အိမ္ျခံေျမေပါက္ေဈးအစက ၾကိဳမသိခဲ့လို႕ - Property Knowledge in Myanmar from iMyanmarHouse.com
7549 Views

အိမ္ျခံေျမေပါက္ေဈးအစက ၾကိဳမသိခဲ့လို႕

Knowledge | Posted by Shwe Zin Win

### Zawgyi Version ###

အိမ္ျခံေျမဝယ္ေတာ့မယ္ဆိုရင္ မိမိထံမွာ ရွာေဖြစုေဆာင္းထားတဲ့ ေငြေၾကးပမာဏနဲ႕ အရင္ခ်ိိန္ဆရပါတယ္။ ျပီးေတာ့ ျမိဳ႕ေဟာင္းကို ေရြးမွာလား၊ ျမိဳ႕သစ္ကို ေရြးမွာလား ဒုတိယစဥ္းစားရပါတယ္။ျမိဳ႕ေဟာင္နဲ႕ျမိဳ႕သစ္ ေျမကြက္ေဈးႏႈန္း မကြာလွတဲ့ ျမိဳ႕နယ္ေတြလည္း ရွိတတ္ပါတယ္။ ဥပမာ ေတာင္ဥကၠလာပျမိဳ႕နယ္နဲ႕ ဒဂံုျမိဳ႕သစ္ (ေျမာက္ပိုင္း) ျမိဳ႕နယ္ ၊ ၃၄ ရပ္ကြက္ ကေဈးႏႈန္းေတြဟာ အရမ္းၾကီးကြာဟမႈ မရွိတာကို ေတြ႕ရပါတယ္။

အဲဒီေတာ့ ကိုယ္ရွိတဲ့ ေငြေၾကးနဲ႕ ေတာင္ဥကၠလာပျမိဳ႕နယ္အတြင္း လမ္းသြယ္မွာ ဝယ္ရင္ (၁၀ေပ x ေပ ၆၀) ေလာက္သာ ရႏိုင္ေပမယ့္ ဒဂံုျမိဳ႕သစ္ (အေရွ႕ပိုင္း) ျမိဳ႕နယ္က (၇ ၊ ၈ ၊ ၉ ၊ ၁၀ ၊ ၁၁ ၊ ၁၂ ၊ ၁၃ )ရပ္ကြက္ေတြမွာဝယ္ရင္ (ေပ ၂၀ x ေပ ၆၀) ရႏိုင္ပါတယ္။ ေရမီးအစံု အသင့္အတင့္ေနႏိုင္တဲ့ အိမ္တစ္လံုး အဆစ္ပါလာႏိုင္ေသးတယ္ေလ။

အိမ္ျခံေျမေဈး ကိုယ္တိုင္ေမး

ဒီေတာ့ သိန္း ၃၀၀ ေက်ာ္ရွိရင္ ဒဂံုအေရွ႕မွာ ဝယ္ဖို႕ဆံုးျဖတ္တာ အေကာင္းဆံုးပါ ။ဒဂံုအေရွ႕မွာ ဝယ္မွာဆိုရင္လည္း ေနရာေဒသလိုက္ျပီးေတာ့ အနည္းငယ္ကြာဟမႈေလးေတြေတာ့ ရွိတာေပါ့။ဥပမာ (၈)ရပ္ကြက္ ဆိုရင္ ဝန္ထမ္းေတြ ခ်ထားေပးတဲ့ ရပ္ကြက္ၾကီးေပါ့။ဒါေပမဲ့လည္း ၃ ပံု ၁ ပံုေလာက္က ကမၻာေအးကက်ဴးေတြ ျပန္ခ်ေပးတဲ့ေနရာ ျဖစ္ေနတယ္ လို႕ သိရျပန္တယ္။အဲဒါေၾကာင့္ (၈) ရပ္ကြက္က ဗိုလ္မွဴးေတြ အမ်ားဆံုးရတဲ့ ရပ္ကြက္ ျဖစ္ေပမယ့္လို႕ က်ဴးေတြ ျပန္ခ်ေပးတဲ့လမ္းေတြ ရွိေနတယ္ ။

