အေပ်ာက္စနစ္ႏွင့္ ၀ယ္ထားသည့္ တုိက္ခန္းမ်ားရွိေသာ ေျမကို ၀ယ္မည္ဆုိလွ်င္ - Property Knowledge in Myanmar from iMyanmarHouse.com
7203 Views

အေပ်ာက္စနစ္ႏွင့္ ၀ယ္ထားသည့္ တုိက္ခန္းမ်ားရွိေသာ ေျမကို ၀ယ္မည္ဆုိလွ်င္

Knowledge | Posted by Shwe Zin Win

### Zawgyi Version ###

''ကြၽန္ေတာ္က တုိက္ခန္းမွာေနပါတယ္။ ကြၽန္ေတာ့္ရဲ႕ မ်က္ႏွာခ်င္းဆုိင္အခန္းက ေျမရွင္ေနတယ္။ ေျမရွင္က သူေနတဲ့ အခန္းနဲ႔အတူ ေျမပါေရာင္းခ်င္တယ္လုိ႔ ေျပာပါတယ္။ ဝယ္မယ္ဆုိရင္ ဘယ္လုိေဆာင္ရြက္ရမယ္ဆုိ တာ သိခ်င္လုိ႔ပါ ဆရာ''ဟု မိတ္ေဆြတစ္ဦး၏ သားျဖစ္သူက စာေရးသူထံ လာေရာက္ေဆြးေႏြးျခင္း ျဖစ္ပါ သည္။

''အဲဒီအေဆာက္အအုံမွာ တုိက္ခန္း ဘယ္ႏွခန္းရွိပါသလဲ''

''အိမ္ေဟာင္းဆုိေတာ့ အုတ္ညႇပ္ႏွစ္ထပ္တုိက္ျဖစ္ၿပီး ေျမညီထပ္ႏွစ္ခန္းနဲ႔ အေပၚထပ္ႏွစ္ခန္း စုစုေပါင္းေလးခန္း ရွိပါတယ္''

''ေအာက္ထပ္က လူေတြက အိမ္ငွားေတြလား၊ အေပ်ာက္နဲ႔ဝယ္ထားတဲ့ သူေတြပဲလား''

''ဟုတ္ကဲ့ ေအာက္ထပ္ႏွစ္ခန္းကလည္း အေပ်ာက္စနစ္နဲ႔ ဝယ္ထားတဲ့ သူေတြဆရာ။ ဒါေပမယ့္ ေျမရွင္ ကိုေတာ့ အိမ္လခေပးရတယ္''

''ေျမကို ဝယ္မယ္ဆုိေတာ့ ေျမက ဘယ္လုိေျမအမ်ဳိးအစားလဲ''

''ဂရန္ေျမလုိ႔ ေျပာပါတယ္''

''ဂရန္အမည္ေပါက္က ရွိေသးလား၊ သူကုိယ္တုိင္ေရာင္းမွာလား''

''အမည္ေပါက္ အဘြားႀကီးကေတာ့ ရွိေသးတယ္။ ေနမေကာင္းေတာ့ မထႏုိင္ေတာ့ဘူး။ အားလုံးေရာင္းၿပီး အေမြခဲြတဲ့ သေဘာေပါ့ ဆရာ''

''သားသမီးေတြက မ်ားလား။ အေရာင္းအဝယ္လုပ္ရင္းကုိင္ရင္းနဲ႔ အဘြားႀကီး ကြယ္လြန္သြားရင္ အေမြ ခြဲေဝတာ မတည့္ဘဲ ျဖစ္တတ္တယ္''

''တုိက္ခန္းကို ဝယ္လုိက္လုိ႔ လက္ေရာက္ယူလုိက္ရင္ လြယ္တယ္ဆရာ။ ေျမကိစၥကေတာ့ ေငြကထပ္ လုိက္ရ မလုိျဖစ္ေနတယ္''

