။

ကုမၸဏီအေနျဖင့္ ကားတပ္ဆင္ထုတ္လုပ္ေရးစက္႐ံု၌ ဝန္ထမ္း ၁၃၈ဦး ခန္႔အပ္ထားၿပီး ျမန္မာႏိုင္ငံသား ၁၁၃ ဦး ခန္႔အပ္ထားကာ ျမန္မာျပည္ေစ်းကြက္တြင္ ငါးႏွစ္အတြင္း ကားအစီးငါး ေသာင္းေက်ာ္အထိ ထုတ္လုပ္ ေရာင္းခ်ႏုိင္ရန္ႏွင့္ေစ်းကြက္ေဝစု ၁၀ ရာခိုင္ႏႈန္းေက်ာ္ပိုင္ဆိုင္ႏိုင္ရန္ ရည္မွန္းထားေၾကာင္း၊ျမန္မာႏိုင္ငံတြင္ ကိုယ္ပိုင္ကားထုတ္လုပ္ေသာ ကုမၸဏီျဖစ္လာရန္ႏွင့္ျမန္မာႏိုင္ငံတြင္ဝယ္ယူသုံးစြဲေသာ မိဘျပည္သူမ်ားကို အေကာင္းဆုံးအရည္အေသြး၊ကၽြမ္းက်င္ေသာ ဝန္ေဆာင္မႈအေတြ႔အၾကဳံမ်ားႏွင့္ ကားေဈးကြက္ကို တုိးတတ္ေအာင္လုပ္ေဆာင္ၿပီး ျမန္မာႏိုင္ငံတြင္ၿပိဳင္ဆိုင္မႈျပင္းထန္ေသာ ကိုယ္ပိုင္ကားထုတ္လုပ္ေသာ ကုမၸဏီျဖစ္လာရန္ ေမွ်ာ္လင့္ထားေၾကာင္း သိရသည္။

ကိုေမတၱာ (ေတာင္ေပၚသား) မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

### Unicode Version ###

မန္တလေးမြို့ မြို့သာစက်မှုဇုန်က Gold AYA Motors လုပ်ငန်းစုသည် နှစ်စဉ် ကားအစီးရေ ၅၀၀၀ ခန့် ထုတ်လုပ်မည်ဖြစ်ကြောင်းသိရသည်။ထုတ်လုပ်သည့်ကားများကို မြန်မာပြည်ဈေးကွက်အတွင်းသို့ ရောင်းချမည် ဖြစ်ကြောင်းသိရသည်။

Gold AYA Motors International Group Company Limited သည် ၂၀၁၇ ခုနှစ်တွင် Hongkong Shining Star Group က အမေရိကန်ဒေါ်လာ သန်း ၃၀ နီးပါးရင်းနှီးမြှုပ်နှံထားသော the Integrated Automotive Group Corporation ၏ဖက်စပ်လုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရသည်။

ယင်းလုပ်ငန်းစုသည် ၂၀၁၈ မတ်လအတွင်းက MIC မှ ခွင့်ပြုချက်ရသဖြင့် စက်ရုံလုပ်ငန်းများစုဝေးတည်ရှိရာဖြစ်သည့် မန္တလေးတိုင်း မြို့သာစက်မှုဇုန်တွင် ကန်ဒေါ်လာ သန်း ၃၀ ခန့် ရင်းနှီးမြှုပ်နှံကာ မော်တော်ကားများ တပ်ဆင်ထုတ်လုပ်မည့် စက်ရုံတည်ဆောက်ခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။

Gold AYA ၏ ကားတပ်ဆင်ထုတ်လုပ်ရေးစက်ရုံသည် အိမ်သုံးကား၊ လုပ်ငန်းသုံးကားများနှင့်ကားမျိုးစုံကိုထုတ်လုပ်နိုင်မည့် စက်ရုံတစ်ခုဖြစ်ကြောင်း၊အဓိကကျသော အမျိုးအစားများထဲမှ car model ၁၀ ခုဖြစ် သည့် the Sedan, SUV, MPV, Commercial Vehicles, Pick-up trucks, Special Vehicles, and New Energy Vehicles တို့ပါဝင်ကြောင်းသိရသည်။၂၀၁၉ ဇူလိုင် ၃၁ ရက်တွင် ၎င်းတို့ကုမ္ပဏီမှ ပထမဆုံးထုတ်လုပ်သော မော်တော်ကားဖြစ်သည့် SUV အမျိုးအစား BAIC CHANGHE ၏ Q35 ကားအမျိုးအစားကို မြန်မာပြည် ဈေးကွက်တွင် စတင်ရောင်းချရန် မိတ်ဆက်ခဲ့သည်။ထုတ်လုပ်ရန်လိုအပ်သည့် ပစ္စည်းများကို ဘေဂျင်းအခြေ စိုက် BAIC လုပ်ငန်းထံမှ မှာယူမည်ဖြစ်ကြောင်းလည်း သိရသည်။

ကုမ္ပဏီအနေဖြင့် ကားတပ်ဆင်ထုတ်လုပ်ရေးစက်ရုံ၌ ဝန်ထမ်း ၁၃၈ဦး ခန့်အပ်ထားပြီး မြန်မာနိုင်ငံသား ၁၁၃ ဦး ခန့်အပ်ထားကာ မြန်မာပြည်ဈေးကွက်တွင် ငါးနှစ်အတွင်း ကားအစီးငါး သောင်းကျော်အထိ ထုတ်လုပ် ရောင်းချနိုင်ရန်နှင့်ဈေးကွက်ဝေစု ၁၀ ရာခိုင်နှုန်းကျော်ပိုင်ဆိုင်နိုင်ရန် ရည်မှန်းထားကြောင်း၊မြန်မာနိုင်ငံတွင် ကိုယ်ပိုင်ကားထုတ်လုပ်သော ကုမ္ပဏီဖြစ်လာရန်နှင့်မြန်မာနိုင်ငံတွင်ဝယ်ယူသုံးစွဲသော မိဘပြည်သူများကို အကောင်းဆုံးအရည်အသွေး၊ကျွမ်းကျင်သော ဝန်ဆောင်မှုအတွေ့အကြုံများနှင့် ကားဈေးကွက်ကို တိုးတတ်အောင်လုပ်ဆောင်ပြီး မြန်မာနိုင်ငံတွင်ပြိုင်ဆိုင်မှုပြင်းထန်သော ကိုယ်ပိုင်ကားထုတ်လုပ်သော ကုမ္ပဏီဖြစ်လာရန် မျှော်လင့်ထားကြောင်း သိရသည်။

ကိုမေတ္တာ (တောင်ပေါ်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ

Upcoming Property Events

taunggyi-garden-city
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service