က်ဴးေနသူေတြကို ႏိုင္ငံေတာ္က အစိုးရက ေနရာျပန္ခ်ေပးရင္ (ေပ ၄၀ x ေပ ၆၀) ေပးတာ နည္းပါတယ္။ မ်ားေသာအားျဖင့္ (ေပ ၂၀ x ေပ ၆၀) ေျမကြက္ရသူမ်ားပါတယ္။ အဲဒီလို ေနရာမ်ိဳးေတြမွာ ဝယ္ရင္ လက္ရွိေပါက္ေဈးက ေျမနဲ႕အိမ္အပါကို သိန္း ၂၈၀ ေလာက္နဲ႕ အေရာင္းအဝယ္ျဖစ္တာကို ေတြ႕ရပါတယ္။

(၈)ရပ္ကြက္နဲ႕စာရင္ (၁၂) ရပ္ကြက္ က အဲဒီထက္ေတာင္ ေဈးဆစ္ျပီး ဝယ္လို႕ရပါတယ္။ ဘာေၾကာင့္လဲဆိုရင္ ဒဂံုအေရွ႕ မွာက (၈) ရပ္ကြက္ ၊ (၉) ရပ္ကြက္ဆိုရင္ ေအးေအးခ်မ္းခ်မ္းနဲ႕ ေနခ်င္သူေတြ ေငြေၾကးျပည့္စံုတဲ့သူေတြက သေဘာက်တယ္။ အျခားရပ္ကြက္ေတြကေတာ့ အဲဒီရပ္ကြက္ (၂) ခုထက္ စည္ကားတာကို ေတြ႕ရေပမယ့္လို႕ ရႈပ္ရႈပ္ရွက္ရွက္ မၾကိဳက္တဲ့သူေတြကေတာ့ အဲဒီၤရပ္ကြက္ေတြကို စိတ္မဝင္စားၾကပါဘူး။

ေဈးကြက္ေပါက္ေဈး မသိရင္ ေနာင္တရလိမ့္မယ္

ဆိုလိုတာကေတာ့ ေျမနဲ႕အိမ္ ဝယ္မယ့္သူတစ္ေယာက္ဟာ အဲဒီလိုေဈးကြက္အေျခအေနနဲ႕ ေျမကြက္ေပါက္ေဈးေတြကို ေရွးဦးစြာ စနည္းနာသင့္ပါတယ္။မၾကာေသးခင္က ဒဂံုအေရွ႕ (၁၂) ရပ္ကြက္မွာေျမကြက္သြားဝယ္တဲ့ “ ေက်ာ္မိုးသူ ” တစ္ေယာက္ကေတာ့ နယ္ေျမခံ မိတ္ေဆြေတြနဲ႕ တိုင္ပင္ခ်ိန္ မရေတာ့ဘဲ ပါမစ္ (ေပ ၂၀ x ေပ ၆၀ ) ေျမကြက္တစ္ကြက္ကို သိန္း ၃၂၀ ေပးျပီး ဝယ္လိုက္တယ္။စရန္ေငြ (၁၀) သိန္းေတာင္ ေပးထားခဲ့ေသးတယ္။