''ဒါေတာ့ ဟုတ္တယ္။ ေလာေလာဆယ္မွာေတာ့ ေျမကို ဝယ္လုိက္႐ုံနဲ႔ အခြင့္အေရးအျမတ္ေတာ့ ခ်က္ခ်င္းရမွာ မဟုတ္ဘူး''

''သူငယ္ခ်င္းတစ္ေယာက္ ေျပာတာကေတာ့ အခုကာလမွာ ေျခာက္ထပ္အထိ တုိက္ခန္းေတြ ေဆာက္ခြင့္ရ တယ္။ ၁၂ ခန္းထြက္လာမယ္။ ရွစ္ခန္းပိုရမယ္။ ကန္ထ႐ုိက္နဲ႔ညိႇၿပီး ေဆာက္ရင္ေတာ့ အက်ဳိးအျမတ္ရႏုိင္ တယ္လုိ႔ ေျပာတာပဲ ဆရာ''

''စိတ္ကူးနဲ႔ တြက္ခ်က္လုိက္ရင္ေတာ့လည္း ၁၂ ခန္းကုိ ကန္ထ႐ိုက္တစ္ဝက္၊ ကုိယ္ကတစ္ဝက္စီယူမယ္ ဆုိရင္ ေျခာက္ခန္းစီရမယ္။ လက္ရွိေလးခန္း ႏႈတ္လုိက္ရင္ ႏွစ္ခန္းက်န္မယ္။ ကန္ထ႐ုိက္က ေျခာက္ခန္းထဲမွ ေလွ်ာ့ယူရင္ တစ္ခန္းႏွစ္ခန္းပိုထြက္လာမယ္။ ဒါဆုိရင္ သုံးခန္းအနည္းဆုံးရၿပီး ျပန္ေရာင္းႏိုင္တယ္။ ဒီလုိ တြက္ရင္ေတာ့ ဟုတ္ပါတယ္။ ဒါေပမယ့္ ရင္းႏွီးရမွာနဲ႔ ျပန္ရမယ့္ ေငြကိုေတာ့ ေသခ်ာခ်င့္ခ်ိန္ဖုိ႔ လုိတယ္''

''ဟုတ္ကဲ့ ဆရာ။ အဲဒါေၾကာင့္ ဘယ္လုိ အဆင့္ဆင့္ေဆာင္ရြက္ရမွာကုိ သိခ်င္လုိ႔ပါ။ အဲဒီလုိေျမသက္သက္ပဲ ဝယ္တာမ်ဳိးရွိသလား''

''ေမာင္ရင္က တုိက္ခန္းလက္ဝယ္ရွိေသးတယ္။ ၿပီးေတာ့ ဝယ္လုိက္ရင္ တုိက္ခန္းတစ္ခန္းထပ္ၿပီး လက္ ရွိျဖစ္လာမယ္ဆုိေတာ့ ပစၥည္းလက္ဝယ္ရရွိထားတယ္။ အခ်ဳိ႕က အိမ္ငွား ေတြေနတဲ့ တုိက္ခန္းကို ၿဖိဳၿပီးေဆာက္ မယ္ဆုိတဲ့ ရည္ရြယ္ခ်က္နဲ႔ ေျမကိုပဲ သက္သက္ဝယ္တာမ်ဳိးရွိတတ္တယ္။ အခ်ဳိ႕လည္း အိမ္ငွားရွိတဲ့ အိမ္နဲ႔ေျမ ကုိ ဝယ္တယ္။ ေနာက္မွ အိမ္ငွားကို တရားစြဲ ႏွင္ခ်တာမ်ဳိးလည္း ရွိၾကတယ္။ စီးပြားေရးသမားေတြကေတာ့ တြက္ေျခကုိက္မယ္ထင္ရင္ စြန္႔စားေဆာင္ရြက္တတ္ၾကတယ္''