သူ႕အေတြးက စရန္ေငြေပး စာခ်ဳပ္က အဓိကမက်ဘူး။ အျပီးေငြေခ်တဲ့အခ်ိန္မွာ သိန္း ၃၀၀ ေက်ာ္ေပးရမွာဆိုေတာ့ ေရွ႕ေနပါဖို႕ အေရးၾကီးတယ္လို႕ ထင္ခဲ့တယ္။ ေရာင္းသူဘက္က ေပးလိုက္တဲ့ပါမစ္မိတၱဴစာခ်ဳပ္ ၊ အဆက္အစပ္မိတၱဳဳေတြေတာ့ ရခဲ့တယ္။စာခ်ဳပ္မိတၱဴနဲ႕ ေျမခ်ပါမစ္စစ္မိတၱဴကို စစ္ၾကည့္ရတာကေတာ့ အမွန္အကန္ပါပဲ။ စည္ပင္ေျပးစစ္ၾကည့္ေတာ့လည္း ျမိဳ႕ေျမစာရင္းမွာ အမည္ေပါက္ရွိေနေတာ့ ေတြ႕ရလို႕ ဝမ္းသားရပါတယ္။

မွတ္ပံုတင္မိတၱဴနဲ႕ သန္ေခါင္စာရင္းမိတၱဴ ဘာေၾကာင့္ ေတာင္းရတာလဲ

ဒါနဲ႕ ဇြန္လကုန္မွာ အျပီးေငြေခ်မယ္။ဒါေၾကာင့္ အျပီးအပိုင္း အေရာင္းအဝယ္စာခ်ဳပ္ခ်ဳပ္ေပးဖို႕ ကၽြႏ္ုပ္ထံမွာ အလုပ္လာအပ္ပါတယ္။ ကၽြႏ္ုပ္လည္း လကုန္ရင္ အျပီးေငြေခ်ျပီး အျပီးအပိုင္ စာခ်ဳပ္မွာမို႕ အဆင္သင့္ စာခ်ဳပ္ျပဳလုပ္ထားလိုက္ပါတယ္။ ေရာင္းသူထံက ေတာင္းဆိုရမယ္။ ေရာင္းသူရဲ႕ မွတ္ပံုတင္မိတၱဴနဲ႕ အိမ္ေထာင္စုလူဦးေရ စာရင္းတို႕ကို ေတာင္းခိုင္းထားပါတယ္ ။ဘာေၾကာင့္လဲဆိုရင္ အခုေနာက္ပိုင္း ပါမစ္ေျမကြက္ အေရာင္းအဝယ္လုပ္ရာမွ စာခ်ဳပ္အဆက္အစပ္ေတြ မ်ားတတ္ပါတယ္။အဲဒီစာခ်ဳပ္ေတြဟာ အရပ္ကတိအေရာင္းအဝယ္စာခ်ဳပ္ေတြျဖစ္လို႕ အမွန္တကယ္ လက္လႊဲလက္ေျပာင္း လုပ္ခဲ့တာလား၊ ဒါမွမဟုတ္ စာခ်ဳပ္အဆက္တစ္ခု ျပတ္ေနလို႕ အၾကံအဖန္လုပ္ျပီး စာခ်ဳပ္ေပၚမွာ လက္မွတ္အတုေတြ ထိုးထားတာလားဆိုတာ စစ္ေဆးရတာ ခက္ခဲပါတယ္။ တကယ္အေရာင္းအဝယ္လုပ္ရင္ မွတ္ပံုတင္နဲ႕ အိမ္ေထာင္စုလူဦးေရစာရင္းက မွန္ေၾကာင္း သက္ေသခံပါတယ္။ ဒါေၾကာင့္ ေတာင္းခိုင္းတာပါ။

ကၽြန္ုပ္မွာၾကားျပီး ေနာက္တစ္ေန႕မွာ “ ေက်ာ္မိုးသူ ” က ဖုန္းဆက္ပါတယ္။ “ ဆရာေရ (၁၂) ရပ္ကြက္ေျမကြက္ကို မဝယ္ေတာ့ဘူး။ စရန္ေငြ အဆံုးခံလိုက္ျပီ တဲ့ ”