''တုိက္ခန္းဝယ္တာေတာ့ အခြန္မေဆာင္ပဲေနရင္ျဖစ္တယ္ မဟုတ္လား၊ ကြၽန္ေတာ္သိတာေတာ့ တုိက္ခန္းဝယ္ တာ ဘယ္သူမွ အခြန္ေဆာင္တာေတာ့ မေတြ႕ဘူး ဆရာ''

''ေျမကေတာ့ တရားဝင္ေဆာင္ရြက္မယ္ဆုိရင္ စာခ်ဳပ္စာတမ္းမွတ္ပုံတင္႐ုံးမွာ အေရာင္းအဝယ္မွတ္ပုံတင္စာ ခ်ဳပ္ ခ်ဳပ္ဆုိဖုိ႔လုိတယ္။ ဒါမွ ကုိယ္က တရားဝင္ေျမပုိင္ဆုိင္ခြင့္ရွိလာၿပီး က်န္တဲ့ ေအာက္ထပ္က အိမ္ငွားေတြအ ေပၚမွာ အိမ္ရွင္ ေျမရွင္အျဖစ္ ျပန္လည္ဆက္စပ္မႈရွိကာ အိမ္ လခေကာက္ခံလုိ႔ ရမွာျဖစ္တယ္''

''ေျမကြက္ကို ဝယ္မယ္ဆုိရင္ေတာ့ ဝယ္ခြန္ေဆာင္ရမွာေပါ့''

''ဟုတ္ပါတယ္။ သက္ဆုိင္ရာ အခြန္အရာရွိကို ေျမခ်ည္းသက္သက္ ဝယ္တယ္ဆုိတာကို ရွင္းျပဖုိ႔လုိတယ္''

''ဒါမွမဟုတ္ရင္ အေဆာက္အအုံတစ္ခုလုံးဝယ္ဆုိတာမ်ဳိးျဖစ္လာႏုိင္တာေပါ့ေနာ္''

''မွန္ပါတယ္။ အဲဒီအခ်က္ကို ေသခ်ာေအာင္အျမတ္ခြန္အရာရွိနဲ႔ ေဆြးေႏြးဖုိ႔လုိပါတယ္''

''ဟုတ္ကဲ့ ဆရာ။ ေျမတန္ဖုိး သတ္မွတ္ခ်က္ကေတာ့ သက္ဆုိင္ရာ တန္ဖုိးျဖတ္အခြန္အရာရွိေတြကပဲ သတ္မွတ္ ေပးတာလား''

''ဟုတ္တယ္။ သက္ဆုိင္ရာ အခြန္အရာရွိေတြက ကြင္းဆင္းစစ္ေဆးၿပီး လမ္းအေျခအေနေျမကြက္ ေနရာေပၚ မူတည္ၿပီး သက္ဆုိင္ရာက သတ္မွတ္ေၾကညာထားတဲ့ ေျမကြက္စံႏႈန္းေပၚ မွာ မူတည္ဆုံးျဖတ္မွာ ျဖစ္ပါတယ္''

''ေျမကြက္စံႏႈန္းဆုိတာက ဘယ္လုိလဲ ဆရာ''

''ဘ႑ာေရးဝန္ႀကီးဌာနကေနၿပီး ရန္ကုန္တုိင္းေဒသႀကီး အစုိးရအဖြဲ႔နဲ႔ ညိႇႏႈိင္းသတ္မွတ္ထားတဲ့ အိမ္ေျမစံႏႈန္း ေတြကို ႏွစ္အလုိက္ေၾကညာထားတာရွိတယ္။ သက္ဆုိင္ရာအခြန္ ဦးစီးဌာန႐ုံးေတြမွာကပ္ထားတယ္။ အဲဒီႏႈန္း ထားေတြနဲ႔ တန္ဖုိးျဖတ္အဖြဲ႔က သတ္မွတ္တန္ဖုိးျဖတ္တာ ျဖစ္တယ္''

''အဲဒီေျမတန္ဖုိးျဖတ္အေပၚ မွာ အခြန္ေဆာင္ရမွာေပါ့ေနာ္''

ဟုတ္ပါတယ္။ ေျမအိမ္တန္ဖုိး သိန္းတစ္ေထာင္ထက္ေက်ာ္ရင္ေတာ့ ဝယ္ခြန္အေနနဲ႔ ဝင္ေငြရလမ္း မေဖာ္ ျပႏုိင္ရင္ ၃ဝ ရာခုိင္ႏႈန္းထိ ခ်မွတ္ ေကာက္ခံႏုိင္ပါတယ္။

''ကြၽန္ေတာ္က ႏုိင္ငံျခားသေဘၤာလုိက္ေနေတာ့ အခြန္ျပႏုိင္တာေတာ့ရွိတယ္ ဆရာ''

''ဝင္ေငြခြန္ေဆာင္ထားတာရွိရင္ေတာ့ ႏုတ္ေပးႏုိင္တာေပါ့။ သက္သာတာေပါ့ေလ''

''အဲဒါၿပီးရင္ စာခ်ဳပ္စာတမ္း မွတ္ပုံတင္႐ံုံးမွာ အေရာင္းအဝယ္ စာခ်ဳပ္ခ်ဳပ္ဆုိရမွာ ျဖစ္ပါတယ္။ စာခ်ဳပ္ စာတမ္း မွတ္ပုံတင္႐ုံးမွာ အေရာင္းအဝယ္စာခ်ဳပ္ ခ်ဳပ္ဆုိမယ္ဆုိရင္ ပထမဦးဆုံး သက္ဆုိင္ရာ ၿမိဳ႕ေတာ္စည္ပင္သာယာ ေရး ေကာ္မတီေျမယာဌာနမွာ ေျမကြက္ေရာင္းရန္ဆုိၿပီး ေျမပုံေျမရာဇဝင္ကူးယူရပါတယ္။ အဲဒါရယ္ အခြန္ ေဆာင္ထားတဲ့ ေျပစာရယ္ပူးတြဲတင္ျပၿပီး အေရာင္းအဝယ္စာခ်ဳပ္ကို မွတ္ပုံတင္ျပဳလုပ္ခ်ဳပ္ဆုိရမွာ ျဖစ္ပါတယ္''

''မွတ္ပုံတင္ခေပးရေသးတယ္လုိ႔ ေျပာသံၾကားဖူးတယ္ ဟုတ္ပါသလား''

''ဟုတ္ပါတယ္။ စာခ်ဳပ္စာတမ္း႐ုံးမွာ မွတ္ပုံတင္ခအျဖစ္ တန္ဖုိး၏ ဝ.၅ ရာခိုင္ႏႈန္း ေပးသြင္းရပါတယ္။ ၿပီးရင္ ရက္ႏွစ္ပတ္ခန္႔အၾကာမွာ စာခ်ဳပ္ မူရင္းထုတ္ေပးပါတယ္''

''ေျမကြက္အမည္ေျပာင္းဖုိ႔ ရွိမွာေပါ့ေနာ္''

''မွန္ပါတယ္။ အေရာင္းအဝယ္ မွတ္ပုံတင္စာခ်ဳပ္ရရင္ေတာ့ ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီ ေျမယာ ဌာနမွာ ေျမကြက္ပိုင္ရွင္ အမည္ေပါက္ေလွ်ာက္ထားရပါတယ္''

''အဆင့္ေတြအေတာ္မ်ားတယ္ ဆရာ။ ေလာေလာဆယ္တုိက္ခန္းပဲ ဝယ္ထားၿပီး လက္ေရာက္ယူထားရင္ ျဖစ္တယ္ မဟုတ္လား''