“ အလို ….ဘယ္လိုျဖစ္လို႕လဲ ေျပာပါဦး ” ဆိုေတာ့ “ ေျမကြက္ဝယ္လိုက္တာ ေဈးၾကီးသြားတယ္ ၊ (၁၂) ရပ္ကြက္ ထဲက သူငယ္ခ်င္းေတြနဲ႕ လက္ဖက္ရည္ဆိုင္မွာ ေတြ႕လို႕ ေျမကြက္ေဈးေမးၾကည့္တဲ့အခါ သိန္း ၅၀ ေလာက္ ေဈးမ်ားေနတယ္လို႕ သံုးသပ္ေျပာၾကတယ္ ”

တကယ္ေတာ့ အတြင္းလမ္းသြယ္ေတြမွာ အိမ္ကေလးတစ္လံုးပါတာေတာင္ သိန္း ၂၈၀ ေလာက္နဲ႕ ရတယ္တဲ့။ အခုဝယ္တာက (ေပ ၂၀ x ေပ ၆၀) ေျမကြက္ သက္သက္ကိုေတာင္ ၃၂၀ သိန္း ေပးရမွာဆိုေတာ့ ေဈးမ်ားတယ္ ၊ မဝယ္သင့္ဘူး။ စရန္ေငြ အဆံုးခံလိုက္ပါ ေျပာလို႕ ကၽြန္ေတာ္ မဝယ္ေတာ့ဘူး ဆရာ။ ေနာက္ထပ္ဒီထက္ေကာင္းတဲ့ေနရာရွာျပီး ဝယ္ဖို႕ လိုက္ၾကည့္ေနပါတယ္။ အဆင္ေျပရင္ ဆရာ့ဆီကို အေျပးလာခဲ့ပါမယ္ ။ အခုပြဲပ်က္သြားတဲ့အတြက္ စာခ်ဳပ္ေတြ ရုိက္ေပးထားတာရွိရင္လည္း သိမ္းထားလိုက္ပါ ဆရာ။ ေနာက္ပြဲက်မွပဲ ဆရာကို (၂) ခုေပါင္းျပီး ညဏ္ပူေဇာ္ခေပးေတာ့မယ္ ဆရာ။ ဆရာလည္း က်န္းမားပါေစ ၊ ခ်မ္းသာပါေစလို႕ ဆုေတာင္းလိုက္ပါတယ္ ” ဆိုျပီး ဖုန္းပိတ္သြားပါတယ္ ။ အဲဒါေၾကာင့္ ေျပာတာေပါ့။ အိမ္နဲ႕ေျမဝယ္ရင္ ေသခ်ာစံုးစမ္းျပီးမွ ဝယ္ၾကပါ. ..မေလာပါနဲ႕ ။ရပ္ကြက္ေဒသခံေတြရဲ႕ ထံမွ စံုစမ္းပါ။အေျပာေကာင္းသူကို သတိထားပါလို႕ မွာၾကားလိုက္ပါရေစ…………… ေက်ာ္မိုးသူ….။

ေျမဝယ္လိုသူမ်ား သင္ခန္းစာယူႏိုင္ၾကပါေစ....

 

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Credit: လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ

 

### Unicode Version ###

အိမ်ခြံမြေဝယ်တော့မယ်ဆိုရင် မိမိထံမှာ ရှာဖွေစုဆောင်းထားတဲ့ ငွေကြေးပမာဏနဲ့ အရင်ချိန်ဆရပါတယ်။ ပြီးတော့ မြို့ဟောင်းကို ရွေးမှာလား၊ မြို့သစ်ကို ရွေးမှာလား ဒုတိယစဉ်းစားရပါတယ်။မြို့ဟောင်နဲ့မြို့သစ် မြေကွက်ဈေးနှုန်း မကွာလှတဲ့ မြို့နယ်တွေလည်း ရှိတတ်ပါတယ်။ ဥပမာ တောင်ဥက္ကလာပမြို့နယ်နဲ့ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ၊ ၃၄ ရပ်ကွက် ကဈေးနှုန်းတွေဟာ အရမ်းကြီးကွာဟမှု မရှိတာကို တွေ့ရပါတယ်။