''ျဖစ္ပါတယ္။ ဒါေပမယ့္ ေျမပါ ဝယ္မယ္ စိတ္ကူးရင္ေတာ့ ေျမကြက္အမည္ေပါက္ အဘြားႀကီးသက္ရွိ ထင္ရွား ရွိခ်ိန္မွာ လုပ္တာအဆင္ေျပတယ္။ ေငြလည္း လုိအပ္ေနတယ္ဆုိေတာ့ ေစ်းသက္သာႏုိင္တာေပါ့။ သူကြယ္လြန္ သြားမွ သားသမီးေတြ အေမြဆက္ခံခြင့္ေလွ်ာက္တာနဲ႔ အေမြခြဲေဝ ေငြမညီၫြတ္လုိ႔ အဆင္မေျပျဖစ္တတ္တယ္။ ဒါေၾကာင့္ ေျမကိုပါ ေျမကြက္အမည္ေပါက္ ဝယ္မယ္လု႔ိ စိတ္ကူးရင္ေတာ့ သက္ရွိထင္ရွားရွိေနစဥ္မွာ ဝယ္ပါလုိ႔ တုိက္တြန္းခ်င္တယ္'' ဟု အႀကံျပဳေဆြးေႏြးလုိက္ပါသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Credit: ထီယု (ဥပေဒအတုိင္ပင္ခံ)

 

 

### Unicode Version ###

''ကျွန်တော်က တိုက်ခန်းမှာနေပါတယ်။ ကျွန်တော့်ရဲ့ မျက်နှာချင်းဆိုင်အခန်းက မြေရှင်နေတယ်။ မြေရှင်က သူနေတဲ့ အခန်းနဲ့အတူ မြေပါရောင်းချင်တယ်လို့ ပြောပါတယ်။ ဝယ်မယ်ဆိုရင် ဘယ်လိုဆောင်ရွက်ရမယ်ဆို တာ သိချင်လို့ပါ ဆရာ''ဟု မိတ်ဆွေတစ်ဦး၏ သားဖြစ်သူက စာရေးသူထံ လာရောက်ဆွေးနွေးခြင်း ဖြစ်ပါ သည်။

''အဲဒီအဆောက်အအုံမှာ တိုက်ခန်း ဘယ်နှခန်းရှိပါသလဲ''

''အိမ်ဟောင်းဆိုတော့ အုတ်ညှပ်နှစ်ထပ်တိုက်ဖြစ်ပြီး မြေညီထပ်နှစ်ခန်းနဲ့ အပေါ်ထပ်နှစ်ခန်း စုစုပေါင်းလေးခန်း ရှိပါတယ်''

''အောက်ထပ်က လူတွေက အိမ်ငှားတွေလား၊ အပျောက်နဲ့ဝယ်ထားတဲ့ သူတွေပဲလား''

''ဟုတ်ကဲ့ အောက်ထပ်နှစ်ခန်းကလည်း အပျောက်စနစ်နဲ့ ဝယ်ထားတဲ့ သူတွေဆရာ။ ဒါပေမယ့် မြေရှင် ကိုတော့ အိမ်လခပေးရတယ်''

''မြေကို ဝယ်မယ်ဆိုတော့ မြေက ဘယ်လိုမြေအမျိုးအစားလဲ''

''ဂရန်မြေလို့ ပြောပါတယ်''

''ဂရန်အမည်ပေါက်က ရှိသေးလား၊ သူကိုယ်တိုင်ရောင်းမှာလား''

''အမည်ပေါက် အဘွားကြီးကတော့ ရှိသေးတယ်။ နေမကောင်းတော့ မထနိုင်တော့ဘူး။ အားလုံးရောင်းပြီး အမွေခွဲတဲ့ သဘောပေါ့ ဆရာ''

''သားသမီးတွေက များလား။ အရောင်းအဝယ်လုပ်ရင်းကိုင်ရင်းနဲ့ အဘွားကြီး ကွယ်လွန်သွားရင် အမွေ ခွဲဝေတာ မတည့်ဘဲ ဖြစ်တတ်တယ်''