အဲဒီတော့ ကိုယ်ရှိတဲ့ ငွေကြေးနဲ့ တောင်ဥက္ကလာပမြို့နယ်အတွင်း လမ်းသွယ်မှာ ဝယ်ရင် (၁၀ပေ x ပေ ၆၀) လောက်သာ ရနိုင်ပေမယ့် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်က (၇ ၊ ၈ ၊ ၉ ၊ ၁၀ ၊ ၁၁ ၊ ၁၂ ၊ ၁၃ )ရပ်ကွက်တွေမှာဝယ်ရင် (ပေ ၂၀ x ပေ ၆၀) ရနိုင်ပါတယ်။ ရေမီးအစုံ အသင့်အတင့်နေနိုင်တဲ့ အိမ်တစ်လုံး အဆစ်ပါလာနိုင်သေးတယ်လေ။

အိမ်ခြံမြေဈေး ကိုယ်တိုင်မေး

ဒီတော့ သိန်း ၃၀၀ ကျော်ရှိရင် ဒဂုံအရှေ့မှာ ဝယ်ဖို့ဆုံးဖြတ်တာ အကောင်းဆုံးပါ ။ဒဂုံအရှေ့မှာ ဝယ်မှာဆိုရင်လည်း နေရာဒေသလိုက်ပြီးတော့ အနည်းငယ်ကွာဟမှုလေးတွေတော့ ရှိတာပေါ့။ဥပမာ (၈)ရပ်ကွက် ဆိုရင် ဝန်ထမ်းတွေ ချထားပေးတဲ့ ရပ်ကွက်ကြီးပေါ့။ဒါပေမဲ့လည်း ၃ ပုံ ၁ ပုံလောက်က ကမ္ဘာအေးကကျူးတွေ ပြန်ချပေးတဲ့နေရာ ဖြစ်နေတယ် လို့ သိရပြန်တယ်။အဲဒါကြောင့် (၈) ရပ်ကွက်က ဗိုလ်မှူးတွေ အများဆုံးရတဲ့ ရပ်ကွက် ဖြစ်ပေမယ့်လို့ ကျူးတွေ ပြန်ချပေးတဲ့လမ်းတွေ ရှိနေတယ် ။

ကျူးနေသူတွေကို နိုင်ငံတော်က အစိုးရက နေရာပြန်ချပေးရင် (ပေ ၄၀ x ပေ ၆၀) ပေးတာ နည်းပါတယ်။ များသောအားဖြင့် (ပေ ၂၀ x ပေ ၆၀) မြေကွက်ရသူများပါတယ်။ အဲဒီလို နေရာမျိုးတွေမှာ ဝယ်ရင် လက်ရှိပေါက်ဈေးက မြေနဲ့အိမ်အပါကို သိန်း ၂၈၀ လောက်နဲ့ အရောင်းအဝယ်ဖြစ်တာကို တွေ့ရပါတယ်။

(၈)ရပ်ကွက်နဲ့စာရင် (၁၂) ရပ်ကွက် က အဲဒီထက်တောင် ဈေးဆစ်ပြီး ဝယ်လို့ရပါတယ်။ ဘာကြောင့်လဲဆိုရင် ဒဂုံအရှေ့ မှာက (၈) ရပ်ကွက် ၊ (၉) ရပ်ကွက်ဆိုရင် အေးအေးချမ်းချမ်းနဲ့ နေချင်သူတွေ ငွေကြေးပြည့်စုံတဲ့သူတွေက သဘောကျတယ်။ အခြားရပ်ကွက်တွေကတော့ အဲဒီရပ်ကွက် (၂) ခုထက် စည်ကားတာကို တွေ့ရပေမယ့်လို့ ရှုပ်ရှုပ်ရှက်ရှက် မကြိုက်တဲ့သူတွေကတော့ အဲဒီၤရပ်ကွက်တွေကို စိတ်မဝင်စားကြပါဘူး။