''တိုက်ခန်းကို ဝယ်လိုက်လို့ လက်ရောက်ယူလိုက်ရင် လွယ်တယ်ဆရာ။ မြေကိစ္စကတော့ ငွေကထပ် လိုက်ရ မလိုဖြစ်နေတယ်''

''ဒါတော့ ဟုတ်တယ်။ လောလောဆယ်မှာတော့ မြေကို ဝယ်လိုက်ရုံနဲ့ အခွင့်အရေးအမြတ်တော့ ချက်ချင်းရမှာ မဟုတ်ဘူး''

''သူငယ်ချင်းတစ်ယောက် ပြောတာကတော့ အခုကာလမှာ ခြောက်ထပ်အထိ တိုက်ခန်းတွေ ဆောက်ခွင့်ရ တယ်။ ၁၂ ခန်းထွက်လာမယ်။ ရှစ်ခန်းပိုရမယ်။ ကန်ထရိုက်နဲ့ညှိပြီး ဆောက်ရင်တော့ အကျိုးအမြတ်ရနိုင် တယ်လို့ ပြောတာပဲ ဆရာ''

''စိတ်ကူးနဲ့ တွက်ချက်လိုက်ရင်တော့လည်း ၁၂ ခန်းကို ကန်ထရိုက်တစ်ဝက်၊ ကိုယ်ကတစ်ဝက်စီယူမယ် ဆိုရင် ခြောက်ခန်းစီရမယ်။ လက်ရှိလေးခန်း နှုတ်လိုက်ရင် နှစ်ခန်းကျန်မယ်။ ကန်ထရိုက်က ခြောက်ခန်းထဲမှ လျှော့ယူရင် တစ်ခန်းနှစ်ခန်းပိုထွက်လာမယ်။ ဒါဆိုရင် သုံးခန်းအနည်းဆုံးရပြီး ပြန်ရောင်းနိုင်တယ်။ ဒီလို တွက်ရင်တော့ ဟုတ်ပါတယ်။ ဒါပေမယ့် ရင်းနှီးရမှာနဲ့ ပြန်ရမယ့် ငွေကိုတော့ သေချာချင့်ချိန်ဖို့ လိုတယ်''

''ဟုတ်ကဲ့ ဆရာ။ အဲဒါကြောင့် ဘယ်လို အဆင့်ဆင့်ဆောင်ရွက်ရမှာကို သိချင်လို့ပါ။ အဲဒီလိုမြေသက်သက်ပဲ ဝယ်တာမျိုးရှိသလား''

''မောင်ရင်က တိုက်ခန်းလက်ဝယ်ရှိသေးတယ်။ ပြီးတော့ ဝယ်လိုက်ရင် တိုက်ခန်းတစ်ခန်းထပ်ပြီး လက် ရှိဖြစ်လာမယ်ဆိုတော့ ပစ္စည်းလက်ဝယ်ရရှိထားတယ်။ အချို့က အိမ်ငှား တွေနေတဲ့ တိုက်ခန်းကို ဖြိုပြီးဆောက် မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မြေကိုပဲ သက်သက်ဝယ်တာမျိုးရှိတတ်တယ်။ အချို့လည်း အိမ်ငှားရှိတဲ့ အိမ်နဲ့မြေ ကို ဝယ်တယ်။ နောက်မှ အိမ်ငှားကို တရားစွဲ နှင်ချတာမျိုးလည်း ရှိကြတယ်။ စီးပွားရေးသမားတွေကတော့ တွက်ခြေကိုက်မယ်ထင်ရင် စွန့်စားဆောင်ရွက်တတ်ကြတယ်''

''တိုက်ခန်းဝယ်တာတော့ အခွန်မဆောင်ပဲနေရင်ဖြစ်တယ် မဟုတ်လား၊ ကျွန်တော်သိတာတော့ တိုက်ခန်းဝယ် တာ ဘယ်သူမှ အခွန်ဆောင်တာတော့ မတွေ့ဘူး ဆရာ''

''မြေကတော့ တရားဝင်ဆောင်ရွက်မယ်ဆိုရင် စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ အရောင်းအဝယ်မှတ်ပုံတင်စာ ချုပ် ချုပ်ဆိုဖို့လိုတယ်။ ဒါမှ ကိုယ်က တရားဝင်မြေပိုင်ဆိုင်ခွင့်ရှိလာပြီး ကျန်တဲ့ အောက်ထပ်က အိမ်ငှားတွေအ ပေါ်မှာ အိမ်ရှင် မြေရှင်အဖြစ် ပြန်လည်ဆက်စပ်မှုရှိကာ အိမ် လခကောက်ခံလို့ ရမှာဖြစ်တယ်''

''မြေကွက်ကို ဝယ်မယ်ဆိုရင်တော့ ဝယ်ခွန်ဆောင်ရမှာပေါ့''

''ဟုတ်ပါတယ်။ သက်ဆိုင်ရာ အခွန်အရာရှိကို မြေချည်းသက်သက် ဝယ်တယ်ဆိုတာကို ရှင်းပြဖို့လိုတယ်''

''ဒါမှမဟုတ်ရင် အဆောက်အအုံတစ်ခုလုံးဝယ်ဆိုတာမျိုးဖြစ်လာနိုင်တာပေါ့နော်''

''မှန်ပါတယ်။ အဲဒီအချက်ကို သေချာအောင်အမြတ်ခွန်အရာရှိနဲ့ ဆွေးနွေးဖို့လိုပါတယ်''

''ဟုတ်ကဲ့ ဆရာ။ မြေတန်ဖိုး သတ်မှတ်ချက်ကတော့ သက်ဆိုင်ရာ တန်ဖိုးဖြတ်အခွန်အရာရှိတွေကပဲ သတ်မှတ် ပေးတာလား''

''ဟုတ်တယ်။ သက်ဆိုင်ရာ အခွန်အရာရှိတွေက ကွင်းဆင်းစစ်ဆေးပြီး လမ်းအခြေအနေမြေကွက် နေရာပေါ် မူတည်ပြီး သက်ဆိုင်ရာက သတ်မှတ်ကြေညာထားတဲ့ မြေကွက်စံနှုန်းပေါ် မှာ မူတည်ဆုံးဖြတ်မှာ ဖြစ်ပါတယ်''

''မြေကွက်စံနှုန်းဆိုတာက ဘယ်လိုလဲ ဆရာ''

''ဘဏ္ဍာရေးဝန်ကြီးဌာနကနေပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ညှိနှိုင်းသတ်မှတ်ထားတဲ့ အိမ်မြေစံနှုန်း တွေကို နှစ်အလိုက်ကြေညာထားတာရှိတယ်။ သက်ဆိုင်ရာအခွန် ဦးစီးဌာနရုံးတွေမှာကပ်ထားတယ်။ အဲဒီနှုန်း ထားတွေနဲ့ တန်ဖိုးဖြတ်အဖွဲ့က သတ်မှတ်တန်ဖိုးဖြတ်တာ ဖြစ်တယ်''

''အဲဒီမြေတန်ဖိုးဖြတ်အပေါ် မှာ အခွန်ဆောင်ရမှာပေါ့နော်''

ဟုတ်ပါတယ်။ မြေအိမ်တန်ဖိုး သိန်းတစ်ထောင်ထက်ကျော်ရင်တော့ ဝယ်ခွန်အနေနဲ့ ဝင်ငွေရလမ်း မဖော် ပြနိုင်ရင် ၃ဝ ရာခိုင်နှုန်းထိ ချမှတ် ကောက်ခံနိုင်ပါတယ်။