ဈေးကွက်ပေါက်ဈေး မသိရင် နောင်တရလိမ့်မယ်

ဆိုလိုတာကတော့ မြေနဲ့အိမ် ဝယ်မယ့်သူတစ်ယောက်ဟာ အဲဒီလိုဈေးကွက်အခြေအနေနဲ့ မြေကွက်ပေါက်ဈေးတွေကို ရှေးဦးစွာ စနည်းနာသင့်ပါတယ်။မကြာသေးခင်က ဒဂုံအရှေ့ (၁၂) ရပ်ကွက်မှာမြေကွက်သွားဝယ်တဲ့ “ ကျော်မိုးသူ ” တစ်ယောက်ကတော့ နယ်မြေခံ မိတ်ဆွေတွေနဲ့ တိုင်ပင်ချိန် မရတော့ဘဲ ပါမစ် (ပေ ၂၀ x ပေ ၆၀ ) မြေကွက်တစ်ကွက်ကို သိန်း ၃၂၀ ပေးပြီး ဝယ်လိုက်တယ်။စရန်ငွေ (၁၀) သိန်းတောင် ပေးထားခဲ့သေးတယ်။

သူ့အတွေးက စရန်ငွေပေး စာချုပ်က အဓိကမကျဘူး။ အပြီးငွေချေတဲ့အချိန်မှာ သိန်း ၃၀၀ ကျော်ပေးရမှာဆိုတော့ ရှေ့နေပါဖို့ အရေးကြီးတယ်လို့ ထင်ခဲ့တယ်။ ရောင်းသူဘက်က ပေးလိုက်တဲ့ပါမစ်မိတ္တူစာချုပ် ၊ အဆက်အစပ်မိတ္တုုတွေတော့ ရခဲ့တယ်။စာချုပ်မိတ္တူနဲ့ မြေချပါမစ်စစ်မိတ္တူကို စစ်ကြည့်ရတာကတော့ အမှန်အကန်ပါပဲ။ စည်ပင်ပြေးစစ်ကြည့်တော့လည်း မြို့မြေစာရင်းမှာ အမည်ပေါက်ရှိနေတော့ တွေ့ရလို့ ဝမ်းသားရပါတယ်။

မှတ်ပုံတင်မိတ္တူနဲ့ သန်ခေါင်စာရင်းမိတ္တူ ဘာကြောင့် တောင်းရတာလဲ

ဒါနဲ့ ဇွန်လကုန်မှာ အပြီးငွေချေမယ်။ဒါကြောင့် အပြီးအပိုင်း အရောင်းအဝယ်စာချုပ်ချုပ်ပေးဖို့ ကျွန်ုပ်ထံမှာ အလုပ်လာအပ်ပါတယ်။ ကျွန်ုပ်လည်း လကုန်ရင် အပြီးငွေချေပြီး အပြီးအပိုင် စာချုပ်မှာမို့ အဆင်သင့် စာချုပ်ပြုလုပ်ထားလိုက်ပါတယ်။ ရောင်းသူထံက တောင်းဆိုရမယ်။ ရောင်းသူရဲ့ မှတ်ပုံတင်မိတ္တူနဲ့ အိမ်ထောင်စုလူဦးရေ စာရင်းတို့ကို တောင်းခိုင်းထားပါတယ် ။ဘာကြောင့်လဲဆိုရင် အခုနောက်ပိုင်း ပါမစ်မြေကွက် အရောင်းအဝယ်လုပ်ရာမှ စာချုပ်အဆက်အစပ်တွေ များတတ်ပါတယ်။အဲဒီစာချုပ်တွေဟာ အရပ်ကတိအရောင်းအဝယ်စာချုပ်တွေဖြစ်လို့ အမှန်တကယ် လက်လွှဲလက်ပြောင်း လုပ်ခဲ့တာလား၊ ဒါမှမဟုတ် စာချုပ်အဆက်တစ်ခု ပြတ်နေလို့ အကြံအဖန်လုပ်ပြီး စာချုပ်ပေါ်မှာ လက်မှတ်အတုတွေ ထိုးထားတာလားဆိုတာ စစ်ဆေးရတာ ခက်ခဲပါတယ်။ တကယ်အရောင်းအဝယ်လုပ်ရင် မှတ်ပုံတင်နဲ့ အိမ်ထောင်စုလူဦးရေစာရင်းက မှန်ကြောင်း သက်သေခံပါတယ်။ ဒါကြောင့် တောင်းခိုင်းတာပါ။