''ကျွန်တော်က နိုင်ငံခြားသင်္ဘောလိုက်နေတော့ အခွန်ပြနိုင်တာတော့ရှိတယ် ဆရာ''

''ဝင်ငွေခွန်ဆောင်ထားတာရှိရင်တော့ နုတ်ပေးနိုင်တာပေါ့။ သက်သာတာပေါ့လေ''

''အဲဒါပြီးရင် စာချုပ်စာတမ်း မှတ်ပုံတင်ရုံံးမှာ အရောင်းအဝယ် စာချုပ်ချုပ်ဆိုရမှာ ဖြစ်ပါတယ်။ စာချုပ် စာတမ်း မှတ်ပုံတင်ရုံးမှာ အရောင်းအဝယ်စာချုပ် ချုပ်ဆိုမယ်ဆိုရင် ပထမဦးဆုံး သက်ဆိုင်ရာ မြို့တော်စည်ပင်သာယာ ရေး ကော်မတီမြေယာဌာနမှာ မြေကွက်ရောင်းရန်ဆိုပြီး မြေပုံမြေရာဇဝင်ကူးယူရပါတယ်။ အဲဒါရယ် အခွန် ဆောင်ထားတဲ့ ပြေစာရယ်ပူးတွဲတင်ပြပြီး အရောင်းအဝယ်စာချုပ်ကို မှတ်ပုံတင်ပြုလုပ်ချုပ်ဆိုရမှာ ဖြစ်ပါတယ်''

''မှတ်ပုံတင်ခပေးရသေးတယ်လို့ ပြောသံကြားဖူးတယ် ဟုတ်ပါသလား''

''ဟုတ်ပါတယ်။ စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင်ခအဖြစ် တန်ဖိုး၏ ဝ.၅ ရာခိုင်နှုန်း ပေးသွင်းရပါတယ်။ ပြီးရင် ရက်နှစ်ပတ်ခန့်အကြာမှာ စာချုပ် မူရင်းထုတ်ပေးပါတယ်''

''မြေကွက်အမည်ပြောင်းဖို့ ရှိမှာပေါ့နော်''

''မှန်ပါတယ်။ အရောင်းအဝယ် မှတ်ပုံတင်စာချုပ်ရရင်တော့ မြို့တော်စည်ပင်သာယာရေး ကော်မတီ မြေယာ ဌာနမှာ မြေကွက်ပိုင်ရှင် အမည်ပေါက်လျှောက်ထားရပါတယ်''

''အဆင့်တွေအတော်များတယ် ဆရာ။ လောလောဆယ်တိုက်ခန်းပဲ ဝယ်ထားပြီး လက်ရောက်ယူထားရင် ဖြစ်တယ် မဟုတ်လား''

''ဖြစ်ပါတယ်။ ဒါပေမယ့် မြေပါ ဝယ်မယ် စိတ်ကူးရင်တော့ မြေကွက်အမည်ပေါက် အဘွားကြီးသက်ရှိ ထင်ရှား ရှိချိန်မှာ လုပ်တာအဆင်ပြေတယ်။ ငွေလည်း လိုအပ်နေတယ်ဆိုတော့ ဈေးသက်သာနိုင်တာပေါ့။ သူကွယ်လွန် သွားမှ သားသမီးတွေ အမွေဆက်ခံခွင့်လျှောက်တာနဲ့ အမွေခွဲဝေ ငွေမညီညွတ်လို့ အဆင်မပြေဖြစ်တတ်တယ်။ ဒါကြောင့် မြေကိုပါ မြေကွက်အမည်ပေါက် ဝယ်မယ်လု့ိ စိတ်ကူးရင်တော့ သက်ရှိထင်ရှားရှိနေစဉ်မှာ ဝယ်ပါလို့ တိုက်တွန်းချင်တယ်'' ဟု အကြံပြုဆွေးနွေးလိုက်ပါသည်။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔  ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ

Upcoming Property Events

area-one-business-complex
pan-swal-taw

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service