ကျွန်ုပ်မှာကြားပြီး နောက်တစ်နေ့မှာ “ ကျော်မိုးသူ ” က ဖုန်းဆက်ပါတယ်။ “ ဆရာရေ (၁၂) ရပ်ကွက်မြေကွက်ကို မဝယ်တော့ဘူး။ စရန်ငွေ အဆုံးခံလိုက်ပြီ တဲ့ ” “ အလို ….ဘယ်လိုဖြစ်လို့လဲ ပြောပါဦး ” ဆိုတော့ “ မြေကွက်ဝယ်လိုက်တာ ဈေးကြီးသွားတယ် ၊ (၁၂) ရပ်ကွက် ထဲက သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်မှာ တွေ့လို့ မြေကွက်ဈေးမေးကြည့်တဲ့အခါ သိန်း ၅၀ လောက် ဈေးများနေတယ်လို့ သုံးသပ်ပြောကြတယ် ”

တကယ်တော့ အတွင်းလမ်းသွယ်တွေမှာ အိမ်ကလေးတစ်လုံးပါတာတောင် သိန်း ၂၈၀ လောက်နဲ့ ရတယ်တဲ့။ အခုဝယ်တာက (ပေ ၂၀ x ပေ ၆၀) မြေကွက် သက်သက်ကိုတောင် ၃၂၀ သိန်း ပေးရမှာဆိုတော့ ဈေးများတယ် ၊ မဝယ်သင့်ဘူး။ စရန်ငွေ အဆုံးခံလိုက်ပါ ပြောလို့ ကျွန်တော် မဝယ်တော့ဘူး ဆရာ။ နောက်ထပ်ဒီထက်ကောင်းတဲ့နေရာရှာပြီး ဝယ်ဖို့ လိုက်ကြည့်နေပါတယ်။ အဆင်ပြေရင် ဆရာ့ဆီကို အပြေးလာခဲ့ပါမယ် ။ အခုပွဲပျက်သွားတဲ့အတွက် စာချုပ်တွေ ရိုက်ပေးထားတာရှိရင်လည်း သိမ်းထားလိုက်ပါ ဆရာ။ နောက်ပွဲကျမှပဲ ဆရာကို (၂) ခုပေါင်းပြီး ညဏ်ပူဇော်ခပေးတော့မယ် ဆရာ။ ဆရာလည်း ကျန်းမားပါစေ ၊ ချမ်းသာပါစေလို့ ဆုတောင်းလိုက်ပါတယ် ” ဆိုပြီး ဖုန်းပိတ်သွားပါတယ် ။ အဲဒါကြောင့် ပြောတာပေါ့။ အိမ်နဲ့မြေဝယ်ရင် သေချာစုံးစမ်းပြီးမှ ဝယ်ကြပါ. ..မလောပါနဲ့ ။ရပ်ကွက်ဒေသခံတွေရဲ့ ထံမှ စုံစမ်းပါ။အပြောကောင်းသူကို သတိထားပါလို့ မှာကြားလိုက်ပါရစေ…………… ကျော်မိုးသူ….။

မြေဝယ်လိုသူများ သင်ခန်းစာယူနိုင်ကြပါစေ...

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Credit: လွှတ်တော်ရှေ့နေမောင်ကောင်းဖေ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ

Upcoming Property Events

bkk-projects
taunggyi-garden-city

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service